တစ်နေ့နှင့်တစ်ည တိုင်ပင်ဆွေးနွေးမှုများ အပြင်းအထန်ပြုပြီးနောက်တစ်နေ့နံနက် (၃)နာရီခန့်တွင် လက်ဖြောင့်ရဲစည်နှင့် အဖော်မိုင်စွန်ခတို့ ကုန်သည်ကြီးများဟိုတယ်မှ ထွက်ခွာလာပြီး ပစ်ကွင်းတည်ရှိရာသို့ စီးကရက်ကိုယ်စီဖွာပြီး အေးဆေးစွာထွက်ခွာခဲ့သည်…   ဦးမင်းမတ်မှာ ဘန်ကောက်မြို့မှတစ်ဆင့် အီဂျစ်နိုင်ငံသို့ထွက်ခွာမည့် လေယာဉ်ခရီးစဉ်အတွက် အီဂျစ်တွင်အသုံးပြုမည့် တယ်လီဖုန်းပြင်ဆင်ခြင်း၊ လေယာဉ် လက်မှတ်များနှင့် Passport နှင့် ဗီဇာစာရွက်စာတမ်းများကိုအဆင်သင့်ပြင်ဆင်စောင့်ဆိုင်း နေလေတော့သည်…   ဘိန်းစားပေါက်ဖော်နှင့် မနွယ်ပင်တို့သည် ဆုံရပ်အမှတ် (၁) သတ်မှတ်နေရာဖြစ်သော ဗိုလ်တစ်ထောင်ဘုရားသို့ သွားရောက်ရန် လိုအပ်သည့်ပစ္စည်းများကို ပြင်ဆင်ကြလေသည်…   မောင်အာဂနှင့် ရသေ့ကြီးစည်သူမှာ အထုပ်အပိုးများပြင်လျက် ကျရာနေရာမှ တာဝန်ထမ်းဆောင်ရန်အသင့်အနေအထားဖြစ်နေပေတော့၏…   ခန့်မှန်းချိန်မှာ နံနက် (၉)နာရီ ရုံးသွားရုံးလာအများဆုံးအချိန် လူအရှုပ်ဆုံးအချိန်… အန္တရာယ်အများဆုံးအချိန်၊ အခွင့်အသာဆုံးအချိန်…   နှူးဘာဂိုဏ်းချုပ်သမိန်ဂီနှင့် ချာတူးလန်မှာ ကြောင်ကြီးကိုလုပ်ကြံမှုမအောင်မြင်ပါက ဒုတိယအစီအစဉ်အနေဖြင့် အနီးကပ်လုပ်ကြံရန်အတွက် အစီအစဉ်သစ်တစ်ခုကို […]


မောင်အာဂ ထွက်သွားသည်နှင့် ဘိန်းစားပေါက်ဖော် အရက်ဆိုင်အတွင်းသို့ ပြန်လည်ဝင် ရောက်လာပြီး   “ ကဲ… အခုအလှည့်ကျတဲ့လူကတော့ ချာတူးလန်ပဲ… မင်းက ရန်ကုန်လေဆိပ်ကိုသွား အဲဒီမှာ လူတစ်ယောက်ကိုသွားကြို သွားရမယ့်ပုံစံက ခေါင်းမှာကောက်ရိုးဦးထုပ်ဆောင်း ပြီးတော့ လေဆိပ်ကားရပ်တဲ့နေရာမှာ ညနေ၅ခွဲအရောက်သွား စောင့်ရမယ်… လက်ထဲမှာတော့ ယပ်တောင်တစ်ချောင်းရှာပြီး ကိုင်သွားကွာ… မင်းဆီကို တရုတ်ပြည်က နှူးဘာဂိုဏ်းလက်ရွေးစင်တစ်ယောက်လာဆက်သွယ်လိမ့်မယ်…”   “ကိုပေါက်ဖော်…ခင်ဗျားတို့ ချိန်းထားတဲ့ကိစ္စတွေကအားလုံး အူကြောင်ကြောင်ချည်းပဲ”   “ဒီလိုတော့ရှိမပေါ့ ချာတူးရယ်… အချိန်းအချက်လုပ်ပါတယ်ဆိုမှ ကိုယ့်လုံခြုံရေးဂရုစိုက် ရသလိုပဲ လူမြင်သာထင်သာအောင်လဲလုပ်ရသေးသကိုး”   ချာတူးလန်မှာ အူကြောင်ကြောင်အချိန်းအချက်များကို စိတ်ပျက်ဟန်ဖြင့် ညနေပိုင်း လေဆိပ်သွားရန်အလို့ငှာ ကောက်ရိုးဦးထုပ်နှင့် ယပ်တောင်တစ်ချောင်းဝယ်ဖို့ အနီးဆုံးဈေး သု့ိထွက်ခွာသွားလေသည်…   ချာတူးလန်ထွက်ခွာသွားသည်နှင့် ဘိန်းစားပေါက်ဖော်က…   “အကုန်လုံး လူနှစ်ယောက်ကြိုဖို့တော့ ကျုပ်စီစဉ်ပြီးပြီ… […]


ရှစ်မိုင် အရက်ဆိုင်အတွင်းသို့ရောက်သောအခါ…   ဘိန်းစားပေါက်ဖော်အား ဆိုင်ရှင်တရုတ်ကြီးမှမြင်တွေ့လျှင်တွေ့ချင်း တရုတ်စကားများဖြင့် အပြန်အလှန်စကားပြောဆိုကြပြီး အမြည်းသုံးပွဲနှင့် အကောင်းစားနိုင်ငံခြားဖြစ်အရက် တစ်လုံးအား အလျှင်အမြန်စီစဉ်ပေးပါတော့သည်…   ရသေ့ကြီးစည်သူအတွက်မူ အချိုရည်ဖြင့် အလစ်ဟင်းစေရန်တည်ခင်းဧည့်ခံလေသည်…   “ ပိုင်လှချည်လား ပေါက်ဖော်… တရုတ်သူဌေးတောင် ခင်ဗျားကိုတလေးတစားဆက်ဆံ တယ်ဆိုမှဖြင့် အမျိုးတွေလား၊ ကျေးဇူးရှင်တွေလားဗျာ…”   “ ကျေးဇူးရှင်ဆိုတာထက် လူတစ်ယောက်ဒုက္ခရောက်နေစဉ်မှာ ကိုယ်ရောစိတ်ပါ အကူ အညီပေးခဲ့လို့ အခုလို့ကျုပ်တို့ အကူအညီအသဲအသန်လိုအပ်တဲ့အချိန်မှာလဲ အမြဲတမ်း ပြန်ရတတ်တယ်လို့ပဲ သဘောထားလိုက်ပါဗျာ…”   “ တယ်ဟုတ်ပါလားပေါက်ဖော်ရဲ့….” နှူးဘာဂိုဏ်းချုပ်က ဝင်ထောက်လိုက်သည်…   “ ဟုတ်ပါတယ်သမိန်ဂီ… လူတိုင်းဟာကြွေတစ်လှည့် ကြက်တစ်ခုန်ဆိုသလို ထင်းခွေမကြုံ ရေခပ်တော့ ဒုက္ခနဲ့ကြုံစမြဲပါဗျာ… ဆိုင်ရှင်ကြီးက မိဘလက်ငုတ်လက်ရင်းခေါက်ဆွဲဆိုင် လေးကနေပြီး ရှိသမျှအရင်းအနှီးအကုန်ရင်းပြီး အခုစားသောက်ဆိုင်အကြီးကြီးဖွင့်ဖို့ ကံကို […]


အငှားကားလေးတစ်စီး ကန်တော်ကြီးပတ်လမ်းကို မောင်းနှင်လာသည်… ထို့နောက် White Rice စားသောက်ဆိုင်ရှေ့တွင်ရပ်လိုက်သည်… အပေါက်ဝတွင် စောင့်နေသောကောင်လေးတစ်ဦးမှ ကားတံခါးကို ပြေးဖွင့်သည်… ကားပေါ်မှဆင်းလာသော ဘိန်းစားတစ်ဦး နှင့် ရသေ့တစ်ဦးကို တအံ့တဩကြည့်လိုက် သည်… သူတို့နှစ်ဦးလည်း စားသောက်ဆိုင်အတွင်းသို့ ခပ်တည်တည်ဝင်ရောက်ပြီး စားပွဲတွင် ဈေးကြီးသောအစားအစာများကို မှာယူစားသောက်သည်… ဘိန်းစားပေါက်ဖော်မှာယူစားသောက်နေသလောက် ဘေးနားမှရသေ့ကြီးမှာ အအေးသံဗူး တစ်ခွက်ဖြင့် ဥပုဉ်တည်ပြီး ဘိန်းစားပေါက်ဖော်နဲ့ စကားပြောနေတော့သည်… ထိုစဉ် ရသေ့ကြီး၏ အတွင်းခံအကျီ င်္ထဲမှ တယ်လီဖုန်းမြည်လာလေတော့သည်…   “ဟုတ်ပြီ… ဟုတ်ပြီ… ဟုတ်ပြီ…”   သုံးခွန်းပြောပြီး ဖုန်းချလိုက်သည်… ဘိန်းစားပေါက်ဖော်ခေါင်းမဖော်တမ်းစားနေရာမှ မော့ကြည့်လိုက်ပြီး…   “အရှေ့ကျွန်း” ဟုပြောရင်း မျက်လုံးကိုပင့်မေးလိုက်သည်….   “ အရှေ့ကျွန်းမဟုတ်တော့ဘူး… ဘူမိနက်သံကိုရောက်နေပြီ…”   ဘိန်းစားပေါက်ဖော်သည် မထိတထိဖြင့် […]


မောင်အာဂ အပြေးအလွှားဖြင့် ဦးဘလက်ချောရှိရာသို့ ဖုန်းလှမ်းဆက်သည်။ ဦးဘလက်ချောမှာ ညက အလုပ်များသောကြောင့် အိပ်ရာမှပင်မထနိုင်သေး…   “ ဦးဘလက်ရေ၊ ကိုဝတုတ်ကို ကြောင်ကြီးအဖွဲ့က ဖမ်းထားလိုက်တယ်လို့သတင်းကြား တယ်… ကိစ္စကတော့ ဘာမှသေချာမသိသေးဘူး…”   “ မောင်အာဂ၊ ဦးဘလက်လဲ အဲဒါပဲစဉ်းစားနေတာ… မင်းတစ်ခုတော့ပြောမယ်… အခု အိမ်ပြန် နွယ်ပင်ကိုခေါ်…ပြီးရင် ရန်ကုန်ကိုသွား၊ ရှာရမယ့်လူနာမည်က…ကိုရင်စည်သူ”   ဦးဘလက်ချောသည်… ပစ္စတိုသေနတ်တစ်လက်နှင့် အမေရိကန်ဒေါ်လာတစ်သိန်းကို ထုတ်ပေးလိုက်လေသည်…ထို့နောက် တရုတ်ဘုံကျောင်းများတွင် စာချသောစာရွက်လေး တစ်ရွက်ထုတ်ပေးပြီး၊ ထိုစာရွက်ဖြင့် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့လသာလမ်းရှိ တရုတ်ဘုံကျောင်းသို့ သွားရောက်ရန် ဖြစ်ပေသည်… မောင်အာဂလဲ ပိုက်ဆံနှင့်သေနတ်ကို ဆွဲယူပြီး ချစ်သူနွယ်ပင်ရှိရာသို့ အပြေးအလွှား ထွက်လာခဲ့သည်… နောက်ပိုင်းတွင် ဦးဘလက်ချောနှင့် ဦးကမ်းကြီးလဲ အဖမ်းခံခဲ့ရ ကြောင်းကြားသိခဲ့သည်…သို့သော် ဦးမင်းမတ်မှာ ပျောက်ဆုံးလျက်ရှိနေပေတော့သည်… […]


ဘလက်ချော ။   ။ ဂိုဏ်းတွေမှာလဲ ဂိုဏ်းပြသနာတွေရှိပြန်တယ် ကိုအောင်တိုက် ကြောင်ဝတုတ်ဂိုဏ်းက ဟိုးနှစ်ပေါင်း (၄၀၀)ကျော်ကတည်းက တည်ထောင်ပြီး ဂိုဏ်းချုပ် အဆက်ဆက်က ဂိုဏ်းအတွက် အကောင်းဆုံးကြိုးစားခဲ့လို့ ဂိုဏ်းကြီးသာယာပေမယ့် စုန်းပြူးဆိုတာရှိစမြဲမဟုတ်လားဗျာ… ကြောင်ဝတုတ်ဂိုဏ်းအခုဂိုဏ်းချုပ်ရှေ့က ဂိုဏ်းချုပ်ဖြစ်ခဲ့တဲ့ ဂိုဏ်းချုပ်ကြောင်ကြီးနဲ့ အပေါင်းအပါတွေဖြစ်ကြတဲ့ ကြောင်လတ်တို့ ကြေးမလောင်တို့က ဂိုဏ်းအင်အားတောင့် အောင်ကြိုးစားရမယ့်အစား အမေရိကဘက်က ကေအေအိုင်ဆိုတဲ့ ဒုစရိုက်ဂိုဏ်းတစ်ခုရဲ့ နယ်မြေကိုလုပြီး ကြီးပွားရာကြီးပွားကြောင်းရှာကြတယ်… အဲဒီလိုဆိုရင် ကြောင်ဝတုတ် ဂိုဏ်းဟာ နာမည်ကောင်းနဲ့ ကျော်ကြားနေရာကနေ ဒုစရိုက်ဆန်ဆန်ဂိုဏ်းဖြစ်လာမှာကို မလိုလားတဲ့အပေါင်းအပါတစ်စုရှိခဲ့တယ်… အဲဒီအပေါင်းအပါတစ်စုကို ခေါင်းဆောင်သူက ကိုဝတုတ် အခုတော့ခေါင်းဆောင်ကြီး ကြောင်ဝတုတ်ပေါ့ဗျာ… သူ့အတွက် အသက်ပင်သေသေကိုယ်ကျိုးမဖက်ပဲဆောင်ရွက်ပေး တဲ့သူနှစ်ယောက်ကတော့ ကျွန်တော်တို့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ ဦးမင်းမတ်နဲ့ ဦးကမ်းဝေးပါ…   အောင်တိုက် ။  ။ ကြောင်ဝတုတ်ဂိုဏ်းခေါင်းဆောင်ဖြစ်တာနဲ့ မင်းသမီးဆူးခက်ကို ခင်ဗျား သတ်လိုက်တာနဲ့ […]


ယနေ့သည် နှစ်ဟောင်းကုန်ဆုံးပြီး နှစ်သစ်သို့ကူးပြောင်းသော မြန်မာတို့၏ နှစ်သစ် နှစ်ဆန်းတစ်ရက်နေ့ဖြစ်တော့သည် မန်းတလေးဂေဇက်မှ သူကြီးအမှူးရှိသည့်  မြင်ဖူးသော၊ မမြင်ဖူးသော၊ အမြင်တူ၊ အမြင်ကွဲ၊ တစ်မြေထဲ သို့တည်းမဟုတ် ရေမြေကွဲသော ဒေသတွင်နေထိုင်ကြသော၊ ကျား၊ မ၊ ကြီးငယ် မရွေး ဂေဇက်တွင်ရှင်သန်လျက်ရှိကြသော မိတ်ဆေသင်္ဂဟအပေါင်း ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းအစရှိသည့် ကောင်းကျိုးချမ်းသာ အဖြာဖြာပြည့်စုံပြီး နိုင်ငံ့အကျိုး ဆထက်တပိုး သယ်ပိုးနိုင်သည့် လူသားများဖြစ်စေခြင်းအကျိုးငှာ နှစ်သစ်တွင် ဆန္ဒပြုလျက် ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။ ကိုယ်စိတ်နှစ်ဖြာချမ်းသာစေကုန်လော့ ခင်မင်လေးစားစွာဖြင့် ကြောင်ဝတုတ် မန်းတလေးဂေဇက်၏သဲတစ်ပွင့်


စုံထောက်ကိုအောင်တိုက်နှင့် ကျွန်ုပ်သည် အလုံရဲစခန်းတွင် အချုပ်ခံနေရသော ဦးဘလက်ချောထံသို့ ညပိုင်း (၉)နာရီခန့်တွင် သွားရောက်တွေ့ဆုံခဲ့ပါသည်… စုံထောက်ကိုအောင်တိုက်၏ မျက်နှာကြောင့်လည်းကောင်း၊ ကိုအောင်တိုက်ချီးမြှင့်သော ငွေစလေးများ၏တန်ခိုးကြောင့်သော်လည်းကောင်း ရဲစခန်းမှ အစောင့်ရဲဘော်များက ဦးဘလက်ချောနှင့် ကိုအောင်တိုက် အေးဆေးစွာစကားပြောနိုင်စေရန်အတွက် ဖန်တီးပေးလေးသည်…   ကိုအောင်တိုက်နှင့် ဦးဘလက်ချောတို့ စတင်တွေ့ဆုံရာ၌ ဦးဘလက်ချောမှာ ပကတိကြည် လင်နေပြီး မိမိအားဖမ်းခဲ့သော စုံထောက်ဟူ၍ ငြိုးမာန်မဖွဲ့လေပဲ သွေးသားရင်းချာကဲ့သို့ တစ်ဆွေးတစ်နွေး စကားလက်ခံပြောခဲ့ပါသည်…   ဘလက်ချော ။ ။ ကိုအောင်တိုက်နဲ့ ကိုသူရတို့ကျွန်တော့်ကို လာတွေ့တယ်ဆိုတော့ ဝမ်းသာလို့မဆုံးပေဘူးဗျာ… သတင်းနှိုက်ချင်လို့ပဲဖြစ်ဖြစ်၊ သဲလွန်စလိုချင်လို့ပဲဖြစ်ဖြစ်ပေါ့၊ ဘလက်ချောဆိုတဲ့ အမှောင်တစ်ဝက် အလင်းတစ်ဝက်ကလူကို အလင်းထဲဆွဲထည့်နိုင်တဲ့ စုံထောက်ကိုအောင်တိုက်ဆိုတာ နာမည်ကြီးလောက်တယ်လို့ လူတွေကတော့ ထပ်ပြောနေကြဦးမှာပဲဗျာ… ဒါပေမယ့် သူတို့ဝန်းကျင်မှာ အမှောင်ထဲတစ်ဝက်၊ အလင်းထဲတစ်ဝက်လှုပ်ရှားနေတဲ့ ကြောင်ဝတုတ်ဂိုဏ်းသားတွေအတွက်ကတော့ ကိုအောင်တိုက်လိုလူမျိုး […]


ကျွန်ုုပ်သူရဇော်မှာ စုုံထောက်ကြီးကိုုအောင်တိုုက် ရဲရဲဝံ့ဝံ့အာမခံခဲ့သည့် နောက်တစ်နေ့ လေလံပွဲတွင် တရားခံအားဖမ်းပေးမည်ဆိုုသည့် အာမခံချက်ကြီးအတွက် စိတ်ပူပန်သည့် အတိုုင်း အိပ်ပျော်ရန်ပင် ကြိုးစားမရဖြစ်နေချေတော့သည်… ကိုုအောင်တိုုက်မှာမူ စိတ်ချလက်ချဖြင့် အိပ်မောကျလျက် နောက်တစ်နေ့နံနက်ကိုု ကြိုဆိုု နေလေတော့သည်…နောက်တစ်နေ့နံနက် အိပ်ယာနိုုးသည်နှင့် ကျွနုု်ပ်ကိုသုုံးပန်လှသိုု့ ခေါ်ဆောင်သွားရောက်ပြီး ဆိတ်သားဟင်း ချာပါတီကိုု ကော်ဖီနှင့် အားရပါးရမှာယူ စားသောက်လေတော့သည်…   သူရ ။         ။ ကိုုအောင်တိုုက်…ဒီနေ့တရားခံဖမ်းပေးမယ်လိုု့ပြောထားပေမယ့် ခင်ဗျားကြည့်ရတာဖြင့် အေးဆေးလွန်းနေလိုု့ တတ်လဲတတ်နိုုင်သူပဲဗျာ…ကျုပ်ဖြင့် ညကတောင်အိပ်မ ပျော်ဘူး…   အောင်တိုက် ။         ။ ကုိုသူရရေ…စုုံထောက်ဆိုုတာ တရားခံဖမ်းမယ့်အချိန်မှာ အင်အားပြည့် ဖိုု့နဲ့ အာရုုံတွေမထွေပြားဖိုု့လိုုတယ်ဗျ… အစားသောက်ကောင်းကောင်း ဝဝလင်လင် စားသောက်ခြင်းဟာ မိမိကိုုယ်ကိုုယုုံကြည်မှုတိုုးပွားစေတယ်ဗျ… ဒါ့ကြောင့် ထောက်လှမ်း ရေးများ စစ်ဆေးလိုု့ရှိရင် ထမင်းအငတ်ခံထားပြီးမှ စိတ်ဓာတ်လျော့ပါးအောင်ကြံပြီးမှ လိုုချင်ရာဆက်မေးတော့တာကိုုး…နောက်တစ်ခုုကတော့ဗျာ…မတော်လိုု့ […]


နောက်တစ်နေ့မနက် ကျွန်တော်အိပ်ယာနိုးတော့ ကိုအောင်တိုက်မှာ အိမ်ရှေ့ဧည့်ခန်းက စားပွဲတွင် လပ်ကီးစရိုက်ဆေးလိပ်လေးအား ဇိမ်ယူဖွာရှိုက်နေရင်း မျက်လုံးအားမှိတ်ထားလေသည်… ညပိုင်းက ကိုအောင်တိုက်၏ မှုခင်းမှတ်တမ်းများကို စာပြန်စီပေးနေရသဖြင့် အိပ်ယာဝင်မိုးချုပ်သွား သဖြင့် ယနေ့မနက် စောစောအိပ်ယာမထနိုင်ခြင်းဖြစ်ပေသည်… နံရံတွင်ချိတ်ဆွဲထားသော နာရီမှာ (၉)နာရီထိုးရန် ၁ဝမိနစ်အလိုသို့ညွှန်ပြလျက်ရှိနေပါသည်…   အောင်တိုက် ။            ။ ဘယ်လိုတုန်းဗျ…ခင်ဗျားညကတော်တော်ပင်ပန်းသွားမယ်ထင်တယ်…နောက်ဖေးမှာ ထမင်းကိုကြက်ဥလေးနဲ့ မာဂျရင်းလေးလှိမ့်ပြီးကြော်ထားတယ်ဗျာ… စားလိုက်ဦး… ဒီအချိန်မှတီးဆိုင် သွားရင် အကြွင်းအကျန်ကိုတောင် မနည်းမီအောင်စားရမှာဗျ…နောက်ပြီး ဒီနေ့အလုပ်ခန့်ထားတဲ့ မိန်းခလေးအလုပ်စဆင်းမယ်ဗျာ… သူလာတာနဲ့ ကျွန်တော်တို့ လူတစ်ယောက်ကို သွားတွေ့ကြရမယ်ဗျ… ထိုစဉ် “ ဝင်ခွင့်ပြုပါ “ ဟူသော ချိုသာသံလေးနှင့်အတူ ဆံပင်ကောက်ကောက်လေးနှင့် ပိန်ပိန် သွယ်သွယ် အမျိုးသမီးလေးတစ်ယောက် အိမ်ဝတွင် မတ်တပ်ရပ်နေသည်ကိုတွေ့လိုက်ရသည်… […]


နောက်တစ်နေ့ ကျွန်ုုပ်နှင့် ကိုုအောင်တိုုက်တိုု့သည် မင်းသမီးဆူးခက်၏ ဆူးဝင်နီခြံကြီးသိုု့ ထပ်မံသွားရောက်ပြီး သဲလွန်စတစ်စုုံတရာ ရလိုုရငြားမေးမြန်းစုုံစမ်းခြင်းကိုု ပြုကြပါသည်… သိုု့ရာတွင် ဘာမှမယ်မယ်ရရ၊ အထောက်အကူရသော အဖြေများတွေ့ရသဖြင့် စိတ်ဓာတ်ကျစရာပင်… ကိုုအောင်တိုုက်မှာတော့ Google နှင့် Wiki တိုု့မှာ နတ်ဘုုရားအကြောင်းနှင့်ပက်သက်သမျှ တတ်နိုုင်သလောက် ရှာဖွေဖတ်ရှု့ ခြင်း၊ Print ထုုတ်ယူသိမ်းဆည်းခြင်းတိုု့ကိုု ပြုလျှက်ရှိပေတော့သည်… ကိုုအောင်တိုုက်၏ ထူးခြားချက်မှာ ၎င်းစိတ်ဝင်စားသောကိစ္စတစ်ခုုခုုကိုု စူးစမ်းနေရမည်ဆိုုပါက ထမင်းမေ့၊ ဟင်းမေ့ ဆေးလိပ်တစ်ဗူးနှင့် တနေကုုန်နေမည့် လူစားမျိုး… ထိုုစဉ် စက်ဘီးလေးနှင့် အရပ်တကာလှည့်ပြီး ထီလက်မှတ်ရောင်းသောကောင်လေးတစ်ယောက်က  ကိုုအောင်တိုုက်အားလာရောက်တွေ့ဆုုံပြီး စာတိုုလေးတစ်စောင်ကိုု ဂျာနယ်နှင့်ရောပေးသွားသည်…   အောင်တိုက် ။            ။ ကိုုသူရရေ…ဇာတ်လမ်းကတော့လှနေပြီဗျ… ကိုုမင်းမတ်လိုု့ယူဆရတဲ့သူတစ်ယောက်က (၁)နာရီလောက်မှာ ဆူးဝင်နီခြံကြီးဆီကိုု တစ်ကိုုယ်တော်စွန့်စားပြီး လာခဲ့တယ်တဲ့… […]


ဦးခန့်ချောနှင့်တွေ့ဆုုံပြီးနောက်… အိမ်အပြန်လမ်းတွင်…ABC ကားဂိတ်သို့ ဝင်ရောက်စုုံစမ်းရာ တိုုက်မိမည်ကဲ့သိုု့ဖြစ်သွားသော ခရီးသည်တင်ကားနှင့်အတူ စပါယ်ယာရော၊ ယာဉ်မောင်းပါ ခဏဟုထွက်ခွာသွားပြီး ပြန်မရောက်လာကြောင်း ဂိတ်မှူးက ပြောကြားပါသည်… ထိုုကားနှင့် လိုုက်ပါမည့်ခရီးသည်များမှာလဲ ဒေါသထွက်လျက်ရှိကြောင်းကိုုလဲ မျက်မြင်သိရှိခဲ့ရပါတော့သည်… ကျွန်ုုပ်တိုု့လဲ ထုိုကားပြန်ရောက်လာပါက အကြောင်းကြားပေးရန် ဖုုန်းနံပါတ်ပေးခဲ့ပြီးနောက်… နေအိမ်ရှိရာ သုုဝဏ္ဏသိုု့ ဆက်လက်မောင်းနှင်ခဲ့ပါတော့သည်… နေအိမ်သိုု့ရောက်ရှိပြီး… ကျွန်ုုပ်မှာ လပ်ကီးစရွိုက်ဆေးလိပ်လေးမီးညှိရင်း အိမ်ရှေ့ ကုုလားထိုုင်ပေါ်တွင် ဇိမ်ယူနေခိုုက် ကိုုအောင်တိုုက်မှာ စာရွက်တစ်ရွက်နှင့် စာကြည့်တိုုက်မှယူဆောင်လာသော စာအုုပ်ထူကြီးမှ စာအချို့ ကိုုဖတ်လိုုက် ချရေးလိုုက်နှင့်အလုုပ်ရှုပ်လျက်ရှိပေသည်… ကိုုအောင်တိုုက်အလုုပ်ရှုပ်နေပုုံကိုုကြည့်ရင်း ကျွန်တော်နားမလည်နိုုင်တော့သောကြောင့် ဖွင့်ဟမေးလိုုက်ရာ… အောင်တိုုက် ။           ။ ကိုုသူရ…ကျွန်တော်ခင်ဗျားကုို ကိုုယ်ကိုုတိုုင်လိုုပဲယုုံကြည်ထားတဲ့လူတစ်ယောက်… ခင်ဗျားကိုု ကွယ်ဝှက်စရာဘာမှမရှိဘူး…အခုုကိစ္စက ကျွန်တော်ကိုုယ်တိုုင် တစ်ပိုုင်းတစ်စပဲသိသေးတဲ့ကိစ္စဗျ… ဓားမြှောင်လေးကိုု သေချာကြည့်ရင်းနဲ့ ဘာကိုု […]


နောက်တစ်နေ့..နံနက် ကျွန်ုုပ်အိပ်ယာနိုုးလာတော့… ကိုုအောင်တိုုက်မှာ မနေ့ကရန်ကုုန်တက္ကသိုုလ်စာကြည့်တိုုက်မှယူဆောင်လာခဲ့သော စာအုုပ်အထူကြီးကိုု စိတ်ဝင်တစားဖတ်နေသည်ကိုုတွေ့ရလေသည်။ ဘေးတွင်ချထားသော လပ်ကီးစရွိုက်စီးကရက်အဆီခံများနှင့်ပြည့်နေသော ဆေးလပ်ပြာခွက်ကိုုကြည့်ခြင်းဖြင့် တစ်ညလုုံးနီးပါးစာဖတ်ထားသည်ကိုုခန့်မှန်းမိပါသည်။   အောင်တိုက် ။ ။ ကိုုသူရနိုုးပြီလားဗျ…ရေသွားချိုးဗျာ… ပြီးရင် သုုံးပန်လှမှာ အာလူးဟင်းချာပါတီလေးကိုု ချိုစိမ့်လေးတစ်ခွက်နဲ့စားပြီး အချိန်မလင့်ခင်အလုုပ်လေးဆက်ကြဦးစိုု့…   ပြောပြောဆိုုဆိုု ကိုုအောင်တိုုက်သည် စာအုုပ်ထူကြီးကုိုလက်မှချပြီးနောက် ခြံပြင်သိုု့ထွက်ပြီး ကျွန်ုုပ်တိုု့နေထိုုင်ရာ အမှတ်(၂၃၂)၊ စရည်းပင်လမ်း၊ သုုဝဏ္ဏဟူသော ကြေးဆိုုင်းဘုုတ်အား သေချာစိုုက်ကြည့်နေလေတော့သည်.. စိုုက်ကြည့်၍ အားရသည်နှင့် ဧည့်ခန်းအတွင်းရှိခုုံပေါ်တွင် ပြန်ထိုုင်ပြီး စာအုုပ်ထူကြီးအားပြန်လည်ဖတ်နေပြန်တော့သည်…   ကျွနုု်ပ်ရေချိုးပြီး အပြင်သွားရန်အတွက် မော်တော်ကားလေးအား မောင်းနှင်မည်အပြုတွင်…   အောင်တိုက် ။ ။ ကိုုသူရ ကျွန်တော်မောင်းမယ်ဗျ…. အခုုအချိန်မှာ အတွေ့အကြုံမရှိသေးတဲ့ခင်ဗျား ကားမောင်းဖိုု့မသင့်တော်ဘူး… ကျွန်တော်တိုု့သွားမယ့်လမ်းကိုု ကြိုခန့်မှန်းတဲ့လူရှိသလိုု…အချိန်မရွေးလုုပ်ကြံခံရနိုုင်တယ်ဗျ… စုုံထောက်အလုုပ်ဆိုုတာ အသက်ကိုုအလောင်းအစားလုုပ်ပြီး အမှန်တရားကိုုရှာဖွေရတာမဟုုတ်လား…ကိုုသူရရယ်… […]