etoneSeptember 16, 20101min1724
အဘိုး ဖြစ်သူ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ နှင့် အတူ တရုတ် ပြည်သို ့ ငါးရက် ကြာအလည်အပတ် သွားရောက်ခဲ့သည့် နေရွှေသွေးအောင် သည် သက်တမ်း ၈၅ နှစ် ရှိပြီ ဖြစ်သည့် တရုတ် ပြည်သူ ့ လွတ်မြောက်ရေးတပ်မတော်၏ စစ်တက္ကသိုလ် တွင် ပညာသင်ယူ နိုင်ရန် အတွက် စာရင်းသွင်း ထားပြီး ဖြစ်သည် ဟု သိရသည်။ စစ်တက္ကသိုလ် များ အနေဖြင့် အရည်အချင်း ပြည့်မှီ မှု ရှိမှ အချိန်ပြည့် သင်ကြားခွင့်ရရှိရန် လက်ခံသော်လည်းနေရွှေသွေးအောင် ကိုမူ တရုတ်ပြည်၏ အဆွေတော် နိုင်ငံမှ ခေါင်းဆောင် တစ်ဦး ၏ သားသမီး အဖြစ် ချွင်းချက် ဖြင့် လက်ခံ […]


etoneSeptember 16, 20101min1293
မဟာဗန္ဓုလတံတားအဆင်း ဒေါပုံသင်္ဘောကျင်းအနီး၌ စက်တင်ဘာလ ၁၃ ရက်နေ့ ည ၁ဝနာရီဝန်းကျင်အချိန်တွင် သစ်လုံးတင်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွား မဟာဗန္ဓုလတံတားအဆင်း ဒေါပုံသင်္ဘောကျင်းအနီး၌ သစ်လုံးတင်ယာဉ်တစ်စီးအရှိန်လွန်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ ဖြစ်စဉ်မှာ စက်တင်ဘာလ ၁၃ရက်နေ့ ည၁ဝနာရီဝန်းကျင်အချိန်က သစ်လုံးရေ ၈ လုံးဝန်ကျင် သယ်ဆောင်လာသည့် ၁ဝ ဘီးကားတစ်စီးသည် မဟာဗန္ဓုလတံတားအဆင်းတွင် အရှိန်လွန်ကာ တိမ်းမှောက်သွားခဲ့ခြင်းဖြစ်ပြီး တိမ်းမှောက်ခဲ့မှုကြောင့် လူသေဆုံးမှုမရှိခဲ့ကြောင်း သိရှိရသည်။ ထိုသို့ဖြစ်ပွားမှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် မဟာဗန္ဓုလတံတားအနီးရှိ ထမင်းဆိုင်မှ ဝန်ထမ်းတစ်ဦးက “တံတားပေါ်ကနေ သစ်လုံးတင်ကားကြီးတစ်စီးအရှိန်နဲ့ ပြေးဆင်းလာတာကိုတွေ့ရတယ်။ အဲဒီကားကြီးကို ကြည့်ရတာ အရှိန် မထိန်းနိုင်ဖြစ်ပြီး ဒယိမ်းဒယိုင် မောင်လာရင်းက တံတားအဆင်း မြေညီလမ်းပေါ်လည်းရောက်ရော ဖြည်းဖြည်းခြင်းယိုင်ပြီး လဲကျသွားတယ်။ ကားပေါ်က သစ်လုံးတစ်ဝက်ကျော်က လမ်းမပေါ်ကို ပြုတ်ကျကုန်တယ်။ ညပိုင်းဆိုတော့ တစ်ဖက်ယာဉ်ကြောက ကားမလာတာကံကောင်းသွားတယ်။ […]


etoneSeptember 16, 20101min1727
i က်တင်ဘာလ ၄ ရက်နေ ့ညက စစ်တပ် အရာရှိ မှ အမိန် ့ပေးသဖြင့် စစ်သား များ ကပစ်သတ်၍ သေဆုံးပြီး နောက် ပဲခူးမြို ့တွင် လုံခြုံရေး တင်းကျပ် ထားသော် လည်း နိုင်ငံရေး နှင့် လူထု အုံကြွမှု ဖြစ်ပေါ် ရေး အတွက် လှုံဆော်စာ များ နေ ့စဉ် ဝေငှမှု ရှိသည် ဟု သတင်းရရှိသည်။ ယနေ ့နေ ့လည် ၁၂ နာရီခန် ့က ပဲခူးမြို ့နာရီ စင် အနီး တွင် ကပ်ထားသည့် လှုံ ဆော်စာများကို ပြည်သူ အများအပြား က လာရောက် ကြည့်ရှု […]


etoneSeptember 16, 20101min1300
 ယနေ ့ညနေ ၆းဝဝ နာရီခန် ့က မြန်မာ့ ရုပ်မြင်သံကြားမှ ၁၉၉ဝ ပြည့် နှစ် ရွေးကောက်ပွဲအနိုင်ရပါတီအမျိုးသား ဒီမိုကရေစီ အဖွဲ ့ချုပ် အပါအဝင် ပါတီ ၁ဝ ပါတီ အား ၂၀၁ဝ ရွေးကောက် ပွဲအတွက်ပြန်လည် မှတ်ပုံတင်ခြင်း မရှိ သည့် အတွက် ဖျက်သိမ်း လိုက်သည် ဟု သတင်းထုတ်လွှင့်သွားသည်။ သက်တမ်း ၂၂ နှစ် ရှိပြီ ဖြစ်သည့် အမျိုးသားဒီမို ကရေစီ  အဖွဲ ့ချုပ်သည် စစ်အစိုးရ မှာ နိုဝင်ဘာလရ ရက်နေ ့တွင် ကျင်းပမည့် ရွေးကောက်ပွဲ အား ဝင်ရောက်မည် ဟု မဟုတ် ဟု ဆုံးဖြတ် ကာသပိတ်မှောက် ခဲ့သည်။ […]


etoneSeptember 13, 20101min1886
ဗိုလ်ချုပ်အောင်ဆန်းဈေး ရထားလမ်းခုံးကျော်တွင် ချိန်ကိုက်မိုင်း တစ်လုံးတွေ ့ရှိဟု မြန်မာဝဘ်ဆိုက်တစ်ခုတွင်ဖော်ပြထားပါသည် ။ အသေးစိတ်သတင်းရှိပါက share ပေးကြပါ ။


etoneSeptember 13, 20102min1353
// <![CDATA[// PDRTJS_settings_894279_post_11893={“id”:894279,”unique_id”:”wp-post-11893″,”title”:”\u1019\u1032\u1031\u1006\u102c\u1000\u1039 \u1021\u1011\u100a\u1039\u1001\u103a\u1033\u1015\u1039\u1005\u1000\u1039\u101b\u1036\u102f \u1019\u102e\u1038\u1031\u101c\u102c\u1004\u1039 \u1019\u1088\u1031\u107e\u1000\u102c\u1004\u1039\u1037 \u103b\u1019\u1014\u1039\u1019\u102c\u1021\u101c\u102f\u1015\u1039\u101e\u1019\u102c\u1038\u1010\u102d\u102f \u1037\u1021\u1001\u1000\u1039\u1031\u1010\u103c \u1037″,”permalink”:”http:\/\/freedomnewsgroup.com\/2010\/09\/13\/%e1%80%99%e1%80%b2%e1%80%b1%e1%80%86%e1%80%ac%e1%80%80%e1%80%b9-%e1%80%a1%e1%80%91%e1%80%8a%e1%80%b9%e1%80%81%e1%80%ba%e1%80%b3%e1%80%95%e1%80%b9%e1%80%85%e1%80%80%e1%80%b9%e1%80%9b%e1%80%b6%e1%80%af\/”,”item_id”:”_post_11893″} //မဲဆောက်မြို့ ဘတ်ဆောင်ခွဲ အရပ်ရှိ အိုမီဂါ အထည်ချုပ်စက်ရုံတွင် ယနေ့နံနက် ၄ နာရီ ဝန်းကျင်ခန့်မှစတင်ပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွား ခဲ့သည်။မီးလောင် ကျွမ်းသည့် စက်ရုံမှာ မြန်မာ ရွှေ့ပြောင်း အလုပ်သမား အများစု အလုပ် နေသည့် စက်ရုံဖြစ်သည်။ စက်ရုံတွင် အလုပ်လုပ်နေသည့် မြန်မာ အလုပ်သမားများမှာမီးလောင်ကျွမ်းမှု ကြောင့် စက်ရုံ ရပ်နားလျှင် အလုပ်အအကိုင် များ ဆုံးရှုံးမည် ကို စိုးရိမ်နေကြသည်။ မီးလောင် ကျွမ်းမှု ဖြစ်ပြီးနောက် အထည်ချုပ် စက်ရုံ ကို ဤသို ့တွေ ့ရသည်။ မီးစတင်လောင်ကျွမ်းမှု အကြောင်းရင်းကို အတိအကျမသိရသေးဟု မဲဆောက် […]


etoneSeptember 13, 20101min1864
အနိမ့်ဆုံး ရုံဝင်ခသည် ပင်လျှင် ၁၅၀ဝကျပ်ခန် ့ကျသင့်သည့် ရုပ်ရှင် ရုံအား မြန်မာနိုင်ငံရန်ကုန် မြို့ဉ် စတင် ဖွင့်လှစ် တော့ မည် ဟု သတင်းရရှိသည်။Junction Center (Maw Tin)ဉ် Junction Cineplex ဟု အမည်ပေးထား သည့် ဈေးဝယ်ဌာန ဉ် တွဲ ဖက်ထားသည့် ခုံ ၂၂ဝဆန် ့ရုံ နှစ်ရုံ ဉ် လူဦးရေ ၄၆ဝခန် ့ဆန် ့သည် ဟုရုပ်ရှင် ရုံ အကြိုဖွင့် ပွဲဉ် တက်ရောက်လာသည့်စာနယ်ဇင်း ဆရာများ ကို ပြောသည်။ Junction Cineplex ရုပ်ရှင် ရုံသည် ရုပ်ရှင်ရုံ တည်ရှိ ရာ Junction Center (Maw Tin) […]


etoneSeptember 11, 20101min850
ဒီပုံပြင်လေးက ဆရာမင်းခိုက်စိုးစံရဲ ပုုံ့ပြင်လေးပါ။ဖတ်စေချင်လို့ ဝေမျှပေးလိုက်ပါတယ်။ တစ်ခါတုန်းက မြို့လေးတစ်မြို့အစွန်က အိမ်လေးတစ်အိမ်မှာ အလွန်တော်တဲ့ သိပ္ပံပညာရှင်ကြီးသုံးဦး နေကြသတဲ့ဗျာ။အဲဒီသိပ္ပံပညာရှင်ကြီးတွေ နေတဲ့အိမ်မှာ မီးဖိုမရှိတဲ့အတွက် သူတို့ဟာ ထမင်းချက်မစားနိုင်ဘူးတဲ့။အဲတော့ မြို့ ဂုဏ်ဆောင်တဲ့ သူတို့တွေကို မြို့မိ ၊ မြို့ဖတွေ က ထမင်းပို့ပေးရတော့တာပေါ့။ပွင့်ပွင့်လင်းလင်းပြောရရင် တောင်းစားကြရတာပေါ့ဗျာ။အဲဒီလိုနဲ့ နေတာကြာလာတော့ မြို့မိ ၊ မြို့ဖတွေက သည်းမခံနိုင်တော့ဘဲ “ခင်ဗျားတို့ဟာ ခင်ဗျားတို့ ချက်စားပေတော့ဗျို့။ကျုပ်တို့တော့ မပို့ပေးနိုင်တော့ဘူး”…လို့ပြောကြသတဲ့။ အဲတော့လည်း ပညာရှင်ကြီးတွေက …. “ချက်တော့ စားချင်ပါတယ်ဗျာ။ကျုပ်တို့မှာ မီးဖိုမရှိလို့ပါ” “မီးဖိုမရှိလည်း ဝယ်ကြပေါ့ဗျာ။ဒါမှ မဟုတ်လည်း ခင်ဗျားတို့က သိပ္ပံပညာရှင်တွေပဲ။ကိုယ့်ဟာကိုယ်ဆောက်ကြပေါ့။” “အင်း…ဟုတ်တာတော့ ဟုတ်တယ်ဗျို့။သူများထမင်းစားရတာ သိပ်တော့ မကောင်းလှဘူး”…ဆိုပြီး အသိတရားဝင်လာကြကာ…သူတို့ ထမင်းချက်ဖို့ မီးဖိုတစ်ခုကို လုပ်ကြပါလေရောလားဗျာ။ သိပ္ပံပညာရှင်ကြီးတွေက သူတို့ရဲ့မီးဖို လုပ်ဖို့ လေးလေးနက်နက်စဉ်းစားကြသတဲ့။သူတို့ကိုယ်တိုင် […]


etoneSeptember 11, 20101min870
ခရီးကပြန်ရောက်ပြီး jet-lag ရနေလို့ ဇီးကွက်ဖြစ်ဖြစ်နေပါတယ်။ အိပ်မပျော်တာနဲ့ဘဲပို့စ်တွေလည်းဆက်တိုက်လျှောက်ရေးနေမိပါတယ်။ စာဖတ်သူအတွက်ယူစရာသိပ်မကျန်တဲ့ပို့စ်တွေဘဲများနေလို့ လာဖတ်တဲ့သူတွေကိုတောင်းပန်ပါတယ်။ ဒီညတော့ကိုအန်ဒီကလေးလေးတွေဗီဒီယိုကိုကြည့်ပြီး ကြည်နူးအားကျမိရင်း၊ ကလေးလေးတွေနှစ်ဦးစလုံးဟာ မိဘတွေရဲ့မေတ္တာအစွမ်းကုန်ရရှိပြီး ကိုယ်ရောစိတ်ပါကျန်းမာသန်စွမ်းတဲ့ကလေးလေးတွေအဖြစ်ပေါ်လွင်နေတာတွေးနေမိရင်းကလေးသွားကျန်းမာရေးပညာအကြောင်းပြန် စဉ်းစားနေမိပါတယ်။ ကျွန်တော်တို့ကျောင်းသားဘဝက ကလေးသွားကျန်းမာရေးပညာမှာ စသင်ရတာက psychological development of children ကလေးတွေရဲ့စိတ်ပို်င်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအကြောင်းဖြစ်ပါတယ်။ ဘာကြောင့်ဒီအကြောင်းအရာကိုအရေးတကြီးသင်ရလဲဆိုတော့၊ ကျွန်တော်တို့သွားဆေးခန်းကိုနေ့စဉ်လာပြလေ့ရှိသူတွေထဲမှာ ကလေးတွေလည်းပါပါတယ်။ ကလေးတွေရဲ့ဖြတ်သန်းလာရတဲ့ ပတ် ဝန်းကျင်နဲ့မိဘဖြစ်သူရဲ့ပြုစုစောင့်ရှောက်တတ်မှုရှိမရှိပေါ်မူတည်ပြီး၊ ကလေးတွေလည်းအမျိုးမျိုးအမူအကျင့်ကွဲသွားပါတယ်။ သူတို့ကိုသွားဘက်ဆိုင်ရာကုသမှုတွေမစနိုင်ခင်မှာ ဘယ်လို psychological background နဲ့အမူအကျင့် behaviour ရှိသလဲ။ ကောင်းတဲ့ behaviour ရှိလား၊ အားနည်းချက်ရှိတဲ့ behaviour လား၊ ကောင်းတာကိုဘယ်လိုဆက်အားပေးပြီး မကောင်းတာကိုဘယ်လိုအပြုသဘောဆောင်လာအောင်ပဲ့ကိုင်မလဲဆိုတာတွေအရင်လုပ်ရပါတယ်။ ကလေးတွေဟာ မွေးခါစကနေတစ်နှစ်သားအရွယ်ကစပြီး ကိုယ်ခန္ဓာဖွံ့ဖြိုးလာတာနဲ့အတူ psychological development လည်းစနေပါပြီ။ အဲလိုအချိန်မှာ ကလေးဟာ ယုယုယယထွေးပွေ့မှုရမယ်၊ ချော့မြူမှုရမယ်၊ ဆာတိုင်းချိုချိုသောက်ခွင့်ရမယ်ဆိုရင် သူ့ရဲ့စိတ်ပိုင်းဆိုင်ရာမှာလုံခြုံနွေးထွေးမှုနဲ့ယုံကြည်မှုစပြီးရရှိသွားပါတယ်။ ဒီအရွယ်မှာဒီလိုပြုစုယုယမှုတွေသေချာမရခဲ့တဲ့ကလေးတွေဟာ […]


etoneSeptember 11, 20101min990
ကျွန်တော့်အိမ်ခန်းထဲ ကြွက်တစ်ကောင်ဝင်နေတယ်။ ကြွက်က ကြွက်သတ်ဆေးလည်း မစားသလို၊ ထောင်ချောက်နဲ့လည်း ဖမ်းမရဘူး။ ကြွက်က တော်တော်လည်တဲ့ကြွက်လို့ ထင်တယ်။ ညညဆိုလည်း သောင်းကျန်လိုက်တာ ကျွန်တော်ကောင်းကောင်း အိပ်မရဘူး။ ဒါနဲ့ ကြွက်ဖမ်းဖို့ ကြွက်ရဲ့လှုပ်ရှားသွားလာမှုတွေကို ကျွန်တော် လေ့လာရတော့တယ်။ ရက်အနည်းငယ်ကြာ လေ့လာပြီးနောက် ကြွက်ဟာ အိမ်ခန်းထဲကို ပြတင်းပေါက်ကတစ်ဆင့် ဝင်လာတယ်ဆိုတာကို ကျွန်တော်သတိထားမိလိုက်တယ်။ ပြတင်းပေါက်က ခြင်ဇကာကို ကိုက်ဖြတ်ပြီး မှောင်စပျိုးတာနဲ့ ကျွန်တော့်အခန်းထဲ သူဝင်လာတယ်။ မိုးလင်းတာနဲ့ သူပြန်ထွက်သွားတယ်။ မိတ်ဆွေတစ်ဦးကို ကျွန်တော့်အကြောင်းပြောပြတော့ သူကရယ်ပြီး “ဒါ လွယ်လွယ်လေးပါ.. ကြွက်ဖောက်ထားတဲ့အပေါက်ကို စက္ကူတစ်ချပ်နဲ့ ကပ်ထားလိုက်ရုံပဲ”လို့ အကြံပေးတယ်။ သူ့အပြောကို သိပ်ယုံကြည်ပုံမပေါက်တဲ့ ကျွန်တော့်ကိုကြည့်ပြီးသူက “တကယ်ပြောတာ စမ်းလုပ်ကြည့်လိုက်ပါ” လို့ပြောတယ်။ မိတ်ဆွေရဲ့အကြံအတိုင်း ကျွန်တော်လုပ်ကြည့်လိုက်တယ်။ ဒါပေမယ့် စိတ်ထဲမှာ သိပ်ဘဝင်မကျခဲ့ဘူး။ မှောင်စပျိုးတာနဲ့ […]


etoneSeptember 11, 20101min1953
ဒီပုံပြင်လေးရဲ့ သင်ခန်းစာပေးတာကို အရမ်းသဘောကျမိတယ်။လောကမှာတခါတခါ ကိုယ်ကဖြစ်ချင်နေရဲ့သားနဲ့ ဖြစ်မလာလို့ကံမကောင်းဘူးဆိုပြီး စိတ်ညိုငြင်ရတာတွေဖြစ်ခဲ့ပေမယ့် ဒါကတချိန်မှာ ကိုယ့်အတွက် အကျိုးဖြစ်စေတာလက်တွေ့တွေအများြ ကီးပါ.. ……………………………………… တရံရောအခါက ဘုရင်ကြီးတစ်ပါးရှိသတဲ့။ ဟိုးရှေးရှေးတုန်းက ဗာရာဏသီပြည်ကြီးမှာ ဗြဟ္မာဒတ်မင်းကြီး အုပ်စိုးသတဲ့။ ကဲကဲ … ပုံပြင် ဆက်ကြဦးစို့။ ဘုရင်ကြီးရဲ့ ဘေးနားမှာသက်တော်စောင့်တွေ အများကြီး ရှိတဲ့ အထဲမှာမှ တစ်ယောက်ကို သူ့ရဲ့အပါးတော်မြဲ အနေနဲ့ ခန့်အပ်ထားသတဲ့။ သဘောက ဘုရင်ကြီးရဲ့ အနားမှာထပ်ကြပ်မကွာ အမြဲနေခွင့်ရသပေါ့ကွယ်။ ဘယ်သွားသွား၊ ဘယ်လာလာပေါ့။ သူဟာ ပညာလည်းရှိတယ်၊ ဘုရင်ကြီးကိုလည်း အကြံကောင်း ဉာဏ်ကောင်းတွေ ပေးတတ်တော့ ရှင်ဘုရင်က သဘောတော်ခွေ့တာပေါ့ကွယ်။ ဒါကြောင့်လည်း ဘယ်သွားသွား ခေါ်သွားသတဲ့။ တစ်နေ့တော့ ရှင်ဘုရင် မွေးထားတဲ့ ခွေးဟာ ဘုရင်ကြီးရဲ့ လက်ညိုးကို ကိုက်လိုက်သတဲ့။ နောက်နေ့တွေတော့ […]


etoneSeptember 11, 20101min1692
တစ်ခါတလေ ကိုယ့်ရဲ့လူငယ်ဘဝ ဖြတ်သန်းမှုတွေကို ကျွန်မ လျှောက် စဉ်းစားကြည့်မိတယ်။ ကျွန်မ ခုနစ်နှစ်၊ ရှစ်နှစ် သမီးအရွယ် လောက်တုန်းကပေါ့။ အဘိုးရယ်၊ အဘွားရယ်၊ ကျွန်မရယ်၊ မြေးဘိုး မြေးဘွားသုံးယောက် စစ်ကိုင်း ဘက်က အမျိုးတွေဆီကို အလည်သွားကြတာ …။ ကျွန်မ’ဘဘ’ရဲ့တစ်ဝမ်းတည်းကွဲတဲ့ ညီအစ်ကို မောင်နှမတွေဆီကိုပေ့ါ။ ကျွန်မတို့ အင်းဝကူးတို့ဆိပ်၊ ငှက်ဆိပ် ကနေ ငှက်ကလေးနဲ့ ဒုဋ္ဌဝတီ၊ ဧရာဝတီ မြစ်ပြင်ကျယ်ကြီးကိုဖြတ်ပြီး စစ်ကိုင်းဘက်ကိုသွား ရတာလေ။ ဟို့ိုရောက်တော့ အမျိုးတွေရဲ့အိမ်မှာစားကြသောက်ကြရင်း၊လူကြီးတွေ ကစကားစမြည်ပြောနေချိန်ကျွန်မတို့ကလေးတစ်သို့်ကဆော့ကြ၊ ကစား ကြရင်းနဲ့ အိပ်အတွင်းဘက်က စာအုပ်စင်တွေနားရောက်သွားကြတယ်။ ကျွန်မနဲ့ရွယ်တူ ဦးလေးဝမ်းကွဲတစ် ယောက်က စာအုပ်တွေကို ဆွဲချပြီး ဆော့တော့ ကျွန်မတို့လည်း စာအုပ်တွေကိုလျှောက်လှန်ကြည့်ကြတယ်။ အရုပ်ကြည့်တာလေ။ အဲဒီအချိန်က ကာတွန်းကို တအားမက်တဲ့အချိန်ဆိုတော့ ကိုယ်ဖတ်တတ်တဲ့ ကာတွန်းကိုရှာတာပေါ့။ […]


etoneSeptember 10, 20101min1842
တစ်ညနေမှာ လင်မယားနှစ်ယောက် လမ်းခွဲပြတ်စဲကြဖို့ ဆွေးနွေးနေကြတယ်။ မိန်းမဖြစ်သူက နီရဲတဲ့မျက်လုံးတစ်စုံနဲ့ လင်ယောက်ျားကို တစ်ချက်ကြည့်ပြီး လမ်းခွဲရှင်းတမ်းတွေ ရေးနေခဲ့တယ်။ စာအုပ်စင် —- ကျွန်မဝယ်ထားတဲ့အရာ မှန်ဘောင် —- ကျွန်မဝယ်ထားတဲ့အရာ တိုင်ကပ်နာရီ —- ကျွန်မဝယ်ထားတဲ့အရာ ကုလားထိုင် —– ကျွန်မဝယ်ထားတဲ့အရာ အထပ်ကအရာအားလုံး ကျွန်မဝယ်ထားတဲ့အတွက် ကျွန်မယူဆောင်သွားပါမယ်။ မိန်းမရဲ့ရှင်းတမ်းကိုကြည့်ပြီး ယောက်ျားကလည်း စာရွက်တစ်ရွက်နဲ့ ရှင်းတမ်းတွေ ချရေးလိုက်တယ်။ စောင် —- အခမဲ့ အင်္ကျီစင် —– အခမဲ့ ဓာတ်ဗူး —– အခမဲ့ တယ်လီဖုန်း —– အခမဲ့ စာအိတ်နှစ်ရာ —- အခမဲ့ အကြိမ်ပေါင်းများစွာ ကြိုပို့ —- အခမဲ့ ဂရုစိုက်မှု၊ ကြင်နာမှု၊ စောင့်ကြိုမှု —– အခမဲ့ ရှော့ပင်းကြိုပို့—- အခမဲ့ အထက်က အရာအားလုံးဟာ အခမဲ့ဖြစ်တာကြောင့် တစ်ပါးတည်း ယူဆောင်နိုင်ပါတယ်။ နောက်ပြီး…… အင်္ကျီ၊ […]