ဒါဟာ ကော်ဖီခွက် တစ်ခွက်မဟုတ်ပါ… ထိုကဲ့သို့ပင်… ဒီအရာသည် အပူအအေးထိန်းဓာတ်ဗူးတစ်လုံးလဲမဟုတ်ပါ… Processor တို့တွင် အလုပ်လုပ်သော Core 4 ခုပါဝင်သည့် Processor Quad-Core များနှင့် ကွန်ပျူတာထုတ်လုပ်သူများ ကြွေးကြော်နေကြချိန်တွင်… Processor Core 12 ပါဝင်သည့် ကွန်ပျူတာတစ်လုံးကို ဈေးကွက်တွင်ပေါ်ပေါက်လာမည်ဟု… အိပ်မက်မက်မိပါသလား… ထလော့ကမ္ဘာ… အို…ကမ္ဘာကြီး… သူဟာ ကော်ဖီခွက် တစ်ခွက်မဟုတ်ပါ… ထိုကဲ့သို့ပင်… သူသည် အပူအအေးထိန်းဓာတ်ဗူးတစ်လုံးဟုမခေါ်ဆိုနိုင်ပါ… သူ့ကို Pro ဟုခေါ်ဆိုပေသည်…အတိအကျထပ်ဆိုရသော်… သူသည် Apple ၏ Mac Pro ဖြစ်ပေတော့သည်… သူသည်…     အိပ်ပျော်နေသောသူများကို လှုပ်နှိုးလိုက်သူကတော့ ကာလီဖိုးနီးယားပြည်နယ်၊ အမေရိကပြည်ထောင်စုမှ ပန်းသီးကွန်ပျူတာကုမ္ပဏီပဲဖြစ်ပါတယ်… Mobile တွေ ခေတ်စားလာတဲ့အချိန်မှာ ဘာလို့များ Desktop ကွန်ပျူတာကိုသုံးကြပါလိမ့်မလဲ… […]


၂၀၁၃ခုနှစ်၊ ဩဂုတ်လ (၁၁)ရက်နေ့… ကျွန်တော်တို့ ဒါဇင်ပလပ်စ်လို့ အမည်တွင်တဲ့ ပညာရေးပရဟိတအဖွဲ့လေး… ကျွန်တော်တို့နဲ့ ကျွန်တော်တို့နဲ့ ရင်ဘတ်ခြင်းထပ်တဲ့အလှူရှင်တွေရဲ့ ချွေးနည်းစာကဖြစ်လာတဲ့ စေတနာသဒ္ဒါတရားအလှူလေးကို… ရွှေပြည်သာမြို့နယ်… ချင်းတွင်းလမ်းနဲ့ မဲခေါင်လမ်းထောင့်၊ ၆/၁ဝ ရပ်ကွက်မှာတည်ရှိတဲ့… မြို့ဦးထန်းတပင်ကျောင်းမှာ ဒါဇင်ပလပ်စ်ရဲ့လစဉ် ပညာရေးအလှူလေးကို သွားရောက်ပြုလုပ်ဖြစ်ခဲ့ပါတယ်…                               မြို့ဦးထန်းတစ်ပင်ကျောင်းလေးကို ၁၉၉ရ ခုနှစ်မှစတင်ခဲ့ခြင်းဖြစ်ပြီး ကျောင်းသား (၁၄)ဦးနှင့်စတင်ခဲ့သောကျောင်းလေးဟာ… အခုအခါမှာ ကျောင်းသားပေါင်း (၁၃၀) အား သင်ကြားပြသပေးနေသော ကျောင်းလေးတစ်ကျောင်းဖြစ်ပါသည်… မူလတန်းအဆင့်တွင် ကျောင်းသား (၅၀)နီးနီးရှိပြီး… ပထမတန်းမှ စတုတ္တတန်းအထိ ပျမ်းမျှကျောင်းသားအရေအတွက် (၃၀)စီခန့်ဖြင့် နေ့စဉ် […]


ဦးဘလက်စကားလေးယူသုံးရရင်… ကျောင်းဒကာ… ကျောင်းဒကာမတို့ရေ… ပြောပြန်ရင်လဲ ကြောင်ဝတုတ်လို့ခေါ်တဲ့ ဂါဂါးကြီးက လွန်ရာကြနေပြန်ပေဦးမပေါ့… ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလ… အီဂျစ်မှာ အစိုးရဖြုတ်ချရေးဆန္ဒပြပွဲ လူထုအဓိဂရုန်းတွေဖြစ်တဲ့အခါကျတော့ အီဂျစ်အစိုးရက သူ့နိုင်ငံနဲ့ချိတ်ဆက်ထားတဲ့ အင်တာနက်ကော်နတ်ရှင်ကို ကမ္ဘာသိဖြတ်ချခဲ့ပါတယ်တဲ့… ဒါမျိုးများ… ကျွန်တော်တို့ မြန်မာအစိုးရကသာသပေါ့ဗျာ… ၂၀၀ရခုနှစ်၊ စက်တင်ဘာလမှာ ဖြစ်ခဲ့တဲ့… သံဃာတော်တွေဦးဆောင်တဲ့ ရွှေဝါရောင်လူထုလှုပ်ရှားမှုတုန်းက မြန်မာအစိုးရက မြန်မာ့အင်တာနက်ကော်နတ်ရှင်ကို… တိုးတိုးတိတ်တိတ်… တနည်းပြောရရင်… ခိုးကြောင်ခိုးဝှက်… ဖျက်ချခဲ့ဖူးသတဲ့လေ… အစိုးရကတရားဝင်မပြောပေမယ့်… မြန်မာပြည်သူလူထုထုံးစံအရ… မိမိတို့နဲ့ထိုက်တန်လို့ရထားတဲ့အစိုးရလုပ်နေမှန်း… သိရှိနားလည်နေပေမယ့်… အင်္ဂလိပ်လို Transparency… မြန်မာလို ပွင့်လင်းမြင်သာမှုမရှိတဲ့ အစိုးရလက်ထက်မို့… ကျိတ်ခံခဲ့ရတာကိုးဗျ… ထားပါလေ…           ဖြစ်ချင်တော့… ၂၀၁၃ခုနှစ်၊ ဇူလိုင်လ (၂၂)ရက်နေ့က မြန်မာနိုင်ငံကို ဖျာပုံမြို့နားကနေသွယ်တန်းထားတဲ့ SeaMeWe-3 ဆိုတဲ့ […]


အံကိုတင်းတင်းကျိတ်လို့… အရှေ့တောင်အာရှရဲ့အပျော်ဆုံးယောင်္ကျား… ခန္ဒာတွင်းက ခုခံအားကျ… တင်းထားတဲ့စိတ်ဝေဒနာကို… နှစ်ကိုယ်ခွဲက ဖွင့်ချလိုက်တယ်… ငါ့တစ်ကိုယ် မင်းဖြစ်လို့သွားလေရော့…   အာဒမ်က အိဖ့်အတွက် နံရိုးတစ်ချောင်းပေးသလိုမျိုး… ငါလဲ… မင်းအတွက်… ခန္ဓာတစ်ခုကို သဲသဲမဲမဲခွဲပေးခဲ့တယ်… သက်မဲ့ခန္ဒာမဖြစ်စေဖို့… ငါ့ဦးနှောက်ကိုပါ… ခွဲဝေခဲ့ပါတယ်… မင်းအသံလေးကြည်မြမြ… နားဝင်ဝမှာ လှစေဖို့… မင်းယောင်ဆောင်လို့… လှစေခဲ့ဖူးတယ်….   တမ်းတမ်းတတနဲ့… တစ်ကိုယ်တော်ရူးသွပ်တဲ့နေ့ညတွေမှာ… နှစ်ကိုယ့်တစ်စိတ်နဲ့… ကျားတစ်လှည့်… မတစ်လှည့်… ပွဲကတဲ့ညတွေမှာ… ပရိတ်သတ်က… သိသိကြီးနဲ့အားပေးခဲ့လေသလား… မပီမသကြားတဲ့မင်းနှုတ်ဖျားကတေးသံတွေကို… ကောက်ကောက်ပါအောင်လိုက်ရင်း.. ငရဲကြီးရှစ်ထပ်မှာ… ခေါင်းငိုက်စိုက်နဲ့ ရူးလေတယ်…      


ဒီလိုဗျ… ကျွန်တော်တို့ ရွာသူရွာသားတွေနာမည်တွေက တကယ်ကို အနှောင့်အသွားမလွတ်… ပြသနာက လွန်ခဲ့တဲ့အပတ်က ဖုန်းလေးဖွင့် ဖွဘွတ်လေးကြည့်မိတော့… ရွာထဲက ကဗျာဆရာလေး မောင်အာဂက ဘာရေးတယ်မှတ်တုန်း… စိတ်ပျက်လက်ပျက်နဲ့ ကျောက်ခဲကို ဖင်ခုထိုင်မယ်ဆိုလား… ဘာလား… အမှန်သူကတော့ ဘာမှမရည်ရွယ်… အနှောင့်အသွားမလွတ်တာ ကျောက်ခဲဆိုတဲ့ ဦးကျောက်… ဘုရားတရတဲ့ဘဝရောက်သလို… သူငယ်ချင်းတွေကလဲ ဝိုင်းပြီး နည်းမျိုးစုံနဲ့ စိတ်ပူပေးရတယ်… —————————————————————————– ဟိုတစ်နေ့က ဈေးအသွား… အမေက မုန့်လှမ်းမှာတယ်… သားရယ်… ဈေးထဲမှာ ရွှေကြည်လေး (၁၀၀)ဖိုးလောက်ဝယ်ခဲ့ပါတဲ့…. စိတ်ထဲမှာတော့ ပြန်ပြောလိုက်မိတယ်… ရွှေကြည်က စလုံးရောက်သွားပြီ… ၁၀ဝ ဖိုးလဲခွဲရောင်းမယ့်ပုံမပေါ်ဘူးလို့… ရွာထဲက မိတ်ဆွေတွေနာမည်လေးတွဲတွဲမှတ်မိတာ… အဲ့လို… —————————————————————————– ဟိုနေ့က အဖွားက ကျွန်တော့်ကိုမှာတယ်… သားရယ်… လမ်းကြုံရင် ပဒုမ္မာဓာတ်ဗူး တစ်လုံးလောက်ဝယ်ခဲ့ပေးပါတဲ့… အဲ့လိုလဲ ပြောပြန်ရော… […]


၂၀၁၃ခုနှစ်၊ ဇွန်လ (၁၀)ရက်နေ့မှာ… ပန်းသီးရဲ့ World Wide Developers Conference မှာ ပန်းသီးက သူ့ရဲ့ Mobile OS ဖြစ်တဲ့ iOS7 ကို ထုတ်လုပ်တော့မယ့်အကြောင်း စတင်ကြေငြာခဲ့ပါတယ်…     iOS7 မထွက်ခင်ကတည်းက ကောလဟာလတွေ… ပေါက်ကြားမှုတွေ… ခန့်မှန်းမှုတွေအများကြီးထွက်ပေါ်ကြားသိလာရသလို… iOS အသုံးပြုသူတွေအနေနဲ့လဲ သူတို့ရဲ့ဝိဉာဉ်ဖြစ်တဲ့ iOS ရဲ့အပြောင်းအလဲတွေကို ရင်တဖိုဖိုနဲ့စောင့်မျှော်ခဲ့ရတဲ့နေ့တွေလဲ ကုန်ဆုံးသွားပါပြီ… တကယ်ထွက်ပေါ်လာတဲ့အခါမှာ iOS7 မှာပေါင်းထည့်ပေးလိုက်တဲ့ Features အသစ်တွေက iOS အသုံးပြုသူတွေအတွက် စိတ်ကျေနပ်စရာကောင်းတဲ့ တောက်တောက်ပပဒီဇိုင်းအသွင်အပြင်အသစ်ကို iOS7 မှာ တွေ့ရမှာပါ… ကြိုတင်သတင်းတွေထွက်ထားသလိုပဲ…  iOS Cracked Store ဖြစ်တဲ့ Cydia ရဲ့ အသုံးဝင်တဲ့ Tweak အချို့ကို iOS7 […]


ကျွန်ုပ်ရောက်ရှိခဲ့သော ကျတ်တို့ဌာနီ ကျတ်ဆိုတာ ပြိတ္တာမျိုးနွယ်ဝင်တမျိုးလို့… ကြားဖူးပါတယ်… ငယ်ငယ်တုန်းက လူကြီးသူမများပြောကြားဖူးတဲ့ ပုံပြင်တွေထဲမှာလို… ဇာတ်ဆရာအိမ်ကို ညတွင်းချင်းဇာတ်လာငှား… လိုချင်တဲ့အခကြေးငွေကိုလဲပေးတော့… အသင့်စီစဉ်ပေးထားတဲ့မြင်းကိုစီး… ဇာတ်ငှားတဲ့ရွာလဲရောက်ရော သေသေချာချာပြင်ဆင်ပေးထားတဲ့ ဇာတ်စင်ပေါ်မှာတက်က… မောမောနဲ့အိပ်ပျော်သွားပြီး… နိုးလာတဲ့အချိန်လဲကျရော… သင်္ဂျ ိုင်းကုန်းလိုနေရာက မြေကြီးပေါ်မှာအိပ်နေတာတွေ့ရတယ်ဆိုတဲ့… လူတွေကို ကျီစယ်တတ်တဲ့သူတို့ရဲ့အကြောင်းကို… ငယ်ငယ်တုန်းက ကြားဖူးခဲ့တာကြာပါပြီ… အသက်လေးနဲနဲကြီးလာတော့လဲ သူတို့အကြောင်းကို စာအုပ်တွေထဲမှာ ထပ်ဆင့်ဖတ်ခဲ့ရဖူးတော့… ဇာတ်စုံပေါ့…   ဒီနှစ်ပိုင်းထဲမှာ ခရီးသွားဖို့ကံဇာတာဓာတ်ကျနေတဲ့ ကျွန်တော့်အဖို့… အဲဒီကျတ်တို့နေထိုင်ရာနေရာကိုသွားရောက်ဖို့ အကြောင်းကဖန်လာပါတယ်… ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်ထဲမှာရှိတဲ့ ကျတ်တို့ဌာနီကိုသွားဖို့ ဗီဇာမလို… ပတ်စ်ပို့မလိုဘဲ… အလုပ်ကမိတ်ဆွေတွေစုပေါင်းပြီး တစ်ယောက် (၃၀၀၀)နဲ့ ကားငှားသွားရင် ကျတ်တို့ဌာနီကိုရောက်မတဲ့လေ… စိတ်မဝင်စားဘဲမနေနိုင်တဲ့ ကျွန်တော်… ကျတ်တို့ဌာနီကို လိုက်ပါဖို့… သဘောတူလိုက်ပါတယ်… အဲ့လိုနဲ့ နောက်တစ်နေ့မနက် (၆)နာရီထိုးတော့ ကျတ်ဌာနီလမ်းပြတစ်ဦးရဲ့အကူအညီနဲ့… လွိုင်ကော်မြို့မှ […]


” အတာကူးသောလ… ထန်းခူးသောလ… တန်ခူးလရယ်လို့ သတ်မှတ်စမှုပြုကြရတဲ့နွေလမှာ… မဟာသင်္ကြန်ရေသဘင်ပွဲသဘင်ကို ဆင်ယင်ကျင်းပခဲ့ကြတာဟာဖြင့် ပုဂံခေတ်ကစတင်ခဲ့တယ်လို့ …………” အဆိုတော်ဒေါ်တင်တင်မြရဲ့ သင်္ကြန်မိုးရုပ်ရှင်အဖွင့်စကားလေးဟာ မြန်မာ့သင်္ကြန်ရောက်တိုင်း နားထဲပြန်ကြားယောင်တတ်တဲ့… စကားလေးပါပဲ….                       ” မြူးကြွတဲ့တေးသံပျံ့လွှင့်လို့နေ… ကူးပြောင်းစတန်ခူးနွေမှာ… တစ်ယောက်တစ်လှည့်မို့မလှမ်းသာဖျန်းပက်ကြစဉ်… ပိတောက်ဖူးလေးတွေ ပန်ဆင်ထားသူရေ… ခေါင်းကလေးမော့လို့… ပိတောက်ဖူးလေးတွေ… ပန်ဆင်ထားသူရေ….” သင်္ကြန်မိုးဆိုတဲ့သီချင်းဟာလဲ ၁၉၈ဝပြည့်နှစ်တွေတုန်းက လူငယ်ဖြစ်ခဲ့တဲ့ အဉ္စလီကိုမောင်မောင်တို့ရဲ့လက်ရာသီချင်းဟာ မြန်မာသင်္ကြန်ရဲ့ အထိန်းအမှတ်သီချင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်… ပြန်စဉ်းစားကြည့်လိုက်တိုင်း ခေတ်အဆက်ဆက်ရဲ့ သင်္ကြန်အပေါ်ခံစားချက်ပြောင်းလဲလာမှုတွေပါ….                   မြန်မာ့တစ်နှစ့်ဟောင်းလို့… မြန်မာ့နှစ်သစ်ကိုပြောင်းတော့မယ့် အခါသမယမှာ… […]


ကိုသုရှင်ရဲ့ ၉၆၉ ပိုစ့်လေးထဲက – စင်စစ်သော်ကားမြန်မာနိုင်ငံတွင် ၉၆၉ ဟူသောအဖွဲ့မရှိပါ။ ( မရှိသေးပါ) လွန်ခဲ့သော ၁ဝ စုနှစ် နှစ်ခုလောက်က သာသာနာရေးဒုဝန်ကြီး ဦးကျော်လွင် မှ တီထွင်ထားသော ဂဏာန်းဖြစ်ပြီး ၊ မွတ်စလင်တို့၏ ၇၈၆ ဟူသော ကိန်း ဂဏာန်းကို အတုခိုးထားခြင်းဖြစ်ကြောင်း မစိုးရိမ်ဆရာတော်ဦးဝီရသူ က the voice daily newspaper နှင့်အင်တာဗျူး တစ်ခုတွင် ပြောကြားသည်ကို ဖတ်လိုက်ရပါသည်။ မည်သို့ပင်ဖြစ်စေ ၉၆၉ သည် ဘုရားဂုဏ်တော် နှင့်ဆိုင်သော တရားဂုဏ်တော်နှင့် ဆိုင်သော ၊ သံဃာ ဂုဏ်တော်နှင့် ဆိုင်သော သင်္ကေတ တစ်ခုဖြစ်သည်ကို မှု မြန်မာတို့ရင်ထဲတွင်ရှိသည့်အတွက် မွတ်စလင်တို့ ၏ အကြောင်းမဲ့စွတ်စွဲထင်မြင် နေမှုများသည် ပဋ္ဋိပက္ခများကို […]


ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ကန်ထရိုက်စနစ်တွေအတော်ခေတ်စားပါသတဲ့… လမ်းတံတားအသုံးပြုခတို့၊ ဈေးတွင်းစီမံခန့်ခွဲခြင်း၊ အများသုံးသန့်စင်ခန်း စသည်စသည်တွေမှာ ကန်ထရိုက်စနစ်နဲ့ လူပုဂ္ဂိုဟ်တစ်ဦးတစ်ယောက်ခြင်းသော်လည်းကောင်း… ကုမ္ပဏီအစုအဖွဲ့တစ်ခုခုကိုယ်သော်လည်းကောင်း ကန်ထရိုက်ပေးကြပါတယ်… ယုတ်စွအဆုံး… ရွှေတိဂုံဘုရားကအလှူငွေတွေကိုတောင် ကန်ထရိုက်စနစ်နဲ့ပေးကြပါတယ်… အဲဒီတော့ မြန်မာနိုင်ငံမှာ ကန်ထရိုက်စနစ်တွေခေတ်စားသပေါ့…                 ကျွန်တော်နားလည်ထားတဲ့ ကန်ထရိုက်စနစ်ဆိုတာလေးကိုပြောရရင်… ဥပမာ… လမ်းမိုင် (၁၀၀)ရှိသောလမ်းအပိုင်းကို… အစိုးရက လမ်းခင်းရင် သိန်း (၁၀၀၀)ကျမယ်ဆိုပါစို့… ကုမ္ပဏီတစ်ခုကို လမ်းခင်းခိုင်းလိုက်တယ်… ပြီးတော့ လမ်းတံတားအသုံးပြုခကို နှစ်ကာလအပိုင်းအခြားအလိုက် ကောက်ခံခွင့်ပေးလိုက်တယ်ဆိုပါတော့… နှစ်ကာလအပိုင်းအခြားတစ်ခုမှာ ကုမ္ပဏီကစိုက်ထုတ်ထားတဲ့ကုန်ကျငွေအရင်းကျေရုံမကဘဲ… အမြတ်ထွက်နိုင်တဲ့ပမာဏကိုရရှိနိုင်ပါတယ်… ဈေးအတွင်းတယ်လီဖုန်းလိုင်းများ… အများသုံးသန့်စင်ခန်းများလဲ ထိုနည်းလည်းကောင်းပါပဲ… ဒါက နည်းလမ်းတစ်သွယ်…               […]


ဒီလိုပါဗျာ… သူငယ်ချင်းတွေ စကားပြောဖြစ်တဲ့အချိန်ခဏလေးအတွင်းမှာ… စကားပြောနေကြတဲ့အထဲက တစ်ယောက်က ကဗျာလေးတွေကို လက်တန်းစပ်ပေးတယ်… အကုန်လုံးအံ့ဩခဲ့ရပါတယ်… အဲဒီတော့ ရွာသူားများအားလုံးလဲ ဖတ်ရအောင်… သွားရည်ကျရအောင်… အားလုံးလဲ ပဟေဠိလေးနဲ့ အပျင်းပြေရအောင်… အောက်က ကဗျာတွေရေးတဲ့သူက ဘယ်သူလဲလို့ အဖြေညှိကြရအောင်လေ… သိပြီးသားလူတွေမပါနော်…   ဘဲကင်သို့ တမ်းချင်း (ရှစ်လုံးဖွဲ့) ဗိုက်မှာဖောင်းကား၊ ပေါင်ထွားထွားနဲ့ အသားကနီ၊ အဆီ ရွှဲရွှဲ အိတွဲချိုအီ၊ ဘာယီနဲ့ဆွဲ သွားရည်ရွှဲ ၊ ငါဆွဲမယ့်ဘဲကင်။ ငါ၏အော်ဒါ၊ မုချလာသော် ဒီစားပွဲထက်၊ တလက်လက်နဲ့ တောက်ပဖိတ်ကြွား၊ ဘော်ငွေရောင်ဓား ငါအားသုံးပြီး၊ လှီးဖြတ်မကြာ ချိုမြိန်စွာ၊ ငါးစားသုံးလို့သာ။ တယောက်တည်းစား၊ ဗိုက်ကားလာပြီ ဘာယီတကျိုက်၊ ဘဲကင်ကိုက်နှင့် လောကစည်းဇိမ်၊ ခပ်မြိန်မြိန်သာ သုံးဆောင်ရင်း၊ ခင့်လွမ်းရပ်ဝေးမှီ။ ကြာခဲ့ပါပြီ၊ မျှော်ကိုးကာလေ သည်ဟာဒွေကို၊ […]


မမြင်နိုင်တဲ့ကံကြမ္မာတစ်ခုမှာ… စမ်းတဝါးဝါး လမ်းလျှောက်ရင်း… လမ်းပျောက်နေသူပါ…   ခိုင်မာတဲ့လမ်းစတစ်ခုမှာ… ဆယ်စုနှစ်တစ်ခုကျော် လမ်းလျှောက်ရင်း… လမ်းပျောက်နေသူပါ…   သန်စွမ်းတဲ့ဦးနှောက်တစ်ခု အရင်းပြုကာ လမ်းလျှောက်ရင်း… လမ်းပျောက်နေသူပါ…   လန်းဆန်းတဲ့အတွေးအခေါ်တစ်ခု မွေးဖွားကာ လမ်းလျှောက်ရင်း… လမ်းပျောက်နေသူပါ…   မနက်ဖြန်ရဲ့မျှော်လင့်ချက်တစ်ခု ခုံမင်ကာ လမ်းလျှောက်ရင်း… လမ်းပျောက်နေသူပါ…   ရည်ရွယ်ချက်တွေအပြည့်နဲ့ အိပ်မက်ကာ လမ်းလျှောက်ရင်း လမ်းပျောက်နေသူပါ…   တကယ်တော့ဘဝဆိုတာ… ငွေကြေး၊ မိသားစု၊ ခင်မင်ရင်းနီးမှု အိပ်မက်၊ မျှော်လင့်ချက်၊ ဖန်တီးမှု၊ ရင့်ကျက်မှုတွေနဲ့… ဖြောင့်တန်းတဲ့လမ်း မှောင်မည်းမည်းမှာ.. လမ်းပျောက်နေသူ… ငါတစ်ယောက်ထဲလား…   ခင်မင်လျက်- ဖက်ဖက်ကက်


ကျွန်ုပ်တို့သည် ငယ်စဉ်ဘဝကစ၍… အိုမင်းရင့်ရော်သေဆုံးချိန်အထိ… တွင်းပေါင်းများစွာတူးခဲ့ကြသည်…. ကောင်းသောတွင်းများရှိသလို… မကောင်းသောတွင်းများလဲရှိခဲ့၏… လူသားတို့အတွက် အကျိုးပြုသောတွင်းများရှိသလို… အကျိုးမပြုသောတွင်းများလဲရှိခဲ့ဖူးသည်… လူသားတို့အတွက် ပျော်ရွှင်စရာတွင်းများ ဖန်တီးခဲ့သလို… စိတ်အနှောက်အယှက်ဖြစ်စရာတွင်းများကိုလဲ ဖန်တီးခဲ့ဖူးပြီးဖြစ်ကြသည်…             သို့သော်… လူသားတို့အတွက်… တွင်းများသည်… မရှိမဖြစ်…အရာများဖြစ်ကြသည်… ဤကမ္ဘာလောကတွင်နေထိုင်သူများသည် အသက်ရှင်ရပ်တည်ရေးအတွက်… ကမ္ဘာမြေကြီးပေါ်တွင် တွင်းများတူး၍ မိမိတို့အကျိုးဆောင်ရွက်ကြ၏… မော်တော်ကား၊ လေယာဉ်ပျံ၊ သင်္ဘောအစရှိသည့် သွားလာရေးယာဉ်များ တည်ဆောက်ရာတွင်လိုအပ်သော သံသတ္တုများလိုအပ်သည့်အတွက်… တွင်းကြီးများတူးပြီး… သတ္တုများကို ရှာဖွေကြကုန်၏…   ဤလူသားတို့သည်ပင်လျှင်… သွားလာရလွယ်ကူစေရန် လှိုဏ်ခေါင်းများ…တူးခြင်း… မြေအောက်ရထားများအတွက် တွင်းများတူးခြင်းဖြင့်… မိမိတို့အကျိုးအတွက်… ကမ္ဘာမြေကြီးအား… ဒုက္ခပေးကြသည်… ထို့အတူ… လူသားတို့၏ စွန့်ပစ်ပစ္စည်းများစွန့်ပစ်ရန်အတွက် ကမ္ဘာမြေကြီးအား တွင်းများတူး၍မြှုပ်နှံကြသူများဖြစ်ကြသည်… ကျွန်ုပ်တို့လောကသားများသည် အကြောင်းအမျိုးမျိုးကြောင့် ကမ္ဘာမြေကြီးပေါ်တွင် […]