etoneOctober 20, 20101min760
ကျမ ပေါက်က ကျင်းနေတာ ……………. ပခုက္ကူဘက်က မြို့လေးတွေ နမယ်တစ်လုံးစီပဲရှိတာ သိမှာပေါ့ ။ ပခုက္ကူကနေ မြောက်ဘက်တက်သွားရင် ပေါက် ၊ မြိုင် ၊ ကျင်း အဲလို တစ်လုံးတည်းမြို့တွေ အများကြီးပဲ ။ ဘတ်စ်ကားတွေလဲပြေးတယ် ။တစ်ခါတော့ ……စကားဝဲတဲ့ အဖွါးကြီးတစ်ယောက် ကားပေါ်တက်လာတယ် ။ ခဏကြာတော့ စပယ်ယာက မေးတယ် ။ ဘယ်မှာနေလို့ ဘယ်ဆင်းမတုန်းတဲ့ ။ဇာတ်ဆရာလေသံနဲ့ …..။ အဖွါးကြီးကလဲ စကားမြန်တယ်။ သူပြောချင်တာက………… ကျမ ပေါက်မှာနေတယ် ။ ခုတော့ ကျင်းမြို့မှာ နေတာကြာပြီ ။ ရှေ့နားကျရင် ဆင်းမယ် ချပေးလို့ ပြောတာ စကားကမြန်တော့ ….. ကျမ ပေါက်က ကျင်းနေတာ ကြာပြီ ။ […]


etoneOctober 20, 20101min29616
ထမင်းပေါင်းကြိုက်တဲ့လူတွေ ဆူးလေနားကိုရောက်ရင် မစားပဲမနေနိုင်တဲ့ ဆိုင်တစ်ဆိုင်ရှိပါတယ် ။ သူများပြောလို့ ကိုယ်တိုင်ဝင်စားကြည့်မိမှပဲ စိတ်တိုစရာကောင်းတဲ့အဖြစ်နဲ့ကြုံတော့တယ် ။ ဆိုင်က ဆူးလေဘုရားလမ်းနဲ့   အနော်ရထာလမ်းဒေါင့် မှာရှိပါတယ် ။ Moon နဲ့ မျက်နှာချင်းဆိုင်နားလောက်မှာပါ ။ လမ်းဘေးဆိုင်လေးမျိုးပါပဲ …။ ထမင်းပေါင်းစားနေတဲ့လူတွေလည်း အများကြီးရှိပါတယ် ရေးထားတဲ့ဆိုင်းပုဒ်ကြောင့်ထင်ပါတယ် ။ ထမင်းပေါင်းတပွဲကို ဘာနဲ့စားစား 600ပါတဲ့ ။ ကြက်၊ ဝက်၊ ဘဲ ၊ သတ်သတ်လွတ်စတာတွေနဲ့စားလို့ရပါတယ် ။ လူပြည့်နေတာကြောင့်မထိုင်တော့ပဲ ပါဆယ် ထမင်းပေါင်းဝက်သားနဲ့   2ထုတ်မှာလိုက်ပြီး ပိုက်ဆံရှင်းမယ်အလုပ်မှာ တစ်ပွဲကို 800ပါ ထဖြစ်ရော … ရေးထားတာနဲ့ လက်တွေ့နဲ့တလွဲဖြစ်နေပါတယ် ။ ကွာခြားချက် တပွဲကို 200ပေမဲ့ ပလောင်းပလဲလုပ်လို့စိတ်တိုရပါတယ် ။ 200နဲ့မတန်တဲ့သင်ခန်းစာလေးတော့ရလိုက်တယ် နောက်ဆို ဈေးမေးပြီးမှပဲ ဝယ်တော့မယ်လို့လေ […]


etoneOctober 20, 20101min160
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းဧ။် အစီစဉ်ဖြင့် GSM ဖုန်းများတွင်အင်တာနက်အသုံးပြုနိုင်တော့မည်ဖြစ်သည်။ အင်တာနက်အသုံးပြုနိုင်ရန် လိုင်းစနစ်များမြင့်တင့်နေလျှက်ရှိရာ ယခင်အသုံးပြုခဲ့သော 2G စနစ်နှင့် 2.5G စနစ်အဆင့်များမှ 2.75Gအဆင့်သို တိုးမြင့်အသုံးပြုလာနိုင်မည်ဖြစ်သည်။ အင်တာနက်အသုံးပြုပြီး ဗွီဒီယိုဖိုင်များပါ ကြည့်ရှူနိုင်မည်ဖြစ်ကြောင်းသိရသည်။ ရန်ကုန်နှင့် မန္တလေးမြို့များတွင်သုံးသော စီဒီအမ်အေ 800MHz ဖုန်းများတွင် သုံးစွဲနိုင်ဦးမည်မဟုတ်ကြောင်းသိရသည်။


etoneOctober 19, 20101min2387
သင်ခန်းစာခြောက်ခုပါဝင်ပြီး နိုင်ငံတကာအသိမှတ်ပြု အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှူ စာမေးပွဲဖြေရန်အတွက် အသုံးပြုနိုင်တဲ့ အွန်လို်င်း အင်္ဂလိပ်စာသင်တန်းတစ်ခုရှိပါတယ် ။ အွန်လိုင်းမှနေပြီး နာရီပေါင်း ခြောက်ရာလေ့လာသင်ယူနိုင်မှာဖြစ်ပြီး pre-intermediate ကနေ advance levelအထိ သင်ခန်းစာတွေပါမှာဖြစ်ပါတယ်။ သင်ကြားလိုတဲ့အချိန်ဝင်ရောက်အသုံးပြုနိုင်မှာဖြစ်ပြီး self study သင်ရမှာဖြစ်ပါတယ် ။ စာသင်ခန်းအတွင်းသို့မသွာနို်င်တဲ့မအားလပ်သူတွေအတွက်တော့ တော်တော်လေးအဆင်ပြေခရီးပေါက်မှာပါ ။ www.bit.ly/bcmyanmar မှာသတင်းအပြည့်စုံဖတ်ကြည့်ပါ ။


etoneOctober 19, 20101min1336
ကမာ္ဘဈေးအကြီးဆုံး ဟိုတယ်ကြီးဖြစ်သော ကမ္ဘာတစ်ဝန်းမှ ငွေကြေး ချမ်းသာသူများအတွက် ရည်ရွယ်ကာ ကမ္ဘာပေါ် ၌ တည်းခိုခ ဈေး အကြီး ဆုံးဟိုတယ် ကို ဂျပန်နိုင်ငံ တိုကျိုမြို့ ၌ ဖွင့်လှစ်ထားကြောင်း ၎င်းဟိုတယ်မှ တာဝန်ရှိသူ များက အောက်တိုဘာ ၁ရ ရက်၌ ပြောကြားသည်။ စီစဉ်ပေးထား ၎င်းဟိုတယ်မှာ တိုကျိုမြို့လယ်မှာ Mandarin Oriental သည် လွန်ခဲ့သည့် ငါးနှစ်ကတည်းက ဖွင့်လှစ်ခဲ့သော်လည်း ပြီးခဲ့တဲ့သတင်းတပတ်ကမှ ပြုပြင်မွန်းမံခဲ့ကြောင်းသိရသည် ။ အဆိုပါ ဟိုတယ်သည် ကမာ္ဘအချမ်းသာဆုံး ပုဂိ္ဂုလ်မျာအတွက်ရည်ရွယ်၍ ဖွင့်လှစ်ထားသည်ဖြစ်ပြီး တိုကျိုမြို့လည်တွင် တည်ရှိသည်။ တစ်ညတာ တည်းခိုခမှာ အမေရိကန်ဒေါ်လာ 671,000ဖြစ်ပြီး နေ့စဉ် ညနေ သုံးနာရီမှ စတင်တည်းခိုနိုင်ပြီဖြစ်ပြီး နောက်နေ့နေ့လည်သုံးနာရီအထိအကျုံးဝင်သည်။ ကမာ္ဘဈေးအကြီးဆုံး ဟိုတယ်အဖြစ်လည်း သတ်မှတ်ထားခြင်းခံရသည်။


etoneOctober 19, 20101min1091
ဆူဆီလေးက အိမ်ကို ဝမ်းသာအားရ နဲ့ အပြေးပြန်လာပါတယ်။ သူ့မေမေကိုတွေ့တော့ “မေမေ သမီးစာမေးပွဲမှာ အမှတ်တစ်ရာ ရတယ်” လို့ပြောပါတယ်။ ဒါနဲ့ သူ့မေမေက “တော်လိုက်တာ သမီးရယ်။ မေ့သမီးလေးက ဟုတ်လှချည်လား။ ဘယ်ဘာသာမှာရတာတုံး”လို့မေးပါတယ်။ ဆူဆီက ပြုံးရင်း”နှစ်ဘာသာကြီးများတောင်မေမေရဲ့”လို့ပြောပြီး ဆက်ပြောတာက “အင်္ဂလိပ်စာမှာ ၅၆ မှတ်ရတယ်။သချင်္ာက ၄၄ မှတ်”တဲ့။


etoneOctober 19, 20101min1081
ကြံ့ဖွံ့မှ ဆိုက်ထူမည့် ကြော်ငြာဘုတ်များတွင် ပါဝင်မည့် ကတိပြုချက်စာသားများမှာ အောက်ပါအတိုင်းဖြစ်သည် ။ ထိုပြင် logo လည်းပါဝင်မည်။ တိုင်းပြည် တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်မည်။ တိုင်းပြည်ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မည်။ ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ထားမည်။ အမျိုးဘာသာသာသနာကို စောင့်ရှောက်မည်။ တိုင်းတစ်ပါး လက်ကိုင်တုတ် မဖြစ်စေရ တို့ ဖြစ်သည်။


etoneOctober 19, 20101min790
ရန်ကုန်တိုင်းအတွင်းယာယီမဲဆွယ်ဆိုင်းဘုတ် ၄၅ဝခန့် ကို ယခုအပတ်တွင်းမှ စိုက်ထူသွားမည်ဖြစ်ကြောင်းမြို့တော်ဝန်မှ ပြောကြားခဲ့သည် ။ ပါတီဧ။် ပြည့်သူအပေါ် ကတိပြုချက် (၅)ချက်နှင့် ပါတီ logo တစ်ခုပါဝင်မည်ဖြစ်ကြောင်းသိရသည် ။ ဆိုင်းပုဒ်များကို လမ်းဆုံများတွင် အဓိက စိုက်ထူသွားမည်ဖြစ်ကြောင်းနှစ် တစ်မြို့နယ်လျှင် အနည်းဆုံး ၁ဝ ခု စိုက်ထူသွားမည်ဟုသိရသည် ။ ဆိုင်းပုဒ်များကို ရွေးကောက်ပွဲအတွက် ယာယီအသုံးပြုမှာဖြစ်သဖြင့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြန်လည်သိမ်းဆည်းမည်ဟုသိရသည် ။ ရန်ကုန်တိုင်း ဒေသကြီးအတွင်း အခြေစိုက်သည် ့မည့်သည့်နိုင်ငံရေးပါတီမဆို ကြော်ငြာဘုတ်စိုက်ထူလိုလျှင် အဂျင်္င်နီယာဌာန (အဆောက်အအုံ) သို့ ဆက်သွယ်လျှောက်ထားနိုင်ပြီး တစ်စတုရန်းပေလျှင် ၁၂၀ဝကျပ်သတ်မှတ်ထားသည် ။ အရွယ်စားအကန့်သတ်မရှိကြော်ငြာဘုတ်ပြုလုပ်နိုင်ကြောင်းသိရသည် ။


etoneOctober 19, 20101min820
ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌဦးသိန်းစိုး က ယနေ ့သတင်း ထုတ်ပြန် လိုက်သည်က နိုဝင်ဘာလ 7ရက်နေတွင် ကျင်းပမည့်ရွေးကောက်ပွဲအား နိုင်ငံတကာမှစောင့်ကြည့်သူများကို ခွင့်ပြုမည်မဟုတ်ကြောင်း ပြောကြားခဲ့သည် ။ ပြည်တွင်း ရှိ နိုင်ငံခြား သံတမန် များ ကို ရွေးကောက် ပွဲနေ ့တွင် လာရောက် လေ့လာခွင့် ပြုမည် ဖြစ်သော်လည်း နိုင်ငံတကာ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူများ နှင့် သတင်း ဌာန အဖွဲ ့အစည်း များ ကို လုံးဝ ခွင့်ပြုမည် မဟုတ် ဟု သတင်းထုတ် ပြန်ထားသည်။ souce : Freedom News Group


etoneOctober 19, 20101min1583
နိုင်ငံပိုင်သိမ်းဆည်းထားသော မော်တော်ယာဉ် 112စီး အပါဝင် ဆိုင်ကယ် 346စီး ထော်လာဂျီ21 တို့ကို ဈေးပြိုင်အိတ်ပိတ်စနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ပြီး အောက်တိုဘာ 22ရက်နေ့ထိ ရုံးအမှတ် ( ၃၂) ၊ နေပြည်တော် ဗဟိုစက်ပစ္စည်း စာရင်း အင်းနှင့် စစ်ဆေး ရေးဦးစီးဌာန အမျိုးသား မှတ် တမ်း များ မော်ကွန်းတိုက် ဦးစီးဌာန ရန်ကုန်မြို့ တို့တွင် ဈေးနှုန်းတင်သွင်းလွှာ များရောင်းချ မည်ဟု သိရသည်။ အခွန်ငွေမှာလည်း ဝယ်ယူသည့်တန်ဖိုး 15%ပေးဆောင်ရမည်ဖြစ်ပြီး တစ်ခါထဲပေးသွင်းရမည်ဟုသိရသည် ။ယာဉ်မှတ်ပုံတင်ကိုလည်း တစ်နေရာထဲတွင်အပြီးပြတ်ဆောင်ရွက်ပေးမည်ဟု သိရသည်။


etoneOctober 19, 20101min1240
ဘားအံတွင် သင်တန်းတစ်ပတ်တတ်ယုံမျှဖြင့် ထိုင်နိုင်ငံအတွင်းသို့တရားဝင်သွားရောက် အလုပ်လုပ်ကိုင်ခွင့်ရရှိမှာဖြစ်ကြောင်း ပြည်တွင်းပြည်ပ အလုပ်ရှာဖွေရေး အေဂျင်စီတစ်ခုမှ ပြောကြားခဲ့သည် ။ ထိုသင်တန်းတွင် ထိုင်းယဉ်ကျေးမှူ ဓလေ့စိရိုက်များ ၊ တရားဝင်အလုပ်လုပ်ကိုင်ခွင့်ဧ။် ရပိုင်ခွင့်များ ၊ စာချုပ်ပါအချက်လက်များ ၊ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှူများနှင့်အထွေထွေ သိကောင်းစရာများကို သင်ပြပြောပြပေးမှာဖြစ်ပြီး သင်တန်းပြီးဆုံးပါက သင်တန်းဆင်းလက်မှတ်ထုတ်ပေးမည်ဖြစ်ကြောင်းသိရသည် ။ ထိုလက်မှတ်ရရှိထားပါက ထိုင်နိုင်ငံတွင်တရားဝင် အလုပ်လုပ်ကိုင်နိုင်မည်ဖြစ်ပြီး တရားမဝင်သွားရောက်ရာတွင် ဖြစ်ပေါ်နိုင်သော လစာမပေးမှူများ ၊ မတရားလစာဖြတ်တောက်မှုများ ၊ ညှင်းပန်း နှိပ်စက်မှုများကိုလည်း ကာကွယ်နိုင်သည် ။ နိုင်ငံကူးလက်မှတ်လည်း ကိုင်ဆောင်ခွင့်ရရှိပြီး ထိုင်းနိုင်ငံတွင် တရားဝင်လွတ်လပ်စွာသွားလာနိုင်သည် ။ သင်တန်းအထွေထွေ စရိပ်မှာ ကျပ် ခြောက်သောင်းခွဲခန့်ပေးရမှာဖြစ်ပြီး သင်တန်းဖွင့်လစ်ရာ ဘားအံမြို့တစ်နေရာထဲတွင်သာ သင်တန်းတတ်ရမည်ဖြစ်သည် ။ နိုင်ငံကူးလက်မှတ်ကိုလည်း မြဝတီတွင်ပြုလုပ်နိုင်မည်ဖြစ်ပြီး ကျပ် 3000မျှသာကျသင့်မည် […]


etoneOctober 19, 20101min2216
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် နိုလ်ဘဲငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် လာမည် ကိုစိုးရိမ် သူများက စစ်အုပ်စု ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေထံ စာရေးသားပေးပို ့ ပြီးဒေါ်အောင်ဆန်းစုကြည် အား လွှတ်ပေးခြင်းမပြုရန် ကန် ့ကွက်ကြသည် ဟု Freedom News Group မှ စုံစမ်းသိရှိရသည်။ စစ်အစိုးရမှ ကမကထ လုပ်မည့် ရွေးကောက်ပွဲ ကို စိတ်ရောကိုယ်ပါ နှစ်မြုပ်ထောက်ခံ သည့် တတိယ အုပ်စု အမည်ခံ လိုလားသူ ဆယ့်ငါးဦးခန် ့က အောက်တိုဘာလ ၁၅ ရက်နေ ့စွဲ ဖြင့် နေပြည်တော်မြို ့တွင် နေထိုင်သည့် ဗိုလ်ချုပ်မှုးကြီး သန်းရွှေထံ ရေး ပို ့သည့်စာ တွင် […]