အိမ်သူသက်ထားက ဆီတစ်ဆယ်သားလောက် ထွက်ဝယ်ပေးပါဆိုတာနဲ ့ လမ်းထိပ်ကုန်စုံဆိုင်လေးဆီ ရောက်ခဲ့တယ်။ ရောက်မဆိုက်ပါပဲ ဆိုင်ရှင် ဒေါ်တင်မြရဲ ့ ဗျစ်တောက်ဗျစ်တောက်အသံကို ကြားလိုက်ရတယ်။ “ ဟဲ့ ဒီကောင်လေး ဘယ်တော့ပြောပြော အမှတ်မရှိဘူး အိုးကပ်ခွက်ကပ်တွေ လူးမစားပါနဲ ့ဆိုတာ ဘယ်နှစ်ခါပြောရမလဲ ငါလုပ်ထည့်လိုက်ရရင်တော့ ဟင်း “ “ ဒေါက် “ “ ဟီး “ လက်မြန်ခြေမြန်ရှိသောဒေါ်တင်မြက ပါးစပ်ကလည်းပြော လက်ကလည်း ဒယ်အိုးတစ်လုံးတွင် ထမင်းကြမ်းများလူးနယ်၍ စားနေသော သားတော်မောင် ဖိုးတုတ်၏ခေါင်းကို ခေါက်လိုက်သေးသည်။ “ ဒေါ်တင်မြ ဘာဖြစ်လို ့လဲဗျ “ “ အော် စာရေးဆရာပါလား .. ကျမသား ဖိုးတုတ်ပေါ့ အိုးကပ်ခွက်ကပ်တွေ မစားပါနဲ ့ဆိုတာ အမြဲပြောနေရတယ် ခုလည်းကြည့်လေ […]