etoneSeptember 23, 20104min1724
သူများ က share လို့   တင်ပေးလိုက်တာပါ ။ ဒါမျိုးတွေလည်း လုပ်လို့ရပါလားဆိုတာအခုမှသိတယ် ။ ကမာ္ဘ အရပ်ရပ်တွင် အစားအသောက်များကို လှလှပပ ဖြစ်စေရန် ဒီဇိုင်းပြင်ဆင် ဖန်တီးကြရာ အချို့သော အစားအစာများသည် လက်ရာမြောက်လှသော အနုပညာပစ္စည်းအဖြစ်သို့ ပြောင်းလဲသွားသည်ကို အံ့ဩဖွယ် မြင်တွေ့ကြရသည်။ ၎င်းတို့အနက် ဖရဲသီးဖြင့် ဖန်တီးထားသော အရုပ်များမှာ အထူးသဘောကျဖွယ် ကောင်းလှသည်။ အနုပညာရှင်တို့သည် ဖရဲသီးကို အသုံးပြု၍ သစ်သားနှင့် ကျောက်ဆစ် ပန်းပု လက်ရာ ကဲ့သို့သော အနုပညာမြောက်လှသည့် ဖရဲသီး ပန်းပု များဖန်တီးနိုင်ကြသည်။ သို့သော် နှမြောဖွယ်ကောင်းသည်မှာ အချိန်အတိုင်းအတာ တစ်ခုအထိသာ တာရှည်ခံနိုင်ခြင်းဖြစ်သည်။ ကမာ္ဘတစ်လွှားရှိ သဘောကျဖွယ် ဖရဲသီး ပန်းပု ပညာများအား ခံစားနိုင်ရန် ဖော်ပြလိုက်ပါသည်။


etoneSeptember 22, 20101min144
ပြည်တွင်း အီလက်ထရောနစ် ဈေးကွက်အတွင်း၌ နယ်စပ်ဝင်ပေါက်များမှ လိုင်စင်မဲ့ပစ္စည်းများနှင့် ပစ္စည်းအတုများ အများအပြား ဝင်ရောက်လာကြောင်း အဆိုပါကုမ္ပဏီ များထံမှ သိရှိရသည်။ ပြည်တွင်း အီလက်ထရောနစ် ဈေးကွက်အတွင်း၌ ထိုင်းနိုင်ငံမှ လိုင်စင်မဲ့ပစ္စည်းများနှင့်တရုတ်နိုင်ငံမှ ပစ္စည်းအတုများ အများအပြား ဝင်ရောက် ရောင်းချလျက်ရှိခြင်းကြောင့် တရားဝင်တင်သွင်းရောင်းချ နေသော အီလက်ထရောနစ် ကုမ္ပဏီများမှ ရောင်းအားကျဆင်းခြင်းနှင့် အတူ ကုမ္ပဏီအပေါ်ကိုလည်း Customer ယုံကြည်မှု အနည်းငယ်ကျဆင်းလာကြောင်း သိရှိရ သည်။ “အခုပြည်တွင်းဈေးကွက် အတွင်းမှာ ယိုးဒယား၊ တရုတ် နယ်စပ်ဝင်ပေါက်ကနေ အီလက် ထရောနစ်ပစ္စည်းတွေရဲ့ လိုင်စင်မဲ့ ပစ္စည်းတွေကိုလည်း တင်သွင်းလာတယ်။ ပစ္စည်းအတုတွေကိုလည်း ပြည်တွင်းဈေးကွက်ထဲမှာနာမည်အခိုင် အမာရပြီးသားဖြစ်တဲ့ ပစ္စည်းတွေကို အတုအပလုပ်ပြီးတော့ တင်သွင်း ရောင်းချနေတာ တော်တော်များလာတယ်။ ဒါ့အပြင်အခုတစ်နှစ်၊ နှစ်နှစ် အတွင်းမှာ  လမ်းပေါ်ပွဲစားတွေပိုပြီး များလာတယ်။ […]


etoneSeptember 22, 20101min169
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အား အာဆီယံတွင် ပထမဆုံးစံပြအဖြစ် တိုက်ခိုက်ချေမှုန်းပစ်မည်ဟု မြန်မာစစ်အစိုးရဝန်ကြီးချုပ်၊ ကြံ့ဖွတ်ပါတီခေါင်းဆောင် ဦးသိန်းစိန်က ယခုစက်တင်ဘာလဆန်းပိုင်းတွင် ခြိမ်းခြောက်ခဲ့သည်။ ကချင်ပြည်နယ်မြို့တော်မြစ်ကြီးနား၊ လဝါယန်အခြေစိုက်  ဦးလဆန်အောင်ဝါ ပြည်သူ့စစ်အဖွဲ့နှင့် ပန်ဝါအခြေစိုက် ယခင်ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) နယ်ခြားစောင့်တပ်တို့၏ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် ဦးသိန်းစိန်မှ ဤကဲ့သို့ပြောခြင်းဖြစ်သည်။ ဦးသိန်းစိ်န်က ရွေးကောက်ပွဲပြီးလျှင် “KIO အား အရှေ့တောင်အာရှ (အာဆီယံ) တွင် စံပြအဖြင့် တိုက်ခိုက်ချေမှုန်းပစ်မည် ”ဖြစ်ကြောင်း စစ်အစိုးရသစ္စာခံ ကချင်လက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့အား အထူးဖိတ်ခေါ်၍ ပြောကြားခြင်းဖြစ်သည်။ ၎င်းတွေ့ဆုံပွဲသို့ လဝါယန်အခြေစိုက် ပြည်သူ့စစ်တပ်ဖွဲ့မှ ခေါင်းဆောင် ဦးလဆန်အောင်ဝါ ကိုယ်တိုင်နှင့် NDA-K နယ်ခြားစောင့်တပ်ဖွဲ့ (BGF) မှ ခေါင်းဆောင် ဦးဇခုန်တိ်န့်ယိန်းကိုယ်စား အခြား BGF စစ်ဗိုလ်များတက်ရောက်ခဲ့ကြကြောင်း သိရသည်။ အစည်းအဝေးတွင် သိန်းစိန်က […]


etoneSeptember 22, 20101min1501
ယနေ့ညနေ ၆နာရီ ၁၅မိနစ်အချိန်တွင် ယခင် DKBAတပ်ရင်း ၉၀၁မှ ဗိုလ်ကြီးစောကျော်သက် ဦးဆောင်သော မောင်းပြန်လက်နက်မျိုးစုံကိုင်ဆောင်ထားသော အင်အား ၃ဝခန့်ပါအဖွဲ့သည် မြဝတီရဲစခန်းအား ဝိုင်းခဲ့ကြောင်း မြဝတီမြို့ခံများက Freedom News Groupသို့ပြောသည်။ ၁၉ရက်နေ့ညက မြဝတီကော့ကရိတ်လမ်းရှိ တံတားကျိုးဂိတ်တွင်တာဝန်ကျနေသောနအဖ ဗိုလ်ကြီးကျော်နိုင်ဦးနှင့် စအဖ တို့ပူးပေါင်းပြီးတရားမဝင် လိုင်စင်မဲကားမျိုးစုံ ၆၅စီးကိုဖမ်းဆီးခဲ့သည်။တနင်္လံာနေ့တွင် စစ်ဗိုလ်ချုပ်သားသမီးတို့သက်ဆိုင်သောကားအချို့ ၊နယ်ခြားစောင့်တပ် အသွင်ပြောင်းတပ်ပြောင်းကား အချို့ကို ပြန်လွတ်ပေးခဲ့ပြီး မြဝတီဗျူဟာတပ်ရင်းတွင် ကားမျိုးစုံ ( ၄ရ )ကျန်သေးကြောင်း တပ်ကြပ်ကြီးတဦးကပြောသည်။ မြဝတီစစ်ဗျူဟာမှုးနှင်အဖွဲ့ရောက်လာပြီး ဖမ်းဆီးသောကားများနှင့်ပါတ်သက်ပြီး ရဲများနှင့်မသက်ဆိုင်ကြောင်း။ ဖမ်းဆီးသူများမှာစအဖနှင့် စစ်ဗျူဟာမှ ဖြစ်သောကြောင့် ရှင်းလိုလျင် ဗျူဟာရုံးတွင် လာရှင်းနိုင်ကြောင်းပြောသဖြင့် ဝိုင်းထားသူများပြန်သွားကြောင်းသတင်းရရှိသည်။ ဗိုလ်ကြီးကျော်နိုင်ဦးသည် တံတာကျိုးဂိတ်တွင် တာဝန်ကျအရာရှိတဦးဖြစ်ပြီး တရားမဝင်ကားများ၊တရားမဝင်ကုန်များ တင်ဆောင်သောကားများကို ငွေတောင်းကြမ်းသ ူဟုနာမည် ကျော်တဦး ဖြစ်သည်။ငွေပေးလျင်ကြိုက်တဲ့ကုန်သယ်လို့ရကြောင်း […]


etoneSeptember 22, 20101min1341
August 17, 2009 ရက်နေ ့တွင် ဗြိတိသျှ သိပ္ပံပညာရှင်များဟာ ကြွက်ကိုဖမ်းယူစားသောက်နေတဲ့ အပင်တစ်မျိုးကို တွေ ့ရှိခဲ့တဲ့အကြောင်း ထုတ်ဖော်ကြေငြာခဲ့ပါတယ် ။ထို အသားစားအပင်ဟာ ရေတကောင်းပုံစံရှိပြီး ကြွက်၊ယုန်၊ရှဉ့် စတဲ့ သတ္တဝါတွေကို သူ ့ရဲ ့ ရေတကောင်းခွက်ထဲ မရောက်ရောက်အောင် ဆွဲဆောင်ခေါ်ယူပြီး ရေတကောင်းထဲ ပြုတ်ကျတဲ့အခါမှ အထဲမှာရှိတဲ့ အင်ဇိုင်းတစ်မျိုးနဲ ့ အစာကို ကြေညက်သွားစေတယ်လို ့ ဆိုပါတယ် ။ ဒီအပင်ကိုတွေ ့ရှိသူတွေကတော့ ကိန်းဘရစ် တက္ကသိုလ်က ဇီဝဗေဒ ပညာရှင်များဖြစ်တဲ့ Alastair Robinson, Steward McPherson, Volker Heinrich နဲ ့ Andreas Fleischman တို ့ပဲဖြစ်ကြပါတယ်။တွေ ့ရှိတဲ့နေရာကတော့ ဖိလစ်ပိုင်နိုင်ငံ ဝိတိုရိယတောင်တန်းတွေမှာ […]


etoneSeptember 22, 20101min50113
Admin , မနေ့က တစ်နေလုံး ဘယ်လိုကြိုးစားကြိုစား ဖွင့်လိုမရပါဘူး ။ ဒီနေ့ကျတော့လည်း ဖွင့်လို့တော့ရပါတယ် post တစ်ခုရောက်လို့ comment ပေးမယ် ကြံတိုင်း log in ပြန်တောင်းပါတယ် ။ တစ်ခါ ရေးဖို့တစ်ခါ log in လုပ်နေရတာ အဆင်မပြေပါဘူး ။ နောက်ပြီး log in လုပ်ပြီးတာတောင် တစ်ခါတစ်ခါ အရင် စာမျက်နှာအဟောင်းကြီးပဲပြန်မြင်နေရပါတယ် (log in မလုပ်ခင်) က ပုံစံမျိုးပါပဲ ။လူတိုင်းရောဒီလိုဖြစ်သလားသိချင်ပါတယ် ။ ဒီရက်ပိုင်းမှာ အသုံးပြုရအဆင်မပြေမှူတွေများနေပါတယ် ။ အဆင်မပြေမှူတွေဘယ်လောက်ကြာရှည်မလဲသိပါရစေ ။


etoneSeptember 20, 20101min850
> ကျနော်မွန်လေး တို. သူငယ်ချင်တွေစုပြီးတော့ ရန်ကုန်မြို.ထဲက စားသောက်ဆိုင်တစ်ဆိုင်ကိုသွားေ လသည်။ဆိုင်ရောက်တော. menu လေးတွေက အသစ်လေးတွေ > > ပေထားတဲ့ နာမည်က မင်းသမီးနာမည် အဆိုတော်နာမည်တွေချည်း ပဲ ဖြစ်နေတယ် ။ > > အရင်ဆုံးမှာတဲ.သူ က > > ပိုင်မင်း ။ ။ ကြည် လဲ.လဲ. ဦ း တစ်ပွဲ မှာလိုက်တယ် ၊၊ ကြက်ပေါင်ကြော် တစ်ပွဲရောက်လာတယ် ။ > > > မျိုးဇော်ထက် ။ ။ နန္ဒာလှိုင် တစ်ပွဲ ၊ ကြက် ရင်မုံ သား တစ်ပွဲ လာချပေးတယ် ။ဒီကောင်က ရင်မုံသားမြင်တာနဲ. ဆွဲမယ် […]


etoneSeptember 20, 20101min1010
အောင်မြင်ခြင်းသည် လူအချင်းချင်း ပြေပြစ်စွာ ဆက်သွယ်နိုင်ခြင်းပေါ်တွင် အခြေတည်ပါသည်။ အောင်မြင်လိုသူများသည် စကားအင်္ဂါ အချက် (၁၀) ချက် ကို သေသေချာချာလေ့လာပြီး မိမိကိုယ်ကို လေ့ကျင့် သင့်ပေသည်. . . . ၁။ အချိန်ကို လေ့လာ၍ ပြောဆိုခြင်း။ ၂။ မှန်သောစကားကိုသာ ပြောဆိုခြင်း။ ၃။ အကြောင်းနှင့်အကျိုး ခိုင်လုံသောစကား (တရားအားလျော်သော စကား) ကိုပြောဆိုခြင်း။ ၄။ အကျိုးရှိမည့် စကားကိုသာ ပြောဆိုခြင်း။ ၅။ ချစ်ခင်ဖွယ်ကောင်းအောင် ပြောဆိုခြင်း။ ၆။ ပြုံးရွှင်စွာ စကားပြောတတ်ခြင်း။ ၇။ စကားပြောဆိုရာတွင် ချင့်ချိန်၍ ပြောဆိုခြင်း။ ၈။ စကားပြောဆိုရာတွင် မနှေးလွန်း မမြန်လွန်ဘဲ အေးဆေးစွာပြောဆိုခြင်း။ ၉။ စကားအသုံးအနှုန်းကို မှန်ကန်စွာနှင့် ယဉ်ကျေးစွာပြောဆိုခြင်း။ ၁၀။စကားပြောဆိုရာတွင် […]


etoneSeptember 20, 20101min1423
လူ့အဆင့်အတန်းကို မည်သို့တိုင်းတာမည်နည်း၊ မည်သည့်ပုံစံခွက်နဲ့ ခွဲခြားနိုင်မည်နည်း။ လူ့အဆင့်အတန်းကို လူတွေက သတ်မှတ်ခြင်းလား သို့တည်းမဟုတ် လူအဆင့်အတန်းကပဲ လူတွေကို ခွဲခြားနေခြင်းလား ဆန်းစစ်ရန်လိုအပ်ပေသည်။ များသောအားဖြင့်လူအများစုသည် ငွေကြေး ဥစ္စာပစ္စည်းကြွယ်ဝချမ်းသာမှု၊ ရာထူးဂုဏ်ရှိန် တန်ခိုးအာဏာ၊ ဆွေမျိုးအင်အား စသည်တို့နှင့် လူ့အဆင့်အတန်းကို တိုင်းတာလေ့ရှိကြပါသည်။ ပညာတတ် လူတန်းစားများသည် ပညာအရည်အချင်း ဘွဲ့ရာထူး တို့နှင့် တိုင်းတာလေ့ရှိကြပါသည်။ သတ်မှတ်ခြင်း၏ နောက်ကွယ်တွင်…. ချမ်းသာကြွယ်ဝမှုနဲ့ မိ်မိတို့ကိုယ်ကို မိမိတို့ အဆင့်အတန်းမြင့်သည်ဟုသတ်မှတ်လေ့ရှိသော လူချမ်းသာ လူ့ဘူဇွာ အများစုသည် များသောအားဖြင့် အလှူအတန်း ရက်ရက်ရောရောပြုလုပ်ခြင်းဖြင့် လူအများသိမြင်အောင် ကြွားလုံးထုတ်လေ့ရှိပါသည်။ အမှန်စင်စစ် လူအများ၏ နောက်ကွယ်တွင် လက်တဖက်က ပေးလှူပြီး တခြားလက်တဖက်က ပြန်လည်ခိုးယူ နှိုက်ယူ နေကြသည်မှာ ထိုသူတို့သတ်မှတ်ထားသော လူ့အဆင့်အတန်း ဖြစ်နိုင်ပေသည်။ ဆွေစဉ်မျိုးဆက် တန်ခိုးအာဏာ […]


etoneSeptember 20, 20101min1481
မြန်မာ့ရုပ်သံနှင့် မြဝတီရုပ်သံ ဌာနများတွင် ထုတ်လွှင့်ပြသလျက်ရှိသည့် ရုပ်သံအစီအစဉ်များတွင် ကြော်ငြာရရှိမှု လျော့ကျသွားခြင်းကြောင့် ရုပ်သံမီဒီယာလုပ်ငန်းရှင်များ က ရုပ်သံကြော်ငြာ လိုအပ်ချက် ပြည့်မီစေရန် စီးပွားရေးလုပ်ငန်းရှင်များ အား အခမဲ့ထည့်သွင်း ကြော်ငြာပေးလျက် ရှိကြောင်း သိရသည်။ ထို့ကြောင့် စီးပွားရေးလုပ်ငန်းရှင်များသည် အခမဲ့ထည့်သွင်းပေးသော ကြော်ငြာများကို လွန်ခဲ့သော ၁ဝ နှစ်ဝန်းကျင်က ထုတ်လွှင့်ခဲ့သည့် ကြော်ငြာဟောင်းများကို ထည့်သွင်းစေခဲ့ခြင်းဖြစ်ကြောင်း ရုပ်သံမီဒီယာ လုပ်ငန်းရှင်အချို့ကပြောဆိုကြသည်။ “လက်ရှိ ရုပ်သံအစီအစဉ်တွေ မှာ ကြော်ငြာရရှိမှုက လျော့သွားပါတယ်။ အဲဒီလျော့သွားတော့ ပုံမှန်ထည့်သွင်းဖို့လိုတဲ့ ကြော်ငြာပမာဏ မပြည့်မီတဲ့အခါ ရုပ်သံမီဒီယာလုပ်ငန်းတွေက ကုန်ပစ္စည်းထုတ်လုပ်သူ လုပ်ငန်းရှင်တွေရဲ့ ကုန်ပစ္စည်းကြော်ငြာတွေကို အခမဲ့ထည့်သွင်းပေးကြ တာ ရှိတယ်။ အဲဒီအခါ စီးပွားရေး လုပ်ငန်းရှင်တွေက အခမဲ့ထည့်သွင်းပေးတဲ့ ကြော်ငြာတွေကို ကြော်ငြာသစ်မသုံးစေဘဲ အဟောင်းကိုပဲပြန်သုံးစေတယ်။ ဒါ့ကြောင့် လက်ရှိရုပ်သံဌာန […]


etoneSeptember 20, 20101min1940
ရုပ်ရှင်ဇာတ်ကားများ ထုတ်လုပ်ရာတွင် တိပ်ဖြင့် အလုံးစုံရိုက်ကူးပြီးမှ ဖလင်ပေါ် ပြန်တင်စနစ်ဖြင့် ရုပ်ရှင်ဇာတ်ကား ရိုက်ကူးထုတ်လုပ်မှုကို လတ်တလောတွင် ရိုက်ကူးခွင့်ပိတ်ထားကြောင်း ရုပ်ရှင်လောကသား များထံမှ သတင်းရရှိပါသည်။ “တိပ်နဲ့ရိုက်ကူးပြီး ဖလင်ပေါ် ပြန်တင်တဲ့စနစ်ကို ထုတ်လုပ်ရေးအများစုက စိတ်ဝင်စားကြပေမယ့် အဲဒီ စနစ်မှာအကောင်း၊ အဆိုးနှစ်မျိုးလုံး ရှိနေတယ်။ လက်ရှိအချိန်ထိကတော့ မြန်မာနိုင်ငံမှာ စမ်းသပ်လုပ်ဆောင် နေပေမယ့် အောင်မြင်မှုရပြီ လို့တော့ပြောလို့မရပါဘူး။ လက်ရှိမှာတော့ အဲဒီစနစ်နဲ့ရုပ်ရှင်ဇာတ်ကား ထုတ်လုပ်ဖို့စီစဉ်ထားတဲ့ ထုတ်လုပ်သူတွေကို ရိုက်ကူးခွင့်နားထား တယ်လို့သိရပါတယ်”ဟု ဝါရင့်ရုပ်ရှင် ထုတ်လုပ်သူတစ်ဦးက ပြောပြခဲ့ သည်။ ယင်းစနစ်အား လေ့လာဆောင်ရွက်နေသူ ဒါရိုက်တာတစ်ဦးက “တိပ်ကနေဖလင်ပေါ် ပြန်တင်တဲ့စနစ် က ဒါရိုက်တာစိတ်တိုင်းကျဖန်တီး ရိုက်ကူးနိုင်ပေမယ့် ရုပ်ရှင်လိုအရည် အသွေးရဖို့ကတော့ ခက်ပါတယ်။ နိုင်ငံတကာနည်းတူ ခေတ်မီစက်တွေ၊ နည်းပညာတွေကို သုံးနိုင်ရင်တော့ တစ်မျိုးပေါ့။ အဲဒီစနစ်နဲ့ထုတ်လုပ်ဖို့ […]


etoneSeptember 20, 20101min1270
အဆိုတော် ဖြူဖြူကျော်သိန်း ၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံတွင် အောက်တိုဘာလ ၉ ရက်နေ့၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ ဖျော်ဖြေပွဲကို Forever Blossoms မှ စီစဉ်ခြင်းဖြစ်ပြီး ဝင်ခွင့်လက်မှတ်များအား ငွေကျပ်သုံးသောင်း၊ နှစ်သောင်း၊ တစ်သောင်းခွဲဖြင့် သတ်မှတ်ထားကြောင်း သိရှိရသည်။ ထို့အပြင် ဖျော်ဖြေပွဲ အစအဆုံးအား ရိုက် ကူးထားမည်ဖြစ်ပြီး MRTV 4 မှ ပြန်လည်ထုတ်လွှင့် ပြသသွားရန်စီစဉ်ထားသည်ဟု သိရှိရသည်။ တစ်ကိုယ်တော်ဖျော်ဖြေပွဲတွင် Cobra H တီးဝိုင်းမှ တီးခတ်ပေးမည်ဖြစ်ပြီး ဂီတမိတ်၊ တယောဦးတင်ရီအဖွဲ့၊ ယူရေနီယမ်အက အဖွဲ့တို့ကလည်း ဖျော်ဖြေပွဲတွင် အားဖြည့်ပါဝင်သွား မည်ဟု သိရသည်။


etoneSeptember 20, 20101min2684
မိုက်ခရို ဆောဖ် ကုမ္ပဏီမှ ထုတ်ဝေသည့် ဝင်းဒိုးဆောဖ် ဝဲ အပြင် မိုက်ခရို ဆောဖ် Office အုပ်စု မှPower Point ,Publisher ,Word, Excel အစရှိသည့် ဆော်ဝဲ များ ကို အဆင့်မြင့် ပညာသင်ကြားနေ သောကျောင်းသားများ အား ၉၁ ရာခိုင်နှုန်း လျှော့ဈေးဖြင့်ရောင်းချမည့် အစီအစဉ် အား မိုက်ခရိုဆောဖ်ဝဘ်ဆိုတ်တွင် သတင်း ထုတ်ပြန် ထားသည်။အမေရိကန် သို ့မဟုတ် ကမာ္ဘ တဝှမ်း ရှိတက္ကသိုလ် ပညာ သင် ကြားနေ သည့် ကျောင်းသား များအတွက် Windows 7 Professional အား၆၄.၉၅ ဒေါ်လာ နှင့် ရောင်းချပေး မည် ဖြစ်ပြီး ၊Word ,Publisherအပါအဝင် […]