etoneDecember 8, 20101min400
ဖရဲသီးဟာ ရာသီပေါ် အသီးအနှံဖြစ်ပြီး မြန်မာပြည်သူပြည်သားတွေ အများဆုံး စားသုံးကြတဲ့ သွားရည်စာတစ်မျိုး ဖြစ်ပါတယ်။ မာတ်တွိန်းကတောင် ဖရဲသီးကို စားတဲ့သူဟာ နတ်သားတွေ ဘာစားတယ် ဆိုတာ သိလာလိမ့်မယ်ဆိုပြီး ဖရဲသီးဂုဏ်ကို ချီးမြောက်ခဲ့ပါတယ်။ ဖရဲသီးဟာ နတ်သားတွေ စားသုံးတဲ့သစ်သီးဖြစ်ရုံမက နတ်သမီးလေးဖြစ်အောင်ပါ ဘယ်လို စားသုံးသင့်တယ်ဆိုတဲ့အကြောင်းကို တင်ဆက်စရာ သစ်သီးအလှအဖြစ် ဖော်ပြလိုက်ရပါတယ်။ ပုရိသတို့စားသုံးသင့်တဲ့ ဖရဲသီး ဖရဲသီးဟာ ယောက်ျားကာမအားတိုးစေတယ်လို့ သိပ္ပံပညာရှင်များစွာက သက်သေထူနိုင်ခဲ့ ကြပါတယ်။ ယောက်ျားအယောက် ၅ဝ ကို လေ့လာဆန်းစစ်တဲ့အခါမှာ ကာမအား သိသိသာသာ တိုးလာကြောင်း တွေ့ရှိရပါတယ်။ ဖရဲသီးမှာ Citrulline ဓာတ်တွေ အများကြီးရှိပါတယ်။ လေ့လာတွေ့ရှိချက်များအရ လုံလောက်တဲ့ Crtrulline ရရှိရန် ဖရဲသီးခြောက်စိတ် (သို့) ခုနှစ်စိတ်ကို နေ့စဉ်စားသုံးပေးရန် လိုအပ်ကြောင်း သိရှိရပါတယ်။ […]


etoneDecember 8, 20101min1526
ဒီရက်ပိုင်းအတွင်းအလုပ်နည်းနည်းများနေတာနဲ့ ပို့စ်တွေတောင်မရေးနိုင်ခဲ့ဘူး ။ အခုလည်း အရေးတကြီးအလုပ်လေးတွေ ၊ အမြန်ပြီးအောင် ရှင်းပေးရမည့်အချိန်ဖြစ်ပေမဲ့ စိတ်ထဲမှာ ပြင်းပြင်းပြပြ ဖြစ်လာတဲ့ စိတ်ကြောင့် စာလေးတစ်ပုဒ်ချရေးလိုက်မိတယ် ..။ ခေါင်းစဉ်လေးကို အရင်ပေးတော့…..” အားမနာရကောင်းမှန်းမသိသူများ နှင့် အမှတ်မရှိတဲ့ ကျမ…” တဲ့ ဟုတ်ပါတယ် … ခေါင်းစဉ်နဲ့လိုက်အောင်ပဲ တစ်ကယ်ကို အမှတ်မရှိတာပါ …။ လူတွေကလည်းလေ ဘာလို့များ အကူညီပေးခဲ့သူကို အားနာရကောင်းမှန်းတောင်မသိပါလိမ့်နော် …။ ကျမက အထည်ချုပ်စက်ရုံတစ်ခုမှာ Europe အော်ဒါ အတွက် အစစအရာရာတာဝန်ယူ ဆောင်ရွက် ၊ဖြေရှင်းပေးရတဲ့ TTMY (တောက်တိုမယ်ရ ) ပေါ့ … ။ ကျမအလုပ်ကို စရောက်ခါစက ဦးလေးက အတင်း အလုပ်လုပ်ခိုင်းလို့ လုပ်ရတာလေ …။ ကျောင်းပြီးကတည်းက အိမ်မှာပဲ […]


etoneDecember 6, 20101min193
ူးဒ NLD ရုံးချုပ်မှ သံဃာတော်များအား သဒါ္ဓတရားထက်သန်စွာ ဆွမ်းလောင်းလှူရန် ဖိတ်ခေါ်တဲ့ ဖိတ်ကြားစာလေးပါ ။ အလှူတန်းလုပ်တာကို မသွားရ၊ အလှူမခံရ မလုပ်သင့်ပါဘူးနော် ။ ရွာသားတွေလည်း ဖိတ်စာလေးကို ကြည့်ပြီး သာဓုခေါ် နိုင်အောင် freedom news group က ကူးပြီးတင်ပေးလိုက်တာပါ ။


etoneDecember 3, 20101min620
ပုံက တစ်ပုံစီပဲတင်လို့ရတယ် …ကော်နက်ရှင်မကောင်းဘူး ။ ပုံတွေ အများကြီးတင်ပြီး insert လုပ်လိုက်ရင်လည်း နောက် ပေ့ချ် တစ်ခု မသွားတော့ဘူး ဟန်းနေပြန်တယ် စိတ်ပိန်တယ် 🙁


etoneDecember 3, 20101min832
မြန်မာနိုင်ငံရှိဉာဏ်ရည်မမှီသူများ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်စေရန်နှင့် ခန္ဓာကိုယ်ကြံ့ခိုင်သန်စွမ်းစေရန် ရည်ရွယ်၍ မြန်မာ့ပထမဆုံးသော ထရိန်နင်းစင်တာတစ်ခု လှိုင်သာယာမြို့နယ်အတွင်းတွင် တည်ဆောက်ရန်ရှိကြောင်းသိရသည် ။ အဆောင်သဘောမျိုး ထားရှိ့မည် ဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာလေ့ကျင့်မှူများကိုလည်း လေ့ကျင့်ပေးရုံမျှမကပဲ သင့်လျှော်ရာ ကိုယ်လက်လှုပ်ရှားမှူမျိုး ၊ အားကစားနည်းများကိုလည်း သင်ကြားပေးမည်ဖြစ်ကြောင်းသိရသည် ။ ဉာဏ်ရည်မမှီသူ ကလေးများကို ဦးစားပေးပြီးထားရှိမှာဖြစ်ပြီး ရန်ကုန်တိုင်းအတွင် ဉာဏ်ရည်မမှီသူ အယောက် ၂၀ဝခန့် ရှိကြောင်းလည်း သတင်းရရှိသည် ။


etoneDecember 2, 20101min520
ပါပီမဇာတ်ကားဖြင့်ရုပ်ရှင်လောကထဲလို့ရောက်ရှိလာခဲ့သော သရုပ်ဆောင် အကယ်ဒမီ ခင်စိုးပိုင်သည် နိုဝင်ဘာလ ၁၈ ရက်နေ့ညက ကားအက်ဆီးဒင့် ဖြစ်ပွားခဲ့ကြောင်းသိရသည် ။ထို ဖြစ်စဉ်မှာ တောင်ဥက္ကလာပမြို့နယ်၊ ဗဟိုဈေးအနီးတွင်ဖြစ်ပွားခဲ့ပြီး ခင်စိုးပိုင်ဧ။် ညာဘက်မျက်လုံး မှန်စဝင်ရောက်ကာ ပြင်းထန်စွာ ထိခိုက်ဒဏ်ယာ ရခဲ့သည်။ လက်ယာဘက်လက်လည်း ထိခိုက်မိကြောင်းသိရသည် ။ သူမသည် မင်းအုပ်စိုးဧ။်ခြံ၌ ဖွင့်လှစ်ထားသော အနုပညာသင်တန်းမှ သင်တန်းပို့ချပြီး အပြန်တွင် ထိုကဲ့သို့ဖြစ်ပွားခဲ့ကြောင်းသိရသည် ။ စံပြဆေးရုံ အရေးပေါ်သို့ပို့ဆောင်ခြင်းခံခဲ့ရပြီး ယခုအခါတွင်မျက်စိဆေးရုံကြီး၌ တက်ရောက်ကုသနေခြင်းဖြစ်ကြောင်းသိရသည် ။ ကားတိုက်မှူဖြစ်သော တခြားယဉ်ဘက်မှ လာရောက်တွေ့ဆုံခြင်းမျိုးလည်း မရှိသေးကြောင်းသိရသည် ။


etoneNovember 29, 20101min520
ယုတ်မာနေပါတယ်  နိုင်ငံရေး တွေတင်တဲ့ freedom news group ဆိုက်ကို ပိတ်လိုက်တယ် ကျော်ကြည့်တာတောင် အဆင်မပြေဘူးဖြစ်နေတယ် ။ ဖွင့်လို့ရသူများ သတင်းထူးလေးတွေရှိရင် တင်ပေးပါဦး ။ (ဒီပို့စ် အတွက် ပွိုင့်မပေးပါနဲ့ )


etoneNovember 29, 20101min2055
၂၀၀၉ ခုနှစ်အတွက် အကယ်ဒမီဆုပေးပွဲကို လာမည့်နှစ်ဖေဖော်ဝါရီလတွင် နေပြည်တော်၌ ကျင်းပမည်ဖြစ်ရာ အကယ်ဒမီခန့်မှန်းဇာတ်ကား ဆယ့်ခြောက်ကား ပေါ်ထွက်ခဲ့ကြောင်းသိရသည် ။ ယခုနှစ်တွင်ထူးခြားသည်မှာ ဟာသကားများလည်း အကယ်ဒမီတစ်ကြိုစာရင်းများတွင် ပါဝင်ခဲ့ခြင်းဖြစ်သည် ။ အကယ်ဒမီ ဆုပေးပွဲအတွက် ဗန်းကိုင် ၆ ဦးကိုလည်း ရွှေးခြယ်လျှက်ရှိပြီး တက်သစ်စ မော်ဒယ်လေးများ အလုအယှက် လျှောက်ထားကြကြောင်းသိရသည် ။ ဗန်းကိုင်များကို တစ်နိုင်ငံလုံးမှ သိနိုင်မည်ဖြစ်သဖြင့် နောက်ပိုင်း အနုပညာ လှုပ်ရှားမှူများအတွက် ပိုမိုထိရောက်ကြောင်းလည်း သိရသည် ။ မင်းသမီးချောခိုင်သင်းကြည်ပင်လျှင် အကယ်ဒမီဆုပေးပွဲ၌ ဗန်းကိုင်လုပ်ခဲ့ပြီး ပရိတ်သတ်သတိထားမှူရကာ နာမည်ကြီးလာသူလည်းဖြစ်သည် ။ ၂၀၀၉ ခုနှစ်အတွက် ပရိတ်သတ်ခန့်မှန်းသော သရုပ်ဆောင်များမှာ အိန္ဒြာကျော်ဇင်နှင့် နေတိုးဖြစ်ကြောင်းသိရပြီး မင်းသမီး အိန္ဒြာကျော်ဇင် ဧ။် ဇာတ်ကား ၉ ကားပင်လျှင် တစ်ကြို ခန့်မှန်းစာရင်ထဲပါနေကြောင်းသိရသည် […]


etoneNovember 25, 20101min25811
မြို့ပြနှင့်မဝေးသော်လည်း ကျန်းမာရေးဗဟုသုတနည်းပါးသော ဒေသများရှိနေကြောင်းမကြာသေးမီကမှ စိတ်မကောင်းစွာဖြင့် ကျမသိခဲ့ရသည် ။ လွန်ခဲ့တဲ့တစ်လခန့်ကကျမသူငယ်ချင်းဧ။်အိမ်ဖော်ကောင်မလေးထွက်ပြေးသွားသဖြင့် သူမဧ။်မိဘများကို အသိပေးရန် အိမ်ပေါ်ကောင်မလေးမိဘများပေးခဲ့သော လိပ်စာအတိုင်းလိုက်ရှာခဲ့ကြရာ လှိုင်သာယာမြို့နယ် ဗိုလ်ချုပ်လမ်းမကြီးသို့ရောက်ခဲ့ပါသည် ။ ဗိုလ်ချုပ်လမ်းမကြီးသည် အတန်ပင် ရှည်လျားပြီး လမ်းထိပ်နှစ်ဖက်သည် ရန်ကုန်ပုသိမ်အမှတ်(၅)လမ်းမကြီး (ဘုရင့်နောင်တံတားမှဆင်းသောလမ်း)နှင့် ရန်ကုန်ညောင်တုုံးလမ်းမကြီး (အောင်ဇေယျတံတားမှဆင်းသောလမ်း) နှစ်ခုကို ကန့်လန့်ဖြတ်ဆက်ထားသောလမ်းဖြစ်သည်။ လမ်းထဲကိုဝင်လျှင်လျှင်ချင်းပဲ လူနေထူထပ်သော ရပ်ကွက်မှန်းသတိထားမိသည် ။ လမ်းက မညီမညာကျောက်တုံးများနှင့်ခင်းထားပြီး မြေဖို့ထားသောနေရာများမှာထူလွန်း၍တစ်ချို့နေရာများတွင် ချိုင့်ကွက်များဖြစ်နေကာ မိုးရွာသွန်းသည့်ရေများကျန်ပြီး ဖွက်ပေါက်နေသည် ။ လူတွေသာများတာ ကားအသွားအလာနည်းသည် လမ်းဆိုးသောကြောင့်ဖြစ်မည်ထင်သည်။ အခြေခံလူတန်းစား အများစုနေသောရပ်ကွက်ဖြစ်ဟန်တူသည် … လမ်းလျှောက်သူများပြီး စက်ဘီးစီးပြီးသွားသူများလည်းရှိသည် ။ မေးမေးစမ်းစမ်းနှင့်လာခဲ့ရာလမ်း ထက်ဝက်ခန့်သို့ခြေထောက်ညောင်းတော့မှရောက်တော့သည်။ သတိထားမိသည်က လမ်းတလျှောက်လုံး (လမ်းထိပ်မှ လမ်းလယ်ခန့်၊ကျမတို့ရောက်သောနေရာအထိ) ဆေးခန်းများစွာရှိသည် အနည်းဆုံး ဆေးခန်း၆ခုခန့်ရှိမည်ထင်သည် ။ မြောက်ဥက္ကလာဆေးရုံ၊ […]