etoneNovember 25, 20101min41922
ပြီးခဲ့တဲ့တစ်ပတ်အတွင်း အပြင်က မန်ဘာမဟုတ်ပဲဝင်ရေးတဲ့လူတွေကြောင့် ပို့စ်ပိုင်ရှင်တွေအတော်လေး စိတ်ပျက်၊ စိတ်အနှောက်ယှက်ဖြစ်ရပါတယ် ။ ဒါကြောင့် မန်ဘာမလုပ်ပဲ ဝင်မန်းလို့ရအောင်လုပ်ထားတဲ့နေရာလေး အခုပျောက်သွားတော့ တော်တော်လေး ကောင်းသွားတယ် ။ အရင်လိုပဲ တို့ရွာလေးတစ်ခါ ပြန်  ငြိမ်းချမ်းပြန်ပြီပေါ့ ။ နောက်တစ်ခုကောင်းတာက အရင်က ကိုယ့်ပိုစ့်မှာလာမန်းရင် လာမန်းတဲ့လူရဲ့ email address ရယ်၊ nick ရယ်ပါတယ် …ip address တောင်ပါသေး ။ဘာမန်းလည်း အကြောင်းရာလေးလည်း ပါတယ်ပေါ့ ..။ အဲ့ဒါက privacy မရှိပါဘူး ။ လာမန်းတဲ့ လူရဲ့   email address ကို ပို့စ်ပိုင်ရှင်က သိနိုင်တာကြောင့်ပါ..။ အခုတော့ ကောင်းပါတယ် လာမန်းတဲ့လူရဲ့ email adress ကို မသိနိုင်အောင်လုပ်ပေးထားတာလေး တစ်ခု တော်တော်ကောင်းပါတယ် […]


etoneNovember 24, 20101min29011
cartoon ZawDD ရဲ့လက်ရာလေးပါ ။ ဆိုက်တစ်ခုမှာတွေ့လို့ကူးလိုက်တာ ဘယ်ဆိုက်လည်းတော့မမှတ်မိတော့ဘူး ။ ကြည့်ပြီးရယ်ပြီးတဲ့လူများရှိသလို မကြည့်ရသေးတဲ့လူများရယ်ဖို့အတွက်တင်ပေးလိုက်ပါတယ် ။


etoneNovember 24, 20101min1185
နေပြည်တော် ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှူကော်မတီက မော်တော်ဆိုင်ကယ်နှင့် ဆိုက်ကယ် အပိုပစ္စည်း ရောင်းဝယ် ရေးဆိုင်များသို့ ပေးပို့ ညွှန်ကြားထားသော သတင်းဖြစ်သည် ။ အဆိုပါသတင်းမှာ မော်တော်ဆိုက်ကယ် ဦးထုတ်များရောင်းချရာတွင် အလှဆင်အသုံးပြုသော စတစ်ကာများ၊ ရောင်ပြန်များသည် မြန်မာ့ယဉ်ကျေးမှူနှင့်မသင့်လျှော်သော ပုံများ ၊ စာတန်းများ၊ လိုဂိုများ ၊ ပြည်ပနှင့်ဆိုင်သော တံဆိပ်များ၊အလံများ၊စာတန်းများ၊ လိုဂိုများ ရောင်းချခြင်းမပြုရန်ဖြစ်သည် ။ အချို့သော ဆိုက်ကယ် ဦးထုတ်များသည် ထိုင်းနှင့်တရုတ်နိုင်ငံတို့မှ တင်သွင်းလျှက်ရှိရာ ယာဉ်ကျေးမှူနှင့်မအပ်ဆပ်ပဲအမြင်မတင့်တယ်သော ပုံများ၊စတစ်ကားများ၊ လိုဂိုများရိုက်နှိပ်ထားသဖြင့် ထိုကဲ့သို ပစ္စည်းများမတင်သွင်း ၊ မရောင်းချရန် သတိပေးထားသည် ။ ပြည်တွင်းဖြစ်ထူတ် ဆိုင်ကယ်ဦးထုတ်များလည်း လက်တလောတွင် ဈေးကွက်ထဲ၌ အရောင်းဝယ်သွက်ကြေင်းသိရသည် ။ အချို့သော နေပြည်တော်နေ ဆိုက်ကယ်မောင်းနှင်သူများသည် ဆိုက်ကယ်မောင်းနှင်စဉ် ဦးထုတ်ဆောင်းရမည်ကို သိထားသော်လည်း လုံခြုံသော […]


etoneNovember 22, 20101min862
အရက်တွေအလွန်အကျွံသောက်ထားပြီး မနက်မိုးလင်းမှ အိမ်ပြန်လာတဲ့ ခင်ပွန်းကို မိန်းမဖြစ်သူက အိမ်အဝင်ဝကနေ ဆီးမေးပါတယ်။ “ကြည့်စမ်း .. တစ်ကိုယ်လုံးလည်း အရက်စော်နံနေတာပဲ။ အကျႌ ကော်လာမှာလည်း နှုတ်ခမ်းနီရာတွေနဲ့။ နေစမ်းပါဦး … မနက်မိုးလင်း ၆ နာရီမှ အိမ်ကိုပြန်လာရဲရလောက်အောင် ရှင့်မှာ တော်တော်ကောင်းတဲ့ အကြောင်းပြချက် ရှိနေတယ်ထင်တယ်”လို့ ပြောတော့ ခင်ပွန်းဖြစ်သူ ပြန်ဖြေတာက “ရှိတာပေါ့ကွ …ငါမနက်စာ စားရဦးမယ်လေ” တဲ့။


etoneNovember 22, 20101min550
Subliminal Message အသုံးပြုခဲ့သည့် First Eeleven ဂျာနယ် နှစ်ပတ် ပိတ်ခံရတဲ့သတင်းလေးဖတ်ချင်ရင်တော့ click below link. http://freedomnewsgroup.com/2010/11/19/%E1%80%BDsubliminal-message-%E1%80%A1%E1%80%9E%E1%80%B6%E1%80%AF%E1%80%B8%E1%80%BB%E1%80%95%E1%80%B3%E1%80%81%E1%80%B2%E1%80%B7%E1%80%9E%E1%80%8A%E1%80%B9%E1%80%B7-first-eeleven-%E1%80%82%E1%80%BA/


etoneNovember 22, 20101min700
စာပေစိစစ်ရေး နှင့်မှတ်ပုံတင်ဌာနက ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို လိုက်နာမှူမရှိဟူသော အကြောင်းပြချက်ဖြင့် ပြည်တွင်းထုတ်ဂျာနယ် အချို့ကို ထုတ်ဝေခွင့်ယာရီရပ်နားလိုက်ကြောင်းသိရသည် ။ အဆိုပါ ဂျာနယ်များမှာ 7days၊The Voice၊လျှပ်တပြက်၊ဗွီးနပ်စ်၊မြန်မာပို့စ်၊ ပြည်သူ့ခေတ် ၊မြန်မာနယူးဝိခ် ၊First Eleven Sports Journal နှင့် Hot News ဂျာနယ်များဖြစ်ကြေင်းသိရသည် ။ First Eleven Sports Journal နှင့် Hot News ဂျာနယ်တို့ကို ထုတ်ဝေခွင့် ၂ပတ်ရပ်ဆိုင်းကြောင်းသိရပြီး ၊ ကျန်ဂျာနယ်များကိုမူထုတ်ဝေခွင့် ၁ပတ်ရပ်ဆိုင်းထားကြောင်းသတင်းရရှိသည်။ First Eleven Sports Journal တွင် ပ ါဝင်သော SUNDERLAND FREEZE CHELSE UNITED STUNNED BY VILLA & ARSENAL ADVANCE […]


etoneNovember 19, 20101min943
ကမာ္ဘ့အရှားပါးဆုံးနှင့် ရှေးအကျဆုံးစာအုပ်တစ်အုပ်ဖြစ်သော ဘုရင် အာသာဧ။် ယိုချီဖောဂတ်ဂရေးဆိုသော စာအုပ်အား လေလံတင်ရောင်းချသည့်အခန်းနားကို လန်ဒန်မြို့အခြေစိုက် လေလံကုမ္ပဏီတစ်ခုတွင် ယခုနှစ်ကုန်ပိုင်း၌ ပြုလုပ်မည်ဖြစ်ပြီး အကြမ်းဖျင်းဈေးမှာ အမေရိကန်ဒေါ်လာ သုံးသန်းကျော်ဖြစ်ကြောင်းသိရသည် ။ အဆိုပါစာအုပ်သည် ရှေးအကျဆုံးစာအုပ်ဖြစ်သည်နှင့် အညီ ယခုခေတ်ကဲ့သို့ပုံနှိပ်လုပ်ငန်းများမရှိသောကြောင့်လက်ရေးဖြင့်ရေးသား၍ လက်ဆွဲပန်းချီများဖြင့် အားဖြင့်ပုံဖော်ခဲ့ကြောင်းသိရသည် ။ စာရွက်အသုံးမပြုသေးသောကာလဖြစ်သဖြင့် သားရေပြားဖြင့်သာရေးသား၊ ရေးဆွဲခဲ့ကြောင်းသိရသည်။ —- စာတော်တော်ရေးချင်တဲ့လူပဲနော်…ဝါသနာထုံပုံရတယ် ။  ခဲရာခဲဆစ်တောင်ရေးရှာတယ် သားရေပြားပေါ်မှာ ကုတ်ခြစ်ပြီးရေးခဲ့တာ အခုတော့လည်း ပိုင်ဆိုင်ထားတဲ့လူတွေ အကျိုးဖြစ်ထွန်းတာပေါ့ ။


etoneNovember 19, 20101min731
အဲပေါ်ပြူလေးရှင်းဖြစ်လာသည်နှင့်အမျှ ကားများမှထွက်သော ကာဗွန်ဒိုင်အောက်ဆိုက်များကိုလျှော့ချရန်နည်းလည်းရှာဖွေထားသော ကိရိယာ ကား ဆေ့အပ်ဆိုသော ပစ္စည်းတစ်ခု ဈေးကွက်အတွင်းတင်သွင်းမှူများကြောင်းသိရသည် ။ ထိုပစ္စည်းသည် ကားအတွင်းမှထွက်သော ကာဗွန်ဒိုင်အောက်ဆိုက်ထွက်ရှိမှူကို သာမန်ထက် ကိုးဆယ်ရာခိုင်နှုန်းခန့်ကာကွယ်နိုင်ပြီး …ဓါတ်ဆီ၊ဒီဇယ်၊ CNG သုံးကားများဧ။် အဂျင်္င်မှ ရေတိုင်ကီသို့သွားသော ပိုက်အတွင်းမှာ တပ်ဆင်အသုံးပြုရမည်လို့လည်း သိရသည် ။ ကာလပေါက်ဈေးမှာ ငါးသောင်းခွဲနီးပါးခန့်ကျသည်မည်ဟုသိရသည် ။ ကားပစ္စည်းအရောင်းဆိုင်များတွင်လည်း တွင်တွင်ကျယ်ကျယ်ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။


etoneNovember 19, 20101min1064
(၇)ကြိမ်မြောက် miss X’mas ရွေးခြယ်ပွဲကို လာမဲ့ဒီဇင်ဘာလ ၂၃ရက်နေ့တွင် ရန်ကုန်မြို့ရှိကုန်သည်ကြီးများ ဟိုတယ်(ထရိတ်ဒါး)၌ ကျင်းပမည်ဖြစ်ကြောင်းသိရသည် ။ ပထမဆု၊ဒုတိယဆု နှင့်တတိယဆုများရွေးခြယ်သွားမှာဖြစ်ပြီး ပထမဆုအတွက် ငွေကျပ်ဆယ်သိန်းဖိုးနှင့်ညီမျှသော ပစ္စည်း+ငွေသား ၊ ဒုတိယဆိုအတွက် ငွေကျပ်ငါးသိန်းဖိုးနှင့်ညီမျှသော ပစ္စည်း+ငွေသား နှင့်တတိယ ဆုအတွက် ငွေကျပ်သုံးသိန်းဖိုးနှင့်ညီမျှသော ပစ္စည်း+ငွေသားတို့ဆုအဖြစ်ချီးမြှင့်မည်ဖြစ်ကြောင်းသိရသည် ။ ပြိုင်ပွဲဝင်လိုသူများသည် Myanmar model management တွင် ပြိုင်ပွဲဝင်လျှောက်လွှာတင်နိုင်ပြီး ဒီဇင်ဘာ (၁၆)ရက်နေ့အထိလျှောက်လွှာလက်ခံကြောင်းလည်း သတင်းရရှိသည် ။ လူဦးရေ သုံးဆယ်ကို ဆကာတင်ရွေးခြယ်မှာဖြစ်ပြီး ဒီဇင်ဘာ (၁၆)မှ (၂၂)ရက်နေ့အထိ သင်တန်းပို့ချပေးသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။


etoneNovember 18, 20101min1527
တစ်စတစ်စနဲ့ကြောင်လေးပြန်ကျန်းမာလာသော်လည်း ခေါင်းနင်းခံရတဲ့အရှိကြောင့်ခေါင်းကြီး တခြမ်းမှာ ဘုကြီးကို ကြီးနေပါတယ် …။ ကျမကလည်း နေ့တိုး ဆားကြပ်ထုတ်ထိုးပေးရတာပေါ့ …။ သခင်လုပ်ပေးသမျှကို ခံတဲ့ကြောင်လေးအပေါ်ထားတဲ့သံယောဇဉ်က တဖြည်းဖြည်းကြီးလာပါတယ် …။ ကိုယ်မွေးထားတဲ့ သားသမီးအပေါ်ထားတဲ့ မိခင်တယောက်ရဲ့စိတ်မျိုးထင်ပါရဲ့ ..သေချာတော့မသိသေးပါဘူး ကျမမှာသားသမီးမရှိသလို အိမ်ထောင်လည်းမကျခဲ့ဖူးတာကြောင့်ပါ ။ ဘယ်သွားသွားကြောင်လေးကို ခေါ်သွားပါတယ် … ။ အပြင်သွားရင်တောင် ခြင်းတောင်းလေးနဲ့ ခေါ်သွားတာပါ ..။ သူကလည်း ကျေကျေနပ်နပ်မရုန်းပဲ ခေါ်တဲ့နေရာတိုင်းကိုလိုက်ပါတယ်…။ မနက်ငါးနာရီ ၊ ငါးနာရီခွဲတိုင်း အိပ်ပုတ်ကြီးတဲ့ ကျမကြောင်ကိုအစာထထကျွေးရတာ အလုပ်တစ်ခုဖြစ်ခဲ့ပြီပေါ့… လတွေကြာလာတာနဲ့အမျှ ကျမက ကြောင်လေးကို ကောင်းပေ့ညွှန့်ပေဆိုတဲ့ အစားစာတွေပဲ ကျွေးခဲ့တာပါ .. ခေါင်းလေးတစ်ခြမ်းစောင်းပြီးလမ်းလျှောက်တတ်တဲ့သူကိုမြင်ရင် ရင်တွေနာလွန်းလို့ ကျမအပြစ်အတွက်ပြန်ပေးဆပ်နေတာပါ ။ ကလေးတယောက်လို နို့သောက်တာကြိုက်ပါတယ် ..သို့သော် တခြားကြောင်တွေလို လျှာနဲ့မလျှက်တတ်ပါဘူး ။ […]


etoneNovember 18, 20101min891
ရှိစုမဲ့စုမုန့်ဖိုးလေးကို စုပြီး ကြောင်လေးကို ပိုက်ကာ မနက်တိုင်းဆေးခန်းသွားရတာ ကျမအလုပ်တစ်ခုလိုဖြစ်လာခဲ့ပါတယ် ..။ ကိုယ့်ပရောဂကြောင့်ဒီလိုဖြစ်သွားတဲ့ကြောင်လေးကို ကျမက အစွမ်းကုန်ပြုစုပေးပါတယ် .. ။ သူငယ်ချင်းတွေနဲ့ အပြင်သွားတာတွေလည်း မလုပ်ဖြစ်တော့ပါဘူး …။ အရေးကြီးကိစ္စမရှိရင်မသွားပဲ ကြောင်လေးနားမှာပဲ အရိပ်တကြည့်ကြည့်နေပါတယ် ။ ကြောင်လေးကတော့ နင်းမိတဲ့အတိုင်းပဲ မလှုပ်မယှက် မျောနေသေးတာပေါ့ ..။ အေဖိုးကဒ်ထူပုံးလေးထဲကို ပိတ်စပါးပါးခင်းက ကြောင်လေးကို ထည့်ပြီး ခြင်ထောင်ထဲထည့်အိပ်ရပါတယ် ။ တခြားအိမ်မှ ကြောင်ထီးကြီးတွေမှ ကြောင်ပေါက်လေးတွေကို လာလာစား တတ်ခြင်းကြောင့်ပါ ။ ကြောင်လေးကို ရေ၊ နို့ တိုက်တဲ့အခါမှာလည်း ဝါဂွမ်းလေးကို ရေ၊ နို့ ထဲမှာ နှစ်ပြီး ပါးစပ်ပေါက်လေးထဲကို အဆက်ချကာ သောက်စေတာပါ … ။ မျိုချရကောင်းမှန်းတောင်မသိပါဘူး …။ ပါးစပ်ထဲဝင်တာလည်းဝင် ၊ […]