fattyJune 13, 20111min38115
စိမ်းလဲ့တင်ခြံကြီး ဟာ ဧကပေါင်းများစွာကျယ်ဝန်းပြီး ခေတ်မီတဲ့ ဘန်ဂလို လေးတွေရှိတဲ့ ရန်ကုန် ကျိုက်ထီးရိုး သွားကားလမ်းပေါ်မှာရှိပါတယ် ..။ အပင်ပေါင်းမျိုးစုံအောင်စိုက်ပျိုးထားပြီး ရှားပါးတိရီစာ္ဆန်တွေပါမွေးမြူထားပါတယ်။ ကျိုက်ထီးရိုးသွားရင်း ဝ်ငပြီးနားနိုင်တည်းခိုနိုင်တာပေါ့ ..။ အဲဒီခြံကြီးထဲက ဖင်ကောက် လိုင်စင်မဲ့တွေ အစီး ၁၀ဝ ကျော်ဖမ်းမိပါတယ်။ လွန်ခဲ့တဲ့ ၂ ပါတ်လောက်ကပါ။ နယ်စပ်စည်ပင် နယ်စပ်ကုန်သွယ်ရေးက အရာရှိတွေ တော်တော်ပြုတ်ကုန်တယ်လို့လဲသိရပါတယ်။ ဒီသတင်းကို ဂျာနယ်တွေမှာ မတွေ့မိသေးပါဘူး ..။ သတိထားဖို့က …. လေလံပစ်နိုင်တာကြောင့် … ကားဝယ်ရောင်းတွေ သတိသာထားကြတော့ ….။


fattyJune 12, 20111min1653
အခုကျင်းပနေတဲ့ စကာင်္ပူ IT show မှာ ဈေးတွေ အတော်ချနေကြောင်းသိရပါတယ် ..။ canon Auto Camera တစ်လုံးကို … s$ 89 ဘဲရှိပါတယ် ….။ external hard drive .. 1 TB ( 1000 GB ) latest ….. S$139 with 3 year warranty ဘဲရှိပါတယ် ..။ ဈေးဝယ်ချင်သူများအတွက်ပါ …. သတင်းပါးလိုက်ရပါတယ်ဗျား …။


fattyJune 12, 20111min2848
အောက်ပါ သုံးကြောင်းထဲက ဘယ်စာကြောင်းမှာနေလဲ ရွေးပြပြီး ဘာကြောင့်မှားလဲ ရှင်းပြပေးစေလိုပါတယ် ..။ 1 . The flight was delayed due to technical problems. 2 . The flight was delayed for technical reasons. 3 . The flight was delayed due to technical reasons. ok နော် မေးခွန်းတခုထဲရယ် …..။


fattyJune 12, 20111min29117
ကျနော်ကိုယ်တိုင်လဲလေ့လာနေဆဲပါ။ ယနေ့ခေတ်လူငယ်များအတွက် English နဲ့ပါတ်သက်လို့ သင်တန်းအသီးသီးမှာ level အသီးသီး နဲ့လေ့လာနေကြရပါတယ်။ တဒေါင့်တနေရာက အထောက်အကူဖြစ်တန်ကောင်းရဲ့လို့ တင်ပေးလိုက်ပါတယ်။ ပိုစ်တခုကို အားလုံးမှန်ရင် ၁၀၀ဝ ကျပ် ချီးမြင့်ပါ့မယ်။ အနဲဆုံး ပိုစ် ၅ ခု စလုံးမှန်ရပါမယ်။ ၅၀၀ဝ ကျပ်ပြည့်တိုင်းတခါပေးမယ်ပေါ့ ..။ ကဲစပြီနော် …. ( ကျနော်ကိုယ်တိုင် လေ့လာနေဆဲဆိုတာလဲမမေ့နဲ့အုံးနော် ) ၁။ My uncle who lives in England is a doctor. ၂။ My uncle, who lives in England is a doctor. အဲဒီနှစ်ကြောင်း ရဲ့ အဓိပ္ပါယ် ခြားနားချက်ကိုရှင်ပြပေးပါ။ ၁။ […]


fattyJune 9, 20111min2686
တလောကစပြီး ဘယ်မှာမှညွှန်ကြားချက် မတွေ့ရဘဲ ရဲစခန်းများက သတင်းကြောင်း ဒိုင်များရပ်ဆိုင်းသွားရပါတယ် ..။ အထူးသဖြင့် နယ်မှ တောင်သူ လယ်သမားများ လက်လုပ်လက်စားများ အများစုဟာ လုပ်ငန်းခွင်ဘက်ကိုပြန်ပြီး ဦးလှည့်ကြတာတော်တော်များများတွေ့ရလို့ဝမ်းသာစရာပါ ..။ ဒိုင်များဘက်ကတော့ hand phone တွေအသုံးပြုပြီး ပြန်လည်လှုပ်ရှားဖို့ တာဆူနေကြပြန်တာ တွေ့ရပါတယ်။ ဒီတခါ ရဲကိုပါ ဆက်ကြေးပေးစရာ မလိုတော့လို့ ပိုပြိး ok တဲ့အကြောင်းလဲပြောကြပါတယ်။ အချင်းချင်းဓါတ်သိ လက်ကြီးထိုးသမားများကိုသာ လက်ခံမယ်လို့လဲပြောကြပါသေးတယ် ..။ ဘာပြောပြော သာမာန် ပြည်သူအမျးစု အတွက် လောင်းကစားမှုတခု အတော်အတန်ရပ်ဆိုင်းသွားတဲ့အတွက် အောင်မြင်မှု အတိုင်းအတာတခုအနေနဲ့ရလိုက်ပါတယ် ..။ လာဘ်ပေးလာဘ်ယူတိုက်ဖျက်မှုလည်း ထိုနည်းတူ အောင်မြင်မှုတရပ် အတိုင်းအတာ တခုထိ ထိရောက်သွားစေချင်ပါတယ် ..။ ဒါပေမဲ့ ဘာသတင်းမှ ထူးထူးခြားခြား ထွက်တော့မလာသေးပါ။


fattyJune 8, 20111min34718
ကျနော် ၁ဝတန်းအောင်တဲ့အထိ လူရိုးလူကောင်းလေးပါ ….။ တက္ကသိုလ်လဲရောက်ရော .. နောင်တော့်နောင်တော်များရဲ့ သင်ပြမှုနဲ့ ဖဲရိုက်တတ်လာပါတယ် …။ ကျနော်တို့ခေတ်တုန်းကတော့ တွန်တီဝမ်း နဲ့ ရှိုးပေါ့ဗျာ ………….။ မအိပ်မနေရိုက်ကြတယ် .. ကျောင်းမတက်ဘဲနဲ့ရိုက်ကြတယ် ..။ ထိုင်ရတာဖင်တွေပူလာတော့ ဝမ်းရားမှောက်ရိုက်တယ် …………….။ အဲဒီခေတ်က အိမ်က တစ်လ ၃၀ဝ ပို့တယ် .. အဆောင်ကြေးက ၇၅ ကျပ်ထင်တာဘဲ ထမင်းလခရော လောက်တဲ့အပြင် နေ့တိုင်း ဦးချစ်ဆိုင်မှာ ထိုင်နိုင်သေးတယ် ………………………..။ ကျနော်ကတော့တခါတခါ အိမ်က ငွေဒီနေ့ရ နောက်နေ့ဆိုကုန်ပြီ ဖဲရုိုက်လို့ ……….။ ကျနော့ကံကလဲ ဖဲရိုက်တိုင်း နိုင်တယ်ကိုမရှိပါဘူး ……….။ တခါမှ ဝိုင်းကနေ နိုင်လို့ထသွားရတယ်ဆိုတာကိုမရှိဘူး …………..။ ဟိုဟာပေါင် ဒီဟာပေါင်နဲ့ တခါတခါ ပုဆိုးဝတ်စရာမရှိလို့ […]


fattyJune 8, 20111min2569
ဆင်တဲ ဆိုတဲ့ရွာလေးပါ …..။ယင်းမာပင်မြို့နယ် စစ်ကိုင်းတိုင်းမှာရှိတယ် …။ မြို့နဲ့အတော်လေးဝေးပြီး အများအားဖြင့်ရွာကလူတွေ မြို့ကိုတောင်မရောက်ဖူးကြပါဘူး ..။ အများစုက လယ်ယာလုပ်ငန်းလုပ်ကြတယ် .. ဆင်းရဲကြတယ် ..။ တစ်ယောက်သောကျောင်းသားလေး မောင်ဝင်းမင်း ကတော့ …… မူလတန်းမှာ ပထမဆုနဲ့အောင်ခဲ့တယ် ..။ ၁၁ နှစ်အရွယ်ရောက်တော့ ကျောင်းထွက်ပြီး လယ်ယာလုပ်ငန်းဘဲလုပ်ခဲ့ရတယ် ..။ မိဘတွေကိုရှာဖွေကျွေးမွေးဖို့ ၁၂ နှစ်သားမှာ ရွာကထွက်ခဲ့တယ် ..။ ဘုန်းတော်ကြီးအဆက်အသွယ်နဲ့သွားတာဆိုတော့ သာသနာ့ဘောင်ဝင်ပြီး နေ့ဝက် အတန်းပညာသင်ပြီး နေ့ဝက် တရားစာတွေသင်ယူခဲ့ရတယ် …။ ကျောင်းချိန်ပြင်ပမှာ စာကြည့်တိုက်မှာ အင်္ဂလိပ်စာ လေ့လာခဲ့ရပါတယ် …။ အင်္ဂလိပ်စာနဲ့ရူပဗေဒ ကိုအထူးစိတ်ဝင်စားခဲ့ပါတယ် …။ ၂၀၀၄ ခုနှစ် ၁ဝ တန်းအောင်တော့ ရန်ကုန်မှာပညာဆက်သင်ဖို့ အခွင့်အလန်းရသွားတယ် ..။ American center […]


fattyJune 7, 20111min3418
news week ဂျာနယ်မှာတွေ့လိုက်ရတာပါ ……………………..။ တချိန်တုန်းက ရွှေခေတ် …. တချို့သော ရွှေမြန်မာတို့ကိုသိစေချင်ပါတယ် ……………….။ တချို့အကြောင်းအရာတွေဆိုရင် ကျနော်တို့တောင် ငယ်ငယ်ဘဲရှိအုံးမယ် ………………….။ once up on a time ပေါ့ …..။ မြန်မာပြည်ဟာ တကယ့်ရွှေခေတ်ကိုရောက်ခဲ့ရဖူးပါတယ် ….။ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ အချမ်းသာဆုံးနိုင်ငံအဖြစ်ထင်ရှားခဲ့ပါတယ် .. ( အခုခေတ် ပြင်ပထွက်ပြီး ရရာ လုပ်နေကြသူများ ရင်ကျိုးလောက်ရဲ့ ) ၁၉၅၉ ခုနှစ်ကဖွင့်တဲ့ မင်္ဂလာဒုံလေဆိပ်ဟာ … အရှေ့တောင်အာရှမှာ အကောင်းဆုံးလို့နာမည်ကျော်ခဲ့ပါတယ် ………။ ပန်းချီဆရာကြီးဦးဘကြည်ရဲ့လက်ရာတွေနဲ့ အလှဆင်ထားတော့နိုင်ငံခြားသားတွေတအံ့တဩ ဇြစ်ခဲ့ရတာပါ ………။ ( ဆရာကြီး ရဲ့ပန်းချီလက်ရာက အရင်က လေဆိပ်အဟောင်းမှာတုန်းက အပေါ်ထပ်က စားသောက်ခန်းမှာရှိတာပါ …။ နာမည်ကြီးပုံကတော့ […]


fattyJune 6, 20111min1804
လက်ရှိမြန်မာပြည်မှ မွေးမြူရေးဆိုလို့ နိုင်ငံခြားကရင်းနှီးမြှုတ်နှံသည့် ကုမ္ပဏီ ၂ ခုလောက်ဘဲရျိပါတယ်။ ယိုးဒယား နဲ့ အင်ဒိုနီးရှားကပါ။ ကြက်မွေးမြူရေးပေါ့ ..။ အခုလောလော ဆယ် အိန္ဒိယနဲ့ မလေးက ကမ္ဘာ့အကြီးဆုံးစာရင်းဝင် မွေးမြူရေး ကုမ္ပဏီ ကြီးတွေ လာရောက် ရင်းနှီးမြှုျွှ်နှံဘို့စိုင်းပြင်နေကြပါပြီ။ အကောင်တွေကိုဒီမှာဘဲမွေး ဒီမှာဘဲ စည်သွတ်ဘူး ထုတ်လုပ်ကြပါလိမ့်မယ် …….။ ဈေးကွက်က ဒီပြည်တွင်းဈေးကွက်တင် မဟုတ်ဘဲ တကမ္ဘာ လုံး အတိုင်းအတာထိ ရည်ရွယ်ကြောင်းသိရပါတယ် ..။ ပြဿနာက ကျနော်တို့တိုင်းပြည်မှာ ရင်းနှီးမြုတ်နှံဖို့ အသင့်ဖြစ်ကြပါပြီလား …။ ဒေါ်လာဈေး အပြင်ဈေးနဲ့ အစိုးရဈေး နှစ်မျိုးကွဲနေတာက တစ်ပြဿနာ …………။ အွန်လိုင်း ကွန်နက်ရှင်တွေ .. ခုတမျိုးတော်ကြာတမျိုးဖြစ်နေတာကလဲ ဒုက္ခ ……။ အခုတလော လိုင်စင်လျှောက်တာမြန်ပြီး ထောက်ခံချက်တွေယူရတာကကြာနေပြန်ပါတယ် ..။ […]


fattyJune 6, 20111min33916
ဒီကနေ့ရန်ကုန်ဝန်းကျင်မှာ ဝက်များ အတုန်းအရုံးသေနေကြပါတယ် ..။ ဂျာနယ်တွေထဲပါ ပါတယ်။ ကျနော့အိမ်နားက သာကေတ ဘက်မှာ ဝက်မွေးထားသူတစ်ဦး ဝက် ( ရ ) ကောင် သေဆုံး သွားရတာမို့ လက်တွေ့ ကျကျ ကြုံတုန်း မေးမြန်းလိုက်ပါတယ်။ တချို့က လက်တွေ့ကြုံတာမဟုတ်လို့ ခပ်ပေါ့ပေါ့တွေးထင်နေကြမှာစိုးလို့ပါ ..။ စဖြစ်ပုံကတော့ … မွေးထားတဲ့ဝက်က အစာမစားတော့ပါ ..။ လမ်းမလျှောက်တော့ဘဲ တုန်းလုံးလှဲပြီးနေပါတယ် … ဆရာဝန်ခေါ်ပြတော့ ဒီရောဂါအတွက် ကုလို့မရတော့ဘူးပြော ပါတယ် ..။ တခြားခြံတွေကစဖြစ်တာပါ ..။ သိသိချင်း ပိုးသတ်ဆေးတွေဖျန်း ထုံးတွေဖျန်း လုပ်ပါသေးတယ် … မရပါဘူး ကျနော့ခြံက ဝက်တွေလဲ အစာမစားတော့ပါဘူး ..။ ၂ ရက်လောက် ဘဲခံပါတယ် သေတာပါဘဲ ..။ […]


fattyJune 5, 20111min36315
ညွှန်ကြားချက်တွေက ထွက်ပြန်ပြီ ………….. internet ဆိုင်လာသုံးသူတွေကို လိပ်စာမှတ်ရမယ်တဲ့ …….. မှတ်ပုံတင်နံပါတ်မှတ်ရမယ် ……………… နိုင်ငံခြားသားလာရင် passport နံပါတ် ယူထားရမယ်တဲ့ ……… အဲဒါတွေကိုနေ့တိုင်း report လုပ်ပြီ ရဲစခန်းကိုပို့ရမယ်တဲ့ ………….. တချို့လဲ game ဆိုင်ပြောင်းဖွင့်ဘို့လုပ်နေကြပြီ ……. ဂျာနယ်တွေမှာလဲ ပစ္စည်းစုံ နဲ့ အင်တာနက်ဆိုင် အရောင်းကြော်ငြာတွေ တွေ့နေရပါတယ် . …….နှုတ်ဆက်ရတော့မှာလား ….. ရယ် ..။


fattyJune 2, 20111min61032
ချိန်းထားတဲ့နေရာတော့ရောက်ပြီ …။ အချိန်ကြည့်လိုက်တော့ နာရိဝက်လောက်စောနေသေးသည် ..။ ဘယ်သူမှ မရောက်သေးလဲ တယောက်ထဲ ထိုင်စောင့်ရင်း နဲနဲမော့ထားလိုက်တာပေါ့ .. စိတ်ကူးလေးနှင့် …. နေရာကား တညင်မြို့အထွက် ကားလမ်းလေးညာဘက်ဘေး .. စိမ်းစိမ်းစိုစို အုပ်အုပ်ဆိုင်းဆိုင်းလေးဖြစ်အောင် ဖန်တီးထားသော …. ထန်းရည် ဆိုင်ကလေး …………….။ တဲလေးထဲဝင်လိုက်တော့ … သကောင့်သား ကိုအောင်ပု ကိုကြောင်ကြိးတို့က ရောက်နှင့်နေကြပြီ … အော်လူဆိုးတွေ လူဆိုးတွေ …။ အရှိန်တောင်အတော်မြင့်နေကြပြီ ………။ ကိုအောင်ပုမှာ မြေကြီးပေါ်က ပဲကြီးလှော် စေ့များကို … တစ်စေ့ချင်း ယက်ပြီးရှာနေတော့၏ ….။ လာ ကိုဖက်လာ … တယ်နောက်ကျတာကိုး .. ကျနော်တို့ လေးအိုးရှိပြီ … ကြောင်ကြီးကား …. ပြောပြောဆိုဆို […]