Branded ….. မှကြိုက်တယ်ဆိုရင်

fattyNovember 23, 20111min17819

ဒီဘက်ခေတ်ရောက်လေလေ လူငယ်လေးတွေက ဘယ်နေရာမှာမဆို
Branded ကိုရွေးချယ်လာတာတွေ့ရသဗျ ..။
ကျနော်တို့ ငယ်စဉ်ကများဆို နယ်ကလည်းဖြစ်တော့သိပ်နားမလည်ပေါင် ..။
ပစ္စည်းတခုလိုချင်ရင် တွေ့တာဝယ်လိုက်တာပါဘဲ။
တခုတော့ရှိတာပေါ့လေ ..
ငယ်တုန်းက ရွေးဖို့အခွင့်အရေးမပေးခဲ့တာလဲပါတာပေါ့ ..။

မှတ်မိကြလား အပ်ချီလုံး ဆပ်ပြာရွှေဝါတောင့် ဓါတ်ခဲ ပရုပ်လုံး
ကအစ အစိုးရကပေးမှ ဝယ်ခွင့်ရကြတာ …။
အခုခေတ် လမ်းပေါ်မှာ အဝေးပြေးကားဂိတ်တွေမှာ ဈေးဗန်းလွယ်ပြီးရောင်းနေကြတာ
အစုံပါတယ်လေ နဖါကလော်ကအစပေါ့ အဲ .. အဲ ဒါတွေကိုအစိုးရက
ခွင့်ပြူမှဝယ်ရပါတယ်ပြောနေ ..။
ဒီခေတ်လူငယ်တွေယုံပါ့မလားတောင်မပြောတတ်ဘူး ..။
ထားပါတော့ ပြောချင်တာက ဒီခေတ်လူငယ်တွေကြတော့ရွေးစရာတွေကများနေပြီ
ဘာကိုြကြည့်ပြီးရွေးကြတာလဲ ..။

Brand ကိုကြည့်ပြီးရွေးကြတာများပါတယ်။ တယောက်နဲ့တယောက်လဲ အသုံးအဆောင်
တွေက Branded ဟုတ်မဟုတ် အကဲခတ်ကြသေးတယ်။
အောင်မလေး… ခေါင်းကအစ ..ခြေဖျားအဆုံးကြည့်ရုံတင်မကဘူး ..
ပြတဲ့သူကလဲ အတွင်းခံဘောင်းဘီပါ Branded ဖြစ်ကြောင်းကို
ပြကြသေးသဗျား ……….။
အပြင်ကဘောင်းဘီရှည်ဝတ်ထားတာတောင် မိန်းကလေးတွေပြောပါတယ်
ဖင်ဖေါ်ထားကြသေးတယ် …။
အစက ကျုပ်ဖြင့်နားမလည်ပါဘူး ..။ ကျုပ်သားတွေမေးကြည့်ရတယ် ..။
တချို့မိန်းကလေးတွေဘောင်းဘီရှည်ဝတ်တာက ဖင်အောက်လျှောကြနေပါလားကွ လို့
မင်းတို့ခေတ်ကလည်းလွန်လှချေလား လို့လေ ..။
အဲဒါက အောက်ခံဘောင်းဘီ Branded ဖြစ်ကြောင်းပြချင်လို့ပါ အဖေရာတဲ့ ..
ကောင်းရော . ကိုင်း …လုပ်လိုက်ကြကွ ..။
ဟင်း ဖင်ဆွဲပြီး ချလိုက်ချင်တယ် ကြိမ်တုတ်နဲ့ပါ ..။

အဲဒါဘဲ Branded ဆိုတာ …။
The Brand shows its high quality လို့ဆိုသမို့လား …
စဉ်းစားကြည့်ကြပါ ..။
ဒီကနေ့လူငယ်တွေ ဖိနပ်တို ပိုက်ဆံအိပ်တို့ဆို LV မှ LV ဘဲလေ ..။
မိန်ကလေးတွေကလည်း အိမ်ကမဒန်ကြီးပါ ဒေါက်ဖိနပ်ဆို ဘာတဲ့ … ပရာဒါ ဆိုလားဘဲ။

ကျုပ်ဒီမှာတင်စဉ်းစားမိတာတခုရှိလာတယ် ..။
ပစ္စည်းတွေချည်းဘဲ Branded ဖြစ်နေမဲ့အစား လူတွေရော branded ဖြစ်လာရင်မကောင်းဘူးလားလို့ပါ ..။
တယောက်ချင်းတယောက်ချင်းစီက ဘီလဂိတ်တို့လို ဒေါ်အောင်ဆန်းစုကြည်တို့လို အိုဘားမားတို့လို
အဲသလို brand ပေါက်အောင် သူ့ပတ်ဝန်းကျင်နဲ့သူပေါ့ လုပ်ကြရင်ဖြင့် …..
ဗဲလူးမြင့်တဲ့လူသား အများက အသုံးပြုမဲ့လူသားဖြစ်လာကြမှာပါလို့ လေ ..။

ကြုံတုံးမို့ပြောအုံးမယ် …
တာတာကားတွေကတော့ သူ့Brand သူထိမ်းထားတယ် ကမ္ဘာပေါ်မှာ
ဈေးအသက်သာဆုံးကားဖြစ်ရမယ်တဲ့ အိမ်အရောက်မှ ဒေါ်လှ ၂၀၀ဝ ပါတဲ့
လူတွေကလဲဝယ်ချင်လှပါပြီ အခွန်ကလဲကောက်ရမှာဆိုတော့
တာတာဘက်က လက်မခံနိုင်ဘူးဖြစ်နေတယ် ..။သူ့ပေါ်လစီနဲ့မကိုက်ဘူးပေါ့
ကဲဘယ်လိုလုပ်ကြမှာလဲ …။

ဘယ်လိုမှလုပ်မနေနဲ့ကို့ကိစ္စမဟုတ်ဘူး ကိုယ်ကကိစ္စက
ကိုယ်ကိုယ်တိုင်လဲ Branded ဖြစ်အောင်လုပ်ကြပါလို့ ….။ ။

19 comments

  • ပေါက်ဖော်

    November 23, 2011 at 11:58 am

    ဂလိုလား..
    တိပါဘူး..ကန်မလေးတွေဖင်ဖော်တာ ကုသိုလ်ရချင်လို ့လားလို ့..
    ဘယ်ဟုတ်မတုန်း..အတွင်းခံဘောင်းဘောင်း ကြွားတာတဲ့.

    အင်းလေ..ကြွားချင်ကြွား..မကြွားချင်နေ..ငန်းရရင် ပြီးတာပါဘဲ..ကုသိုလ် ရပါတယ်..ကွယ်..
    အဲလိုမြင်မှ..အဘမျက်စိက ပြန်ပြန်ကြည်လာတာမိုလို ့ပါ 😆

    ပေါက်-ပေ-လူး-ဂီ-အီး-မှော်-စည် မှ..
    မငန်းဆုံး သိုင်းသမားငယ်..

    • “ဘီလူးကြီး”ogre

      November 23, 2011 at 6:07 pm

      ပေါက်ဖော်ရယ် ..ငါတော့
      ကောင်မလေးတွေ ဖင်ဖော်တဲ့ကိစ္စ ကို
      အခု“လေးဖက်”ပြောမှ သိရတယ် ငါတော့….တော်တော်ညံ(စ်)နေပြီပဲ
      အင်းလေ ငါက brsnd မှ မကြည့်မိပဲ ထင်ရှားတဲ့ဟာလိုက်ကြည့်ရင်း brsnd
      ပျောက်နေတာဖြစ်မယ် ..ကျုပ်မြင်တဲ့ brand က တံဆိပ်ပါပြီး စာတမ်းမတွေ့ရဘူးဖြစ်နေတာလေ
      🙂 😛

  • weiwei

    November 23, 2011 at 12:05 pm

    ကျွန်မကတော့ branded အစွဲမရှိဘူး … ဘာပစ္စည်းမဆို ကောင်းတာလေးတော့ ရွေးသုံးဖြစ်ပါတယ် …
    လူကိုလဲ weiwei’s brand ဆိုပြီး အသစ်ထွင်ထားတယ် … ကိုယ်ပိုင် brand ပဲ … 😛

  • ကြောင်ကြီး

    November 23, 2011 at 12:08 pm

    တာတာက သူ့ကားတွေ သုံးလေးဆ တက်သွားမှာကို လက်မခံနိုင်တာလား ဦးဖက်။ တခါ သတင်းထဲမှာ စက်မှုဝန်ကြီးပြောပုံက တာတာလူစီးကားတွေက အဆင့်မရှိလို့ လာမထုတ်လည်း ပြသနာမရှိဘူးလို့ ဖတ်ရတယ်။ ကုန်တင်ကားတော့ ဆက်ထုတ်ဖြစ်မယ်လို့လည်း မှတ်လိုက်တယ်။ သိရင် ဆက်ပါအုံး။ ဒါနဲ့ ဂန္ဓာရီအကြောင်းတွေလည်း မဆက်တော့ဘူးလားဗျို့..။။။။ 🙂

  • inz@ghi

    November 23, 2011 at 12:28 pm

    Branding နဲ့ဆိုင်လို့ ဝင်မန့်ပီဗျ…

    Branding ဆိုတာ အလယ်ခေတ်က စပါတယ်တဲ့
    ဥရောပမှာ သိုးတွေ နွားတွေ မွေးတဲ့ခြံ တွေ လုပ်ငန်းတွေမှာ
    ကပ်လျက် ခြံက အကောင်နဲ့ ကိုယ့် အကောင်နဲ့ ခွဲရလွယ်ဖို့ရယ်
    နောက်တချက်က ဈေးမှာ သွားရောင်းတဲ့အခါ
    သည်ခြံက နွားက အသားကောင်းတယ် ဟိုခြံက နွားက ဘာဖြစ်တယ်
    အစရှိသဖြင့် ကိုယ်ပိုင် အမှတ်တံဆိပ်အနေနဲ့ သံကိုမီးပူပေးပီး
    အဲ့သည့် တိရိစာ္ဆန်တွေအပေါ်မှာ အမှတ်သညာ ပြုကြပါသတဲ့

    Branding အကြောင်းဆို ထမင်းလွတ် ပြောရမှာ မို့ တော်သေးဘီ….

  • windtalker

    November 23, 2011 at 12:31 pm

    ဘရန်းဒက် လားလို ့ဆိုလာရင်ပေါကောင်း မှန်ရင် မိုင်ဘရန်းပါခင်ဗျာ ဦးဖက်တီးရေ

  • fatty

    November 23, 2011 at 1:07 pm

    ဂီဂီပြောတော့ဗဟုသုတရတာပေါ့ ..။
    အခုခေတ် Brand Manager ဆိုပြီးလဲသပ်သပ်ရှိပြန်တယ်။
    ကိုယ့် Brand ကိုပေါက်အောင်လုပ်ဖို့ QC ထိမ်းဖို့ပေါ့လေ ..။
    မဝေပုံစံကြည့်ကထဲက ကိုယ်ပိုင် Brand ရှိမှန်းသိသာပါတယ် .. အနေအထိုင် သေသပ်လှတယ်
    အတော်စည်းကမ်းကြီးပုံရတယ် ..။ ဥပုတ်သည်ပုံစံနဲ့ …။

    • inz@ghi

      November 23, 2011 at 1:16 pm

      လေးဖက် ရေ.
      brandy အဲ့လေ Branding ကို သပ်သပ်ရေးပါ့မယ်ခင်ဗျ…
      Brand Manager (အစစ်) ကို Marketer လောကမှာတော့ အမြင့်ဆုံး အထူးချွန်ဆုံး
      အမျိုးအစား အဖြစ် သတ်မှတ်ကြပါတယ်ဗျ(ကွဲလွဲနိုင်ပါသည်)

      ဘာကြောင့်လဲဆို သူက Marketing Skills only နဲ့ လုပ်စားလို့ မရလို့ပါပဲ …
      Mkt Skills plus alpha psychological skills(တချို့ Marketerများ applied psychology ဖတ်ကြသည်)
      industrial knowledge and ယနေ့ခေတ်ဆို technical know-hows ပါတတ်ကျွမ်းမှ ဖြစ်မှာမို့လို့ပါ

      Brand ဟာ အနုပညာ တရပ်လို့ တင်စားချင်ပါတယ်

      ခင်တဲ့
      ဂီဂီ

  • MaMa

    November 23, 2011 at 2:33 pm

    Branded ကို ကြိုက်တယ်။ ဈေးကြီးတာကို မကြိုက်ဘူး။ အဲဒါကြောင့် discount ချတဲ့ အချိန်ပဲ ပြေးဝယ်တယ်။ ပုံမှန်ဆိုရင်တော့ ပေါချောင်ကောင်းလေး ပဲ။ 😀

  • စုံ စုံ

    November 23, 2011 at 4:40 pm

    Branded ကောင်းကောင်းဆိုရင်တော့ကြိုက်တာပေါ့လေ
    ဒါပေမယ့် ကိုယ့်ဝင်ငွေနဲ့ကိုယ်ဆိုတော့ တော်တန်ယုံမဝယ်နိုင်ပါဘူး
    ဒါကြောင့် ငေးသာငေးသည် မဝယ်မိ ဖြစ်နေတယ်
    ဦးဖက်တီးပြောတာလေးကစဥ်းစားစရာဖြစ်သွားတယ်
    အသုံးအဆောင်တွေတင် Branded မဟုတ်ဘဲ လူတွေပါ Branded ဖြစ်ဖို့ဆိုတာကို
    ဒီပို့စ်ကို Branded မှ Branded ဖြစ်နေတဲ့ ဘော်ဒါတွေကိုပေးဖတ်ချင်တယ်
    ဘာပြောကြမလဲလို့

    • inz@ghi

      November 23, 2011 at 4:49 pm

      Brand တွေမှာ color ရှိတယ်ဗျ…
      လူတွေ သာမန်အားဖြင့် မမြင်တဲ့ color

      အနီးဆုံးပြောရရင် အဆိုတော်တွေကို vocal color တွေ တံဆိပ်တပ်ကြသလိုပေါ့
      color လို့ပြောလိုက်ရင် နီနီ စိမ်းစိမ်းကြီးတွေပဲ မြင်နေတဲ့လူကများတာကိုး ..
      တကယ်က ဆိုလိုချင်တာက သူ့ အပြင်းအပျော့ သူ့အပေါ်လွှမ်းမိုးမှု
      သူက လွှမ်းမိုးမှု ….environment အပေါ် သူ့ ဩဇာ သက်ရောက်မှု …
      ဒါမျိုးတွေက Brand color ပါတဲ့ …သည်တော့ ကျနော်တို့ လူတွေဘက်မှာလည်း
      color က ရှိသတဲ့ဗျာ … အသားအရောင် ကိုးကွယ်တဲ့ဘာသာ နေရာ ထိုုင်ခင်း ကစလို့
      နားထောင်တဲ့ music, living style, career တွေကို ခြုံငုံပြီး Brand preference တွေ
      ဖြစ်လာရပါတယ်တဲ့ …. ဆြာတယောက် ပြောဖူးတဲ့ စကားလေးကို ခုခေတ်နဲ့
      လျော်ညီအောင် ပြန် adapt လုပ်ပြီးပြောရရင် ဝတ်မှုန် ရွှေရီလို မိန်းမမျိုးကို
      ရောင်း ရတဲ့ brand ဟာ ဖွေးဖွေးလို မိန်းမမျိုး ကိုရောင်းလို့ ရဖို့ မသေချာပါဘူး….

      သည်ဥပမာဟာ social class ချင်းတူရင် နာမည်ကြီးတာချင်း ပိုက်ဆံရှိတာချင်း
      မကွာရင်တောင် သူတို့ရဲ့ preference ချင်းက ကွာပါတယ်ဆိုတာကို ပြပါတယ်
      Branding က ကျနော်တို့ ထင်တာထက် ကို သိမ်မွေ့ပါတယ်ဗျာ..

      (ကျနော် ရေးပါ့မယ် ကတိပေးထားပါတယ် …ရေးဖြစ်ရင် ဝင်ဆွေးနွေးပေးဦးနော့်ယယ)

      ခင်တဲ့
      အင်ဇာဂီ..

  • etone

    November 23, 2011 at 4:50 pm

    လေးဖက်က အခုမှ မြင်ဖူးတာ …. သမီးတို့ဆို ကျောင်းတက်ကတည်းက သိတာ … ။
    ကောင်မလေးတွေ ထိုင်ကားယား ၊ ထကားယားတွေလုပ်ပြီး ကုလားမတွေလို ဗိုက်လှပ်ထားကြတယ် … ။ မမြင်သင့်တာမမြင်အောင် သမီးတို့လို ခပ်တုံးတုံး ကောင်မလေးတွေက ဝိုင်းဆွဲချ ၊ ဝိုင်းဖုံးကြနဲ့ပေါ့ … ။ ဒါကို မရွှေချောတို့က ဘာပြောတယ်မှတ်သလဲ .. တမင်မြင်အောင်ဝတ်ပါသတဲ့လေ ….ဘယ်တံဆိပ်က ဘယ်ဈေးရှိတယ်ဆိုတာ …သူတို့အချင်းချင်းတော့ သိပါသတဲ့ … ။ အဲ့ဒီနေရာမှာတင် ပက်လက်လှန်ပြီ လဲသေချင်စိတ်ပေါက်သွားတယ် … 🙁

  • ဆူး

    November 23, 2011 at 4:58 pm

    ရွာထဲမှာတော့ ဆူး စိတ်ကူး ဆိုတဲ့ Brand လူတော်တော် သိနေပြီ။
    အခုတော့ အဲဒီ တံဆိပ် ကို ခဏ နားထားတယ်။ နောက်မှ ဆက်ထုတ်တော့မယ်။

  • Shwe Ei

    November 23, 2011 at 5:13 pm

    ကိုယ့်ကိုယ်ကို Branded ဖြစ်အောင်လုပ်ရမယ်ဆိုတဲ့ idea တော့ကြိုက်သွားဘီ ဦးဖက်ရေ။ မတူသောအတွေးအတွက် ကိုယ်ပိုင်အုန်းစားခံပီး စဉ်းစားအုံးမယ်။

  • blackchaw

    November 23, 2011 at 5:19 pm

    အဲဒီလို ကျတော့ အင်ဇာဂီ လေးက
    ပညာရဲရင့် ပွဲလယ်တင့်ပါပေတယ်ကွယ်။

  • E.T

    November 23, 2011 at 5:39 pm

    MG brand မှာရေးတဲ့သူ အားလုံး branded တွေကြီးပါဘဲ 😀

  • naywoonni

    November 23, 2011 at 7:25 pm

    ဘာလဲဗျ…. ကိုဖက်ရဲ့ branded……..branded……. နဲ့ ပြောသာပြောနေကြတယ်…။ တစ်ကယ်နားမလည်လိုက်ဖူး…။ တောသား စာမတတ်ပေမတတ်လေး နားလည်အောင် တစ်ဆိတ်ပြန်ရှင်းပြပါ့လား ဗမာလိုလေးးးးးးးးး

  • fatty

    November 23, 2011 at 7:59 pm

    ဒီလိုပါကိုနေဝန်းနီရ …ဆူး ကဖြင့်ဘယ်လို …
    တုန်တုန်ကဖြင့်ဘယ်လို …..
    မမကဖြင့်ဒီလို မဝေကဖြင့် ဟိုလို …ဆိုပြိး ဝေဖန်ပြောကြ(အတင်းပြောတာမဟုတ်ပါ)ပါလား
    အဲဒီနာမည်တွေက brand တွေပါဘဲ …။
    အကျီင်္လေးဝယ်ချင်ရင် Brand ရှိတဲ့အင်္ကျ ီ( Branded ဖြစ်တဲ့အင်္ကျ ီ)က Brand မရှိတဲ့တဲ့ အထည်တဲ့
    ပိုပြီးကောင်းတယ်လို့ အများကဝိုင်းပြီးသတ်မှတ်ကြမို့လား …။
    ကျနော်တို့တတွေလဲ ရိုးရိုးကနေ အခုလိုအချိန်အခါမှာ လေယဉ်ကွင်းမှာတန်းစီရင် မြန်မာဆိုနေအုံး
    ဆိုတဲ့ဘဝကနေ ရုံးထွက်ကြရအောင် တဦးချင်းလဲ Branded ဖြစ်အောင်လုပ်ကြဖို့ ပြီးတော့
    မြန်မာနိုင်ငံကိုလဲ Branded ဖြစ်အောင်တဆင့်တက်ပြီးဝိုင်းဝန်းကြဖို့တိုက်တွန်းချင်တာပါ …။

Leave a Reply