စိုးရိမ်စိတ်တွေနဲ့ မလှုပ်မယှက်ကြောင်လေးကို ကြည့်ပြီး ရင်ခွင်မှာထားလို့ငိုပြန်ပါတယ် …။ ကြောင်လေးက သေးသေးလေးပါ တပတ်သားဆိုတော့ လက်ခုတ်တစ်ဖက်နဲ့တင်မထားလို့ရပါတယ် ။ ကြောင်လေးသေပြီ … တစ်ကယ်သေပါပြီလို့ စိတ်ထဲကမှတ်ပြီး ထပ်ငိုပြန်ပါတယ် …။ ရင်ခွင်ထဲကပ်ထားတဲ့ကြောင်ကိုယ်လေးကိုပိုက်ပြီး တော်တော်ကြာသည်အထိ ကြောင်ကိုယ်က အေးဆက်တောင့်တင်းခြင်းမရှိတော့ မသင်္ကာတာနဲ့ ကြောင်လေးကို နေရောင်ထဲထုတ်ပြီး ဗိုက်တွေ လည်ပင်းတွေစမ်းကြည့်မှ ကြောင်လေး အသက်ရှုနေမှန်းသိရတော့တယ် ..။ အဲ့ဒီနေ့က ဝမ်းသာမှူမျိုးအရင်က တစ်ကြိမ်တစ်ခါမှမခံစားခဲ့ရဖူးပါဘူး …။ ဆုံးရှုံးသွားပြီဆိုပြီး နှမြောတသဖြစ်နေချိန်မှာမှ ပြန်ပိုင်ဆိုင်ရတဲ့ခံစားမှုမျိုးပါ ..။ ဘာနဲ့မှမတူအောင် ဝမ်းသာရပါတယ် ။ ကြည်နူးရပါတယ်။ ကြောင်လေးမသေတာသေချာသွားခဲ့ပါပြီ သို့သော်လည်း … နင်းခံရကတည်းက အမှူယာအတိုင်းပင် ဇက်ကလေးစောင်းနေပါတယ် …။ အသက်မှန်မှန်လေးဖြေးဖြေးရှူတာကလွဲလို့ ဘာမှလှုပ်ရှားမှ မရှိပါဘူး …။ ကြောင်လေး တော်တော်နာကျင်နေတယ်ထင်ပါတယ် … နာကျင်တဲ့ဝေဒနာနဲ့ […]