etoneJuly 20, 20101min770
(၁) တစ်ခါက မျက်စိကောင်းတဲ့လူနဲ့ မျက်စိမှုန်သူနှစ်ယောက် ရေထဲမျောပါသွားခဲ့တယ်။ ကျယ်ပြန့်တဲ့မြစ်ပြင်မှာ အသက်ရှင်နိုင်ဖို့အတွက် နှစ်ဦးသား အားသွန်ခွန်စိုက် ကူးခတ်ခဲ့ကြတယ်။ ဒါပေမယ့် မကြာပါဘူး.. သူတို့ ခြေကုန်လက်ပမ်း ကျသွားခဲ့တယ်။ အဲဒီအချိန်မှာ ရုတ်တရက် သူတို့ဖက်မျောလာနေတဲ့ အဝေးကလှေတစ်စီးကို မျက်စိကောင်းသူက တွေ့မြင်သွားခဲ့တယ်။ မျက်စိမှုန်သူကလည်း မှုန်ဝါးဝါးကြားမှာ လှေကိုတွေ့ခဲ့လို့ နှစ်ဦးသား လှေဖက်ကိုဦးတည်ပြီး အားကုန်ကူးခတ်ကြပြန်တယ်။ ကူးရင်းသွားရင်း မျက်စိကောင်းသူက ရုတ်တရက် အကူးရပ်လိုက်တယ်။ အကြောင်းက လှေတစ်စီးလို့ သူထင်ခဲ့တဲ့အရာက လှေမဟုတ်ဘဲ သစ်ဆွေးတုံးတစ်တုံးဖြစ်နေလို့ ဖြစ်တယ်။ ဒါပေမယ့် မျက်စိမှုန်သူက သစ်ဆွေးတုံးမှန်း မသိခဲ့လို့ အကူးမရပ်ခဲ့ဘူး။ အနီးနားရောက်မှ လှေမဟုတ်ဘဲ သစ်ဆွေးတုံးမှန်းသိတဲ့အချိန် သူဟာ ကမ်းနဲ့အတော်နီးတဲ့နေရာနား ကူးခတ်ရောက်ရှိနေပြီဖြစ်တယ်။ မျက်စိကောင်းသူကတော့ ရေလယ်မှာ တစ်ဝဲဝဲလည်ရင်း နစ်မြှုပ်သေဆုံးသွားခဲ့ရတယ်။ (၂) ကင်ဆာရောဂါ ဝေဒနာသည်နှစ်ဦးမှာ […]


etoneJuly 20, 20101min1311
“အောင်မြင်ခြင်း” နဲ့ “ရှုံးနိမ့်ခြင်း” လို့ခေါ်တဲ့ လူနှစ်ယောက်က ထူးဆန်းတဲ့ ကျောက်တုံးလေးတွေ စုဆောင်းဖို့ တောအုပ်တစ်နေရာကို ရောက်လာခဲ့တယ်။ နှစ်ဦးသား ကျောက်တုံးတွေ စိတ်ကြိုက်ကောက်ယူပြီး နေရပ်ပြန်ဖို့ စီစဉ်ခဲ့ကြတယ်။ အပြန်လမ်းမှာ “အောင်မြင်ခြင်း” ရဲ့အိတ်ထဲမှာ ကျောက်တုံးတစ်တုံးပဲပါပြီး “ရှုံးနိမ့်ခြင်း” ရဲ့အိတ်ထဲမှာ သဏ္ဍာန်မတူတဲ့ ကျောက်တုံးတွေ အပြည့်ပါခဲ့တယ်။ ဒါကို “ရှုံးနိမ့်ခြင်း” က အံ့ဩပြီး “ခင်ဗျား ဘာဖြစ်လို့ ကျောက်တုံးတစ်တုံးပဲ ကောက်ခဲ့တာလဲ!” လို့ “အောင်မြင်ခြင်း” ကို မေးလိုက်တယ်။ “တစ်တုံးဆို လုံလောက်ပြီ” အောင်မြင်ခြင်းက ပြန်ဖြေပါတယ်။ နှစ်ဦးသား ရယ်ရယ်မောမော၊ ပြောပြောဆိုဆိုနဲ့ ပြန်လာခဲ့ကြတယ်။ ဒါပေမယ့် သိပ်မကြာဘူး လမ်းထက်ဝက်မှာ “ရှုံးနိမ့်ခြင်း” က လေးလံတဲ့ကျောပိုးအိတ်ကို မသယ်နိုင်ဖြစ်ခဲ့တယ်။ ဒါကြောင့် ကျောက်တုံးတစ်ချို့ကို နှမြောသတနဲ့ သူလွင့်ပစ်ခဲ့ရတယ်။ […]


etoneJuly 20, 20101min890
တစ်ခါက ဆယ်တန်းစာမေးပွဲ ဖြေတဲ့ အချိန်ပေါ့အခန်းတစ်ခန်းမှာ ကောင်လေးကနောက်ကခုံမှာ အရှေ့မှာကစာသိပ်ကြိုးစားတဲ့ကော င်မလေးတစ်ယောက်ထိုင်တယ် ခုံတစ်တန်းထဲ ကျကြတာ ရှေ့နောက်ကိုယ့်စာကိုယ်ဖြေရင်း အချိန်စေ့ဖို့ ၄၅ မိနစ်လောက်အလို ခုနကပြောတဲ့နောက်ကကောင်လေးကစာရွက်ကြီးကိုင်ပြီးစာပြန်စစ်နေတဲ့ပုံစံနဲ့မိန့်မိန့်ကြီးကောင်မလေးက အဲဒီမှာ မေးခွန်းနံပါတ် (၅)ကိုမဖြေတတ်လို့ အခက်တွေ့နေတယ်ကောင်မလေးက ဂုဏ်ထူးတွေဘာတွေ မှန်းထားတာဒီတစ်ပုဒ်ပဲ ကျန်တာ ဖြေဖို့ အစ မေ့နေတယ် နာရီကြည့်တော့ မိနစ် ၄ဝလောက်ပဲကျန်တော့တယ် အဲဒါနဲ့ ကြံရာမရတော့ အနီးဆုံးဖြစ်တဲ့နောက်ကကောင်လေးကို လှည့်ပြီး တိုးတိုးလေးမေးတယ်““ ဟေ့…..နံပါတ်(၅) ပြောပြကြည့်““အဲဒီမှာကောင်လေးက နောက်ကနေ တိုးတိုးလေးပြန်ပြောတယ်““ မောင်လို့ခေါ်ရင်ပြောမယ် ””ကောင်မလေး စိတ်အရမ်းဆိုးသွားတယ်””အဒါနဲ့သူ့ရှေ့က ကောင်မလေးကိုမေးတော့ မရဘူးပြောတယ် ဆရာမတွေကလဲမျက်စိတောက်ထောက်ကြည့်နေတာနာရီကြည့်တော့ မိနစ် ၃ဝ လောက်ပဲကျန်တော့တယ် အဲဒါနဲ့ ကောင်မလေးကစိတ်ကိုလျှော့ပြီး အသံလေးချိုချိုသာသာနဲ့ နောက်ပြန်လှည့်ပြီး““ ဟေ့ …ပြောပြလေဟာ နင်ကလဲ နော် ””ကောင်လေးကလည်းပြန်ပြောရှာပါတယ်““ မောင်လို့ခေါ်ရင်ပြောမယ် […]


etoneJuly 20, 20101min900
လင်းယုန်ဌက်ဟာ သူ့ရဲ့မျိုးရင်းထဲက စွန်ဌက်၊ သိမ်းဌက်စတဲ့ ဌက်မျိုးတွေထဲမှာ အသက်အရှည်ဆုံး နေထိုင်ရှင်သန်နိုင်တဲ့ သတ္တဝါ ဖြစ်ပါတယ်။ လင်းယုန်ဌက်တစ်ကောင်ဟာ အနှစ် 70 အထိ အသက်ရှည်နိုင်ပါတယ်။ ဒါပေမဲ့ သည်လို အသက်ရှည်ရှည်နေနိုင်ဖို့ လင်းယုန်ဌက်ဟာ အလွန်ခက်ခဲတဲ့ ဆုံးဖြတ်ချက်တစ်ရပ်ကို မဖြစ်မနေ ချမှတ်ရပါတယ်။ သူ့အသက်အနှစ် 40 ကို ရောက်တဲ့အခါ သူ့ရဲ့အသက်အရွယ်အလိုက် ရှည်လျှားပျော့ပျောင်းလာတဲ့ ခြေသည်းကောက်ကောက်တွေဟာ သူ့ရဲ့အစာဖြစ်တဲ့ သားကောင်တွေကို မဖမ်းနိုင်တော့ပါဘူး။ သူ့ရဲ့တချိန်က ရှည်လျားချွန်ထက်ခဲ့တဲ့ နှုတ်သီးတွေဟာလည်း ခုတော့ သားကောင်ကို မစားနိုင်လောက်အောင် ကွေးညွတ်လာခဲ့ပြီ။ သူ့ရဲ့ အိုးမင်းလာတဲ့ အသက်အရွယ်အလိုက် တောင်ပံတစ်စုံပေါ်က ဌက်မွေးတွေဟာလည်း ပိုမိုထူထပ်လာတဲ့အတွက် လေးလံလာပြီး တောင်ပံအစုံကို မဖြန့်ကားနိုင်တော့ဘဲ တောင်ပံအစုံဟာရင်အုပ်မှာကပ်နေခဲ ့ပြီ။ ဒါကြောင့်အရင်လို ပျံသန်းနိုင်ဖို့တော်တော်ကိုခက် ခဲလာနေပါပြီ။ သူ့အတွက် ရွေးချယ်စရာ […]


etoneJuly 20, 20101min900
တစ်ခါက မျက်မမြင်ဆရာတပည့် နှစ်ဦးဟာ မယ်ဒလင်တီးပြီး အသက်မွေးဝမ်းကျောင်း ပြုခဲ့တယ်။ မျက်မမြင်သူငယ်က ဆရာကို မေးခွန်းတစ်ခု အမြဲမေးခဲ့တယ်။ “ဆရာ.. ကျွန်တော်ဘယ်တော့ အလင်းရမလဲ?” “မယ်ဒလင်ကြိုး အချောင်း (၁ဝဝ) ပြတ်သွားတဲ့အချိန်မှာ အလင်းပြန်ရမယ်” ဆရာ့စကားကို သေချာမှတ်ပြီး မျက်မမြင်သူငယ်ဟာ နေ့တိုင်းမယ်ဒလင်တီးပြီး ဝမ်းစာရှာခဲ့တယ်။ တစ်နေ့ပြီးတစ်နေ့၊ တစ်နှစ်ပြီးတစ်နှစ် ရက်မပြတ်တမ်း သူတီးခဲ့တယ်။ သူတီးလို့ မယ်ဒလင်ကြိုး အချောင်း(၁ဝဝ) ပြတ်တဲ့အချိန်မှာ မျက်မမြင်သူငယ်က အိုမင်းနေခဲ့ပြီဖြစ်တယ်။ ဒါပေမယ့် သူအလင်းမရခဲ့ဘူး။ သူငိုခဲ့တယ်… မျက်နှာပေါ်မှာ အပြုံးနဲ့အငိုရောယှက်ပြီး သူငိုခဲ့တယ်။ မျက်မမြင်ဆရာက သူ့အတွက် မျှော်လင့်ခြင်းမီးအိမ်ကို ထွန်းညှိပြီး အလင်းပေးခဲ့တယ်ဆိုတာကို သူသဘောပေါက်လိုက်တယ်။ မျှော်လင့်ခြင်းမီးအိမ်ကြောင့် အမှောင်နက်နက်ထဲမှာ သူလမ်းမပျောက်ခဲ့ဘူး၊ မနာကျင်ခဲ့ဘူး။ ဆရာသာ မီးအိမ်ကိုမထွန်းညှိခဲ့ရင် အမှောင်က သူ့ကိုအစတည်းက ဝါးမြိုခဲ့ပြီ၊ အမှောင်ကြားမှာ […]


etoneJuly 20, 20101min1402
ယောင်္ကျားမာယာဟာ ထောက်ထားစရာရယ်လို့မရှိဘူး။ ယောင်္ကျားယုတ်ရင် မိန်းမထက်တောင်ပုတ်လို့ ဆိုသူက ဆိုကြတယ်။ ယောင်္ကျားဆိုတာဟာ မိန်းမတွေ အထင်ကြီးတက်တဲ့အရာမို့ မာယာသုံးတာကို နားမလည်လိုက်ရင် အခါခါ ဆုံးရှုံးတတ်ပါတယ်။ ယောင်္ကျားကြီးတန်မဲ့ မာယာများတာမျိုးဟာ အရုပ်ဆိုးသလိုအောက် တန်းလည်း အလွန်ကျလှပါတယ်။ယောင်္ကျားဆိုးရဲ့ မာယာကို မိတဲ့ မိန်းကလေးဟာ ပန်းကောင်းအညွန့်ကျိုး ဖြစ်တတ်တယ်။ မာယာကိုမသိဘဲ  ယုံမှတ်လို့ ပုံအပ်လိုက်ရင် မျက်ရည်နဲ့ဒူးသုတ်ရတဲ့ အဖြစ်မျိုးကို ရောက်ရမှာပဲ။ ယောင်္ကျားဆိုတာ အပြင်လောကကို ထိတွေ့သူများတဲ့သူများတဲ့အတွက် မာယာသုံးရင် အချို့မိန်းကလေးတွေထက်  ပိုပြီး သုံးတက်တယ်။ ယောင်္ကျားတွေဟာလည်း မာယာမရှိတက်ဘူးလို့ မထင်လေနဲ့။ သူတို့မှာလည်းရှိတာပဲ။ အကောင်းအဆိုးဟာ အရာရာတိုင်းမှာရှိတလို မာယာရှိတဲ့ ယောင်္ကျားတွေလည်း ရှိတတ်တယ်။ သစ္စာမဲ့ယောင်္ကျားတွေလည်းရှိတယ်။ ယနေ့ယောင်္ကျားတွေမှာ အရည်အချင်းနဲ့ ဥစ္စာစည်းစိမ်ကို မက်လုံးပေးတာများနေတယ်။ အပေးလေးရက်ရောရင် အပြေးလေးရောယှက်ချင်တတ်တဲ့ မချောလေးတွေဟာ ယောင်္ကျားမာယာ မိတာများတယ်။ […]


etoneJuly 17, 20101min1053
(၁) `သူ´ တရားထိုင်နေသည်။ ဝင်သက်နှင့် ထွက်သက်ကြားမှ ပါးလျသော ငြိမ်းအေးမှုတစ်မျိုးကို ခံစားနေမိ၏။ ထိုစဉ်မှာပဲ ကောင်းကင်မှ ကျယ်လောင်သော လေယာဉ်သံကို ကြားလိုက်သည်။ ပြန်ပြီး စုစည်းမရတော့သည့် အာရုံထဲသို့ အတွေးတချို့ ဖြတ်ဝင်လာ၏။ ဒီလောက် တောကြီးမျက်မည်းထဲကို ဒီလေယာဉ်က ဘာစိတ်ကူးပေါက်ပြီး ရောက်လာပါလိမ့်။ အိုး…. ၂၁ ရာစုတောင် ရောက်နေမှပဲ ၊ တောထဲ လေယာဉ်ရောက်တာလောက်ကတော့ မဆန်းလှပါဘူးလေ။ ကိုယ့်ကိုယ်ကို ဖြေသိမ့်ရင်းမှ အမှတ်တမဲ့ မိုးပေါ်မော့ကြည့်လိုက်မိသည်။ အလို…. လေယာဉ်ပေါ်က လွင့်ကျလာတာ ဘာပါလိမ့်။ စူးစမ်းချင်စိတ်နှင့် ဘာမှန်းမသိသော အရာဝတ္ထုလေး မြေပေါ်ကျအလာကို စောင့်နေလိုက်သည်။ ထိုအရာဝတ္ထုလေးကလည်း သူ့အနားကိုပဲ ဆိုက်မြိုက်စွာကျလာ၏။ `ဪ…. စာရွက်တစ်ရွက်ပဲ´ တစ်ယောက်တည်းရေရွတ်ပြီး ဘာရယ်မဟုတ် ကောက်ယူကြည့်လိုက်သည်။ `အိုး…´ စူးစူးနစ်နစ်ရေရွတ်ရင်း ချာလည်သွားသော […]


etoneJuly 17, 20101min1914
အမျိုးသမီး တစ်ဦးက ဓာတ်ဆီဆိုင်မှာ ဓာတ်ဆီ ဖြည့်နေတုန်း သပ်သပ်ရပ်ရပ် ဝတ်စား ထားတဲ့ ယောက်ျား တစ်ဦးက သူ့ကိုယ် သူ ကုမ္ပဏီ အရောင်းကိုယ်စားလှယ် အဖြစ်နဲ့ သူမကို ရည်ရည်မွန်မွန် မိတ်ဆက်ရင်း ပစ္စည်း ဝယ်ဖို့ လိုအပ် ရင် ဆက်သွယ်ဖို့ လိပ်စာကဒ်ကို ပေးခဲ့တယ်။ သူမကလဲ သဘောရိုးနဲ့ လို့ ထင်မှတ်ပြီး ယဉ်ကျေးမှု အနေနဲ့ လိပ်စာကဒ်ကို လက်ခံပြီး ကားပေါ် ပြန်တက်လို့ မောင်းထွက် ခဲ့တယ်။ အဲဒီ အချိန်မှာပဲ အဲဒီ ယောက်ျားဟာ တခြား လူရည်သန့် ယောက်ျား တစ်ဦး မောင်းတဲ့ ကားပေါ် တက်သွား ခဲ့တယ်။ ဓာတ်ဆီဆိုင်ထဲကနေ ကားမောင်း ထွက်လာတဲ့ သူမဟာ သူမရဲ့ ကားနောက်ကနေ […]


etoneJuly 17, 20101min1101
၁ ။ ပါးစပ်သေနက် မိန်းမတို့ရဲ့ မွေးရာပါလက်နက်ပါပဲ — သမီးရည်းစား ဘဝမှာ သိပ်မသုံးတက်ကြဘူး ။ အိမ်ထောင်ရှင်ဖြစ်မှ ထုတ်သုံးကြတာ — တစ်အိမ်လုံးကို စက်သေနက်နဲ့ မွှေသလို မွှေတတ်ကြတာ ။ အိပ်ရင်တောင် ကျည်ထိုးမောင်းတင်ပြီးမှ အိပ်တတ်ကြတာ ။ တစ်ရေးနိုး ထပစ်ရင်တောင် ပစ်တက်ကြတာ ။ ( သိပ်ကြောက်စရာကောင်းတာနော် ) ၂။ မျက်စောင်း အဲဒီ မျက်စောင်းက အမျိုးမျိုးရှိတယ် ။ မူကွဲတွေပေါ့ အချစ်မျက်စောင်း ၊ အမုန်းမျက်စောင်း ၊ ရောစွပ်မျက်စောင်း ၊ — (ရောစွပ်မျက်စောင်း ဆိုတာအရေးကြီးတယ် — ဘာသာပြန်မှန်ဖို့လိုတယ်) ချစ်သလိုလို မုန်းသလိုလို ဘာကြီးမှန်းကို မသိတဲ့ မျက်စောင်းမျိုးလေ – ဘာသာပြန်များ အကောက်လွဲလို့ကတော့ […]


etoneJuly 16, 20101min1080
ကမ်းခြေမှသူဌေးကအိမ်သို့ ဖုန်းဆက်နေသည်။ “ဟေ့ကောင်ကြီး….အိမ်မှာဘယ်လို အခြေအနေရှိလဲ.. အေးဆေးပဲလား” “ဟာ….မအေးဆေးဘူးဆရာ….ဆရာမွေးထားတဲ့..ကြက်တူရွေးကြီးသေသွားပြီ” “ဟေ…မင်းဂရုစိုက်ပြီးအစာမကျွေးဘူးလားဟေ့ကောင်…” “ကျွေးပါတယ်ဆရာရယ်…” “အေး…ကျွေးရင်ပြီးရော….သေတာကသေသွားပြီ..ရှိစေတော့…ရှိစေတော့ ဒါနဲ့ ဘယ်လိုဖြစ်ပြီးသေသွားတာလဲ…အအေးမိတာလား” “မဟုတ်ဘူးဆရာ….အဲဒီကောင်ကအသားအပုပ်တွေစားမိလို့သေသွားတာ” “ဟင်!!!!ဘယ်ကအသားအပုပ်တွေတုန်းဟ..မင့်ဥစ္စာက” “ဆ..ဆရာ…စိတ်မဆိုးရဘူးနော်.. ပြီးတော့…ကျွန်တော့်ကိုအလုပ်မထုတ်ပါနဲ့နော်…..” “အေးပါ…မြန်မြန်ပြောစမ်းပါ…” “ဟိုလေ….ဆရာမြင်းကြီး….အဲလေ…ဆရာ့မြင်းကြီးအသားအပုပ်တွေ…..” “ဘာ….ငါ့မြင်းကြီး…ဟုတ်လား..” “ဟုတ်…ဟုတ်…သေသွားပြီဆရာ..” “ဟေ!!!!….” “သူကတော့ပင်ပန်းပြီးသေတာဆရာ” “ဘာကွ…မြင်းကြီးကိုမင်းတို့လျှောက်စီးကြတာပေါ့ ဟုတ်လား..” “မဟုတ်ဘူးဆရာ…ရေ…ရေသယ်ရလို့ပါ…” “ဘာ!!!!…ရေ………ဟုတ်လား….????.ဘာလုပ်ဖို့လဲဟင် ဘာလုပ်ဖို့လဲ” “ဟို..ဟိုလေ….မီးလောင်လို့…” “ဘာ!!!!!! မီးလောင်လို့ဟုတ်လား….ဘယ်သူ့အိမ်လဲ..ပြောစမ်းမြန်မြန်..” “ဆရာ.အိမ်ပေါ့ဆရာရယ်” “ဘာကွ…ဟေ့ကောင်….ဘယ်လိုဖြစ်တာလဲ ပြောစမ်းမြန်မြန်” “ဖယောင်းတိုင်မီးကလောင်တာဆရာ..အသုဘရှိလို့ထွန်းထားတဲ့ဖယောင်းတိုင်က” “…အ..အ…အသုဘ…ဘယ်..ဘယ်သူလဲဟင်” “ဆရာ့အမေ….” “ဘာကွ..ငါ့အမေသေပြီ…ဟုတ်လား…အမယ်လေး..ပြောစမ်း..ပြောစမ်း..ဘယ်လိုဖြစ်တာလဲ” “ဒီလိုပါဆရာရယ်…အဲဒီနေ့ကပေါ့..ဘုရားခန်းထဲမှာ…လူရိပ်တစ်ရိပ်…ဖျတ်ခနဲမြင်တာနဲံ့.. ဟ..သူခိုးဟ..ဆိုပြီး…အနားမှာတွေ.တဲ့ဂေါက်ရိုက်တံနဲ့နှက်ထည့်တာ..ဆရာ့အမေဖြစ်နေတယ် တခါတည်းပွဲချင်းပြီးသွားတယ်…ဆရာ..” “ဘာ.ရှီးထဲမှပဲ..သောက်ရမ်းသောက်ရမ်းလုပ်ရလားဟ.. ..အဲဒီဂေါက်ရိုက်တံကောက်သွားလို့ကတော့..မင်း…မင်း..သေပြီသာမှတ်.”


etoneJuly 16, 20101min1261
၁) မျက်လုံး နှစ်လုံးကို မျက်လုံးအိမ်ကနေ  ထုတ်ယူပြီး ဇေါက်ထိုး ပြန်ထည့်ပေးလိုက်ရင် အဲဒီလူရဲ့ အမြင် ဘယ်လိုဖြစ်သွားမလဲ လို. တွေးကြည့်ဖူးလား မိတ်ဆွေ… အတည့်ပဲ မြင်နေရမှာလား ၊ ဇေါက်ထိုးတွေ မြင်နေရမှာလားဆိုတာကိုပေါ့ …. တကယ်လို. အဲဒီလိုသာ လုပ်ခဲ့ရင် နှစ်လ လောက်ထိတော့ ဒီလူရဲ့ အမြင်တွေဟာ  ဇေါက်ထိုးပဲ မြင်ရမှာပါ… အဲဒီနောက်ပိုင်းမှာတော့ ပြန်ပြီး အတည့် မြင်လာမှာပါ ခင်ဗျာ …. လူ. ခန္ဓာကိုယ်ရဲ့ adaptation ရသွားတဲ့အခါပေါ့ဗျာ … ( ကြံကြံဖန်ဖန် research တစ်ခုကိုဖတ်ရလို. ပြန်ရေးထားတာပါ ။) (၂) နှလုံးကြွက်သားဟာ သွေးကို လေထဲကို ၁၅ မီတာ ( ပေ ၅ဝ )အထိညှစ်ထုတ်နိုင်တယ် […]


etoneJuly 16, 20101min1071
ကျွန်တော် ကော်ဖီဆိုင်တစ်ခုက ထွက်အလာ တစ်မူထားခြားတဲ့ ဈာပနချပွဲ အခမ်းနားတစ်ခုကိုတွေလိုက်တယ်။ ဈာပနချမဲ့ အခေါင်း တစ်ခုရဲ့ နောက်မှာလဲ ပေ ၅ဝ လောက် ကွာပြီး နောက်ထပ် အခေါင်းတစ်ခုက ကပ်ပါလာတယ်။ ဒုတိယ အခေါင်းရဲ့ နောက်မှာတော့ ခွေးမဲကြီးတစ်ကောင်နဲ့ လူတစ်ရောက် လမ်းလျှောက်ရင်းလိုက်လာတယ်။ အဲ့ဒီလူရဲ့နောက်မှာတော့ အမျိုးသား ၂၀ဝ လောက် တန်းစီပြီး လိုက်ပါလာကြတယ်၊၊ ကျွန်တော် သိလိုစိတ်က ဘယ်လိုမှတားမရနိုင်တော့တာနဲ့ ခွေး ကိုင်ထားတဲ့ လူနား အသာလေးကပ်သွားပြီး………။ “”မိတ်ဆွေရဲ့ ဆုံးရှုံးမှုတွေတွက်တော့ စိတ်မကောင်းပါဘူးဗျာ။ ခုချိန်မှာ မိတ်ဆွေကို အနှောက်ယှက်ပေးဖို့ မသင့်တော်မှန်းလဲ ကျွန်တော်သိပါတယ်။ ဒါပေမယ့်ပေါ့ ကျွန်တော်ဘဝမှာ ခုချိန်ထိ ဒီလို ဈာပန အခမ်းနားကျင်းပတာမျိုး တစ်ခါမှ မကြုံဖူးလို့ပါ။ ဘယ့်သူ့ ရဲ့ ဈာပန […]


etoneJuly 16, 20101min791
Mr.Bill Gate ထံသို့ အိတ်ဖွင့်ပေးစာ သို့ Mr.Billgate ကျွန်တော်တစ်နေ့က ကွန်ပြူတာတစ်လုံးဝယ်ယူခဲ့ပါသည်။ ပြသနာလေးတွေရှိနေသဖြင့် စာရေးအကြောင်းခြင်းဖြစ်ပါသည်။ ၁။ ကွန်ပြူတာဝယ်ပြီး အင်တာနက်ချိတ်လိုက်ပါသည်။ E-mail မှာ ပြသနာဖြစ်ပါတော့သည်။ Password ဆိုတဲ့ နေရာမှာ ******** အဲဒါတွေပဲပေါ်နေတယ်။ တခြားနေရာမှာမဖြစ်ဘူး။ အဲဒီနေရာမှာပဲ။ ကွန်ပြူတာကို စစ်ဆေးကြည့်လိုက်တော့လည်း အကုန်လုံးကောင်းပါသည်။ ဒါကြောင့် ဒီပြသနာကို ကိုင်တွယ်ဖြေရှင်းပေးစေလိုပါသည်။ ၂၊ နောက်တစ်ခုက turn off ခလုပ်ကို နှိပ်လိုက်လျှင် ကွန်ပြူတာက ဆက်ပြီး အလုပ်မလုပ်တော့ပါ။ ပြီးတော့ start button ပဲပါသည်။ stop button လည်းမပါ။ အဲဒါလေးကိုလည်း တပ်ဆင်ပေးစေချင်ပါသည်။ ၃၊ ကျွန်တော့်သူငယ်ချင်းတစ်ယောက် Run ဆိုတဲ့ ခလုပ်ကိုနှိပ်လိုက်လို့ ပြေးလိုက်ရတာ တခြားမြို့ကို ရောက်သွားရောဗျာ။ […]