fattyDecember 28, 20111min43927
ကျနော်ကတော့မြို့ပြမှာ မွန်းကြပ်လာပြီဆို ရန်ကုန်နားက ရွာနီး ချုပ်စပ်မှာသွားပြီး တောကလက်ဘက်ရည်ဆိုင်လေးတွေ တကူးတကသွားပြီးထိုင်လေ့ရှိပါသဗျ.။ တညင်ဘက်သွားရင်သွားတယ် …။ ဧရာဝတီတိုင်းတခွင်လှည့်ရင်လှည့်တယ် ..။ အခုတော့ရွာမြင်ကွင်းတွေကလဲပြောင်း ရွာဓလေ့တွေကလည်းပြောင်းကုန်တာ သတိထားမိပါရဲ့။ ရွာတွေမှာ လသာလို့ထုတ်စီးတိုးတန်းမကစားကြတော့ပါဘူးခင်ဗျား အကုန်လုံး ကိုရီးယားကားရှေ့ရောက်ကုန်ကြပါပြီ။ ရွာဓလေ့ ကွပ်ပြစ်နဲ့ ရေနွေးကြမ်းဝိုင်းတောင် ပျောက်ချင်တင်တင်ဖြစ်နေပါပကော ….။ ရွာကလေးတွေ ပုဆိုးကွင်းသိုင်းနဲ့ဂွေလှိမ့်တုန်းမှတ်ပါတယ် ဘယ်ဟုတ်လိမ့်မတုန်း .. ရွာမှာဖွင့်ထားတဲ့ တဆိုင်တည်းသော ဂိမ်းဆိုင်မှာ ကြိတ်ကြိတ်တိုးနေကြလေလေရဲ့။ စဉ်းတော့စဉ်းစားမိပါတယ် ဒီကစ္စက ကျနော်တယောက်ထဲမြင်နေရုံနဲ့မပြီးဘူး အများကဝိုင်းဝန်းပြီးစဉ်းစားကြရမဲ့ကိစ္စပါ။ နိုင်ငံတော်ကပါ စဉ်းစားရမဲ့ကိစ္စပါ ..။ တလောက ပန်းတပွင့်တောင်ဘက်ရောက်ဖြစ်ပါတယ်။ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းလေးတခုဝင်ကြည့်ရင်းကနေ ကလေးတွေပညာသင်နေပုံလေးတွေဝင်ကြည့်ဖြစ်ပါတယ်။ ဘာတွေ့ရလဲဆိုတော့ သင်တဲ့ဆရာက အင်္ဂလိပ်စာအသံထွက်တွေမှားနေတယ် ..။ ကျနော်လဲမနေနိုင်ဘူး ဆရာကိုခေါ်ပြီး ဆွေးနွေးယူရတယ်။ နယ်မှာသင်တာဆိုတော့ဒီလောက်တော့ရှိမှာပေါ့လေ ..။ အဲဒီကျောင်းအတွက်လိုအပ်တဲ့စာအုပ်စာတန်းတွေ ဆရာကိုင် အတွက်ပေါ့ လှူခဲ့ပါတယ် […]


fattyDecember 16, 20111min38012
ဒီခေတ်ကြီးဟာ နေရာတကာပြိုင်နေကြရတဲ့ခေတ်ကြီးပါ …။ ကဲ .. လူငယ်လေးတွေစုပြီး လူငယ်စုံတွဲတွေ အေးအေးဆေးဆေးနားထောင်နိုင်တဲ့ Music သရေတာ တခုတီထွင်ထားပါတယ်။ Music ဝါသနာပါကြတာသိတော့ အရသာအပြည့်အဝရအောင် ဖန်တီးထားပြီး အအေးခန်းထဲမှာ ငြိမ့်နေအောင်နားထောင်နိုင်ကြမှာပါ။ ပြီးတော့ ကျန်တာတွေဘာပါသေးလဲတော့မသိပါဘူး ..။ တီထွင်မှုကတော့ချီးကျူးစရာပါ ….။ လူငယ်တွေတင်မက လူကြီးတွေကြိုက်ကုန်မှာလဲစိုးရပါတယ် …။


fattyDecember 13, 20111min45014
ကျနော့အိမ်နီးနားချင်းတဦးဟာ မျက်စိရှေ့မှာတင်ဘဲ နေမကောင်းဖြစ်ပြီး ချက်ချင်းပိန်ကျသွားပါတယ်။ ပထမတော့ TB ဖြစ်တယ်လို့ပြောသေးတယ်။ ကျနော်ကတော့ရိတ်မိလိုက်ပြီ ဒီလူ HIV ဘဲနေမှာဆိုပြီး …။ နောက်တော့ အိမ်ထဲကနေထွက်မလာတော့ပါဘူး။ ရန်ကုန်မှာဆိုတော့ သိကြတဲ့အတိုင်း နယ်မှာလို မစပ်စုကြဘူးလေ သွားလဲမမေးကြပါဘူး။ နောက်တော့ပါတ်ဝန်းကျင်ကပါ သိလာပါတယ်။ သူတို့က ရှမ်းခေါက်ဆွဲဆိုင်ဖွင့်ထားတယ်။ အဲဒီလူက သက်သာလာရင် အပြင်ပြန်ထွက်လာတယ်။ ရောဂါပြန်ထလာရင် အိမ်ထဲကမထွက်ပြန်ဘူး …။ အခုတလောတော့သက်သာနေလို့ ခေါက်ဆွဲတွေဘာတွေ ဝင်လုပ်နေပြီ .. အဲဒါ ကူးစက်တတ်ပါသလားလို့သိချင်ပါတယ်။ နားလည်သူများဖြေပေးစေချင်ပါတယ် .. အများကိုရောင်းနေတာမို့ပါ …။


fattyDecember 12, 20113min52423
ကျနော်တိူ့မိသားစု ပြီးခဲ့တဲ့စနေနေ့က ဆံတော်ရှင်ကျိုက်ထီးရိုးစေတီကိုသွားပြီးဖူးကြပါတယ် ..။ မနက် ၅ နာရီ အငှားကားကလာကြိုပါတယ်။ တယောက်ကို ၃၅၀၀ဝ ကျပ်ပေးရတယ် နေ့ချင်းပြန်ပေါ့။ ခရီးသွားလုပ်ငန်းတွေများလာတော့အပြိုင်အဆိုင်ဝန်ဆောင်မှုတွေပေးကြတယ်။ ကောင်းသောလက္ခဏာပါ။ ၄ နာရီခွဲကထဲ ဖုံးဆက်ပြီးနှိုးပေးသေးတယ်။ ကားကတော့ စူပါကပ်စတန်ကားပါ။ ကျနော်တို့ကသုံးယောက် နောက်လူတွေကတော့ နိုင်ငံခြားသားတယောက်နဲ့မြန်မာတယောက်ပေါ့ အားလုံးမှငါးယောက်ထဲပါ။ ရိုက်လို့ရသမျှဓာတ်ပုံလေးတွေ တင်လို့ရသမျှတင်ပေးလိုက်ပါတယ်ဗျား …..။ ပထမဆုံးပုံလေးကတော့ ဝေါ မှာလက်ဖက်ရည်သောက်ကြရင်း ကလေးမလေးတယောက် ဗျိုင်းကလေးတွေလာရောင်းလို့ ရိုက်ထားလိုက်တာပါ။


fattyDecember 6, 20111min63929
ကျနော်တို့နိုင်ငံကို စကာင်္ပူနိုင်ငံလိုဖြစ်အောင်လုပ်ဖို့ပြင်ဆင်နေကြပြီထင်ပါတယ်။ ဝမ်းသာစရာပါ …………..။ ဘာတွေကစပြီး ဘာတွေပြင်ဆင်မှာလဲ ….. ကျနော်စဉ်းစားမိတာလေးတွေအနည်းအကျဉ်း ပြောချင်တာပါ ..။ ကျနော်တို့လူမျိုးတွေအားနည်းတာက ပထမဆုံး Plan ချလေ့သိပ်မရှိပါဘူး ..။ ဘယ်နှနှစ်အတွင်းအပြီးဆိုပြီး target မရှိဘူးထင်ပါတယ်။ ဒါမှမဟုတ် ကျနော်တို့ပြည်သူတွေများ မသိတာလား ကျနော်ဘဲမသိတာလားတော့ မဆိုနိုင်ဘူး ။ Fail for plan is plan for fail တဲ့ဆိုသမို့လား ..။ ကျနော်သိသလောက်က မိုးပျံ မီးရထားလမ်းတွေဆောက်တော့မယ် …။ မိုးပျံတံတားတွေဆောက်တော့မယ် …။ ဂုံးကျော်တံတားကြီးတွေလာတော့မယ် ….။ ရုပ်ပိုင်းဆိုင်ရာတွေပြောင်းလဲပြစ်သလို စိတ်ပိုင်းဆိုင်ရာတွေလည်းပြောင်းလဲဖို့လိုပြီပေါ့ ….။ အခြေခံအကျဆုံး အနေအထိုင် အစားအသောက် လူမှုဆက်ဆံရေးကအစ ပြောင်းလဲရမှာပါ …..။ အစိုးရဘက်ကလည်းအစိုးရအလျှောက် ပြည်သူတွေဘက်ကလည်းပြည်သူတွေအလျှောက် လိုအပ်တာတွေပြောင်းရမှာပေါ့ ….။ ဘာတွေပြောင်းသင့်သလဲဗျ […]


fattyNovember 25, 20111min38712
ယနေ့ထုတ်ဂျာနယ် သတင်းစာ များတွင်အထက်ပါသတင်းပါလာပါတယ် …။ အဲဒီနေရာမှာတော့ နေ့ရောညပါ လာရောက်ကြည့်ရှု သူလှုဒါန်းကြသူများ များပြားနေပါတယ် ..။ အနီးနားဝန်းကျင်ကတဦးကမူ ကျမတို့ကအိမ်နားနီးတော့ ဘယ်အချိန်သွားသွားရတာဘဲဆိုပြိးနေလိုက်တာ မနေ့ကမှဖူးဘို့သွားတော့ ည ၃ နာရီမှဖူးခဲ့ရပါတယ် ..။ လူကြီးတွေလာကြည့်ပါတယ် မြို့နယ်မှုးနဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေလာစစ်ကြပါတယ် …။ သူတို့သောက်တော်ရေခွက်ထဲမှာ အဲဒီလို စွယ်တော်ပုံပေါ်နေတော့ ဘာမပြောညာမပြောနဲ့ ရေခွက်ထဲလက်နှိုက်ပြီးမွှေလိုက်ကြတယ် ..။ ပြီးတော့ရေတွေသွန်ပစ်လိုက်တယ်။ ရေအသစ်ပြန်ထည့်တယ် ပေါ်နေတာဘဲ။ နေရောင်ထိုးလို့ပေါ်တာလို့ပြောရအောင်ကလည်း ညပါပေါ်နေတာပါ ..။ နောက်လူကြီးတွေက မီးတွေမှိတ်ခိုင်းတယ် တအိမ်လုံး မှောင်ကျသွားတယ် ..။ သူတို့ပါလာတဲ့လက်နှိပ်ဓာတ်မီးတွေနဲ့ အပေါ်ကထိုးကြည့်လိုက်အောက်ကထိုးကြည့်လိုက် ဖန်ခွက်ကိုတည့်တည့်မထိုးဘဲ တခြားဘက်ကိုထိုးထားလည်း ပေးနေတာပါဘဲ ..။ အခုဆို အနယ်နယ်အရပ်ရပ်ကပါ ညပိုင်ရော မိုးအလင်းတန်းစီပြီးလာဖူးကြပါတယ်။ ထူးခြားတာတခုက တဖြေးဖြေးကြည်လင်နေတာကနေ ရွှေအဆင်းကိုပြောင်းနေပါပြီ။ နောက်တခုက လူတွေက […]


fattyNovember 23, 20111min26819
ဒီဘက်ခေတ်ရောက်လေလေ လူငယ်လေးတွေက ဘယ်နေရာမှာမဆို Branded ကိုရွေးချယ်လာတာတွေ့ရသဗျ ..။ ကျနော်တို့ ငယ်စဉ်ကများဆို နယ်ကလည်းဖြစ်တော့သိပ်နားမလည်ပေါင် ..။ ပစ္စည်းတခုလိုချင်ရင် တွေ့တာဝယ်လိုက်တာပါဘဲ။ တခုတော့ရှိတာပေါ့လေ .. ငယ်တုန်းက ရွေးဖို့အခွင့်အရေးမပေးခဲ့တာလဲပါတာပေါ့ ..။ မှတ်မိကြလား အပ်ချီလုံး ဆပ်ပြာရွှေဝါတောင့် ဓါတ်ခဲ ပရုပ်လုံး ကအစ အစိုးရကပေးမှ ဝယ်ခွင့်ရကြတာ …။ အခုခေတ် လမ်းပေါ်မှာ အဝေးပြေးကားဂိတ်တွေမှာ ဈေးဗန်းလွယ်ပြီးရောင်းနေကြတာ အစုံပါတယ်လေ နဖါကလော်ကအစပေါ့ အဲ .. အဲ ဒါတွေကိုအစိုးရက ခွင့်ပြူမှဝယ်ရပါတယ်ပြောနေ ..။ ဒီခေတ်လူငယ်တွေယုံပါ့မလားတောင်မပြောတတ်ဘူး ..။ ထားပါတော့ ပြောချင်တာက ဒီခေတ်လူငယ်တွေကြတော့ရွေးစရာတွေကများနေပြီ ဘာကိုြကြည့်ပြီးရွေးကြတာလဲ ..။ Brand ကိုကြည့်ပြီးရွေးကြတာများပါတယ်။ တယောက်နဲ့တယောက်လဲ အသုံးအဆောင် တွေက Branded ဟုတ်မဟုတ် အကဲခတ်ကြသေးတယ်။ အောင်မလေး… ခေါင်းကအစ […]