etoneJuly 21, 20101min950
ဆရာကြီး၏ နောက်ဆုံးဆေးလုံး တစ်ခါက ရွာတစ်ရွာမှာ စုန်းမကြီးတစ်ယောက် သောင်းကျန်းနေလေသည်။ ရွာသားများသည် ကြံရာမရ သည့်နှင့် တခြားနယ်မှ အထက်လမ်းဆရာကြီးကို သွားပင့်ကြလေသည်။ မကြာမှီ ထိုဆရာကြီး နှင့် သူ၏ တပည့် ရောက်လာ ကာ စုန်းမကြီးကို ပညာပြိုင်ရန် ချိန်းလေသည်။ စုန်းမကြီး နှင့် ဆရာကြီးတို့သည် ရွာ ထိပ်ရှိ ကွင်းပြင်တွင် ပညာပြိုင်ကြမည် ဖြစ်လေရာ ရွာသားများလည်း ရွာလုံးကျွတ်မျှ အားပေး ကြလေ သည်။ ဆရာကြီး- ဟယ် စုန်းစုတ် ဒီရွာက အမြန်ထွက်သွားစမ်း စုန်းမ- ဆရာစုတ် နင်ကရော ဘယ်လောက်စွမ်းလို့လည်း ဆရာကြီး- သိကြသေးတာပေါ့ ဟုဆိုက သူတပည့် ဘက်ကိုလှည့် ပြီး“ ပေးစမ်းငါ့ရဲ့ ဆေးကြိမ်လုံး “ တပည့်ထံမှ ဆေးကြိမ်လုံးယူပြီး […]


etoneJuly 21, 20101min1070
ဒွေးကွယ်လွန်ခြင်းသုံးနှစ်ပြည့် အဖြစ် မိသားစုများနှင့် နီးစပ်ရာ အနုပညာရှင်အချို့က တစ်နိုင်တစ်ပိုင် လှူဒါန်းမှုအချို့အား ပြုလုပ်ခဲ့ကြသည် ဟု သတင်းရရှိသည်။ ယင်းသို့ပြုလုပ်ခဲ့ကြရာ၌ ဇနီး ဖြစ်သူ မမိုးမိုးနှင့် ဒွေး၏မိသားစုဝင်များတို့က မှော်ဘီမြို့နယ်ရှိဘုန်းတော်ကြီ းကျောင်းတွင် ကျောင်းရှိ သံဃာတော်အပါးပေါင်း ၂၀၅ ပါးအား လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ ‘အစ်ကိုကွယ်လွန်တာ သုံးနှစ် ပြည့်သွားပါပြီ။ အခုချိန်ထိအောင် မမေ့ကြသေးဘဲ သတိတရအားပေးနေကြတဲ့ ပရိသတ်တွေကိုလည်း ကျွန်တော်ကျေးဇူး အများကြီးတင်ပါတယ်။ ကျွန်တော်တို့ရင်ထဲမှာတော့ အခုချိန်ထိအောင် အိပ်မက်တွေလိုပဲ ရှိနေပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အစ်ကိုရဲ့ အနုပညာအပေါ်ထား တဲ့ ရူးသွပ်မှု၊ စေတနာ တွေကြောင့် သူ့ကိုချစ်တဲ့ ပရိသတ်တွေရဲ့ရင်ထဲမှာတော့ ရှိနေဦးမှာပါပဲ’ဟု ညီဖြစ်သူသားညီက ပြော ပြခဲ့သည်။ ထို့အပြင် ဒွေးမကွယ်လွန်မီက မန်နေဂျာအဖြစ် ဆောင်ရွက်ခဲ့သူ ကိုဆာမိ(စတီးလ်)ကလည်း […]


etoneJuly 21, 20101min840
ခြေထောက်များသူ တိရစ္ဆာန်တစ်စု ဝိုင်းဖွဲ့ စားသောက်နေကြသည် ။ အာသွက်လျှာသွက် ဖြစ်နေသဖြင့် စကားဝိုင်းသည် စိုးပြည်လှသည် ။ အရက်ကုန်သွားသဖြင့် အရက်ထပ်ဝယ်ရန် ဆုံးဖြစ်လိုက်ကြသည် ။ သို့နှင့် လိပ်ကို အရက်ဝယ်ရန် လွှတ်လိုက်၏ ။ တစ်နာရီ ၊ နှစ်နာရီ ကြာသွားသည် ။ လိပ်ပေါ်မလာချေ ။ တိရစ္ဆာန်များထဲမှ လိပ်ကို ကျိန်ဆဲသံများ ပေါ်ထွက်လာသည် ။ မနီးမဝေးချုံထဲမှ လိပ်ထွက်လာပြီး စိတ်ဆိုးစွာပြောသည် ။ “ကျွန်တော့်ကွယ်ရာမှာ အခုလို အတင်းပြောရင် ကျွန်တော်မသွားတော့ဘူးဗျာ” မတတ်နိုင် ။ လိပ်အစား ကင်းခြေများကို အဝယ်လွှတ်လိုက်ကြသည် ။ ငါးနာရီ ကြာမှ ကင်းခြေများပြန်ရောက်လာသည် ။ အားလုံးက ဝိုင်းအော်ကြသည် ။ “ဟေ့ကောင် …….. မင်းသွားတာကြာလှချည့်လားကွ” […]


etoneJuly 21, 20101min1212
ဖြေကြည့်ပါ(မြို့နာမည်လေးတွေ အတွေးများစရာပါ) >> (၁) မြစ်အဖေကြီးနဲ့မြစ်အမေကြီးက မွေးတဲ့မြို့ >> (၂)စွပ်ပြုတ်လုပ်သောက်ချင်စရာေ ကာင်းတဲ့မြို့ >> (၃)ကလီစာတွေအူတွေအခွေလိုက်ရှိတဲ့မြို့ >> (၄)လူကြီးမဖြစ်သေးတဲ့မြို့ >> (၅)ဒီနေ့ည ငါစောင့်ရတဲ့အလှည့်မဟုတ်ဘူး ဆိုတဲ့မြို့ >> (၆)သကြားချက်ရင်အဆင်ပြေနိုင်တဲ့မြို့ >> (၇)ဆင်တွေကတဲ့မြို့ >> (၈)ဝိုးတိုးဝါးတားပဲရှိတဲ့မြို့ >> (၉)စိုုစိုပြည်ပြည်မရှိတဲ့မြို့ >> (၁၀)ကျန်စစ်သားမိန်းမနာမည်နဲ့မြို့ >> (၁၁)ဖားကောက်ခိုင်းတဲ့မြို့ >> (၁၂)လေဘေးထည်မြို့ >> (၁၃)မိန်းမမှာ ညီမတွေရှိရင် သတိထားပေရော့ဆိုတဲ့မြို့ >> (၁၄)ကိုယ်တော်ခံတဲ့ဆွမ်းအရနည်းတာဒါကြောင့်ကိုး…ဆိုတဲ့မြို့ >> (၁၅)အဲ့ဒီမြို့နာမည်ကပြောင်းပြန်လှန်လိုက်ရင် >> တော်တော်ရုပ်ဆိုးတဲ့ငှက်ကြီးဖြစ်သွားရော… >> (၁၆) ရုံးသွားကျောင်းသွားသတိထား ဒါတွေယူကွယ့်မမေ့နဲ့တဲ့… အဲ့ဒီမြို့ >> (၁၇)အဲ့ဒီမြို့က >> ရွာလိုက်တာမှသဲကြီးမဲကြီးပဲတဲ့…………………………………………. >


etoneJuly 21, 20103min1844
> ရင်နင့်တဲ့ ဇာတ်လမ်းတစ်ပုဒ် > > ၁၉၉၃ ခုနှစ် စက်တင်ဘာလ > > ပညာဆက်သင်ဖို့ သူ ဂျာမဏီရောက်ပြီး (၈)လအကြာမှာ ဇနီးဖြစ်သူတစ်ယောက် > ညအလုပ်ပြန်လမ်းမှာ အနိုင်ကျင့် စော်ကားခံလိုက်ရတယ်။ သူလွန်လွန်ကျူးကျူး > ခံစားခဲ့ရပေမယ့် သိတတ်မှုနဲ့ တာဝန်ကြောင့် ဇနီးကို သူမစွန့်လွတ်ရက်ခဲ့ဘူး။ > ဒါပေမယ့် သူတို့နဲ့မတူတဲ့ ကလေးငယ်တစ်ယောက် ဇနီးမွေးဖွားလာမှာကိုတော့ > သူစိုးရိမ်ခဲ့တယ်။ အဲဒီစိုးရိမ်မှုက သူ့ကို မလှုပ်ရှားနိုင်အောင် လအတော်ကြာ > ရစ်ပတ်ချည်နှောင်ထားခဲ့တယ်။ > > စစစစစစစစစစစစစစစစစ စစစစစစစစစစစစစစစစစစစစစ > > မာစတာတက်နေဆဲမှာ ဇနီးဝေဝေနဲ့ ကျွန်တော်သိခဲ့တယ်။ အဲဒီတုန်းက ကျွန်တော့်အသက် > (၃ဝ) စွန်းစွန်းဖြစ်ပြီး စက်ရုံတစ်ခုမှာ အလုပ်လုပ်တဲ့ […]


etoneJuly 21, 20101min124
နံနက်ဝေလီဝေလင်း နာမည်ကြီး မုန့်ဟင်းခါးဆိုင်မှာ လူတွေပြည့်ကျပ်လို့နေတယ်.. “မုန့်ဟင်းခါးတစ်ပွဲ ပဲကပ်ကြော်နဲ့…” “ အသုပ်တစ်ပွဲ ချဉ်ငံစပ်….” “ ဟင်းရည်ပေးပါဦး” စတဲ့အသံ မျိုးစုံနဲ့ နံနက်ခင်းဟာ အသက်ဝင်လို့နေပါတယ်.. အဲဒီအချိန်မှာပဲ ချောချောလှလှကောင်မလေး တစ်ယောက် ဆိုင်ရှေ့ရောက်လာတော့ မုန့်ဟင်းခါးကို အငမ်းမရစားနေတဲ့ ကောင်လေးတွေက စိတ်ဝင်တစ်စားလှည့်ကြည့်လိုက်ြ ကတယ်.. ကောင်လေးတွေ အများကြီးဝိုင်းကြည့်နေတော့ ကောင်မလေးလဲ ရှက်ရှက်နဲ့ မုန့်ဟင်းခါးတစ်ပွဲလို့ပဲ ခပ်တိုးတိုးလေးမှာလိုက်နိုင်ပါ တယ်….. လူကလဲရှုပ်နေတော့ ဆိုင်ရှင်ကလဲ ဘာနဲ့စားမှာလဲ မမေးမိတော့ဘူး.. ဒီလိုနဲ့ပဲ ကောင်မလေးရှေ့ကိုရောက်လာတဲ့ မုန့်ဟင်းခါးပန်းကန်က ငရုတ်သီး တွေအများကြီးနဲ့ မြင်ရတာနဲ့တင် ချွေးပြန်စရာ… ပြန်မှာရမှာလဲ ခပ်ရှက်ရှက်နဲ့ ဆိုတော့ ကောင်မလေး လဲဘာလုပ်ရမှန်းမသိ ဖြစ်လို့နေပါတယ်.. ဒါတွေကိုအစအဆုံး သတိပြုမိလိုက်တဲ့ ကောင်လေးတစ်ယောက်က ကောင်မလေးအနားကို သွားပြီးသူကငရုတ်ကို အလွန်ကြိုက်ကြောင်း မုန့်ဟင်းခါးစားတိုင်းလဲ […]


etoneJuly 21, 20101min1030
ကိုယ့်ကို သိပ်ချစ်တဲ့ ကိုယ့်နားက ချစ်သူကို လမ်းခွဲဖို့ မစဉ်းစား မဆုံးဖြတ်ခင် ဒီပိုစ့်လေးကို ဖတ်ကြည့်သင့်လှပါတယ် … တကယ်တော့ ချစ်သူဆိုတာ ကိုယ့်ဘဝရဲ့ နောက်ဆုံး နေဝင်ချိန်တွေအထိ အတူရှိနေပေးမယ့် သူ ဖြစ်တယ်ဆိုတာ နားလည် သဘောပေါက်ခဲ့တယ်ဆိုရင် ………… %%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%% ယဉ်ယဉ်နဲ့ကျွန်တော် လမ်းခွဲဖို့ကို ကံတရားက ကြိုတင်ဖန်တီးထားပုံရတယ်။ ယဉ်ယဉ်က မိန်းမကောင်းတစ်ဦးပါ။ သူရဲ့အပြောအဆို၊ အနေအထိုင်တွေက ပြောစရာမရှိခဲ့ဘူး။ ယဉ်ယဉ်နဲ့ လမ်းခွဲခဲ့လို့ ကျွန်တော့်ကိုတုံးအတယ်ဆိုပြီး လူတွေရယ်ကြမှာ ကျွန်တော်သိတယ်။ ယဉ်ယဉ်ကို မခွဲရက်ပေမယ့် လမ်းခွဲဖို့ ကျွန်တော်ကပဲစပြီး ရွေးချယ်ခဲ့ပါတယ်။ လမ်းခွဲပြီး ပထမရက် ယဉ်ယဉ်အိပ်ရထ နောက်ကျခဲ့တယ်။ အိပ်ခန်းထဲ အဆောင်မှူးဝင်ကြည့်တိုင်း ယဉ်ယဉ်ခေါင်းမြီးခြုံ အိပ်နေတာကိုတွေ့တယ်။ ကုတင်ပေါ်မှာ မလှုပ်မယှက် ယဉ်ယဉ်လဲလျောင်းနေခဲ့တယ်။ ယဉ်ယဉ်ကိုကြည့်ပြီး အဆောင်မှူး သက်ပြင်းတစ်ချက် […]


etoneJuly 21, 20101min860
အပန်းဖြေစခန်းက ပြန်လာတဲ့ ကားတစ်စီးဟာ လမ်းတစ်နေရာ ရွံ့အိုင်မှာ ရပ်သွားခဲ့တယ်။ ကားပေါ်က သားသားနားနား ဝတ်ဆင်ထားတဲ့ လူတစ်ဦးက ဘေးပတ်ဝန်းကျင်ကိုကြည့်ပြီး “ကျွန်တော့်ကားအောက်ထဲဝင်ပြီး ဘယ်သူ ဝက်အူကျပ်ပေးနိုင်မလဲလို့” အော်ဟစ် အကူအညီ တောင်း လိုက်တယ်။ ကားရဲ့ ဆီတိုင်ကီက ဝက်အူတစ်ချောင်း ချောင်နေပြီး ဆီတွေယိုနေခဲ့လို့ ရပ်သွားတာဖြစ်တယ်။ ဓာတ်ဆီဆိုင်နဲ့ လည်း အတန်ငယ် အလှမ်းဝေးနေတာကြောင့် ကားပိုင်ရှင်ရဲ့စိတ်ဟာ အိုးဖုံးပူပေါ်က ပုရွက်ဆိတ်တွေလိုပဲ လှုပ်ရှားနေခဲ့တယ်။ ကားပိုင်ရှင်ဘေးက လှလှပပပြင်ထားတဲ့ အမျိုးသမီးတစ်ဦးက “ဆုငွေရှိရင် ကူတဲ့လူ ပေါ်လာလိမ့်မယ်” လို့ပြောတော့ ကားပိုင်ရှင်ဟာ တန်ဖိုးကြီး ငွေစက္ကူတစ်ရွက်ကို အလျှင် အမြန်ထုတ်ပြီး “ဝက်အူကျပ်ပေးတဲ့လူ ဒီပိုက်ဆံနဲ့ ထိုက်မယ်” လို့ ပြောလိုက်တယ်။ ဝိုင်းကြည့်နေတဲ့ လူတွေထဲက လူငယ်တစ်ဦး တစ်ချက်လှုပ်သွားတယ်။ ဒါပေမယ့်ဘေးလူတစ်ယောက်က “ပိုက်ဆံရှိသူတွေရဲ့ […]


etoneJuly 21, 20101min730
တစ်ခါက အိန္ဒိယဆရာတစ်ဦးမှာ အမြဲတမ်း ညည်းညူ၊ ဝေဖန်ပြစ်တင်ပြောဆိုတတ်တဲ့ တပည့်တစ်ဦးရှိတယ်။ တစ်နေ့မှာဆရာက တပည့်ကို ဖန်ခွက်တစ်လုံးထဲ ဆားတစ်ဆုပ်ထည့် အရည်ဖျော်ပြီး သောက်ခိုင်းလိုက်တယ်။ ပြီးတော့ ဘယ်လိုအရသာ ရှိသလဲလို့မေးတော့ တပည့်က တစ်ငုံ့သောက်ပြီး ချက်ချင်းပြန်ထွေးထုတ်တယ်။ “အရမ်းခါးတယ်” တဲ့။ နောက်တော့ဆရာက ဆားတစ်ဆုပ်ကို အနီးမှာရှိတဲ့ ရေကန်ထဲ ထည့်ပြီး ကန်ရေကို ခပ်သောက်ခိုင်းပြန်တယ်။ ပြီးတော့ အရသာကိုမေးတယ်။ ဒီတစ်ခါတော့ တပည့်က ပြုံးပြုံးလေး ပြန်ဖြေပါတယ်။ “လတ်ဆတ်တယ်” တဲ့။ “ဆားအရသာကို ရသလား” လို့ ဆရာကမေးတော့ “မရဘူး”တဲ့.. တပည့်ကပြန်ဖြေတယ်။ လူ့ဘဝမှာရှိတဲ့ နာကျင်ခြင်းက ဆားနဲ့တူတယ်။ မများဘူးလို့ မဆိုနိုင်သလို နည်းတယ်လို့လည်း မဖြေသာဘူး။ ဒါပေမယ့် နာကျင်ခြင်းကို ခံရတဲ့အခါ ကိုယ်ဘယ်လောက် ခံစားနိုင်သလဲ! နာကျင်ခြင်းကို ခံယူတဲ့ […]


etoneJuly 21, 20101min2199
ဆရာသမားတစ်ယောက်ကပြောဖူးတာပေါ့ . .. Ideal Marriage ဆိုတဲ့ စံပြုလောက်တဲ့ အိမ်ထောင်ရေးမျိုးရချင်ရင်တဲ့ . .. . သူပြောတဲ့ စံငါးခုနဲ့ ကိုက်ရွေးတဲ့ သူပြောတာက . .. 1- loving each other 2- mature brain 3- proper income 4- good health and 5- acceptable both sides 1.loving each other ဒါကတော့ရှင်းပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ချစ်မြတ်နိုးခြင်း ၊ အပြန်အလှန် လေးစား နားလည်မှုပေးခြင်းတို့ ရှိမှသာ ပျော်ရွင်စရာကောင်းတဲ့ အိမ်ထောင်ရေးမျိုးကို ရမှာပါ။ 2.mature brain ကိုယ်အိမ်ထောင်ဘက်က အတွေးအခေါ် ရင့်ကျက်တဲ့သူမျိုးဖြစ်မှသာ […]


etoneJuly 20, 20101min920
အကြမ်းဖက်သမား မည်သည့်နိုင်ငံတွင် အရက်သမား ပိုများသနည်း ဆိုသည်ကို ဂေါ်ဘာချော့နှင့် ရေဂင်တို့ အလောင်းအစား လုပ်ကြသည် ၊ မော်စကိုသို့ ရေဂင်ရောက်လာသည် ၊ ၎င်းလက်ထဲသို့ နာမည်ကျော် ” ကာလတ်ရှနီကော့” အော်တိုမက်တစ် ရိုင်ဖယ်တစ်လက် ထည့်ပေးလိုက်ပြီး ” မြို့ထဲလျှောက်ကြည့်ပါ . .အရက်သမားတွေ့ရင် ပစ်သာပစ်လိုက်ပါ” ဟုု ဂေါ်ဘာချော့က ပြောသည်။ ရေဂင်သည် မော်စကိုမြို့လယ်ရှိ ရင်ပြင်နီသို့ထွက်လာသည်။ လီနင်အုန်ဂူရှေ့တွင် “ရေချိန်လွန်” နေသူ လူတန်းကြီးကိုတွေ့သည် ။ ကျည်ကပ် တစ်ကပ်ပြီးတစ်ကပ် ကုန်အောင် ရေဂင်ဆွဲချလိုက်သည် ။ ထို့နောက် ဂေါ်ဘာချော့ထံ ပြန်လာပြီး ” ခင်ဗျားတို့ဆီမှာ တွေ့သမျှလူတွေတိုင်း အရက်သမားတွေချည်းပါလား . . ကျုပ်တို့ဆီကို လာကြည့်စမ်းပါ” “စိတ်ချ . . […]


etoneJuly 20, 20101min1181
တယောဆရာ လူနာကို ခွဲစိတ်ရန်အတွက် အားလုံးအသင့် ဖြစ်နေပြီဖြစ်သည် . . . . လူနာက ခွဲစိတ်ဆရာဝန်ကို မေးသည်။ “ ဒေါက်တာ . . ကျွန်တော့ အူအတက်ဖြတ်ပြီးရင် တယောထိုးနိုင်မလား ခင်ဗျာ . . ” “ ထိုးနိုင်ပါတယ်” “ ဟန်ကျတာပဲ . . ကျွန်တော် တယော တစ်ခါမှမထိုးဖူးဘူး ။ အခု ထိုးနိုင်တော့မယ်တဲ့” ————- တံဆိပ်ခေါင်းစုတယ် “ ကျွန်မ သိပ်ပြီး အထီးကျန်နိုင်တာပဲရှင်” ဟု မေရီက မိမိနှင့် တွဲကနေသူ လူငယ်ကို ပြောသည်။ “ လန်ဒန်ကို ကျွန်မယောက်ျား ၂ လတိတိ ခရီးထွက်သွားတယ်ရှင်” “ ဟန်ကျတာပဲ […]


etoneJuly 20, 20101min800
မြဲမြဲကိုင် စိတ်ရောဂါကုဆေးရုံကို ပြန်လည်ပြင်ဆင် မွမ်းမံနေသည်။ ဆေးသုတ်သမားသည် နံရံကို ဆေးသုတ်နေသည်။ လူနာတစ်ယောက်ရောက်လာကာ ၎င်းကိုမေးသည်။ “ ခင်ဗျား ဆေးသုတ်တံကို သေသေချာချာ ကိုင်ထားရဲ့လား” “ ကိုင်ထားပါတယ်” “ ဒီလိုဆိုရင် လှေခါးကို ဖြုတ်လိုက်တော့မယ်နော်” ချောလို ့ဟုတ်ဖူး “ရှင်တို့ရုံးက ယောက်ျားတွေ မှန်သမျှ နှစ်ရက်လုံးလုံး ကျွန်မဘက်ပဲ လှမ်းကြည့်နေကြတယ်ရှင့် ” “ဘာဖြစ်လို့လဲ” “တိုင်ကပ်နာရီချိတ်ထားတဲ့ အောက်က စားပွဲဆီ မနေ့က ပြောင်းထိုင်လိုက်လို့လေ” ဈေးလျှော ့ပါ ဖိနပ်ဆိုင်တွင် ကိုချူချာ ဖိနပ်စီးကြည့်နေသည် ၊ အရောင်းသမ ကို မေးသည်။ “ဈေးဘယ်လောက်လဲ ” “၄ဝ ပါ” “၃ဝ ပဲထားပါဗျာ ၊ နှစ်ဖက် စလုံးယူသွားမယ်” အမှားကောင်း အမေရိကန်သမ္မတ […]