faizalJune 9, 20101min781
မြန်မာနိုင်ငံ အထက်ပိုင်း၌ ထူးကဲ့သော ဂုဏ်တန်ခိုး တော်နှင့် ပြည့်စုံသော ဇလုံတောင် စေတီတော်ကြီးမှာ မွန်ပြည်နယ်မှ ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်ကြီးနှင့် ပမာတူစွာအံ့ဖွယ် ထူးခြားသော ဉာဏ်တန်ခိုးတော် တို့နှင့် ပြည့်စုံသော သမိုင်း ဝင်စေတီတော်ကြီး တစ်ဆူ ဖြစ်ပါသည်။ ပင်လယ်ရေ ပြင်ထက် အမြင့်ပေ (၃ဝ၉ဝ) အမြင့်ရှိသော သေလာ ပဗ္ဗက တောင်ထိပ်ပေါ်ဝယ် ထူးတင့်စွာ ဖူးမြော်ခွင့်ရသော ဇလုံတောင် စေတီတော်ကြီးမှာ သမိုင်းအခြေခံ တောင့်တင်းခဲ့သည်။ သမိုင်း အဖြစ်တော်စဉ် အရ မြတ်စွာဘုရားရှင် ဝါတော်(၂ဝ)အရ မဟာသက္ကရာဇ် (၁၂၃)ခုနှစ်၌ သိကြားမင်း ဖန်ဆင်းအပ်သော နတ်ပန်းရထားဖြင့် ရဟန္ဓာ (၅ဝဝ)ခြံရံပြီး ဧရာပထနတ် နဂါးသားအဖ လှူဒါန်းသော ဇလုံတောင်သို့ ကြွရောက်တော်မူခဲ့သည်။ ဤသို့သော မှတ်တမ်းမှတ်ရာများ၏ ဆင်း […]


faizalJune 9, 20101min650
နိုင်ငံတကာရေးရာများအား နက္ခတ်ဂြိုဟ် အမြင်များကြည့်၍ သုံးသပ်နိုင်သော နိုင်ငံတကာရေးရာ နက္ခတ်သိပ္ပံ သင်တန်းကျောင်းအား မြန်မာနိုင်ငံ တွင် ပထမဆုံးအကြိမ်အဖြစ် ဇူလိုင် လဆန်းပိုင်းတွင် ဖွင့်လှစ်နိုင်ရန် စီစဉ်နေပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ သင်တန်းကျောင်းတွင် နက္ခတ်ဆိုင်ရာ ဂြိုဟ်အမြင်ရှိမှုများ၊ ဂြိုဟ်ပူးမှုဖြစ်စဉ်များ၊ ဂြိုဟ်ရပ်တည်မှုများကြောင့် နိုင်ငံများတွင် ဖြစ်ပေါ်နိုင်သော ပြောင်းလဲမှုဖြစ်စဉ်များ၊ သဘာဝ ဘေးအန္တရာယ်များသာမက နိုင်ငံစီးပွားရေး တိုးတက်မှုများကို လေ့လာသုံးသပ်နိုင်ရန် သင်ကြားပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ နက္ခတ် ပညာရှင်အဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဦးဇေယျာကိုက ပြောသည်။ “ဒီကျောင်းကိုဖွင့်ဖို့ စီစဉ်တာကြာပါပြီ။ ဒီကျောင်းကို နက္ခတ်သိပ္ပံ အဖွဲ့အဖြစ် ဖွဲ့စည်း ပြီးတာနဲ့ ဖွင့်လှစ်သွားမှာပါ။ နက္ခတ်သိပ္ပံအဖွဲ့ ဇွန်လကုန်လောက် ဖွဲ့စည်းပြီးတာနဲ့ လသာမှာ ဒီကျောင်းကို ဖွင့်လှစ်သွားမှာပါ။ အခုဆိုရင် ကမာ္ဘ့နိုင်ငံပေါင်း ၂၀ဝ ကျော်ရဲ့တိုင်းပြည် […]


faizalJune 9, 20101min450
ယခုရက်ပိုင်းအတွင်း ဗိုင်းရပ်စ် ကျွမ်းကျင်သူများပင် အခက်အခဲတွေ့နေရသည့် ဗိုင်းရပ်စ်တစ်မျိုး အွန်လိုင်းပေါ်မှ ပေါ်ထွက်လာခဲ့ပြီး အဆိုပါ ဗိုင်းရပ်စ်သည် အွန်လိုင်းမှ Data transfer ပြုလုပ်သူများနှင့် အွန်လိုင်းဆက်နွယ ်စီးပွားရေး လုပ်ကိုင်နေသူများအတွက် အလွန် အန္တရာယ် ကြီးမားလျက် ရှိကြောင်း သိရသည်။ ယင်းဗိုင်းရပ်စ်သည် ရိုမေးနီးယားနိုင်ငံရှိ ကွန်ပျူတာဟက်ကာ တစ်သီးမှ (piece) အမည်ပေး၍ အွန်လိုင်းမှ တစ်ဆင့် ဗီဒီယိုဖိုင်အသွင ်ဖြန့်ဝေခြင်းဖြစ်ပြီး ယခုရက်ပိုင်းမှာပင် လပြည့်ဝန်းပလာဇာရှိ ရုံးခန်းတစ်ခု၏ ပြည်ပ Bank အကောင့်ကိုပါ စောင့်ကြည့် ခိုးယူသွားခဲ့ကြောင်း အဆိုပါ ဗိုင်းရပ်စ်အား ပိတ်ပင်တားဆီးသည့် ကျွမ်းကျင်သူတစ်ဦးက ပြောသည်။ `သူ့ဗိုင်းရပ်စ်က Anti-virus တွေ မမြင်နိုင် အောင် အဆင့်မြင့်တဲ့နည်း သုံးထားတယ်ပြောရမယ်။ ဒီ ဗီဒီယိုဖိုင်ကို နှိပ်လိုက်တာနဲ့ စက်က […]


faizalJune 9, 20101min510
နိုင်ငံတော်အုပ်ချုပ်ရေးရုံးများ၊ နို်င်ငံတော်ဝန်ကြီးဌာနများတည်ရှိရာ နေပြည်တော်ဒေသတွင် အမျိုးသားပြတိုက်၊ အမျိုးသားမော်ကွန်းတိုက်နှင့် အမျိုးသား ဗဟိုုစာကြည့်တိုက်ကြီးများ တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။ ၎င်းအမျိုးသားပြတိုက်၊ အမျိုးသားမော်ကွန်းတိုက်နှင့် အမျိုးသား စာကြည့်တိုက်များ တည်ဆောက်ရန်အတွက် မြေနေရာများ သတ်မှတ်ပေးထားပြီး ယခုအခါ အဆောက်အအုံများ တည်ဆောက်ရန် မြေနေရာများ စတင်ရှင်းလင်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ၎င်းအဆောက်အအုံများအား နေပြည်တော် ဥတ္တရသီရိမြို့နယ် အင်ကြင်းပန်းအဝိုင်းနှင့် ရာဇသင်္ဂဟအဝိုင်းကြား မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန အနီး ရာဇသင်္ဂဟ လမ်းမကြီး အနောက်ဘက်ဘေး၌ အစဉ်လိုက်တစ်ဆက်တစ်စပ်တည်း မြေနေရာများ သတ်မှတ်ပေးထားကြောင်း ၂၀၁ဝ ခုနှစ် ဇွန်လ ၁ဝ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။ REF::  mtalk.net


faizalJune 9, 20101min460
ဇွန်လ ၁ ရက်တွင် စတင်ဆောင်ရွက်နေသော ခိုးကူးနှိမ်နင်းရေး စီမံချက်ကြောင့် တရားမဝင် ကူးယူဖြန့်ချိ ခြင်းများ အရှိန်တန့်သွားခဲ့ပြီး လဆန်းပိုင်းတွင် ဖြန့်ချိခဲ့သော မြန်မာဗီဒီယို ဇာတ်လမ်းခွေများ၏ မူရင်းဖြန့်ချိသည့် ချပ်ရေများ ထက်ဝက်နီးပါး မြင့်တက်ခဲ့ကြောင်း ၃၅ လမ်းဝန်းကျင်ရှိ ဗီဒီယိုဖြန့်ချိရေး အချို့ထံမှ သိရသည်။ “ကျွန်မတို့ မာန်ထက်ချီ ဗီဒီယိုထုတ်လုပ် ဖြန့်ချိရေးက ဇွန် ၁ ရက်မှာ “ချိုးကူးသံ” ဇာတ်ကား ဖြန့်တယ်။ ရန်ကုန် တစ်မြို့တည်းအတွက် မူရင်းချပ်ရေ ၁၅၀ဝ ရိုက်ရတယ်။ အရင်ကထက် ၅၀၀ဝ နီးပါး ပိုရိုက်ရတယ်။ မနက် ၆ နာရီခွဲက စပြီးဖြန့်တာ ည ၈ နာရီလောက်မှ စာရင်းပိတ်ပါတယ်။ ခွေပြတ်လပ်သွားတာတော့ မဖြစ်ပါဘူး။ ကျွန်မတို့က ဆင်ဆာကို ပိုဝယ်ထားတယ်။ […]


faizalJune 9, 20101min583
မကွေးမြို့၏ အထင်ကရဖြစ်သည့် ပြည်တော်သာလမ်းရှိ ကောင်းမွန် စူပါမားကတ်အား ဗုံး(၃)လုံး ထောင်ထားသည် ဟုဆိုကာ နာရီဝက်အတွင်း ကျပ်သိန်း ၅၀ဝ မပေးပါက အကြောင်းသိမည်ဟု ဆိုပြီး စူပါမားကတ် ဝန်ထမ်းများနှင့် ပြည်သူများ အထိတ်တလန့်ဖြစ်စေရန် ကတ်ဖုန်းဖြင့် အကြိမ်ကြိမ် ခြိမ်းခြောက် ပြောဆိုသူအား မကွေးခရိုင် ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးတို့မှ အနီးကပ်ကြီးကြပ်၍ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် ပူးပေါင်းပြီး ၂၄ နာရီအတွင်း ဖော်ထုတ် ဖမ်းဆီးနို်င်ခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် မေလ ၂၁ ရက်၊ နံနက် ၁ဝ နာရီ ၅၁ မိနစ် အချိန်က မကွေးမြို့၊ ပြည်တော်သာလမ်းရှိ ကောင်းမွန်စူပါမားကတ် အထွေထွေ မန်နေဂျာ ဦးအောင်မျိုးထံသို့ အမျိုးသားတစ်ဦးက ၎င်း၏ကတ်ဖုန်း အမှတ် (၀၉-၄၄၄၅၆၀၃၅) ဖြင့် […]


faizalJune 9, 20101min460
လိမ်မခံရဖို့ သတိပြုသင့်တဲ့ အချက်လေးတစ်ခုပြောပြချင်လို့ပါ၊ အခုခေတ်မြန်မာနိုင်ငံမှာ နိုင်ငံခြားငွေကြေးနဲ့ မြန်မာငွေကြေးလဲလှယ်မှုများ မြင့်မားလာနေသည်နှင့် အမျှ နိုင်ငံတကာသုံးငွေတွေ တရားမဝင်လဲလှယ်ကြတာက အပြစ်ကြီးတစ်ခုလို့ မတွေးထင်ကြတော့ပါဘူး၊ တစ်ဒေါ်လာကို ခြောက်ကျပ်နဲ့ ဘယ်သူမှ တရားဝင်မလဲလှယ်ကြပါဘူး၊ အရပ်သားအချင်းချင်းလက်တို့စနစ်နဲ့ လဲလှယ်နေကြတာ ဆယ်စုနှစ်ချီနေပါပြီ၊ ဒါကလည်း ခေတ်ရေစီးရဲ့လိုအပ်ချက် ဖြစ်နေလို့ပါ၊ တစ်ဒေါ်လာကို ပေါက်ဈေးဘယ်လောက်ဆိုပြီး ရောင်းသူဝယ်သူအချင်းချင်း ဒေါ်လာပေးကြ မြန်မာငွေပေးကြ နဲ အရောင်းအဝယ်လုပ်ကြရာမှာ မြန်မာငွေကြေးကို လိမ်ကြတာပါ၊ ၊ ကြားဖူးနေတဲ့ တို့ဆေးဘာဆေးကိစ္စတွေနဲ့ လိမ်တာမျိုးကို ဆိုလိုခြင်းမဟုတ်ပါဘူး၊ အခုလိမ်နည်းက ငွေကြေးရေတွက်ပုံကို အသုံးချပြီး ရိုးရိုးလေးနဲ့ကို လိမ်တာပါ၊ အသိ အစ်ကိုကြီး တစ်ယောက်ကိုယ်တိုင်မြို့ထဲမှာ ဒေါ်လာကို မြန်မာငွေနဲ့သွားအလဲမှာ ခံလိုက်ရတာပါ၊ အိမ်ရောက်မှ ရလာတဲ့မြန်မာငွေ တစ်သိန်းတစ်အုပ်စီမှာ ၂၇၀၀ဝကျပ်စီလျော့နေတာပါ၊ အရောင်းအဝယ် လုပ်နေတုန်း ကလည်းရွေလာပါတယ်၊ တစ်ခုတော့ရှိတယ်၊ […]


faizalJune 9, 20101min462
ကြိုတင် ငွေပေးကတ်စနစ်ဖြင့် အသုံးပြုရမည့် ဒီဂျစ်တယ်မီတာပုံးများကို ပြည်တွင်း၌ စတင်ထုတ်လုပ်တော့မည် ဖြစ်ကြောင်း ၁-၆-၁ဝ ရက်က သိရသည်။ အဆိုပါ မီတာပုံးများကို ပြည်တွင်း နည်းပညာအများအပြား ထုတ်လုပ်မည့် ရတနာပုံ ဆိုက်ဘာစီးတီးမှ ထုတ်လုပ်သွားမည် ဖြစ်ကြောင်း၊ ရတနာပုံ ဆိုက်ဘာစီးတီးရှိ နည်းပညာကုမ္ပဏီ တစ်ခုဖြစ်သော Fisca Enterprise က ၎င်း ဒီဂျစ်တယ် အိမ်သုံး လျှပ်စစ်မီတာ ပုံး များကို ထုတ်လုပ်နေကြောင်း ရတနာပုံတယ်လီပို့မှ စုံစမ်းသိရှိရသည်။ ၎င်းစနစ်မှာ ဒီဂျစ်တယ် မီတာပုံးထားရှိပြီး ကြိုတင် ငွေပေးချေကတ် (Prepaid Card) စနစ်ဖြင့် အသုံးပြုရမည်ဖြစ်ကြောင်း၊ ဒီဂျစ်တယ် အိမ်သုံးလျှပ်စစ် မီတာပုံးများဖြစ်၍ ကြိုတင်ငွေပေးချေ ကတ်ကို ဖုန်ကတ်များ ဝယ်ယူ သုံးစွဲသကဲ့သို့ အသုံးပြုသွားရမည် ဖြစ်ကြောင်း သိရသည်။ […]


faizalJune 9, 20101min520
မုံရွာ- June 3 ,2010 မြန်မာနိုင်ငံ အထက်ပိုင်း စစ်ကိုင်းတိုင်း၏ အကြီးဆုံးစီးပွားရေး မြို့တော်ဖြစ်သည့် မုံရွာမြို့တွင် ဇွန်လ ၃ရက်  ကြသပေတေးနေ့က မနက် အစောပိုင်းက ချင်းတွင်းရတနာ ဈေးသစ်ကြီး မီးလောင်ကျွမ်းခဲ့ရာ ဆိုင်ခန်းပေါင်း  ၄၀ဝ ကျော် ပျက်စီး ဆုံးရှံးခဲ့သည်ဟု သိရသည်။ မုံရွာမြို့ ချင်းတွင်းရတနာ ဈေးသစ်ကြီးတွင် ဇွန်လ ၃ ရက်နေ့ မနက်ပိုင်း အာရုံမတက်မီမှ အရှိန်ပြင်းစွာ လောင်ကျွမ်းခဲ့သော မီးကို မီသတ်ယဉ် ၃၅စီး ရေသယ်ယဉ် ၁၂ စီးတို့ဖြင့် ၃နာရီကြာ ငြိမ်းသတ်ခဲ့ရသည် ဟုသိရသည်။ မီးလောင်ရသည့် အကြောင်းအရင်းအား စုံစမ်းစစ်ဆေးနေဆဲပင် ဖြစ်သည်။ မုံရွာဈေးကြီး မီးလောင်ကျွမ်းမှုသည် ယခုနှစ်အတွင်း မြန်မာနိုင်ငံရှိ ပင်မဈေးကြီးများ မီးလောင်ကျွမ်းမှုများတွင် ရန်ကုန်မြို့တော်ရှိ သင်္ကန်းကျွန်းဈေးနှင့် […]


faizalJune 9, 20101min510
မြန်မာ နိုင်ငံမှ ကိုးနှစ် အရွယ် မိန်းကလေးငယ် မိတိုးမှာ မွေးရာပ ါမျက်နှာ ချို့ယွင်းချက် များကို ခွဲစိတ် ပြုပြင်ရန် တရုတ်(တိုင်ပေ) သို့ ဖေဖော်ဝါရီ ၂ရ ရက်နေ့တွင် ရောက်ရှိခဲ့ကာ၊ တိုင်ပေ၏ ချန်ကွမ်း အမှတ်တရဆေး ရုံတွင် ခွဲစိတ်ကုသမှု အောင်မြင်ခဲ့ ပြီးနောက် မြန်မာနိုင်ငံ သို့ ပြန်လည် ရောက်ရှိလာ တော့မည်ဟု သိရသည်။ သူမတွင် မွေးရာပါ နှုတ်ခမ်း ကွဲခြင်း၊ အာခေါင်ကွဲခြင်း၊ နှာခေါင်းတွင်း အရည် အိတ်ငယ် ရှိခြင်းနှင့် နှာခေါင်းရိုး မရှိခြင်းတို့ကြောင့် စကားပီပီ သသ မပြောဆိုနိုင်ဟု သိရသည်။ သူမ အခြေအနေကို Global Hope Network International (GHNI) က ၂၀ဝ၈ […]


faizalJune 8, 20101min460
မင်္ဂလာဈေးမှမီးဘေးသင့်ဆိုင်ခန်းရှင်များ ဆိုင်ခန်းအလွယ်တကူငှားရမ်းနိုင်ရန်အတွက် အနီးရှိယုဇနပလာဇာမှ  5 လွှာရှိကားပါကင်နေရာအားဆိုင်ခန်းများအဖြစ်ပြောင်လဲငှားရမ်း မည်ဖြစ်ကြောင်းစုံစမ်းသိရှိရသည်။ မီးလောင်ပြီး 2ရက်နေတော့ပလာဇာရှေ့မှာဆိုင်ခန်းငှားရမ်းလိုသူများပလာဇာအုပ် ချုပ်ရေးအဖွဲ့သိုစုံစမ်းပါဆိုပြီးတော့ ကြေငြာထားတယ် အဲဒီရက်ကတော်တော်များများဆိုင်ခန်းရှင်တွေစာရင်းပေးကြတယ်။ ကျနော်တို့ကတော့ဆိုင်ခန်းဈေးများလို့မယူဖြစ်ဘူး။ ယင်းဆိုင်ခန်းတိုးချဲ့ပေးမှူနှင့်ပါတ်သတ်ရျ် မင်္ဂလာေဈေးမှမီးသင့်ဆိုင်ခန်းရှင်တစ်ဦးက ပြောကြားခြင်းဖြစ်သည်။ ပလာဇာအုပ်ချုပ်ရေးအဖွဲ့မှ ဆောက်အအုံဧ။် 5 ထပ်ရှိသောကားပါကင်အနက်မှ အပေါ်ဆုံးထပ်ဖြစ်သည့်ပါကင်နေရာကိုဆိုင်ခန်းများပုံစံပြန်လည်ဖွဲ့စည်းပြီးငှားရမ်းမည်ဖြစ်သည်။ထို့ကြောင့် 4 ထပ်အထိသာကားမျာရပ်နားခွင့်ရတော့မည်ဖြစ်သည်။ ဆိုင်ခန်းအရေအတွက်စုစုပေါင်း 30 ခန့်ယင်းနေရာတွင်တိုးချဲ့မည်ဖြစ်ပြီးတစ်ခန်းလျင် အခန်းငှားခတစ်လ ၂ သိန်းခန့်ရှိကြောင်း ပလာဇာတွင်းရှိလက်ရှိရောင်းဝယ်လျက်ရှိသောဆိုင်ခန်းရှင်များထံမှစုံစမ်းသိရှိရသည်။ပလာဇာဒုတိယထပ်နှင့်တတိယထပ်တို့တွင် ရှိသောယခင်ဆိုင်ခန်းဟောင်းများမှာတစ်လလျင်ကျပ် ၃ သိန်းဝန်းကျင်ဖြစ်သည်။……..။