etoneMay 28, 20101min2826
1) တစ်ဖက်သတ်အချစ် သူကလွဲရင်နောက်ထပ်ဘယ်သူ့ကိုမှ ထပ်ချစ်လို့မရသောကြောင့်ဖြစ်ရခြင်း. (2)သူ့လိုမကောင်းသောသူနှင့်ထပ်တွေ့မှာစိုးသောကြောင့်ဖြစ်ရခြင်း (3)နှစ်ဖက်သတ် နှစ်ယောက်စလုံးချစ်ကြတယ် အကြောင်းအမျိုးမျိုးကြောင့်လွဲခဲ့သောကြောင့်ဖြစ်ရခြင်းး (4)သုံးပွင့်ဆိုင်လေးပွင့်ဆိုင်အချစ် 1 ကို2 နဲ့3 ကချစ်3ကို4 ကချစ် ဒါနဲ့ပဲပတ်ခြာလည်နေသောကြောင့်ဖြစ်ရခြင်း (5)ရတာကိုမလိုချင် လိုတာကိုမရသောကြောင့်ဖြစ်ရခြင်း (6)အအီလွန်သောသောကြောင့်ဖြစ်ရခြင်း ဟိုလူကိုအီ ဒီလူက်ိုအီ လှေလံနှစ်ဖက်နှင်း ရေထဲပြုတ်ကျ ငါးရံနှစ်ကောင်ဖမ်း အကုန်လွတ်ကုန် (ဟီးဟီး) (7)ကိုယ့်ကိုကိုယ်တန်ဖိုးထားနှမျောသောကြောင့်ဖြစ်ရခြင်း (8)အပျိုကြီး လူပျိုကြီးစစ်စစ်ဖြစ်ချင်သောကြောင့် ဖြစ်ရခြင်း (9)အချစ်တုနှင့်တွေ့မှာစိုးသောကြောင့် ကိုယ်ခံစားရမှာစိုးသောကြောင့် ကိုယ့်ထက် မိဘထက်ပိုချစ်ရမဲ့သူ ကိုယ်နှစ်နှစ်ကာကာချစ်ရမဲံ့သူမတွေ့သေးသောကြောင့် ဖြစ်ရခြင်း (10)ချစ်တယ်ဆိုသောစကားကိုမယုံကြည်သောကြောင့်ဖြစ်နေရခြင်း (11)အချစ်နှင့်ဦးနှောက် balance မမျှသေးသောကြောင့်ဖြစ်နေရခြင်း (12)အချစ်ဆိုသောအရာကို နောက်ဆုံးမှာထားပြီး ဥစ္စာ ပညာနောက်လိုက်နေရသောကြောင့်ဖြစ်နေရခြင်း (13)ချစ်သင့်မချစ်သင့်ထက် ဖြစ်သင့်မဖြစ်သင့်ကိုအတွေးလွန်နေသောကြောင့်ဖြစ်ရခြင်း(သူများအကြံပြုချက်ထပ်ထည့်သည်။) Just rcvd from a friend by mail.


etoneMay 21, 20101min1060
၂ဝရက်၊မေ ၊၊ ရန်ကုန်တိုင်း ၊သမိုင်း (၁) ရပ်ကွက် ၊ ၈လမ်းထိမ်းမှာ မနေ့က (20.May.10) ညနေငါးနာရီ ဆယ်မိနစ်ခန့်အချိန်တွင် CORONA SLOON ၂ခ/၂၄၂၃ အဖြူရောင်ကားတစ်စီး ဝါယာကြိုး ရှော့ခ်ဖြစ်ပြီး မီးလောင်ကျွမ်းမှူဖြစ်ခဲ့သည်။ ကားရှေ့ဖုံးနှင့် ရှေ့မှန်ပျက်စီးသွားခဲ့ပြီး အနီးနားမှလူများက ဝိုင်းဝန်းငြိမ်းသတ်ပေးခဲ့သည် ။ မီးသတ်ကား ၂စီးလည်း ငါးနာရီ နှစ်ဆယ့်ငါးမိနစ်ခန့်တွင်ရောက်လာခဲ့ပြီး မီးငြိမ်းပေးခဲ့သည်။ ယဉ်မောင်းနှင့် ပတ်ဝန်းကျင်တစ်စုံတစ်ရာထိခိုက်ခြင်းမျိုးမရှိပါ။ သမိုင်းလမ်းဆုံအထိကားအနည်းငယ်သာ ကြပ်သွားခဲ့သည်။


etoneMay 15, 20101min2089
တစ်နေ့မှာ အဘွားတစ်ယောက်ဟာ ကုန်စုံဆိုင်တစ်ဆိုင်ကိုသွားပြီ းတော့ အိမ်က သူ့ခွေးလေး အတွက် ခွေးစာသွားဝယ်ပါတယ်။ ခွေးစာဝယ်ပြီး ပိုက်ဆံရှင်းမယ်လုပ်တော့ ကောင်တာက ငွေကိုင် မိန်းကလေးက .. ” ကျွန်မတို့ဆိုင်မှာ ခွေးစာဝယ်မယ်ဆိုရင် အဘွားရဲ့ခွေးကို ပြနိုင်မှ ရောင်းပေးလို့ရပါမယ် ” လို့ ပြောတယ်။ ဒါနဲ့ အဘွားလည်း အိမ်ပြန်ပြီး အိမ်က သူ့ခွေးကိုယူလာခဲ့ပါမှ ခွေးစာဝယ်ယူခွင့်ရသွားပါတယ်။ နောက်တစ်နေ့မှာလည်း အဘွားက အဲ့ဒီဆိုင်မှာပဲ သူ့အိမ်က ပူစီလေးအတွက် ကြောင်စာ လာဝယ်ပြန်ပါတယ်။ဒီအခါမှာလည်း ကောင်တာက ငွေကိုင် မိန်းကလေးက မနေ့ကလို အလားတူ ပဲ… ” ကျွန်မတို့ဆိုင်မှာ ကြောင်စာဝယ်မယ်ဆိုရင် အဘွားရဲ့ကြောင်ကို ပြနိုင်မှ ရောင်းပေး လို့ရပါ့မယ် ” လို့ ပြောပြန်တယ်။ အဘွားလည်း ဒီမိန်းကလေး တယ်ရစ်ပါလားလို့တောင် […]


etoneMay 14, 20101min1906
ကြီးလာရင် အဖေလုပ်သူက လှေကားပေါ် တက်ကာ ပြတင်းပေါက်များအား ဆေးသုတ်နေသည်ကို ခြောက်နှစ်သား သားငယ်ကဂရုတစိုက် ကြည့်နေသည် ။ အမေကသားကို ပြောတယ် ။ အမေ   –  သားကြီးလာရင် ဖေဖေ့ကို ကူရမယ်နော် သား    –  ဘာလဲ ၊ အဲဒီအချိန်ထိ ဖေဖေက ဆေးသုတ်လို့ ပြီးမှာမဟုတ်သေးဘူးလား ဟင် … ——————————————————————————————————————— နာမည်ကြီးစာရေးဆရာ မိန်းမ         – ရှင် ဝတ္တု မရေးတာ ကြာပါပကော ၊ ရေးပါအုံးလား ယောက်ျား  – စိတ်မပါသေးဘူးကွာ. မိန်းမ        – ဪ…သားငယ်ကလေယာဉ်ပျံစက္ကူ ခဏခဏတောင်းနေလို့ပါ ——————————————————————– […]


etoneMay 14, 20101min830
အကောင်းမြင်အတွေး ကျနော် မေးခွန်းတစ်ခု မေးပါ့မယ်။ ကျနော် ပြောရဲတယ်။ အဲဒီ မေးခွန်းကို ဘယ်သူမှ မှန်အောင် ဖြေနိုင်မှာ မဟုတ်ဘူးလို့ အာမခံရဲတယ်။ အောက်က စာပိုဒ်လေး ဖတ်ကြည့်ပြီး မေးခွန်းကို ကြိုးစား ဖြေကြည့်ပါဦး။ အင်မတန် ချစ်ကြတဲ့ လင်မယားနှစ်ယောက်ဟာ ခရီးအတူထွက်ခဲ့ကြတယ်။ သူတို့ စီးလာတဲ့ လိုင်းကားဟာ တောင်ကုန်းတောင်မြင့် ထူပြောတဲ့ နေရာ အတော်များများကို ဖြတ်သန်းရတယ်။ တောင်ကြားလမ်း မရောက်ခင် တစ်နေရာမှာ သူတို့ ဇနီးမောင်နှံက ကားပေါ်က ဆင်းနေခဲ့ပြီး ဆုံးဖြတ်လိုက်ပြီး ကားကို ရပ်ခိုင်းလိုက်တယ်။ သူတို့ တောင်းဆိုတဲ့ နေရာ အရောက်မှာ ကားဆရာက ကားကို ရပ်ပေးလိုက်တော့ သူတို့ ကားပေါ်က ဆင်းလိုက်ကြတယ်။ သူတို့ ဆင်းပြီး ခဏအကြာမှာပဲ ကားက […]


etoneMay 13, 20101min1656
ဆေးကျောင်းတခုတွင် ဖြစ်သည်.. ဆရာပေါက် ၂ ယောက် က ကျောင်း သား ကျောင်း သူ များ အား စာမေး ပွဲ စစ်နေသည်.. ဆရာပေါက်စ ၂ ယောက် က ခွက် ပုံး ကစ် ရင်း စစ် နေ ကြခြင်းဖြစ် သည်… စစ် တဲ့ ပုံ စံ က တော့… ကြွတ်ကြွတ် အိပ်လေး တခု စီထဲ မှာ. လူ့ ကိုယ် တွင်း မှာ ရှိတဲ့.. အင်္ဂါ အစိတ် အပိုင်း တ ခု စီထည့် ထား သည်… ပြီး တော့. ကျောင်း သား၊ […]


etoneMay 13, 20101min1793
မူကြိုကျောင်းတစ်ကျောင်းမှာရှိ တဲ့ ဆရာမတစ်ယောက်ဟာ သူ့အတန်းထဲက ကလေးတွေနဲ့ ဂိမ်းတစ်ခုဆော့ဖို့ စီစဉ်ခဲ့တယ်။ အတန်းထဲမှာရှိတဲ့ ကလေးတိုင်းဟာကျောင်းကိုလာတိုင်း အာလူးထည့်ထားတဲ့ အိတ်တစ်လုံးစီ ယူလာရမယ်လို့ ဆရာမကပြောတယ်။ အာလူးတစ်လုံးစီမှာ သူတို့သိပ်မုန်းတယ်ဆိုတဲ့လူရဲ့ နာမည်ကိုရေးရမယ်။ ဒါကြောင့် သူတို့တစ်ယောက်စီရဲ့အိတ်မှာပါမယ့် အာလူးအရေအတွက်ဟာ သူတို့ လူဘယ်နှယ်ယောက်လောက်မုန်းသလဲ ဆိုတာပေါ်မှာ မူတည်နေတယ်။ နောက်နေ့မှာ ကလေးတိုင်းဟာ နာမည်ရေးထားတဲ့ အားလူးတွေ ကိုယ်စီသယ်လာကြတယ်။ တချို့က(၂)လုံး၊ တချို့ကျ (၃)လုံး၊ (၅)လုံးထိယူလာတဲ့လူတောင် ရှိတယ်။ ဆရာမက အဲဒီအာလူးအိတ်ကို သူတို့ ဘယ်သွားသွား ကိုယ်နဲ့မကွာ ယူသွားရမယ်လို့ မှာတယ်။ အိမ်သာတက်ရင်လည်း မချန်ခဲ့ရဘူး။ တစ်ပတ်တိတိလုပ်ရမယ်တဲ့။ ရက်အနည်းငယ်ကြာတော့ ကလေးတချို့က စပြီး စောဒကတက်လာတယ်။ အာလုံးအပုတ်တွေကနေ အနံ့ထွက်လာပြီကိုး။ တချို့ကျ အာလူး (၅)လုံးတောင်သယ်ရတာဆိုတော့ လေးလံနေကြတာပေါ့။ တစ်ပတ်ပြည့်တော့ ဂိမ်းကပြီးပြီလေ။ […]


etoneMay 13, 20103min1121
ပုံနှိပ် စာအုပ် လောကစာအုပ် စိတ်စာအုပ် သုံးမျိုးရှိတယ် စိတ်ကို ဖတ်တတ်ဖို့ တစ်ခြားစာအုပ်တွေကို ဖတ်နေရတယ်…………. ဓမ္မဒူတ ဆရာတော် (မှော်ဘီ) သစ်ပင်တိုင်းမှာ အလှတစ်မျိုးစီ ရှိကြပါတယ် လူတိုင်းရဲ့ တစ်မျိုးစီ အလှကို မြင်တတ်ရင် ဘယ်လောက်သာယာ လိုက်မလဲ လို့ ……………………………….. ဓမ္မဒူတ ဆရာတော် (မှော်ဘီ) ကြေကွဲမှု ပျက်စီးမှု ဆုံးရှုံးမှုတွေနဲ့ အတူ ထွက်ပေါ်လာတဲ့ တောင်းပန်ပါတယ် ဆိုတဲ့ စကားကို လွယ်လွယ်မသုံးမိအောင် သတိထားပါ ………………………………. ဓမ္မဒူတ ဆရာတော် (မှော်ဘီ) ကြာပန်းက ရေကန်ကိုသာ အလှဆင်တယ် မိုးတိမ်တွေကလည်း ကောင်းကင်ပြာကိုသာ အလှဆင်တယ် လာခြင်းကောင်းသော မိတ်ဆွေကတော့ တစ်လောက လုံးကို အလှဆင်တယ် ………….. ( သုဗောဓာ လင်္ကာရကျမ်း) […]


etoneMay 13, 20101min3301
ရှုံးနိမ့်မှုတို့ အကြိမ်ကြိမ်ရင်ဆိုင်ရသောအခါ စိတ်ဓာတ်ကြံ့ခိုင်သူတို့ပင် တွေဝေတွန့်ဆုတ်သွားတတ်ကြသည်။ ငါတတ်နိုင်သမျှတော့ ကုန်ပြီဟု လက်လျှော့အရှုံးပေးတတ်ကြသည်။ ငယ်စဉ်က သင်ခန်းစာတွင် သင်ခဲ့ရသော “မပုကြွယ်နှင့် ခရုငယ်”လိုပုံပြင်မျိုးက အားငယ်နေချိန်တွင် အားဆေးတစ်ခွက်ဖြစ်သည်။ “The Prince five-weapons and sticky-hair monster” ပုံပြင်ကို မကြာခဏ ပြောပြဖြစ်သည်။ စင်စစ်ဤပုံပြင်မှာ တရားဓမ္မကျင့်ကြံပွားများမှုမှအားလျှော့အရှုံးပေးတော့မည့် ရဟန်းတော်များအား ဘုရားရှင် ဟောကြား ခဲ့သောအားပေးစကားဖြစ်သည်။ ဗာရာဏသီပြည်တွင် ဗြဟ္မဒတ်မင်း စိုးစံစဉ်က မိဖုရားခေါင်ကြီးတွင် သားတော်တစ်ပါး ဖွားမြင်သည်။ ထိုမင်းသားသည်နောင်တွင် လက်နက်ငါးမျိုးကို ကိုင်တွယ်ရာတွင် အလွန်ကျွမ်းကျင်သူ ဖြစ်လိမ့်မည်ဟုပုဏ္ဏားတော်များက နိမိတ်ဖတ်၍ ပဉ္စဝုဓမင်းသား (ပဉ္စ – ငါး + ဝုဓ – လက်နက်)ဟုအမည်ရသည်။ အရွယ်ရောက်သောအခါ တက္ကသိုလ်ပြည် ဒိသာပါမောက္ခဆရာကြီးထံတွင် ပညာသင် ကြား ၏။ […]


etoneMay 12, 20101min880
တစ်ခါက မျက်မမြင်တစ်ယောက်ဟာ တစ်ညမှာ သူ့မိတ်ဆွေရဲ့ အိမ်ကို အလည် ရောက်နေလေတယ်။ ပြန်ကာနီးကျ တော့ မိတ်ဆွေလုပ်သူက မျက်မမြင်ကို လမ်းမှာမှောင်လေတော့ အဆင်ပြေအောင် မီးအိမ်လေး တစ်လုံး ယူသွားပါ လားလို့ ပြောလေ တယ်။ ဒီတော့ မျက်မမြင်ဖြစ်သူက ဟားတိုက် ရယ်လိုက်ပြီး “ ဪ.. မျက်မမြင်ပါဆိုမှ မီးအိမ် လာပေးနေတယ်။ ကျုပ်က သွား နေကြပါ။ အကန်းပေမယ့် ကျုပ်ရဲ့ အိမ်ကို ဘာအကူ အညီမှ မပါပဲ လျှောလျှောလျူလျူ သွားလာနိုင်ပါတယ်ဗျ ” လို့ ခပ်ပြတ် ပြတ် ပြောလိုက်လေတယ်။ ဒါနဲ့ မိတ်ဆွေဖြစ်သူက “ ခင်ဗျားက သွားတတ် တယ်ဆိုပေမယ့် ဒီမီးအိမ်လေးပါတော့ ခင်ဗျားကို သူများ တွေမြင်ရင် ဝင်မတိုက်မိတော့ဘူးပေါ့ဗျာ.. […]


etoneMay 12, 20101min1354
ဘယ်သူရေးတာလည်းတော့မသိဘူး သူငယ်ချင်းတယောက်ပို့တဲ့စာမှာပါလာလို့ ရယ်ရတာနဲ့  upload လုပ်လိုက်တယ်။ Computer မေတ္တာပွားနည်း ဒို့ပြည်မြန်မာ အိမ်တကာ ကွန်ပျူတာ ရှိပါစေ…… မရှိသူများ ဆိုင်မှာသွား တော်ကီ (talking) ပွားနိူင်စေ…။ ပီစီ (PC) တစ်လုံး ကိုယ်စီသုံး ရွှင်ပြုံးကြပါစေ…. ပီစီ (PC) ၏ ရန် ဗိုင်းရပ်(စ်)ဒါဏ် တွန်းလှန်နိူင်ပါစေ…..။* “ အွန်လိုင်း” တက်လာ များသူငါ “ကြူ” နိုင်ကြပါစေ…..* * “ ကြူ သူ”တိုင်းဟာ အမြဲသာ ရင်ထဲရှိပါစေ။ “chatting” ထိုင်စဉ် ပြုံးပျော်ရွှင် အဆင်ပြေပါစေ…. “ချက်ချိန်”တိုင်းတွင် အမြဲပင် “ကွန်နက်ရှင်” (connection) ကောင်းပါစေ။* *“ ဘလော့ဂ် ” ရောက်လာမိတ်သဟာ ကျန်းမာကြပါစေ… စပ်မိစပ်ရာ ဗလချာ […]