etoneAugust 30, 20101min1485
တစ်ခါတုန်းက သူဌေးကြီးတစ်ယောက်သည် တပည့်ဖြစ်သူအား လူမိုက်ကြီး (၁၀)ယောက်အားရှာဖွေ၍ စာရင်း ကောက်ခဲ့ရန် တာဝန်ကေးလိုက်သည်။ တပည့်ဖြစ်သူကလည်း သူဌေးကြီး၏ တာဝန်ပေးချက်အရ စာရင်း ကောက်ရန် ခရီးထွက်ခဲ့သည်။ သူဌေးကြီးတပည့်သည် ခရီးထွက်ခွာလာရာ မြစ်တစ်ခု သို့ရောက်လာ၏။ လူတစ် ယောက်သည် မြစ်ထဲမှရေများကို ခပ်ထုတ်နေသည်ကိုတွေ့ရ၏။ ဘာကြောင့်ခပ်ထုတ်နေသည်ကို သိချင်လာ၍ အကြောင်းစုံကိုမေးမြန်းကြည့်သည် ။ “ရွာထဲက ကျွန်တော်ကြိုက်နေတဲ့ ကွမ်းတောင်ကိုင် အလှအပလေးက မြစ်ထဲကရေတွေ ကုန်အောင်ခပ်ထုတ်နိုင် ရင် ကျွန်တော်ကို လက်ထပ်မယ်တဲ့။ အဲဒါ သူအချစ်ကို ရအောင်ကြိုးပမ်းနေရတာဗျ” ။ အင်းတော်တော် မိုက်မဲတဲ့လူပေပဲ။ ထိုသူနံမည် ကိုမေးမြန်း၍ လူမိုက်နံပါတ်(၁) အဖြစ်စာရင်းမှတ်လိုက်လေ၏။ ထိုမြစ်ကြောင်းအတိုင်း ဆက်လက်ထွက်ခွာလာရာ လူတစ်ယောက်သည် မြစ်ထဲသို့ခေါက်ခေါက်အခါခါ လှော် နေသည်ကို တွေ့ရပြန်သည်။ သူဌေးကြီးရဲ့ တပည့်က အကြောင်းအရင်း […]


etoneAugust 27, 20102min1151
နိုင်ငံခြားသင်္ဘောလိုင်းတစ်ခုမှာ ငါးနှစ်လောက် တာဝန်ထမ်းဆောင်ရာက ပြန်ရောက်လာတဲ့ ကျောင်းသားဟောင်းတစ်ယောက် လာကန်တော့ နှုတ်ဆက်ပါတယ်။ ခဏနားပြီး စာမေးပွဲဖြေဦးမယ်လို့ ပြောပါတယ်။ မချိပြုံးနဲ့သွား ငါးနှစ်ကာလအတွင်း ကမ္ဘာကို တော်တော်နှံ့သွားပြီ။ ပိုက်ဆံလည်း အသင့်အတင့်စုမိပါတယ်။ မိဘတွေက စုဆောင်းပေးထားတယ်လို့ ပြောကြတယ်။ သူက အိမ်ထောင်မရှိသေးပါဘူး။ တစ်သက်လုံးသင်္ဘောသား လုပ်တော့မှာလားလို့ မေးတော့ ဒီအ တိုင်းပဲ ဆက်လုပ်ရမှာပေါ့ဆရာရယ်လို့ မချိပြုံးနဲ့ ဖြေပါတယ်။ နှစ်နာရီလောက်ကြာအောင် စကားတွေပြောပြီးတော့ သူပြန်သွားပါတယ်။ သူပြန်သွားပေမယ့် သူမျက်နှာမှာ တဒင်္ဂမြင်တွေ့လိုက်ရတဲ့ မချိပြုံးလေးက မျက်စိထဲမှာကျန်နေရစ်တယ်။ သင်္ဘော တက်ခါနီး သူလာကန်တော့နှုတ်ဆက်တုန်းကလည်း ဒီမချိပြုံးလေးနဲ့ပါပဲ။ မချိပြုံးနဲ့ပြန် သူက စက်မှုတက္ကသိုလ်က ဗိသုကာဘွဲ့ရသူပါ။ အပျော်တမ်းပန်းချီဆရာလည်း ဖြစ်တယ်။ဒါပေမဲ့ အခြေအနေကတွန်းပို့လိုက်တော့ သင်္ဘောတက်သွားရတယ်။ အခုငါးနှစ်ကြာမှ ပြန်ရောက်လာတယ်။ မချိပြုံးနဲ့ သင်္ဘောတက်သွားသူဟာ ပြန်ဆင်း လာတော့လည်း […]


etoneAugust 26, 20101min1945
ကြယ်တွေ ကြွေလိုက်တာနော်..” ကောင်လေးက ပက်လက်လှန်ကာ ကောင်းကင်ကြီးကို ကြည့်နေရင်း ပြောသည်။ “အင်း.. ကြယ်တွေ ကြွေတုန်း ဆုတောင်းရင် ပြည့်တယ်တဲ့” ဒူးကလေးပိုက်ကာ ထိုင်နေသော ကောင်မလေးက ပြောလိုက်သည်။ “နင်က ဘာဆုတောင်းမှာလဲ” ကောင်လေးကမေးလိုက်သည်။ “ငါလား ပိုက်ဆံတွေ အများကြီး လိုချင်တယ်။ ထီပေါက်ရင် ကောင်းမယ်နော်” “အင်း ဒါပဲလား” “ပြီးတော့ ငါလျှောက်ထားတဲ့ ကျောင်းကိုလည်း ရချင်တယ်။ စာတွေ အများကြီး ဆက်သင်ချင်တယ်” “ဒါပဲလား” “ဟင့်အင်း… ဒါဘယ်ကမလဲ။ ငါ့ဖေဖေနဲ့မေမေကို အသက်အရှည်ကြီး နေစေပြီး ငါက ကျေးဇူးဆပ်ချင်တယ်” “ဒါပဲလား” “ပြီးတော့ ကမ္ဘာအနှံ့ လျှောက်လည်ချင်တယ်။ နေရာတကာ ရောက်ဖူးချင်တယ်” “ဒါပဲလား” “မပြီးသေးဘူး။ ဖြစ်နိုင်ရင် ငါကလေ ဒီ့ထက် ပိုပြီး ချောချင်လှချင်သေးတယ်။ […]


etoneAugust 26, 20101min1414
မစ်ဇူရီပြည်နယ်က စိန့်လူးဝစ်မှာ ရှိတဲ့ ကုမ္ပဏီကြီးတစ်ခုမှာ နေ့လည်စာစားချိန် အလုပ်ခနနားပါတယ်.. ဝန်ထမ်း အားလုံးဟာ နားချိန်စေ့လို့ နေ့လည်စာ စားသောက်ကြတဲ့ ကန်င်တင်းကနေ အလုပ်ကို အသီးသီး ပြန်ဝင်လာကြချိန်မှာတော့ ကုမ္ပဏီအဝင်ပေါက် တံခါးမကြီးမှာ ကြော်ငြာတစ်စောင် ကပ်ထားတာကို တွေ့ကြရပါတယ်… ကြော်ငြာစာရွက်ပေါ်မှာက “သင်ရဲ့ ငယ်ရွယ်နုပျိုမှု၊ သင်ရဲ့ ပျော်ရွှင်မှုတွေကို တားဆီးပိတ်ပင်ထားတဲ့ ဒီ ကုမ္ပဏီက လူတစ်ယောက်ဟာ မနေ့က သေဆုံးသွားခဲ့ပါတယ်.. သူရဲ့ အသုဘကို ကုမ္ပဏီရဲ့ အားကစား ခန်းမမှာ ပြင်ဆင်ထားပါတယ်.. ဒါကြောင့် အသုဘရှု ကြွရောက်ဖို့ ဝန်ထမ်းများ အားလုံးကို အကြောင်းကြားအပ်ပါတယ်” လို့ ရေးထားတာပါ.. ရုတ်တရက် ကြော်ငြာကို ဖတ်လိုက်ရတော့ ဝန်ထမ်းတွေဟာ သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ယောက်တော့ ဆုံးပါးသွားပြီ ဆိုပြီး စိတ်မကောင်းဖြစ်သွားကြပါတယ်.. […]


etoneAugust 26, 20101min1633
တစ်နေ့ကို ကြိမ်ဖန်များစွာ ခေါင်းဖြီးရင် ဆံပင်ကျန်းမာသန်စွမ်းတယ် ထင်နေသလား။ ဆံပင်အဖျားတိတိပေးရင် ဆံပင်အရှည်မြန်တယ်ဆိုတာကော တကယ်ပဲလား။သင့်ဆံပင် နဲ့ ပတ်သက်တဲ့ ကြားဖူးတဲ့အချက်တွေ မှန်ရဲ့လား။တကယ့်အမှန်တရားတွေကေ ကာဘာ လဲဆိုတာသိချင်ရင် ဒီဆောင်းပါးကို ဖတ်ကြည့်သင့်ပါတယ်။ ၁။ ဆံပင်အဖျားတွေ တိတိပေးရင် ဆံပင်ရှည်နှုန်းမြန်စေသလား။ မဟုတ်ပါဘူး။ ဆံပင်အဖျားတိတိ၊ မတိတိဆံပင်အရှည်တစ်လကိုလက်မဝက်လောက် ပိုတိုးလာလေ့ရှိပါတယ်။ နွေရာသီမှာ ဆံပင်ရှည်နှုန်း ပိုမြန်တတ်ပါတယ်။ ဆံပင်တိပေးလို့ ပိုုရှည်လာတာမဟုတ်ပါဘူး။ ဟော်မုန်း တွေကြောင့် ပါ။ ဆံပင်တိပေးခြင်းအားဖြင့် ဆံပင် နှစ်ခွဖြစ်တာတွေကိုသာ ဖယ်ရှားပေးပြီး ဆံပင်ကျန်းမာ လှပစေနိုင်ပါတယ်။ ၂။ စိတ်ဖိစီးမှုက ဆံပင်ပို ကျွတ်စေနိုင်သလား။ ဆံပင်တွေဟာအချိန်တိုင်းလိုလိုကျွတ်နေတတ်ပြီးပုံမှန်အနေနဲ့တစ်နေ့ကိုဆံပင်ပေါင်း ၅ဝ မှ ၁၂ဝ ချောင်းကြား ကျွတ်လေ့ရှိပါတယ်။သင့်ဘဝအတွက် ကြီးကျယ်တဲ့ပြောင်းလဲ မှုတွေ ( ဥပမာ – အိမ်ထောင် ပျိုကွဲခြင်း၊ […]


etoneAugust 26, 20102min990
This is something I did not know……..!!!! Microwaving Water Microwaving  Water! A  26-year old man decided to have a cup of coffee. He took a cup of  water and put it in the microwave to heat it up (something that he  had done numerous times before). I am not sure how long he set the […]


etoneAugust 26, 20101min992
ယနေ့အချိန်သည် ဆက်သွယ်ရေးနည်းပညာတိုးတက်လာသောေ ခတ်ဖြစ်သည်။ ကွန်ပျူတာအသုံးပြုမှုမှာလည်း တွင်ကျယ်လာခဲ့သည်။ တချို့အလုပ်သမားများသည် နေ့စဉ်ကွန်ပျူတာစားပွဲ၌ ၈နာရီလောက်အချိန်ကုန်နေကြရသည်။ ဤတွင် ကွန်ပျူတာနှင့်ပတ်သက်သော ပြသာနတစ်ရပ် ပေါ်လာခဲ့သည်။ ယင်းမှာ ကွန်ပျူတာကြည့်မှုလက္ခဏာစုဖြစ်ပါ၏။ ကွန်ပျူတာကိုအချိန်ကြာမြင့်စွာ နားချိန်မပေးဘဲ အသုံးပြုမည်ဆိုလျှင် မျက်စိအား မလိုလားအပ်သော ဒဏ်ပိမှုဖြစ်စေသည်။ မျက်စိအား နွမ်းနယ်မှု၊ တင်းကျပ်မှု၊ ဖိစီးမှုတို့ ဖြစ်စေပါသည်။ ထို့နောက် မျက်စိခြောက်သွေ့ခြင်း၊ မျက်စိကိုက်ခြင်း၊ အမြင်ဝေဝါးခြင်း၊ အနီးကပ်ကြည့်ရာတွင် မကြည်လင်ခြင်း၊ နှစ်ထပ်၊ နှစ်ခုမြင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အလင်းရောင်တောက်တောက်ကို ကောင်းစွာမကြည့်နိုင်ခြင်း၊ မျက်ကပ်မှန်တပ်သူများအတွက် အနေရ၊ အထိုင်ရခက်ခဲခြင်းစသည့် လက္ခဏာများ စတင်ခံစားလာရပါလိမ့်မရ်။ ကွန်ပျူတာအသုံးပြုသူများသည် မျက်တောင်ခတ်ကြိမ် နည်းသွားကြောင်းတွေ့ရှိ၏။ ကြာရှည်သုံးစွဲပါက အနီးမှုန်ခြင်း၊ အဝေးမှုန်ခြင်း၊ မျက်စိအကြည်လွှာ အခုံးမညီခြင်း၊ စူးစိုက်မှု အားနည်းခြင်း၊ မျက်စိ၏ ညှိနှိုင်းလုပ်ဆောင်နိုင်မှုအားနည်းခြင်းစသည်တို့ဖြစ်ပေါ်လာတတ်ပါသည်။ ကွန်ပျူတာ အသုံးပြုသူများကို […]


etoneAugust 26, 20101min1486
ကျွန်တော် ဂျာနယ် တစ်စောင်ဖတ်ရင်း ဒီအကြောင်းအရာလေးဖတ်မိလို့ ဒီ ပို့စ်လေးကိုတင် ဖြစ်သွားတာပါ။ မြန်မာနိုင်ငံသား များအတွက် အလွန်အသုံးဝင်မယ် ထင်လို့ ဖြစ်ပါတယ်။ မြန်မာဖေ့စ်ဘုတ်ခ် www.myanmarfacebook.com ကို စက်တင်ဘာလ ၁ရက်နေ့တွင် စတင်တော့မှာ ဖြစ်ကြောင်းကြားခဲ့ရပါတယ်။ မြန်မာနိုင်ငံသား များအတွက် ရည်ရွယ်ပြီး ပြုလုပ်ထားချင်းဖြစ်ကြောင်း ပြီးတော့ မန်ဘာအရေအတွက် ကန့်သတ်ထားချင်းခြင်းမရှိဘဲ မည်သူမဆို အခမဲ့ သုံးစွဲနိုင်ပါတယ်။ ဆိုက်ရဲ့ လုံခြုံရေးအတွက် SSL Certificate သုံးပြီး မန်ဘာတွေအနေနဲ့ ကိုယ်တင်ပြချင်တဲ့ အကြောင်းအရာ၊ ပြလိုသူတွေကို ကို်ယ်တိုင်ရွေးချယ်သတ်မှတ်နို င်ပါတယ်။ ဆိုက်မှာပါဝင်တဲ့ feature တွေကတော့ facebook ဆိုက်မှာပါဝင်တဲ့ ပုံစံများအတိုင်း ပါဝင်မှာ ဖြစ်ပါပြီး feature အသစ်တွေကို ပါထည့်သွင်းဖို့ အစီအစဉ်ကို လည်းဆောင်ရွက်သွားမယ်လို့သိရပါတယ်။ နောက် လူမှုရေး၊ […]


etoneAugust 25, 20101min1071
ဘဝ ဆိုတာ လေနဲ့ လှိုင်းတို့ သယ်ဆောင်ရာကို မျောချင်ရာ မျောနေတဲ့ ရေပြင်ပေါ်က ရွက်လှေမဟုတ်၊ တိကျတဲ့ ရည်မှန်းဦးတည်ချက် တစ်ခုတည်းကို အရှိန်ဟုန်နဲ့ ခုတ်မောင်းနေတဲ့ သံလမ်းပေါ်က ရထားတစ်စီး။ # ကျွန်ုပ်တို့ အတွက် အဓိက လိုအပ်ချက် နှစ်ခုရှိတယ်။ တစ်ခုက ခြေချစရာ သံလမ်းတစ်ခု၊ နောက်တစ်ခုက ခရီးအတွက် လိုအပ်တဲ့ လောင်စာ။ # တစ်ခါတစ်ရံမှာ သာယာစိုပြေတဲ့ တောအုပ်တွေကို ဖြတ်သန်းရသလို တစ်ခါတစ်ရံမှာ ခါးသီး ခြောက်သွေ့တဲ့ ကန္ဒာရတွေကိုလည်း ဖြစ်သန်းရမယ်။ ဒါပေမယ့် စိုပြေနေချိန်မို့ ခဏနားနေလို့ မရသလို၊ ခါးသီးနေချိန်တွေကို မြန်မြန်ကျော်လွန်လို့မရဘူး။ ကြုံတွေ့ရသမျှ ကောင်းခြင်း ဆိုးခြင်းတို့ကို သင်ခန်းစာယူရင်း နဲ့ နောက်ဆုံး ရည်မှန်းချက် မရောက်မချင်း မှန်မှန် ခုတ်မောင်းရမှာပဲ။ […]


etoneAugust 25, 20101min1517
နိုင်ငံခြား တိုင်းပြည်တစ်ခုကို ရောက်နေတဲ့ ကျွန်မ မြေးကလေး နှစ်ဦးဆီက စာများရတယ်။ သူတို့စာတွေထဲမှာ သူတို့ရောက်တဲ့ နိုင်ငံရဲ့ စီးပွားရေး အဆင့်အတန်း၊ လူမှုရေးအဆင့်အတန်းနဲ့ ပညာရေးအဆင့်အတန်းကို သူတို့ အကဲခတ်တတ်သလောက် အကဲခတ်ပြတာလည်း ပါတယ်။ အဲဒီတိုင်းပြည်မှာ ကျွန်မတို့နိုင်ငံလို သယံဇာတ ဘာမှ မကြွယ်ဝဘဲနဲ့ အဲဒီအဆင့်အတန်းမျိုး ရောက်နေကြတယ်ဆိုတဲ့ သူတို့စိတ်ထဲ မချင့်မရဲ ဖြစ်ပုံတွေလည်း ပါတယ်။ မြေးမတစ်ယောက်ဆီက စာမှာတော့ သူတို့ရောက်နေတဲ့ နိုင်ငံမှာ လခလစာ ဘယ်ရွေ့ဘယ်လောက် ရတယ်၊ မြန်မာငွေနဲ့ တွက်ကြည့်ရင် သိန်းချီရနေတဲ့ အဓိပ္ပာယ်ရှိတယ်။ နေရေးထိုင်ရေးလည်း အစစအဆင်ပြေတယ်။ ဒါပေမယ့် သူမပျော်ဘူး၊ အဲဒီနိုင်ငံမှာ အကြာကြီး မနေချင်ဘူးတဲ့။ အခုထိ သူအလုပ်မလုပ်သေးဘူး၊ သူ့ယောက်ျားပဲ အလုပ်လုပ်နေတယ်။ ပုံတော်ရင်တော့ သူအလုပ်ဝင်လုပ်မယ်။ လုပ်ပြီးရင် ငွေစုမယ်။ […]


etoneAugust 25, 20101min1451
“ဘာရယ်မဟုတ် စိတ်ထဲမှတ်မှတ်ရရနဲ့ မတွေ့တာလည်းနှစ်နဲ့ချီပြီဖြစ်တဲ့ ဆရာတစ်ယောက်အကြောင်း သတိရ အောင့်မေ့စွာနဲ့ ရေးမိရေးရာရေးလိုက်တဲ့ သဘောပါ။” စာတွေရေးရတာကို ဘယ်အချိန်ကစပြီး ပျော်ခဲ့တာပါလိမ့်?…။ ခုလို internet မသုံးတတ်သေးခင်တုန်းက ကိုယ့်ဘာသာ ဝတ္ထုတွေ၊ ကဗျာတွေ ပေါက်တတ်ကရတွေပေါ့ လျှောက်ရေး၊ ညီမလေးနဲ့ အရမ်းခင်တဲ့ သူငယ်ချင်း တစ်ချို့ကို ဖတ်ချင်ချင်၊ မဖတ်ချင်ချင် အတင်းပေးဖတ်ခဲ့ဖူးတယ်။ အစတုန်းကတော့ အဖေအမေက ဟုတ်တာလည်းမဟုတ်ဘဲ စာရွက်ဖြုန်းတီးတယ်ဆိုပြီး မျက်စိစပါးမွှေးစူးခဲ့တာပေါ့။ နောက်တော့လည်း “အရူး”လို့ သတ်မှတ်ပြီး ဘာမှမပြောတော့ပါဘူး။ ကျောင်းတစ်ဖက်၊ တစ်ခြားသင်တန်းတွေတစ်ဖက် ကျောင်းပြီးတော့ အလုပ်ထဲ တန်းဝင်ခဲ့တာမို့ ကဗျာတွေကို နည်းနည်းပါးပါးရေးဖြစ်ခဲ့ဖူးပေမယ့် ဝတ္ထုတွေကတော့ အပြီးသတ်နိုင်ခဲ့တာတော်တော်ရှားပါတယ်။ မကောင်းတာတွေက များလွန်းလို့ ကိုယ့်ဘာသာစိတ်ပျက်ရတာလည်း တော်တော်များပါတယ်။ အင်း… ပြောရင်းနဲ့ လိုရင်း အံချော်နေပြန်ပါပြီနော်။ ပြောပြချင်တာက… ဒီလို စာတွေ […]


etoneAugust 25, 20101min1341
တစ်ခါတုန်းက ………….. စေတန်နတ်ဆိုးဟာ သူ့ရဲက အဖျက်လုပ်ငန်းတွေကို စွန့်လွှတ်တော့မယ်လို့ ဆုံးဖြတ်ပြီး သူ၏လုပ်ငန်းသုံးကိရိယာ တန်ဆာပလာတွေကို ရောင်းချရန်အတွက် ဆိုင်လေးတစ်ဆိုင်ကိုစီစဉ်သည်…။ နတ်ဆိုးသည် ဆိုင်တစ်ဆိုင်ဖွင့်လှစ်ကာ သူ၏ပစ္စည်းကိရိယာများကို လှပစွာ ခင်းကျင်းပြသပြီး ပစ္စည်းများအသီးသီး၌ ဈေးနှုန်းတံဆိပ်ကလေးများကပ်ကာ ရောင်းချဖို့ပြသထားသည်..။ စေတန်နတ်ဆိုး ခင်းကျင်းပြသထားသော ပစ္စည်းကိရိယာများမှာ လောဘ ၊ မောဟ ၊ ဒေါသ ၊ အာဃာတ ၊ မစ ္ဆရိယ ၊ မာန ၊ ရမ္မက် ၊ တဏှာ စသည်တို့ဖြစ်သည်..။ သို့သော်..ဆိုင်၏ တစ်နေရာတွင်မူ ထူးထူးခြားခြား လည်းမရှိ ၊ ကိုင်တွယ်သူအတွက်လည်း အန ္တရာယ်ရှိပုံမရသည့် သပ်ပုံသဏ္ဌာန်ပစ္စည်းလေးတစ်ခုကို တွေ့ရ၏ ..။ ၎င်းပစ္စည်း၌ ကပ်ထားသော ဈေးနှုန်းမှာ အခြားပစ္စည်းများထက် အတော်ပင်ကြီးမားနေသည်..။ […]


etoneAugust 25, 20102min1292
အသုံးအများဆုံး စာ “အင်္ဂလိပ်ချိန်မှာ အသုံးများဆုံး စာလုံးကိုပြောပါ” “I dont know” “မှန်တယ်” ဒီအတွက် သက်သက် တတိယတန်း ဘီ မှ ကောင်လေးများက တတိယတန်း အေမှ ကောင်မလေးများထံ စာရေးသည် ။ “ဟေ့ ချစ်ချစ် ညနေကျောင်းဆင်းရင် ပန်းခြံထဲကို လာခဲ့ .. နမ်းကြရအောင်” တတိယတန်းအေ မှ ကောင်မလေးများ စာပြန်သည် ။ “ဒီအတွက်သက်သက် ဆိုရင် ပထမတန်း ဘီကို ဆက်သွယ်ပါ” အသန့်ကြိုက် … ” သဘာဝလောကကြီးကို တည်ဆောက်ထားတဲ့ ဓါတ်ကြီးလေးပါးကို ပြောစမ်း “ “မြေ .. လေ .. အဲ မီး .. ပြီးတော့ ပြီးတော့ “ […]