etoneSeptember 28, 20101min1272
ဘာသာစကား တစ်ခုရယ်လို့ ဖြစ်လာပြီ ဆိုရင် ဝေါဟာရ ပြည့်စုံဖို့အတွက် စကားလုံး အသစ်တွေတီထွင်ရသလို နီးစပ်ရာ အင်အားကြီး ဘာသာစကား တစ်ခုခုကနေ ရှိနှင့်ပြီးသား သူတို့ရဲ့ စကားလုံးကိုကောက်ယူမွေးစား ကြတာလည်း ရှိပါတယ်။ မြန်မာစာပေရယ်လို့ ဖြစ်လာတာ တကယ်တမ်းပြန်တွက်ကြည့်ရင် နှစ်ပေါင်း (၁၀၀၀) တစ်ထောင် မပြည့်သေးပါဘူး။ ဒါ မြန်မာစာဟဲ့ ဆိုပြီး လက်ညိုးထိုးပြနိုင်တဲ့ ကျောက်စာက အေဒီ ၁၁၁၃ မှာ ရေးထိုးတဲ့ မြစေတီကျောက်စာမှာ အစောဆုံး တွေ့ရတာပါ။ပြန်တွက်ကြည့်ပါ။ နှစ်ပေါင်း (၈၉၅) နှစ်ပဲ ရှိပါသေးတယ်။ ပညာရှင်တွေရဲ့ ယူဆချက်ကတော့ကျန်စစ်မင်းလက်ထက်မှာမှ မြန်မာစာ ဆိုတာကို စံနှုန်းတစ်ခုနဲ့ ဖြစ်လာဖို့ ကြိုးပမ်းခဲ့တယ်လို့ ဆိုပါတယ်။ဒါပေမယ့် မွန်ပညာရှင်တွေဟာ အေဒီ ၅ ရာစုကတည်းက အိန္ဒိယတောင်ပိုင်း အက္ခရာတစ်ခုဖြစ်တဲ့ပလ္လဝအက္ခရာကို အခြေခံပြီး […]


etoneSeptember 28, 20101min830
ဘီ ပိုး စီ ပိုးဆို တာဘာမှန်းမသိပေမယ့် ပိုးရှိနေသူတွေ နီးစပ်သူတွေ သိစေဖို ့ *အားလုံးအတွက်* ဒီပုံမှာပါတဲ့ အရွက်ကတော့ ဗိန္ဒောဆေးအခေါ် *ဣဿရမူလီ* လို့ခေါ်တယ်။ ဦးဟုတ်စိန်အဘိဓာန်မှာတော့ The Indian Brithwort (*Atistolochia indica)* သာမည ဣဿရီ တဲ့။ ရှမ်းဘာသာကတော့ ဝမ်လီနုတ်ယုံး *(၀၊ခေ်လီခေူဂ့်ယုင်း*) လို့ခေါ်ပြီး တရုတ်အခေါ်ကတော့ *ခုံ့ရှော့တန်း* လို့ခေါ်တယ်။ အပင်ကတော့ အစိမ်းရောင် နွယ်ပင်တစ်မျိုးပါ။ ခွာညို၊ ခွာဖြူပန်းလို အိမ်မှာ အလှစိုက်ထားလေ့ရှိတယ်။ အပွင့်က ဥဒေါင်းငှက်နဲ့ ဆင်တူပြီး အဖြူ။ အဝါ၊ အစိမ်း၊ ခရမ်းရောင် အနဲငယ်သမ်းနေတယ်။ အသီးကတော့ ကင်းမွန်သီးလို ခပ်ဆင်ဆင်ဖြစ်ပြီး အရစ်(အရေးအကြောင်း) အမြောင့်ပါတယ်။ အရွက်ရဲ့ အရသာကတော့ နဲနဲဖန်သလိုလို၊ ကွမ်းရွက်ကဲ့သို့လဲ […]


etoneSeptember 28, 20103min1615
။ ပုရွက်ဆိတ်တွေ တက်နေပါသလား။ ပုရွက်ဆိတ်တို့သည် သခွားသီးကို မုန်း၏။ ထို့အတွက် ပုရွက်ဆိတ်များလာလျှင် သူတို့လမ်းကြောင်းတွင် သခွားသီးခွံများ ပစ်ချထားလိုက်ပါလေ။ ၎င်းတို့သည် ကြိမ်ဆဲကာ အဝေးသို့ထွက်ပြေးသွားပါလိမ့်မည် (လို့ပြောပါသည်)။ ၂။ အမှုန်အမှိုက်များ လုံးဝကင်းစင်သော ရေခဲတုံးကလေးများ အလိုရှိပါသလား။ ရေခဲသေတ္တာထဲ မထည့်မီ ရေကို အရင်ကြိုလိုက်ပါ (တဲ့)။ ဆိုလိုသည်မှာ ရေကျက်အေးကို ရေခဲတုံးလုပ်ပါ။ ၃။ ကြည့်မှန်ကို လုံးဝ ကြည်လင်နေစေလိုပါသလား။ မှန်ကို အရက်ပျံဖြင့် ပွတ်ပေးပါ (တဲ့)။ ။ အကျႌမှာ ပီကေတွေပေလာလို့ ကလေးကို ရိုက်မလို့လား။ မရိုက်ပါနဲ့ဗျာ။ အဲဒီအကျႌကို ရေခဲသေတ္တာထဲ တစ်နာရီလောက် ပစ်ထည့်ထားလိုက်ပါ။ အိုကေမှာ စိုပြေသွားပါလိမ့်မယ် (တဲ့)။ ။ အစ်ကိုတို့ရဲ့ ရှပ်အကျႌအဖြူလေးတွေကို ဖြူဖွေးတောက်ပြောင်သွားစေလိုပါသလား။ အကျႌ ကို […]


etoneSeptember 28, 20101min850
ကိုယ့်အားကိုယ်ကိုး သင့်အားမည်သူမျှ အပေါ်အမြင့်သို့ ရောက်အောင်ကြိုးဖြင့် ဆွဲမတင်နိုင် ကြိုးကို ကြာကြာကိုင်ဆုပ်မထားနိုင်သောကြောင့်ပင် သင်ပြုတ်ကျမည်ဖြစ်သည်။ သို့သော် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်၍ တက်လျှင်ကား အမြင့်တောင်ထိပ်သို ့ ရောက်အောင်ပင်သင်တက်နိုင်မည်ဖြစ်၏။ ကောင်းလည်းကိုယ်ဆိုးလည်းကိုယ် လူသည်မိမိကိုယ်ကို ကောင်းအောင်လည်းဖန်တီးနိုင်၏ ၊ ဆိုးအောင်လည်းဖန်တီးနိုင်၏ ၊ ကောင်းလိုတိုးတက်လိုလျှင် မိမိစဉ်းစားတွေးတောမှု လမ်းကြောင်းကို ကောင်းမည် ့ဘက် တိုးတက်မည့်ဘက ်သို ့ ဦးလှည့်ပေးရလိမ့်မည် ။မိမိကိုယ်ကိုမိမိ ဘဝစွမ်းရည်တိုးတက်ရေးအတွက် ထိန်းကျောင်းပဲ့ကိုင်သည့် ပါရဂူ အဖြစ်ခန့်အပ်နိုင်ပြီဆိုလျှင် တောက်လျှောက်တိုးတက်သွားမှာ သေချာသည် ။ ဖန်တီးသူမိမိ လောက၏မတူညီသော ကဏ္ဍအသီးသီးတွင် အောင်မြင်မှုရှိခဲ့သူတို ့ တူညီစွာလက်ခံ ယုံကြည်ထားကြသည့် အချက်တစ်ရပ်ရှိသည၊် ယင်းကားမိမိ၏ ကံကြမ္မာ အဆိုးအကောင်းကို မိမိသာဖန်တီးနိုင်သည် ဟူ၍ ဖြစ်ပါသည် ။ အလကားမရ သင့်အောင်မြင်မှု နှင့်စိတ်ချမ်းသာမှု […]


etoneSeptember 28, 20101min690
လောကကြီးမှာဗျာ လူတိုင်းကတော့ သှု ့ပြသနာနဲ ့သူပါပဲ။သို ့ပေမယ့် ပြသနာကိုရင်ဆိုင်ဖြေရှင်းတာခြင်း ကြတော့ တစ်ယောက်နဲ ့ တစ်ယောက်မတူကြပါဘူး ဆိုလိုတာကအမြင်ကိုပြောတာပါ။အမြင်ဆိုတာဘာကိုပြောတာလဲ။ ဟုပ်ကဲ့ လူဆိုတာက အမြင်အမျိုးမျိုးရှိကြတယ်လေ။ ကိုယ့်ဖက်ကြည့်ရင် လက်ဖမိုးဆိုပေမဲ့ သူ ့ဖက်ကကြည့်ရင်လက်ဖဝါးဆိုတာ လူတိုင်းနားလည်ပြီးသားစကားတွေပါ။ဒီအပေါ်မှာ သူငယ်ချင်းတို ့အတွက်ပုံပြင်ကလေး တစ်ခုလောက်တင်ပြခြင်တာပါ။ ရွာတစ်ရွာရဲ့အလယ်မှာ ထည်ပင်ကြီးတစ်ပင်ရှိတယ်။အဲဒီထည်ပင်ကလည်းသီးလိုက်တာ ဆိုတာ ပြွှတ်ခဲနေတာပဲ။ရွာလယ်ဆိုတော့ ဘယ်အကောင်မှ လာမစားရဲတော့ သီးခြင်တိုင်းသီးနေလိုက်တဲ့ ထည်သီးတွေဗျာ။ ဒါတွေကမျက်စိကျတာက ရွာပြင်တောအုပ်က မျောက်အုပ်ပေါ့။သူတိုခဗျာ စားကလည်းစားခြင်ရွာလယ် ဆိုတော့အဖမ်းခံရမှာ လည်းကြောက်တော့ မြင်တာမြင်မကြင်ရတဲ့ ဘဝနဲ ့နေလာရင်း တစ်ရက်ကြတော့ မနေနိုင်လို ့မျောက်အား လုံးကတိုင်ပင်ပြီး မျောက်ခေါင်းဆောင်ဆီကို အပှုကပ်ကြတာပေါ့ နောက်ဆုံးတော့ မျောက်ခေါင်းဆောင်လည်းမနေသာ ဘူးလေ။ငယ်သားတွေကတောင်ဆိုတော့လည်း သူ ့ခဗျာအကြံ့ထုပ်ရတာပေါ့။ နောက်ဆုံးတော့ ဘာအကြံရသလဲဆိုရင် လူတွေအိပ်ပျော်တဲ့ အချိန်ကြမှ […]


etoneSeptember 28, 20101min1282
အဘွားအို နိုးလာတဲ့အချိန် နှလုံးခုန်သံက နှေးလိုက်မြန်လိုက်… သူ မောနေတယ်၊ အသက်ရှုမဝဖြစ်နေတယ်။ ဒီတစ်ရက် နှစ်ရက်အတွင်း သူသွားရတော့မယ်ဆိုတာ အဘွားအို သိနေတယ်။ အဘွားအိုအသက် ၇၆နှစ် ရှိပါပြီ။ နေကောင်းကျန်းမာတယ် ဆိုခဲ့ပေမယ့် အပူအအေး လွန်ကဲလာတဲ့ ဒီနှစ်ရာသီဒဏ်ကို သူတို့လိုလူအိုတွေ မခံနိုင်ခဲ့ကြဘူး။ ဒါကြောင့်သူကျန်းမာရေးလည်း နှစ်ကူးပြီးနောက်ပိုင်း တစ်နေ့ထက်တစ်နေ့ ဆိုးရွားလာခဲ့တယ်။ ဘေးဘီကို အဘွားအို လှည့်ကြည့်လိုက်တယ်။ ကုတင်ဘေး ကုလားထိုင်ပေါ်မှာထိုင်နေတဲ့ ၇၈နှစ် အဘိုးအိုကိုတွေ့တော့ စိတ်သက်သာရာ ရသွားတယ်။ နွေးထွေးတဲ့ နေရောင်ခြည်က ကောင်းကင်ပေါ်ကနေ ဖြာကျနေခဲ့တယ်။ အဘိုးအိုကိုငေးကြည့်ရင်း သူနဲ့အတူ ဖြတ်သန်းခဲ့ဖူးတဲ့ဘဝကို အဘွားအို ပြန်ပြောင်းအောင်းမေ့နေမိတယ်။ ငယ်ရွယ်နုပျိုတဲ့အရွယ်မှာ အဘွားအိုက ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်တယ်။ ကမ်းလှမ်းသူ၊ ဝိုင်းဝိုင်းလည်သူတွေ များပေမယ့် သူရင်မခုန်ခဲ့ဘူး။ သူ့အကြည့်က ရွာစာသင်ကျောင်းမှာ တစ်ဦးတည်းရှိတဲ့ […]


etoneSeptember 28, 20101min1685
ဂေါတမ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်သွားတာ နှစ် ၂၅၀ဝ ကျော်ပြီ။ မရှိတော့တဲ့ မြတ်စွာဘုရားကို ဆည်းကပ်ကိုးကွယ်လို့ ရသေးသလား။ ကိုးကွယ်နေလို့ကော အကျိုးရှိပါမလား။ ဗုဒ္ဓဘာသာက ဆင်းတုတွေ၊ ရုပ်ပုံပန်းချီကားတွေကို ကိုးကွယ်တဲ့ ဘာသာလား? ဆင်းတုတွေ ရုပ်ပုံတွေကို ရှိခိုးကိုးကွယ်နေလို့ ဘာအကျိုးရှိမှာလဲ။ ဒါတွေက အနောက်နိုင်ငံသားတွေ ဘာသာခြားတွေမေးတက်တဲ့ မေးခွန်းတွေပဲ။ ဂေါတမ မြတ်စွာဘုရားဟာ ပရိနိဗ္ဗာန် စံလွန်သွားပြီ ဖြစ်ပေမဲ့ သူဟောကြားထားတဲ့ တရားအဆုံးအမတွေက ပကတိအတိုင်း ရှိနေကြတုန်းပဲ။ သူဘုရားဖြစ်အောင် ကြိုးပမ်းခဲ့တာ အခုလို တရားအဆုံးအမကို ဟောပြဖို့ပဲ။ နိဗ္ဗာန်ရောက်ကြောင်းတရားကို ညွှန်ပြပေးခဲ့ဖို့ပဲ။ ဒါတွေက အခု အကုန်ရှိနေသေးတာမို့ ဒီတရားတော်အတိုင်း လိုက်နာကျင့်ကြံ အားထုတ်ရင်း မြတ်ဗုဒ္ဓရှိစဉ်တုန်းကလိုပဲ ထပ်တူထပ်မျှ အကျိုးထူးများကို ခံစားရပါတယ်။ နိဗ္ဗာန်ချမ်းသာကိုလည်း မျက်မှောက်ပြုနိုင်ပါတယ်။ ဗုဒ္ဓမြတ်စွာ […]


etoneSeptember 28, 20101min1645
ယခုကိစ္စသည် သူမဘဝတွင် တခါမျှ မပြုလုပ်ဖူး မတွေ့ကြုံဖူးသော ကိစ္စတစ်ခု ဖြစ်ပါသည်။ သူမသည် ကျောခင်းကာ လှဲအိပ်လိုက်ရင်း ကြွက်သားများကို တောင့်တင်းထားမိလေသည်။ သူမသည် သူ့ကို ငြင်းဆန်ရန် အကြောင်းပြချက်မျိုးစုံကို စဉ်းစားရင်း တတ်နိုင်သလောက် အချိန်ဆွဲနေမိ၏ ။ သို့ရာတွင် သူ ကတော့ လုံးဝ လက်လျှော့မည့်ဟန် မပြပဲ သူမ အနားသို့ တိုးကပ်လာလေသည်။”ကြောက်နေသလား “ဟု သူမကို သူမေးသောအခါတွင် သူမရဲဝံ့ပြတ်သားစွာ ခေါင်းခါပြမိပြန်သည်။ သူသည် ယခုလို ကိစ္စမျိုးတွင် အတွေ့အကြုံ ရင့်ကျက်သူတစ်ယောက် ဖြစ်ကြောင်း သိသာပါသည် ။ အဘယ့်ကြောင့် ဆိုသော် သူ၏ လက်ချောင်းများသည် နေရာမှန်ကို အလွယ်တကူ ရှာဖွေတွေ့ရှိသွားသောကြောင့် ဖြစ်ပါသည်။ သူ အထဲထိ နက်နက် နှိုက်စမ်းလိုက်သောအခါ သူမတကိုယ်လုံး […]


etoneSeptember 28, 20101min1623
နို့ဘိုး <<just a joke, no more other means 😀 တနေ့လင်မယားနှစ်ယောက်ရန်ဖြစ်ကြတယ် မ။      ရှင်ကတခါလာလဲ အမေ့ဘို့အမေအတွက်ဒါပဲအမြဲပြောတယ်ကျွှန်မကိုရောသတိရသေးရဲ့လား။ ကျား။  ဟအမေကအသက်ကြီးပြီးလေဒါကြောင့်ငါကပိုပြီးဂရုစိုက်ရမယ်ကွ၊ တို့ဘုရားတောင်မှမိခင်အတွက်နို့တလုံးဘိုးတောင်ကျေမဆပ်နိုင်ခဲ့ဘူး ဒါကြောင့်ငါ့မိဘမသေခင်မှာငါသောက်စို့ခဲ့တဲ့နို့ဘိုးအကြွေးကို တတ်နိုင်သမျှပြန်ဆပ်နေတာလေမင်းပြစ်ထားလို့လား။ မ။        အော်….ရှင်ကတော်တော်နို့ဘိုးအကြွေးဆပ်ချင်တယ်ပေါ့ဟုတ်လား။ ကျား။  အေးဆပ်ချင်တာပေါ့အဲဒါဘာဖြစ်လဲ။ မ။        ဒါဆိုကျွှန်မမေးမယ်။ ကျား.    မေး…..မေးကြိုက်တာမေး မ။        ရှင်နဲ့ကျွှန်မနဲ့ပေါင်းလာတာဘယ်နှစ်နှစ်ရှိပြီလဲ။ ကျား။    မင်းရူးနေပြီလား18နှစ်ရှိလေ။ မ။    အဲဒါကြောင့်ရှင့်ကိုပြောတာပေါ့..ရှင့်ကိုရှင့်အမေကချစ်လွန်းလို့ဆိုပြီးနို့တိုက်ရင်၃နှစ်ပေါ့……ခုဆိုရင်ရှင်ကျွှန်နို့ကိုဆို့လာတာ၁၈နှစ်ရှိပြီနောက်ထပ်- ဘယ်နှစ်နှစ်ထပ်ဆို့ဦးမလဲဆိုတာစဉ်းစားပြီးမှပြောဟဲ့ငတုံးရဲ့…………………………


etoneSeptember 28, 20101min910
ကျွန်တော် တင်းနစ် ကစားနေတာကို ဖေဖေက ပထမဦးဆုံး လာကြည့်တယ်။ ကျွန်တော်ကတော့ ကျွန်တော့်ကစားဟန်အတိုင်း သွက်သွက်လက်လက် ကစားပြတယ်။ ဖြစ်ချင်တော့ ကျွန်တော်နဲ့ တတိယ ကစားတဲ့ သူတစ်ယောက်က အတော် ကျွမ်းကျင်တယ်။ ကျွန်တော် လျင်လျင်မြန်မြန် ကျွန်တော့်ကစားနေကြ အတိုင်း ကစားရင်းကို သူ့ရဲ့ လက်ပြန်ဘောတွေက ကျွန်တော် လွတ်နေတဲ့ နေရာတွေကို တဖွဲဖွဲကျတယ်။ ကျွန်တော် အပြေးအလွှားလိုက်ရင်လည်း မမှီနိုင်တဲ့ နေရာတွေ။ လိုက်လို့ မမှီနိုင်ဘူး ဆိုတဲ့ နေရာတွေ ဆိုတော့ ကျွန်တော်လည်း အသေအကြေ မလိုက်မိဘူး။ ဒါနဲ့ ပွဲပြီးတော့ ကျွန်တော် နှစ်ပွဲပြတ်နဲ့ ရှုံးတယ်။ ဖေဖေ လာကြည့်တော့မှ ဘယ်ကမှန်း မသိတဲ့ ကိုယ့်ထက် အတန်းကြီးက လူတစ်ယောက်ကို ခွက်ခွက်လန်အောင် ရှုံးတော့ ကျွန်တော် […]


etoneSeptember 28, 20101min1560
လူတိုင်းချစ်တတ်ကြမှာပါ၊ချစ်လဲချစ်နေကြမှာပါ၊ဒါပေမဲ့ကျွန်တော်တို့တွေကဘယ်ထိအောင်များချစ်နိုင်ကြလို့လဲ…. နောင်ဘဝပေါင်းများစွာချစ်ချင်ကြမှာပါ၊အဲဒီချစ်ချင်သူတွေကျွန်တော်ရဲ့ပုံပြင်လေးနားထောင်ပြီးဆက်ချစ်နိုင် ကြပါအုံးမလားဆိုတာ…………….ပုံပြင်လေးကဒီလိုပါ…………………………………………………………….. ……..တစ်ခါတုန်းကတောမီးလောင်လို့ရှဉ့်ဖိုနဲ့ရှဉ့်မလေးဟာထွက်ပြေ်းကြတယ်တဲ့။ပြေးရင်းပြေးရင်းပင်လယ်ကမ်းခြေနား ရောက်သွားကြတယ်။မီးဘေးကလွတ်သွားကြပေမယ့်ဆာလောင်မွတ်သိပ်တဲ့အရေးကိုတော့မရှောင်နိုင်တော့အစာ ရှာကြရတယ်။အစာရှာရင်းကံမကောင်းအကြောင်းမလှတော့ရှဉ့်မလေးဟာပင်လယ်ရေထဲကျသွားပါလေရော မီးဘေးဆာလောင်မွတ်သိပ်တဲ့ဘေးတွေအပြင်ရှဉ့်မလေးခမျာသေဘေးကိုပါရင်ဆိုင်ရတာဖြစ်မှာပေါ့နော်။ ရှဉ့်ဖိုလေးဟာရှဉ့်မလေးပင်လယ်ထဲကျသွားမှန်းလဲသိရော၊တစ်ခါတည်းပင်လယ်ထဲဆင်း၊သူ့အမြီးကိုပင်လယ်ရေ ထဲနှစ်၊ကုန်းပေါ်ပြန်တက်အမြီးကရေကိုခါ၊ပင်လယ်ရေထဲဆင်း၊အမြီးကိုရေထဲနှစ်၊ကုန်းပေါ်ပြန်တက်၊အမြီးကရေ ကိုခါနဲ့အသက်မကချစ်ရတဲ့သူ့ချစ်သူရှဉ့်မလေးကိုပင်လယ်ရေခမ်းသည်အထိခါထုတ်ခပ်ထုတ်ပြီးကယ်မယ်ဆို တဲ့ချစ်ဇောအဟုန်နဲ့အားသွန်ပြီးကြိုးစားနေရှာတဲ့ရှဉ့်ဖိုလေးရဲ့လုပ်ရပ်ကိုမြင်ယောင်ကြည့်ကြပါလားဗျာ၊အချစ်ရဲ့စွမ်း အင်ဟာဘယ်လောက်တောင်ကြီးမားသလဲဆိုရင်………………………………………………………………….. ……….အဲဒီလိုရှဉ်ကလေးပင်လယ်ရေခပ်ထုတ်နေတာကိုပင်လယ်ကမ်းစောင့်နတ်ကမြင်နေတယ်၊ ရှဉ့်ကလေးရဲ့လုပ်ရပ်ကိုကြည့်ပြီးလဲသနားနေတာပေါ့၊ဒါနဲ့သေသွားတဲ့ရှဉ့်မလေးအဖြစ်ကိုကြည့်လိုက် တော့ရှဉ့်မလေးဟာရေနစ်ပြီးသေသွားပြီ၊သေပြီးတဲ့နောက်အဲဒီရှဉ့်မလေးဟာပင်လယ်ရေစောင့်နတ် ရဲ့မိဘုရားတစ်ပါးဖြစ်နေတာကိုမြင်နေရတယ်၊ဒီအဖြစ်တွေကိုသိမြင်နေတဲ့ကမ်းစောင့်နတ်ကရှဉ့်ဖိုကလေး ကို…”ရှဉ့်ကလေး….သင်ဟာပင်လယ်ရေကိုခပ်ထုတ်နေတာဟာ.အချည်းနှီးပဲ၊သင့်ချစ်သူရှဉ့်မလေးဟာသေ ဆုံးသွားပြီ၊သေပြီးလို့အခုပင်လယ်စောင့်နတ်ရဲ့မိဖုရားဖြစ်နေပြီ၊သင်ကြည့်ချင်ရင်ဟောဟိုမှာကြည့်ဆိုပြီး နတ်တန်ခိုးနဲ့ပြလိုက်တယ်တဲ့။ရှဉ့်ဖိုလေးဟာလှမ်းလဲကြည့်လိုက်ရောသူ့ချစ်သူရှဉ့်မလေးဟာပင်လယ်စောင့်နတ် ရဲ့ဘေးမှာမိဖုရားအဖြစ်နဲ့အင်မတန်ကျေနပ်ပျော်ရွှင်နေတာကိုမြင်လိုက်တယ်။အဲလိုမြင်လိုက်တယ်ဆိုရင်ဘဲ ရှဉ့်ဖိုလေးဟာပင်လယ်ကမ်းကသဲတွေကိုမနားမနေပင်လည်ထဲကိုသယ်ပြီးထည့်တော့တာပါဘဲ။သူသဘောက သူ့ကိုမေ့ပျောက်ပြီးပင်လယ်နတ်နဲ့ဒီလောက်တောင်ပျော်နေရလားဆိုပြီးပေါ့၊အဲဒါနဲ့ရှဉ့်ဖိုလေးဟာ…….. နင်တို့ပျော်ဖို့နင်တို့နေဖို့ဘုံပျောက်အောင်ပင်လယ်ရေတွေနေရာမှာသဲတွေရောက်စေရမယ်ဒါမှနင်တို့အတွက်ပျော် စရာနေရာမရှိမှာ…..ဆိုတဲ့သဘောနဲ့ခုလိုသဲတွေကိုပင်လယ်ထဲမနားမနေထည့်နေတာဖြစ်မှာပါ။ ……….အချစ်ရဲ့စွမ်းအင်ကြီးသလောက်…အမုန်းဒေါသရဲ့စွမ်းအင်ဟာလဲကြီးမားလှပါတယ်နော်။ ………..”ချစ်သောသူကိုမမြင်ရခြင်း၊ကွေကွင်းရခြင်းသည်ဆင်းရဲ၏………….. မုန်းသောသူကိုမြင်ရခြင်း၊ကြုံတွေ့ဆက်ဆံရခြင်းသည်ဆင်းရဲ၏………… ချစ်ခြင်းမုန်းခြင်းမရှိသောသူှမှာအနှောင်အဖွဲ့တို့မရှိကုန် ူ ဝမ်းနဲခြင်းဝမ်းသာခြင်းတို့လည်းမရှိကြကုန်။


etoneSeptember 28, 20101min1781
ညောက်စောက်ဆိုတဲ့ရွာမှာ ရာဂျစ်ဆိုတဲ့လူတစ်ယောက်ရှိတယ်။ အလုပ်ကိစ္စနဲ့ ရန်ကုန်သွားရတယ်ပေါ့” သူ့ကိုရွာသားလို့ထင်မှာဆိုးလို့ မြို့သားစတိုင်နဲ့သွားတာ မျက်မှန်က အနက်ရောင်နဲ့ ဆံပင်က အလယ်ခွဲထားသေး၊ ဘောင်းဘီကအရှည် ဘေးကအိတ်တွေကပါသေးတယ်၊ စတိုင်ကတော့တော်တော်မိုက်မဲ့ပုံပဲဗျ။ တွေးကြည့်တာနဲ့ကို မြင်တယ်။ အော် မေ့နေလို့ သူ့မှာထူးခြားတာတစ်ခုရှိတယ်။အဲဒါကသူ့အသားရောင်ပဲ။ အသားကဘာရောင်လဲဆိုတော့ လမိုက်ည အိုးမည်းသုတ်ထားတဲ့ကျွဲနဲ့သူ့နဲ့ယှဉ်ထားရင် ကျွဲကိုပဲနည်းနည်းမြင်ရတယ် အဲလောက်တောင်ပဲနော်။ တစ်ခါက ညမှောင်ရီအချိန် အကျီင်္အဖြူဝတ်ပြီးရွာထဲသွားတာ မူးလာတဲ့ ဇော်ကြီးနဲ့တွေ့တာ ဘယ်သူ့အကျင်္ီလေထဲလွင့်လာတာပါလိမ့် ဆိုပြီးဆွဲလိုက်တာ သူကြီးအိမ်သွားတိုင်တယ်လေ မှောင်ရိပ်ခိုပြီးယောက်ျားအချင်းချင်း လက်သရမ်းမှုနဲ့။ထားပါတော့။ အဲ ဘယ်ရောက်သွားပါလိမ့်။ အော် ရန်ကုန်ရောက်သွားတယ်။ ရန်ကုန်ရောက်တုန်း ရုပ်ရှင်ကြည့်မယ်ပေါ့။ တစ်ခါမှလည်းမကြည့်ဖူးဘူး။ သူကြားဖူးတာက ရန်ကုန်ကရုပ်ရှင်ရုံထဲမီးမှိတ်ပြီးတော့ ပစ္စည်းလုတက်တယ်တဲ့။ ရတယ်မကြောက်ဘူး ဘောင်းဘီအိတ်ထဲ ဓါးမြှောင် ထည့်သွားတယ်။ ဒီလိုနဲ့ ရုံထဲရောက်သွားတယ်ဆိုပါတော့။ အော် သူကရွာ ဗီဒီယိုရုံမှာဆိုထိပ်ဆုံးကကြည့်ရမှ။ ခုလဲ ထိပ်ဆုံးကပဲ။ ရုံထဲမှာ […]