fattyJune 25, 20111min53028
အင်းယားသည် ကျနော့ကို မှတ်မိဟန်မတူတော့ …..။ သူ့မှာလဲပုံပြင်တွေအများကြီးလေ … ပုံပြင်တွေထဲက ပုံပြင်လေးတပုဒ်ကို ဘယ်အမှတ်ရပါတော့မလဲ …။ အင်းယားရေကတော့တည်ငြိမ်နေဆဲပါ … ဖြတ်သန်းသွားခဲ့ဘူးသူတွေကသာ …ဘဝလှိုင်းတွေနဲ့ ဘောင်ဘင်ခပ်နေခဲ့ရတာ ….။ ကျနော်တမင်ရွေးပြီး မနက်အစောကြီးသွားခဲ့တာ ….။ ချစ်ကြသူတွေကိုမတွေ့ချင်ပါဘူး ..။ သူတို့ကတော့သိကြမှာမဟုတ်ဘူး ..။ တချို့လဲ လက်တွဲဖြစ်ကြတယ် ..။ တချို့လဲ လမ်းခွဲလိုက်ကြတယ် …။ ကျနော်သူ့ကိုသတိရလိုက်မိတယ် ….။ ဘယ်သူမဆိုလေ ပြန်ပြီးတော့အမှတ်ရမိကြမှာပါဘဲ ….။ အဝေးနေရာတွေအသီးသီးရောက်နေတဲ့ သူတွေအတွက်ပါ ..။ ကျနော်တို့ ထိုင်ခဲ့ကြတုန်းကနဲ့တော့မတူတော့ဘူးပေါ့ ..။ ကြည့်လေ … အမိုးလေးတွေနဲ့ …။ အဝေးရောက် သူငယ်ချင်းတို့ …. အတိတ်ဟောင်းလေးတွေပြန်ပြောင်း အောင့်မေ့ရအောင်လို့ပါ ..။ တခါတလေ … စိတ်တွေပြန်ပြီးနုပျိုသွားတာပေါ့ … လက်တွဲဖြုတ်ခဲ့ကြသူတွေအတွက်တော့ […]


fattyJune 24, 20111min44525
ဒီပိုစ်က တခါတုန်းက ကျနော် တနည်းတလမ်းနဲ့တင်ပြီးသားပါ …။ ဘယ်သူမှ မဖြေနိုင်ကြဘူး ဒီတခါကြိုးစားကြည့်ပါအုံး ..။ တခါက ဘုရင်တပါးက သူ့အမတ်ကြီးကိုဘယ်လောက်ပညာရှိလဲစမ်းချင်လို့ ထောင်ထဲသွင်းလိုက်တယ်။ ထောင်မှာ ထွက်ပေါက် ၂ ပေါက်ရှိတယ်။ တပေါက်က ထွက်ရင် သေမယ်။ တခြားတပေါက်ကတော့ရှင်မယ်ပေါ့။ အဲဒီအပေါက်၂ ပေါက်ကို အစောင့်၂ ရောက်ချထားတယ်။ တပေါက်ကိုတယာက်ပေါ့။ အစောင့်တယောက်က အမှန်အတိုင်းပြောတတ်တယ်။ အခြားတယောက်က လိမ်ညာပြီးပြောတတ်တယ်။ ဘယ်အပေါက်ကို ဘယ်သူစောင့်လဲဆိုတာ အမတ်ကြီးမသိရဘူး။ အမတ်ကြီးကို အခွင့်အရေးပေးထားတယ် ။ တစ်ခွန်းသောမေးခွန်းကို အစောင့်တစ်ယောက်ကိုသာမေးပြီး ထွက်နိုင်တယ်တဲ့။ အဲဒိမေးခွန်းကိုမေးပြီးအမတ်ကြီးက အသက်ရှင်အောင်ထွက်သွားနိုင်တယ်။ အဲဒီမေးခွန်းက ဘာဖြစ်မလဲ။ မှတ်ချက် …. အမတ်ကြီးမေးတဲ့မေးခွန်းကို အင်္ဂလိပ်လို မေးပြရမှာပါ။ ( Sentence တစ်ကြောင်းဘဲဖြစ်ရမယ်နော် ) အချိန်ကို မနက်ဖန် အဖြေမှန်ထုတ်တဲ့အထိ […]


fattyJune 24, 20111min122
ဒီပိုစ်က တခါတုန်းက ကျနော် တနည်းတလမ်းနဲ့တင်ပြီးသားပါ …။ ဘယ်သူမှ မဖြေနိုင်ကြဘူး ဒီတခါကြိုးစားကြည့်ပါအုံး ..။ တခါက ဘုရင်တပါးက သူ့အမတ်ကြီးကိုဘယ်လောက်ပညာရှိလဲစမ်းချင်လို့ ထောင်ထဲသွင်းလိုက်တယ်။ ထောင်မှာ ထွက်ပေါက် ၂ ပေါက်ရှိတယ်။ တပေါက်က ထွက်ရင် သေမယ်။ တခြားတပေါက်ကတော့ရှင်မယ်ပေါ့။ အဲဒီအပေါက်၂ ပေါက်ကို အစောင့်၂ ရောက်ချထားတယ်။ တပေါက်ကိုတယာက်ပေါ့။ အစောင့်တယောက်က အမှန်အတိုင်းပြောတတ်တယ်။ အခြားတယောက်က လိမ်ညာပြီးပြောတတ်တယ်။ ဘယ်အပေါက်ကို ဘယ်သူစောင့်လဲဆိုတာ အမတ်ကြီးမသိရဘူး။ အမတ်ကြီးကို အခွင့်အရေးပေးထားတယ် ။ တစ်ခွန်းသောမေးခွန


fattyJune 24, 20111min35519
မနက် ၄ နာရီခွဲလောက်ဆို ပြည်သူ့ရင်ပြင်မှာ လမ်းလျှောက်သူတွေ လေ့ကျင့်ခန်းလုပ်သူတွေနဲ့စည်ကားနေပါပြီ။ အဓိကကတော့ ကျန်းမာရေးလိုက်စားသူတွေများလာတာပါဘဲ။ မြို့နေလူတန်းစားများ လှုပ်ရှားမှုနဲလာ တော့ နှလုံးသွေးကြောကျဉ်း ဆီးချို သွေးတိုး တွေဖြစ်ပေါ့ ..။ ဖြစ်လိုက်ရင်လဲ ဆေးက လက်တခုတ်လောက်သောက်ရတာဆိုတော့ နောက်ဆက်နေရမဲ့သက်တမ်း မှာ ပြဿနာတွေအများကြီးလေ။ မနက်စောစော ထပြီးလမ်းလျှောက်တဲ့အကျင့် လုပ်ရင်းနဲ့ အဝေးရောက်များအတွက်အမှတ်တရ ရွှေတိဂုံဘုရားပုံတော်တင်ပေးလိုက်ပါတယ်။ ကြည်နူးစွာဖူးမျှော်နိုင်ကြပါစေ ….။


fattyJune 23, 20111min2305
1. ကျနော်တို့တွေ သူငယ်ချင်းတွေနဲ့စုစုပြီး စားကြသောက်ကြတဲ့အခါ ကိုယ်စားတာကိုယ်ရှင်း ဒါမှမဟုတ် အချိုးကျစုထည့်ပြီးရှင်းကြရအောင် ဆိုတာကို …. အမေရိကန် စစ်စတန် လုပ်ကြရအောင်လို့ပြောပြောနေကြပါတယ် ….. အဲဒါကို အင်္ဂလိပ်လို … အမှန်သုံးရင် ဘယ်လိုပြောပါသလဲ ။ ဖြေကြည့်ပါနော …။ 2. ရုပ်ရှင်တွေထဲမှာတွေ့ကြမှာပါ … ဆေးရုံကလူနာသွားမေးရင် ပန်းစီးလေးတွေ ဝယ်သွားကြလေ့ရှိပါတယ်။ ကိုယ်က ဆိုင်ရှင်ပြတာ မကြိုက်ဘူးဆိုရင် …. No, I don’t like that one. လို့ပြောကြမှာပေါ့ …. အဲဒီစာကြောင်းဟာမှားနေပါတယ် ။ အမှန်ပြန်ပြောကြည့်ပါ။


fattyJune 20, 20111min43516
အရင်တပါတ်က … habit, custom, practice, သုံးမျိုးခွဲကြည့်ပြီးပြီမို့ ဖြေချင်သူများဖြေကြည့်ဖို့ …..အတိုဘဲဖြေပါ .. H or C or P ပေါ့ 1. It is now a common practice/custom to allow calculators in maths lessons. 2. Parents need more control over their children’s viewing habits/practice. 3. In accordance with Muslim custom/habit, he was buried within hours of his death. 4. It is […]


fattyJune 17, 20111min1732
ပြီးခဲ့တဲ့ စနေနေ့က လေဆိပ်မှာ ဆေးကုမ္ပဏီတစ်ခုက စီပိုးအတွက်ထိုးဆေးများ လာရောက်ထုတ်ယူတာကိုတွေ့ခဲ့ရပါသည်။ အချိန်မရသဖြင့် အသေးစိတ်မမေးခဲ့ရပါ။ one course အတွက် သိန်း ၄၀ဝ ကျော်ခန့် ကျသင့်မည်ဟုသိရပါသည်။ ဆေးများကို အာနိသင်မပျက်စေရန် 2 ဒီဂရီ စင်တီဂရိတ် မှ 8 ဒီဂရီစင်တီဂရိတ်အတွင်း ထိမ်းသိမ်း ရမည်ဖြစ်ကြောင်းသိရပါသည်။ ဆေးများကို ဆိုင်များသို့ ဖြန့်ချီရောင်းချပေးမည်ဟုလည်း သိရပါသည်။ ( မည်သည့် ဂျာနယ်တွင်မှ မဖေးပြသေးပါ။ )


fattyJune 17, 20111min55247
စနေ တနင်္ဂနွေတိုင်း မြေနီကုန်း city Mart ကော်ဖီဆိုင်မှာ ထိုင်နေကြပါ။ ၁၂ နာရီ ခွဲကစပြီးရှိမယ် … ကြုံရင်ဝင်ခဲ့ကြပေါ့ … ဖောရအောင် ..။ အဲ … ထမင်းလေးဘာလေးစားပြီးမှလာနော် … ကော်ဖီဘဲတိုက်နိုင်မှာ။


fattyJune 16, 20111min29812
ကဲ ဒီပိုစ်တင်တာ ၅ ခါရှိသွားပြီ …….. ဓါတ်ပုံမှာတစ်နေတာ ..။ တလောကပါ မင်္ဂလာပွဲ တခုရောက်သွားလို့ အဲဒီပွဲမျိုး မရောက်တာ နှစ်နဲ့ချီနေပြီ ထု့းစံအတိုင်း ပွဲမထွက်ခင် ထိုင်နေတုန်း စားပွဲနားကို ရေနွေးငွေ့ ထောင်းထောင်းထနေတဲ့ပုံးကြီးလာချတယ်။ တခါမှမတွေ့ဘူးဘူးလေ။ နောက်ပြီး အထုတ်တစ်ထုတ်လာချတယ်။ ကျနော်နဲနဲတော့လန့်ပြီ။ လူကြီးတွေလဲတက်တာကိုး … မတော်ဗုံး များဖြစ်နေရင်ဘယ်လိုလုပ်မလဲ။ ကျနော်ခေါ်မေးရတယ်။ အဲဒါမီးခိုးလွှတ်ဖို့ပါတဲ့။ ဟိုတုန်းကတော့ stage show တွေမှာဘဲ လွှတ်တာလေ။ ဓာတ်ပုံကြိုးစားပြိးတင်ကြည့်မယ် ၅ ခါရှိပြီနော် ….။ ကျနော် ဒီရောက်တုန်း ဟိုတယ်ထဲက ပန်းချီကားတွေ .. အလှအပတွေတင်မလို့ပါ ဒါပေမဲ့သိပ်ခက်တယ် နောက်မှ တင်ပါအုံးမယ်။


fattyJune 15, 20111min73735
ကျနော်အထက်တန်းကျောင်းတုန်းက တက်ခဲ့ရတဲ့ကျောင်းကြီးဟာ အင်မတန်ကျယ်ဝန်းပါတယ်။ ဧက ၃ဝ လောက်ရှိထင်ပါရဲ့ …။ ကျောင်းသားဘဝတလျှောက်မှာ တက္ကသိုလ်က ဆရာတွေနဲ့သိပ်မရင်းနှီးခဲ့ပါဘူး။ အထက်တန်းကျောင်းဆရာတွေကိုသာ ပိုလို့သံယောဇဉ် ဖြစ်ခဲ့ရတယ်။ တကယ်တော့ ၉တန်း၁ဝတန်းအရွယ်ဆိုတာ … ဆပ်စလူးထတဲ့အရွယ် .. စိတ်ကစားတတ်တဲ့အရွယ် … ဖလန်းဖလန်းထတယ်ဆိုလားဘဲ .. အဲ .. အဲဒီလိုဖြစ်တဲ့အရွယ်လေ။ ရွပိုးထိုးတဲ့အရွယ် လို့သာပြောကြပါစို့ ….။ အဲဒါကြောင့်လားမသိဘူး အထက်တန်းကျောင်းသားဘဝက သိပ်ပျော်တာဘဲ ..။ ကောင်မလေးတွေကြိုက်တယ် ရီးစားစာပေးတယ် အတိုင်ခံရတယ် ကျောင်းအုပ်ကြီးကခေါ်တယ် ကြိမ်လုံးနဲ့ဆော်တယ် ..။ ဆရာမငယ်ငယ်လေးတွေ မျက်နှာတင်းတင်းလေးတွေနဲ့လဲကြုံရတယ်။ ဆရာမကြီးကြီး အပေါက်ဆိုးတာတွေလဲတွေ့တယ် ..။ ပြီးတော့ အထက်တန်းစည်းကမ်းနဲ့ဆိုတော့ .. ကျောင်းသားတွေကိုမရောဘူး ဒါတောင်ဆရာမ ငယ်ငယ်ချောချောကို စာပေးတဲ့ကောင်ကရှိသေးတယ် … ထားပါလေ အဲဒီအကြောင်းတွေပြောနေရင် ပြိးမှာမဟုတ်ဘူး … […]


fattyJune 15, 20111min1592
လှည်းကူးမြို့နယ်ရှိ ဝက်ခြံတခြံမှ ဝက်ကောင်ရေ ၉ဝ ကျော်သေဆုံမှုဖြစ်ပွါးပြီးနောက် တိရစာ္ဆန်ရောဂါရှာဖွေရေးနှင့်ထိမ်းချုပ်ရေးဌာနမှ ဝက်နားရွက်ပြာရောဂါကြောင့်ဖြစ်ကြောင်း အတည်ပြုပြောကြားလိုက်ပါသည်။ ယခင်က ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြစ်ပွါးသော ဝက်ရောဂါများမှာ ဝက်ပုလိပ်ရောဂါ ဝက်ဝမ်းပျက်ရောဂါဟု အမည်တတ်ခဲ့သည်။ တိမွေးကု ဌာနအနေဖြင့် ရောဂါပြန့်ပွါးနှုန်းအလွန်မြန်ဆန်နေသဖြင့် ဝက်မျိုးတုန်းသွား မှာပင် စိုးရိမ်နေရကြောင်းသိရသည်။


fattyJune 14, 20111min1783
အဖြေမှန်က They encourage the practice of teachers reading aloud to young children. ဖြစ်ပါတယ်။ .. မှန်တဲ့သူမှန်ကြတယ်ပေါ့ ကိုကိုေကြောင်ကတော့ ပထမ တပုဒ် လိုသွားလို့ sorry နော် ..။ habits … customs …. practices … တို့ကိုခွဲခြားသိရပါမယ် …။ ဒိတခါမေးခွန်းမဟုတ်ပါဘူး နမူနာလေးတွေကြည့်စေချင်ပါတယ် …။ A habit is something a person does regularly in a particular way as part of their everyday life, often without thinking about […]


fattyJune 13, 20111min1974
လူတယောက်က အခုလိုမေးလိုက်တယ် ….. How did you know about it ? မင်း .. ဒီအကြောင်းဘယ်လိုသိလဲပေါ့ …. ပြန်ဖြေတဲ့သူက ……………. My friend told me … လို့ဖြေလိုက်တယ် ။ အဲဒီအဖြေပုံစံဟာ မှန်ပေမဲ့ အသုံးအနှုန်း ပြောပုံ English ကနိမ့်နေပါတယ်။ ဆိုလိုတာက သူ့ထက်ကောင်းတဲ့ ဖြေပုံမျိုးရှိသေးတယ်။ အဲဒါကိုဖြေပြပါ။ စာကြောင်း ၂ကြောင်းထဲက မှန်တာကိုရွေးပြပါအုံး။ ဘာကြောင့်ဆိုတာတော့ ရှင်းပြအုံးနော် ..။ 1 . They encourage the practice of teachers reading aloud to young children. 2 . They […]