etoneMay 30, 20111min38219
ဗေဒင် ယတြာတွေကို အယုံကြည်မရှိပေမဲ့ ပိုက်ဆံရမယ့်ကိစ္စကိုတော့ ကျမစိတ်ဝင်စားခဲ့သည်… ။ ထို့ကြောင့်လည်း သူငယ်ချင်းများနှင့် သွားဖူးခဲ့သည့်… ဓါတ်ရိုက်ဓါတ်ဆင်ဖြင့် နာမည်ကြီးသော တားရော့ဗေဒင်ဆရာမဆီသို့ ကျမသွားရန်ဆိုင်းပြင်ခဲ့သည်… ။ ငွေဝင်၊ ငွေမြဲစေမည့် အဆောင်ကောင်းတခုလောက် ကျမလိုအပ်သည်… မသုံးပဲထားလျှင် ငွေမြဲမည်ကို သိသော်လည်း အိတ်ပေါက်နဲ့ ဖားကောက်သောကျမအတွက်တော့ … ဘယ်လောက်ငွေဝင်ဝင် အဖတ်မတင်ခဲ့ပေ … ။ ဆရာမဧ။် အဆောင်သည် ငွေဝင်သည် လာဘ်ရွှင်သည်ဟု ကြားသိသဖြင့် … အပန်းမကြီးသောအလုပ်ဟု သတ်မှတ်ကာ အဆောင်သွားလုပ်ရန် သူငယ်ချင်းတယောက်နှင့် တိုင်ပင်သည ်… ။ လွန်ခဲ့သော သုံးနှစ်ခန့်က မိုးသည်းသော တနင်္ဂနွေ မနက်ခင်းတစ်ခုတွင် ကျမနှင့် သူငယ်ချင်းတယောက် မိုးကာအကျီင်္ ကိုယ်စီဖြင့် ထီးဆောင်းကာ ကားမှတ်တိုင်သို့ ထွက်လာခဲ့သည်… ။ မိုးသည်းသဖြင့် […]


etoneMay 27, 20111min35212
ညကဆိတ်ငြိမ်လှသော်လည်း ပူလွန်းသည် …. သန်းခေါင်ယံကျော်ချိန်ပင် အိပ်၍မရသေးပေ… ။ အိပ်ယာထဲ စောစီးစွာ ဝင်လှဲနေသော်လည်း အချိန်အတော်ကြာ အိပ်မရနိုင်အောင် ရှိသည် …. ။ မီးကလည်း ပျက်နေသဖြင့် အိပ်ယာ ဘေးမှ ပြတင်းပေါက်ကို ထဖွင့်ကာ ပြန်လှဲနေလိုက်သည် … ။ ကျမအိပ်ခန်းအပြင်တွင် သရက်ပင်တစ်ပင်ရှိရာ ပြတင်းပေါက်ဖွင့်ထားစဉ်တွင် သရက်ကိုင်းခြောက်များကာ ပြတင်းပေါက်တံခါးလက်များသို့ တရှဲရှဲ လေယူတိုင်း ယိမ်းကာ ရိုက်ခတ်နေကြသည်…. ။ တစ်ခါတစ်ရံ အော်မြည်သော ဇီးကွက်သံလေးများလည်း ကြားရသည်… ။ လပြည့်ညမဟုတ်သော်လည်း လဧ။် အလင်းရောင်များ ကျမအိပ်ခန်းထဲ ဖြန့်ကျက်နေသည် …. ။ ကုတင်ခေါင်းရင်တွင် တင်ထားသော နှိုးစက်နာရီလေး တချက်ချက် လည်ပတ်နေသံနှင့် ကျမဧ။် အသက်ရှူသံမှ လွဲ၍အရာအားလုံး အိပ်မောကျနေကြသည်… ။ […]


etoneMay 24, 20111min70843
ရှင်တို့ကို ပြောပြရဦးမယ်…. ဟိုး လွန်ခဲ့တဲ့တစ်ရက်ကပေ့ါရှင် … ကျမ ရုံးသွားတဲ့ မနက်စောစော ရာသီဥတုက မှုန်ဝါးနေတယ်…. ။ လမ်းမီးကလည်း မလာတချက် လာတစ်ချက်နဲ့ … မနက်စောစောမို့ လူသွားလူလာလည်း ရှင်းပါတယ် … ဒီအချိန် မမြင်ရတဲ့ နာနာဘဝများ လိုက်နှောက်ယှက်လျှင် ကျမဘယ်လိုများ နေရပါ့မလဲ စဉ်းစားမိပြန်တယ်… ကျမ မသိချင်ယောင်ပဲ ဆောင်ပြီး ဟန်မပျက်လမ်းဆက်လျှောက်မလား ၊ အော်ဟစ် အကူညီတောင်းမလား ၊ လာရာလမ်းပြန်ပြေးမလား … ကြိုပြီး စိတ်ပူနေမိတယ်… ။  နောက်ဆုံး ကျမ ဆုံးဖြတ်လိုက်တယ်…. အရိပ်အားဖြင့်သော်လည်းကောင်း ၊ အသံအားဖြင့်သော်လည်းကောင်း နှောင့်ယှက်လျှင် ကျမထွက်ပြေးမှာပါပဲလို့ပါ …. ။ ကိုယ့်အတွေးနဲ့ ကိုယ်ကတော့ ဟုတ်နေတာပါပဲ… အကြံကြီးစွာနဲ့ … လူပြတ်လွန်းပြီး […]


etoneMay 18, 20111min36017
နောက်တယောက် အလှည့်ကျတော့ ….ရာထူးတိုးပြီး နယ်ချထားခံရတာကြောင့် မပြောင်းရွှေ့ချင်လို့ ဓါတ်ရိုက်ဓါတ်ဆင်လာလုပ်တာပါ… ဆရာမမှာ အထူးစပယ်ရှယ် အော်ဒါမှာထားပုံရတဲ့ ခုံဖိနပ်တွေ အများကြီးတွေ့ပါတယ်… ဖိနပ်ပေါ်မှာ ကာယကံရှင်ရဲ့ နေ့နံ အသက်တွေ ရေးပြီး စမတွေ ဆွဲပါတယ်… ဘာဆွဲတာလဲတော့ကျမလည်း မသိပါဘူး ကောက်ကွေးတွေများလွန်းလို့ ဘာစာလုံးမှန်း သေချာမှန်းလို့မရပါဘူး … ။ ပါးစပ်ကလည်း ပွစိပွစိ ရွတ်ပါတယ်… ။ သူ ရွတ်လို့လည်း အားရရော… ရော့အင့်ဆိုပြီး ခုံဖိနပ်ကို ကာယကံရှင်လက်ထဲ ထည့်လိုက်ပါရော… ဟိုအမျိုးသမီးခမျာ ပါးစပ် အဟောင်းသားနဲ့ …. ဖိနပ်ပေးတော့ ချစီးရမလိုလို… ခေါင်းအုံးလုပ်ပြီး အိပ်ရမလို အူတူတူနဲ့ မျက်လုံးလေးကလည်လည်နဲ့ ဆရာမကို ပြန်ကြည့်တယ်ပေ့ါ…။ အထာနပ်တဲ့ ဆရာမက …ဖိနပ်ကို ကိုင်ပြီး ဘာလုပ်ရမှန်း မသိဘူးဖြစ်နေတယ်မဟုတ်လား …အဲ့ဒါက […]


etoneMay 18, 20111min23612
ဗေဒင်တို့၊ ယတြာတို့ ၊ ဓါတ်ရိုက်ဓါတ်ဆင်လုပ်တာတို့ ဆိုတာ ယုံရလည်းခက် … မယုံရလည်းခက်တယ်နော်… ။ တချို့ အရမ်းကိုယ ုံကြည်တဲ့ လူတွေကတော့… ဘာလုပ်လုပ် ဗေဒင်လေးမေး ယတြာလေးချေပြီးမှပဲ လုပ်တတ်ကြပါတယ်… ။ လုပ်ငန်းအဆင်ပြေစေဖို့ဗေဒင်ရဲ့ အကူညီကိုယူတာပါ… ကဲပါလေ… ဘယ်လိုပဲဖြစ်ဖြစ် ဗေဒင်မယုံတဲ့လူဆိုတာတောင် အနည်းကျဉ်းတော့ စိတ်ဝင်စားကြတယ်မဟုတ်လား… ။ ကျမလည်း ဗေဒင်ကို ယုံတော့မယုံဘူး … စိတ်တော့ဝင်စားတယ်လေ… ။ စပ်စုတတ်တဲ့ အရင်းခံစိတ်ရှိတာမို့ … ဂျာနယ်တွေမှာပါတဲ့ တပတ်စာဗေဒင်ဆို အလုပ်တခုလို ဖတ်ရတာ အမောပဲ… ။ ဒါပေမဲ့ ကျမဖတ်တာက ရက်လွန်ဗေဒင်တွေပါ… လဆန်းအတွက်ဟောထားတာဆိုလျှင် ကျမက လဆုတ်ပိုင်းလောက်ရောက်ကာမှ ဖတ်တာပါ… ။ ဟုတ်မဟုတ် အဖြေတိုက်တဲ့ သဘောနဲ့မို့လေ… ။ ကျမရဲ့ အူကြောင်ကြောင်နိုင်တဲ့ […]


etoneMay 17, 20111min35015
ဒီနေ့မနက် …ငါးနာရီ လေးဆယ်လောက်အချိန် … မနက်အိပ်ကောင်းတုန်းရှိသေးတယ် … ဆူဆူညံညံအသံကြောင့် နိုးသွားရပါတယ်… ။ နဂိုကတည်းက စပ်စုတတ်သူမို့ … ဝရံတာထွက်ကာ ဟိုဟိုဒီဒီကြည့်တော့…လူတွေ တစ်စုံတစ်ခုကို အားပြုကာ သယ်နေကြတယ်… ဒိုင်နာကားပေါ်ကို တွန်းတင်နေကြပါတယ်… ။ အိပ်ချင်နေတဲ့မျက်လုံးအစုံကို ပွတ်သပ်ရင်း စပ်စုစိတ်က ထိန်းမရတော့… သူတို့ဘာကိုမပြီး ကားပေါ်တင်နေသလဲ ကြည့်တာ…အားပါးပါး… နည်းတဲ့ ငါးကြီးမဟုတ်ဘူး… ။ ကိုယ်တိုင် မမြင်ရလျှင်တောင် ဒီလောက်ကြီးတဲ့ငါး ဒီကမ်းနားမှာ ဖမ်းမိတာ ယုံမှာ မဟုတ်ဘူး… ဗျက်ကိုက ငါးပေခြောက်ပေလောက်ရှိမယ် … အရှည်ကတော့  ခုနှစ်ပေ ၊ ရှစ်ပေလောက်ရှိမယ် ထင်တယ်… ဝေးနေတော့ မှန်းကြည့်တာ …။စံပြငါးဈေးနားကနေ သယ်လာတာတွေ့တာပါ… လူတွေ အများကြီးဝိုင်းမတာတောင် မနည်းမရတယ်… ။ ကိုယ်လုံးကလည်း ချွဲကျိနေတော့ […]


etoneMay 17, 20111min1593
ရွာရောက်ပြီး လေးလခန့် အကြာ အစာလုံးဝစားလို့ မရတော့ပေ… စားသမျှ ပြန်အန်ထွက်လာသည်… ။ ဗိုက်ထဲတွင်လည်း နေလိုမကောင်းပဲ နာသည်ဟု မကြာခဏ ညည်းတွားရာ… ရန်ကုန်ပြန်တက်ပြီး ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သည် … ။ ထိုအချိန်တွင် ရောဂါ ကျွမ်းနေခဲ့ပြီဖြစ်ကြောင်း ဒေါ်ကျင်ရော …ဦးတင်ပါ … တွေးမထားခဲ့မိပေ… ။ ဆေးရုံရောက်မှ အခြေနေဆိုးရွားနေပြီဖြစ်ကြောင်း သိခဲ့ရသည်… ။ ဆေးရုံတွင် ခွဲစိပ်ကုသမှုခံယူခြင်းတမျိုး တည်းသာ ပြုလုပ်နိုင်သော အဆင့်ဟု သတ်မှတ်ပြီး… လူနာဧ။် သဘောတူညီချက်တောင်းသည် …။ လူနာမှာ အသက်ခြောက်ဆယ်ကျော်ဖြစ်ခြင်းအပြင် အားအင် ချိနဲ့ နေခြင်းကြောင့် ခင်ပွန်းဖြစ်သူဦးတင်သည် …ခွဲစိပ်ကုသမှူကို မခံယူခဲ့ပေ… ။ ဆေးရုံမှ ပြန်ဆင်းပြီး ရွာတွင်ပင် ခေါင်းချစေမည် ဟု စိတ်ကူးရှိလေသည်… ။  […]


etoneMay 16, 20111min2447
” ဒီလိပ်စာ အတိုင်း ဆိုလျှင်တော့ ဒီအိမ်ပါပဲ… ဆေးခန်းဖွင့်ချိန်ကလည်း မနက် ၉ နာရီကနေ နေ့လည် ၁၂နာရီ ထိတကြိမ် … ညနေ ၃နာရီကနေ ၆နာရီထိတကြိမ်ဆိုတော့ အဆင်ပြေတယ်… ။ ” ” အံမယ် …လူရှင်းသားပဲ… တိုကင်ယူရမယ် မှတ်နေတာ… ။ မယ်ကျင်ရေ လာ လာဟ … ” “ဆရာကြီး…. ကျွန်တော့မိန်းမ အစာအိမ်မှာ ထူပြီး ကြပ်ခဲကြီးဖြစ်နေလို့ပါ… ကင်ဆာဟုတ်မဟုတ်တော့မသိပါဘူး … ဆေးရုံမသွားချင်လို့ လာတာပါ… ။ ” “လူနာကို အထဲခေါ်ခဲ့ပါဦး ဆရာကြည့်ပါ ဦးမယ ်… ” ခဏကြာ ဟိုနှိပ် ဒီနှိပ် လုပ် အပြီးတွင် … ။ ” […]


etoneMay 16, 20111min1200
” ဟိတ်ကောင်မလေး… ခေါ်မကြားအော်မကြားနဲ့ … ငါ့မှာ နောက်က ပြေးလိုက်ရတာ မောလိုက်တာ ” “အန်တီ ဘာကိစ္စရှိလို့လဲ ပြောလေ… ကျမတို့ တခါမှ မတွေ့ခဲ့ဖူးပါဘူး … ။ ” ” အေးဟုတ်တယ်… တခါမှ မတွေ့ဖူးပေမဲ့ ငါက နင့်မျက်နှာကြည့်ရတာ လိမ္မာမဲ့ပုံပေါက်လို့ … ကူညီချင်လို့ဟ…” “ကျမ ဘာအကူအညီမှ မလိုပါဘူး အန်တီရယ်… ။ ” “ခက်တာပဲ… နင်ခုနက ဆေးခန်းထဲမှာ ဆရာမနဲ့ စကားပြောနေကတည်းက ငါလည်း ရှိနေတာ… ။ ဟိုတနေ့က နင့် အဒေါ် ပါလာတာလည်း ငါမြင်တယ်… ။ ဒီမယ် … သေချာနားထောင် … ။ နင့်အဒေါ်ဖြစ်နေတာက ကုမရတဲ့ရောဂါဆိုတော့ ကင်ဆာဖြစ်မယ်… […]


etoneMay 16, 20111min1891
“ဟဲ့… ငါတယောက်လုံးကုပေးနေတာ ဘယ်ဆေးရုံကို တက်ချင်သေးတာလဲ…..။ လိုအပ်လျှင် တက်ခိုင်းမှာပေါ့ … မလိုမှမလိုအပ်ပဲဟာ… နင်တို့ မယုံမကြည်နဲ့ဆိုငါ့ဆီမလာနဲ့ … ။ ” xxxxxxxxxxxxxxxx ” ကြီးတော်ကြီး… ဆရာမစိတ်ဆိုးသွားပြီထင်တယ်…. မဖြစ်သေးပါဘူး …သမီးတို့ ဆရာဆီကိုပဲ သွားပြကြရအောင်နော်…. ။ ” xxxxxxxxxxxxxxx ” ဆရာ …. သမီးအဒေါ်ပါ … လွန်ခဲ့တဲ့ငါးရက်လောက်ကတည်းက တလမ်းကျော်က စနေသမီး ဆရာမဆီ သွားကုတာ… မသက်သာလို့လာတာပါ…. ။ အဲ့ဒီနေ့က ဆရာမလာဘူးထင်လို့ ….” ” ဟိုးတရက်က ဆရာနောက်ကျတယ်….. ဆေးရုံမှာ ဂျူတီရှိလို့ ထင်ထားတာထက်ပို နောက်ကျသွားတာ… ခြောက်နာရီကျော်မှ လာဖြစ်လို့… ။ ကဲကဲ အမေကြီး ခဏလှဲလိုက်ပါဦး… ။ ” ” […]


etoneMay 16, 20111min165
“ဟဲ့… ငါတယောက်လုံးကုပေးနေတာ ဘယ်ဆေးရုံကို တက်ချင်သေးတာလဲ…..။ လိုအပ်လျှင် တက်ခိုင်းမှာပေါ့ … မလိုမှမလိုအပ်ပဲဟာ… နင်တို့ မယုံမကြည်နဲ့ဆိုငါ့ဆီမလာနဲ့ … ။ ” xxxxxxxxxxxxxxxx ” ကြီးတော်ကြီး… ဆရာမစိတ်ဆိုးသွားပြီထင်တယ်…. မဖြစ်သေးပါဘူး …သမီးတို့ ဆရာဆီကိုပဲ သွားပြကြရအောင်နော်…. ။ ” xxxxxxxxxxxxxxx ” ဆရာ …. သမီးအဒေါ်ပါ … လွန်ခဲ့တဲ့ငါးရက်လောက်ကတည်းက တလမ်းကျော်က စနေသမီး ဆရာမဆီ သွားကုတာ… မသက်သာလို့လာတာပါ…. ။ အဲ့ဒီနေ့က ဆရာမလာဘူးထင်လို့ ….” ” ဟိုးတရက်က ဆရာနောက်ကျတယ်….. ဆေးရုံမှာ ဂျူတီရှိလို့ ထင်ထားတာထက်ပို နောက်ကျသွားတာ… ခြောက်နာရီကျော်မှ လာဖြစ်လို့… ။ ကဲကဲ အမေကြီး ခဏ%


etoneMay 16, 20111min1754
  ” ဪ ဘယ်သူတွေများလည်း မှတ်တယ် ဒေါ်ကျင် နဲ့ ဦးတင်တို့ပါလား … ကြွပါရှင် ကြွပါ ကြွပါ …. ” ” မမြအေးရေ … ကျုပ်တို့ ဆေးလာစစ်ရင်း လာတာ ….တစ်ရက်ပဲ တည်းမှာပါ အေ့ …၊ ညည်းလည်း ဝလာလိုက်တာ စီးပွားရေးလည်း ပြေလည်ပုံရတယ် … ။ ” ” ကြီးကြီကျင်ရေ … ကျမသမီးလေး ရန်ကုန်မှာ အလုပ်ရပြီး စုဆောင်းပို့တာရယ် … ကျမ နောက်အိမ်ထောင်ကလည်း ပိုက်ဆံအရှာ တော်တာရယ်ကြောင့် အခုကျမအိမ်မှာနေရင်း ဆိုင်လေး တစ်ဆိုင် ဖွင့် နိုင်နေပြီလေ … ။ စားဖို့ သောက်ဖို့တော့ ချောင်ချောင်လည်လည် ဖြစ်တာပေါ့ … […]