စုံထောက်အောင်တိုက် နှင့် ကြောင်ဝတုတ်ဂိုဏ်း (၆)

နောက်တစ်နေ့မနက် ကျွန်တော်အိပ်ယာနိုးတော့ ကိုအောင်တိုက်မှာ အိမ်ရှေ့ဧည့်ခန်းက စားပွဲတွင် လပ်ကီးစရိုက်ဆေးလိပ်လေးအား ဇိမ်ယူဖွာရှိုက်နေရင်း မျက်လုံးအားမှိတ်ထားလေသည်…

ညပိုင်းက ကိုအောင်တိုက်၏ မှုခင်းမှတ်တမ်းများကို စာပြန်စီပေးနေရသဖြင့် အိပ်ယာဝင်မိုးချုပ်သွား သဖြင့် ယနေ့မနက် စောစောအိပ်ယာမထနိုင်ခြင်းဖြစ်ပေသည်…

နံရံတွင်ချိတ်ဆွဲထားသော နာရီမှာ (၉)နာရီထိုးရန် ၁ဝမိနစ်အလိုသို့ညွှန်ပြလျက်ရှိနေပါသည်…

 

အောင်တိုက် ။            ။ ဘယ်လိုတုန်းဗျ…ခင်ဗျားညကတော်တော်ပင်ပန်းသွားမယ်ထင်တယ်…နောက်ဖေးမှာ ထမင်းကိုကြက်ဥလေးနဲ့ မာဂျရင်းလေးလှိမ့်ပြီးကြော်ထားတယ်ဗျာ… စားလိုက်ဦး… ဒီအချိန်မှတီးဆိုင် သွားရင် အကြွင်းအကျန်ကိုတောင် မနည်းမီအောင်စားရမှာဗျ…နောက်ပြီး ဒီနေ့အလုပ်ခန့်ထားတဲ့ မိန်းခလေးအလုပ်စဆင်းမယ်ဗျာ… သူလာတာနဲ့ ကျွန်တော်တို့ လူတစ်ယောက်ကို သွားတွေ့ကြရမယ်ဗျ…

ထိုစဉ် “ ဝင်ခွင့်ပြုပါ “ ဟူသော ချိုသာသံလေးနှင့်အတူ ဆံပင်ကောက်ကောက်လေးနှင့် ပိန်ပိန် သွယ်သွယ် အမျိုးသမီးလေးတစ်ယောက် အိမ်ဝတွင် မတ်တပ်ရပ်နေသည်ကိုတွေ့လိုက်ရသည်… မျက်နှာတွင် ပါဝါအသင့်များသော မျက်မှန်လေးနှင့်…

အောင်တိုက် ။             ။ မနွယ်ပင်ထင်ပါ့…ကြွပါဗျာ…အချိန်ကို တလေးတစားနဲ့လာတဲ့အတွက်လဲ ကျေးဇူးတင်ပါတယ်…ကျွန်တော်တို့ မြန်မာတွေအချိန်လေးစားတတ်ဖို့လိုတယ်ဗျ… တိုင်းပြည်တိုးတက်ဖို့ အချိန်လေးစားခြင်းဆိုတဲ့ အုတ်မြစ်ကလေးကနေစကြရမှာ…အခုက အုတ်မြစ်လေးတောင် မခိုင့်တစ်ခိုင်ဖြစ်နေတုန်းဆိုတော့ အားမရဘူးဗျာ…

နွယ်ပင် ။              ။ ဦးသူရထင်ပါ့…

အောင်တိုက်။        ။ မဟုတ်ပါဘူး…ကျွန်တော့နာမည် အောင်တိုက်ပါ… ကိုသူရကတော့ ညကအလုပ်တွေ များပြီး ခုနမှအိပ်ယာထနိုင်လို့ ရေချိုးနေလေရဲ့ … ဒါထက်မနွယ်ပင်… အခုလုပ်ပေးရမှာက ကျွန်တော် အင်တာနက်ပေါ်ကရှာထားတဲ့ လင့်တွေကိုဖတ်ပြီး မြန်မာလိုဘာသာပြန်ပေးရမယ်… ဘာသာပြန်ထားတဲ့ စာကိုလဲ အစိုးရရုံးသုံးပုံစံမျိုးနဲ့ စာစီပေးထားရမယ်… မနွယ်ပင်…အစိုးရရုံးက လူတွေအတွက် သူတို့ကို အင်္ဂလိပ်လိုပေးလိုက်လို့ကတော့ မီးကြိုးမောင်းပျက်အင်္ဂလိပ်စာနဲ့ အလုပ်တွင်မှာမဟုတ်လို့ ကျွန်တော်ဒီလိုစီစဉ်ရတာပါ…နေ့လည်စာ ထမင်းစားဖို့အတွက်ကတော့ ၁၁နာရီခွဲကျရင် အောင်သုခထမင်းဆိုင်ကနေ ထမင်းဂျိုင့်လာပို့လိမ့်မယ်… မနေ့ကတည်းက လူတစ်ယောက်စာတိုးပို့ဖို့ ကြိုတင်မှာထားပြီးသားပါ… ကျွန်တော်တို့ကတော့ အပြင်သွားဦးမှာမို့လို့ အားမနာပဲ ကိုယ့်အိမ်လိုသဘောထားပြီး လွတ်လွတ်လပ်လပ်နေလို့ ရပါတယ်…

ထိုသို့ ကိုအောင်တိုက်နှင့် မနွယ်ပင်တို့ စကားပြောနေစဉ် ကျွန်တော်မှာ နောက်ဖေးမီးဖိုချောင်မှ အိမ်ရှေ့သို့ထွက်လာပြီး…မနွယ်ပင်အား အပြုံးနှင့်နှုတ်ဆက်လိုက်သည်… ထို့နောက်တစ်ညလုံး အလုပ်ရှုပ်ခဲ့သော ဆူးဝင်နီအမှုမှတ်တမ်းကြီးအား ကိုအောင်တိုက်လက်ထဲသို့ထည့်ပေး လိုက်သည်။

ကိုအောင်တိုက်သည် ကျွန်ုပ်ပေးအပ်လိုက်သော မှတ်တမ်းကြီးအား နှစ်ရွက်သုံးရွက်ဖတ်လိုက်ပြီး နောက် ဧည့်ခန်းစားပွဲရှိ သေချာသပ်သပ်ရပ်ရပ်စီထားသော စစ်တုရင်ခုံအောက်တွင် ထားခဲ့ပြီး… အပြင်သို့ထွက်ရန်ပြင်ဆင်လေတော့သည်…ထို့နောက်…

အောင်တိုက် ။         ။ ကျွန်တော်တို့ ဆူးဝင်နီခြံကိုသွားမယ်…နောက်တစ်ခုက အလုံက ခရေပင်လမ်း… မနွယ်ပင်အကြောင်းကိစတစ်ခုခုရှိရင် ကျွန်တော်တို့ (၂)ယောက်ကိုဖုန်းလှမ်းဆက်လိုက်ပါ… အလုပ်စားပွဲပေါ်ကဖုန်းရဲ့ Quick Dial နံပါတ် (၁)က ကျွန်တော့်ဖုန်းပါပဲ… အဲဒီစားပွဲပေါ်က ကျွန်ပျူတာက မနွယ်ပင်အလုပ်လုပ်တဲ့အခါသုံးပါ…အင်တာနက်လဲချိတ်ထားပါတယ်… အဆင်မပြေတာရှိရင် ကျွန်တော်တို့ပြန်လာမှ ပြောဆိုညှိနှိုင်းကြတာပေါ့…

ကားပေါ်သို့ရောက်သောအခါ…

အောင်တိုက် ။             ။ ကိုသူရရေ…အခု ကျွန်တော်တို့ ချက်ထရီယန်ဟိုတယ်ကိုသွားမယ်… အဲဒီမှာ လူတစ်ယောက်ကိုသွားတွေ့ပြီး၊ နောက်အလုံကို သွားမယ်…နောက်ဆုံးကျမှဆူးဝင်နီခြံကိုသွားမယ်…

ပြောပြောဆိုဆိုနှင့် ကိုအောင်တိုက်သည် သူ့ဖုန်းကိုထုတ်ပြီး အရီးလတ်ဆီသို့ ဖုန်းလှန်း ခေါ်လိုက်သည်…

အောင်တိုက် ။             ။ အရီးလတ်ရေ…ကျွန်တော့အိမ်က အင်တာနက်လိုင်းနဲ့ ဖုန်းလေးကို တစ်ဆိတ်ကြည့် ထားပေးပါ…ညနေမှ မုန့်ဝယ်လာခဲ့တော့ မယ်နော်…ဟားဟားဟား…

အရီးလတ်အား ကိုအောင်တိုက်မှဆွေမျိုးရင်းချကဲ့သို့ နောက်ပြောင်ပြီး…

အောင်တိုက် ။                ။ အခုကျွန်တော်တို့သွားတွေ့မယ်လူက Mr.Mike ခေါ်တဲ့ ဦးကြီးမိုက်(ခ်) သူကရှေးဟောင်းပစ္စည်းတွေလေလံတင် ရောင်းတဲ့အလုပ်ကိုလုပ်တယ်…ကျွန်တော်သူနဲ့ တွေ့စရာရှိတယ်…ပြီးရင် ဦးမိုက်(ခ်)ကိုခေါ်ပြီးတော့ အလုံ၊ ခရေပင်လမ်းက ပဒုမ္မာဆိုတဲ့ စားသောက်ဆိုင်ကိုသွားမယ်…အဲဒီရောက်ရင် ဆိုင်ပိုင်ရှင် အန်တီပဒုမာနဲ့ သူတို့ (၂)ယောက်ကို မိတ်ဆက်ပေးပြီးတာနဲ့ ကျွန်တော်တို့ ဆူးဝင်နီခြံကိုသွားမယ်…

ဆူးဝင်နီခြံမှာ နောက်ဆုံးကျွန်တော်နေရာတစ်ခုကို ကြည့်စရာရှိတယ်…အဲဒါပြီးရင် မနက်ဖြန်ကျ ကျွန်တော်တရားခံကို ဖမ်းပေးပါ့မယ်….

 

ကျွန်ုပ်တို့ ဦးကြီးမိုက်(ခ်)ကို ချက်ထရီယန်ဟိုတယ်မှသွားရောက်ခေါ်ယူပြီးနောက်…အလုံမြို့နယ် ခရေပင်လမ်းသို့ ကားလေးအားမောင်းခဲ့သည်… ခရေပင်လမ်းသို့ရောက်သောအခါ ပဒုမာ္မစားသောက် ဆိုင်သို့အရောက် ကြိုတင်ချိန်းဆိုထားသည့် အန်တီပဒုမ္မာမှ နေ့လည်စာဖြင့် တည်ခင်း ဧည့်ခံပြီးနောက် နောက်တစ်နေ့မနက် (၁၀)နာရီတွက် ပဒုမ္မာစားသောက်ဆိုင်အတွင်း ရှေးဟောင်းပစည်းလေလံတင် ရောင်းချပွဲကျင်းပရန် အသေးစိတ်ဆွေးနွေးကြပါသည်…ဆွေးနွေးရာတွင် လုံခြုံရေးကိစ္စများပါထည့်သွင်းဆွေးနွေးရလေသည်…

ထို့နောက် ကျွန်တော်နှင့် ကိုအောင်တိုက်တို့ ဆူးဝင်နီခြံကြီးသို့သွားရောက်ကာ…ကိုအောင်တိုက်မှာ မင်းသမီးဆူး၏ခမ်းနားလှစွာသော ဘုရားခန်းကြီးကို ကျေနပ်အောင်လှည့်ပတ်ကြည့်ပြီးနောက်…

အောင်တိုက် ။         ။ ပြန်မယ်ဗျာ…မနက်ဖြန်ဆို တရားခံကသေချာပေါက်မိပြီ…

ထိုသို့ ပြောပြီးနောက် ကိုအောင်တိုက်မှာ ကားကိုမောင်းပြီး အိမ်သို့ပြန်လာခဲ့သည်…. အိမ်ပြန်ရောက်ပြီးနောက် မနွယ်ပင်ပြင်ဆင်ပေးထားသော စာရွက်စာတမ်းများကို သေချာကြည့် ပြီးနောက်…

အောင်တိုက် ။           ။ မနွယ်ပင်ရေ…ချီးကျူးလောက်ပါတယ်ဗျာ…ပထမရက်မှာတင် ကျွန်တော့ စိတ်ကြိုက်ပုံစံဝင်အောင် စီစဉ်ပေးနိုင်တယ်ဆိုတော့ ခင်ဗျားအရည်အချင်းကို မချီးကျူးပဲမနေနိုင်ပါဘူး…

နွယ်ပင် ။              ။ ကျွန်မလဲ အလုပ်ကို တတ်နိုင်သမျှအကောင်းဆုံးလုပ်ပေးတာပါ ဦးအောင်တိုက်

အောင်တိုက် ။        ။ ဒါနဲ့မနွယ်ပင် မနက်ဖြန်ကျရင်…ကျွန်တော်တို့တွေ လေလံပွဲတစ်ခုကို သွားစရာရှိလို့ မနွယ်ပင်လဲ အတွေ့အကြုံရအောင်လိုက်ခဲ့ဖို့ ကျွန်တော်တောင်းဆိုပါတယ်ဗျာ…

နွယ်ပင် ။              ။ ဘာပဲဖြစ်ဖြစ် ကျွန်မက ဦးအောင်တိုက်ရဲ့ အလုပ်သမားပဲ…ဦးအောင်တိုက် တာဝန်ပေးရင် ကျွန်မလိုက်ခဲ့ပါ့မယ်…

အောင်တိုက် ။            ။ ကောင်းပြီလေ…ဒါဆို…အခုတော့ မနွယ်ပင်ပြန်ချင်ရင်ပြန်လို့ရပြီ… မနက်ဖြန်ကျမှတွေ့မယ်နော်…

နွယ်ပင် ။            ။ ဟုတ်ကဲ့ပါ…ဦးအောင်တိုက်…

မနွယ်ပင်သည် ပြောပြောဆိုဆိုဖြင့် လက်ကိုင်အိတ်ကလေးကိုဆွဲကာ အိမ်ပြန်ရန်အတွက် ခြံပြင်သို့ ထွက်ခွာသွားတော့သည်…

အောင်တိုက် ။               ။ ကောင်မလေးက အကြံရှိလို့ ဒီအလုပ်ကို လာလုပ်တာ…တကယ်ဆိုရင် သူ့အရည်အချင်းက Over Qualify ပဲ…

သူရ ။            ။ ဟုတ်လားဗျ…ကျွန်တော့်မျက်စိထဲမှာတော့ အေးအေးလေးပါပဲ…

အောင်တိုက် ။               ။ မိန်းမတွေအတွက် ရိုးသားအေးငြိမ်းခြင်းကလဲ လက်နက်တစ်ခုပဲ ကိုသူရရေ…ကဲဗျာ မနက်ဖြန်ကျရင်တော့ တရားခံကဘယ်သူလဲဆိုတာတွေ့ရတော့မယ်…ဒါနဲ့ မနွယ်ပင်က အေးအေးလေးနဲ့ တာဝန်ကျေတဲ့မိန်းမတစ်ယောက်လို့ ခင်ဗျားထင်တယ် မဟုတ်လား… ကျွန်တော်တို့သွားတော့ သူက ခင်ဗျားတစ်ညလုံးရေးထားတဲ့ မှတ်တမ်းကြီးကို သေချာဖတ်ပြီး တစ်ဦးတစ်ယောက်ဆီကို သတင်းပြန်ပို့ဦးမှာပါ… ကျွန်တော်မသွားခင် စစ်တုရင်ခုံလေးနဲ့ဖိထားခဲ့တာ… ပြန်လာတော့ စစ်တုရင်ခုံပေါ်ကအကောင်တွေက နေရာရွေ့နေတယ်… သူလဲ သေချာမသိအောင်ကြည့်ပေမယ့် ခြေရာလက်ရာတော့ပျက်တာပေါ့ဗျာ…စစ်တုရင်အကောင်တွေကို များလွန်းတော့လဲ သိပ်ပြီးသေချာ မလုပ်နိုင်ဘူးပေါ့…အဲဒါကြောင့် စစ်တုရင်ခုံနဲ့ ဖိထားခဲ့တာဗျ…

သူရ ။          ။ ဒါဆို ခင်ဗျားက နွယ်ပင်ကို သူလျိုမှန်းသိရက်နဲ့ သက်သက်အလုပ်ခန့်ထားတာပေါ့…

အောင်တိုက် ။           ။ ခင်ဗျားသတိမထားမိဘူးလားဗျ… ကျုပ်တို့အိမ်ရှေ့မှာလာချောင်းတဲ့ ကောင်မလေးက အခုကျုပ်တို့ဆီမှာ အလုပ်လာလုပ်နေတဲ့ နွယ်ပင်ပဲဗျ… ကျွန်တော်လဲပြောဖူးပါတယ်…ကျားပေါက်စလေးလိုချင်မှတော့ သားရဲတွင်းထဲဆင်းမှရမယ်ဆိုတာလေ…ကဲပါဗျာ…ဒါတွေထားလိုက်ပါတော့…မနက်ဖြန်ကျရင် ပဒုမ္မာစားသောက်ဆိုင်သွားရင်း… အန်တီပဒုမ္မာရဲ့ စေတနာတွေနဲ့ အစားအသောက်တွေတဝစားရင်းက.. တရားခံဘယ်သူလဲဆိုတာ ကြည့်ကြတာပေါ့ဗျာ…

ဆက်ရန်-

18 comments

  • R Ga

    April 5, 2012 at 4:54 pm

    တရားခံ ဘယ်သူလဲဟေ့………………

  • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

    April 5, 2012 at 5:06 pm

    သားရဲတွင်းထဲမှာကျားမချောချောလေးရှိတယ်နော်……ကိုအာကြီးရေ…….ကိုအောင်တိုက်ကလိုက်ခုန်ချပါ
    ဦးတဲ့…….

  • amatmin

    April 5, 2012 at 5:36 pm

    ကိုကြောင်ဝတုတ်ရေ..
    ချိတ်ဆက်ထားတာလေးတွေ အကုန်လုံးက ကွက်တိ ခင်ဗျ..
    တနေ့ကြုံရင်တော့အင်းယားလမ်းက ပဒုမ္မာ စားသောက်ဆိုင်မှာ အန်တီပဒုမ္မာ နာမည်ပြောပြီး ဝင်ကြိတ်လိုက်ဦး မဗျ..
    ဒါနဲ့ အရီးလတ်လဲ ကြောင်ဝတုတ်ဂိုဏ်းသား ဖြစ်နေအုန်းမယ်နော်.. 🙂

    • Shwe Tike Soe

      April 6, 2012 at 5:00 pm

      ဝင်ကြိတ်လိုက် ဟိုက ပြန်ဝိုင်းကြိတ်လိုက်လိမ့်မယ်… ကိုမတ်က နေ ပျော့ခွေပြန်လာနေရမယ်… ဟဟဟ

  • Thel Nu Aye

    April 5, 2012 at 5:37 pm

    အန်တီပဒုမ္မာ ဇာတ်သိမ်းပြီးသွားရင် ရွာထဲကလူတွေကိုထမင်း အဝကျွေးမယ်ဆိုလား။ တရားခံမိရင်ဇာတ်သိမ်းတော့မလို့လား။ ၁ဝ ပိုင်းကျော်မယ်ဆို။ အခုမှဇာတ်ရှိန်တက်တုန်းရှိသေးတာ။

    • ဆူး

      April 5, 2012 at 5:43 pm

      မင်းသိင်္ခ့ စတိုင် တရားခံ မိပြီးမှ နောက်ကြောင်း ပြန်မယ် ထင်တယ်။

  • ဆူး

    April 5, 2012 at 5:41 pm

    နွယ်ပင် သတင်းပို့နေတာ အာဂ ကိုဖြစ်ရမယ်။
    ဟဲဟဲ..

    နောက်တခါ အရီးလတ် ရဲ့ ၁၀ဝ တန် ဖုန်းကဒ်နဲ့ အန်တီ ပဒုမ္မာ ဆိုင်မှာ အားရပါးရ စားဖို့ ချိန်းလိုက်မယ်။

  • FattyCat

    April 5, 2012 at 10:17 pm

    ကိုမတ်ကတော့လုုပ်ပြန်ပြီ…မသောက်ရသေးဘူးမူးနေပြန်ပြန်ထင်တယ်…
    ကျွန်တော်ရေးထားတဲ့ ပဒုမ္မာစားသောက်ဆိုင်က အလုုံက ခရေပင်လမ်းမှာ…ဘယ့်နှယ် အင်းယားလမ်းရောက်သွားတုန်း…
    အင်းယားလမ်းမှာ အန်တီပဒုမ္မာနာမည်ပြောသွားစားပြီးမှ ဆိုင်မှားတယ်ဆိုရင်ဖြင့် ကျွန်တော်တို့ ကြောင်ဝတုတ်ဂိုဏ်းသားများလာရွေးနေရပါဦးမယ်ဗျာ…

    ခင်တဲ့-
    ကြောင်ဝတုတ်

    • amatmin

      April 6, 2012 at 9:26 am

      ကိုဖက် ကျုပ်က အပြင်မှာ အမှန်တကယ်ရှိတဲ့
      အင်းယားလမ်းကပဒုမ္မာ စားသောက်ဆိုင်ကိုပြောတာပါဗျ..
      ခင်ဗျားလဲ ဆရာမင်းသိင်္ခလို အပြင်နဲ့ဆက်စပ်ရေးထားလားလို့… 🙂

  • MaMa

    April 5, 2012 at 11:12 pm

    (…နေ့လည်စာ ထမင်းစားဖို့အတွက်ကတော့ ၁၁နာရီခွဲကျရင် အောင်သုခထမင်းဆိုင်ကနေ ထမင်းဂျိုင့်လာပို့လိမ့်မယ်…) ဆိုတဲ့ ကြော်ငြာကိုတွေ့ပြီး အလုပ်လျှောက်ချင်စိတ်တောင် ပေါက်လာတယ်။
    😛

  • surmi

    April 6, 2012 at 12:02 am

    ကြောင်ဝကြီးရေ ….
    ကြိုက်တယ်ကွာ ၊ ကျုပ်ငယ်ငယ်ကစုံထောက်ဝတ္ထုဆိုရင် ကျောင်းပြေးပြီးဖတ်တာ ။ မောင်ရင်.ကိုတော.
    ဆာအာသာကိုနင်ဒွိုင်းလို.တင်စားလိုက်တော.မယ် ။ဘိုးတော်တိုက်က မန်းဂေဇက်ရဲ. ရှားလော.ဟုမ်းပေါ.
    (ဒါနဲ. စကားအတင်းစပ်) ခြံစောင်.တို.မာလီတို. ဘယာကြော်သယ်တို.လိုရင်ပြောနော် ဟဲ ဟဲ …။
    ( ၁ ၂ ၃ ကဖတ်မရဖြစ်နေတယ် မီးပျက်လို.ခုမှ ဝင်ဖတ်ရတာ )

  • Rose Minn

    April 6, 2012 at 1:21 am

    ကော်လံပေါ်ကနှုတ်ခမ်းနီ တရားခံဘူလဲဟေ့။ ကိုဖက်တို့လုပ်ပုံများ နွယ်ပင်တောင် သူလျှိုဖြစ်ရတယ်။ ဟိုတခါလာချောင်းကြည့်နေတာ တူရမိန်းမလား၊ တူရအကြွေးရှင်လားလို့ မှတ်တယ် လက်စသတ်တော့နွယ်ပင်ဖြစ်နေတာကိုး အထင်အထင် ကပြောပါတယ်။ တက်တက်စင်လွဲ ဟီဟိ။
    ကောင်းခန်းမှာတော့ မလွမ်းပါရစေနဲ့နော်။ ဆက်ရေးကိုဖက် ဆက်ရေး။

  • marblecommet

    April 6, 2012 at 4:09 am

    အော် ..ကြောင်ဝတုတ်ဂိုးဏ်တောင် အပိုင်း (၆)ရောက်လာပြီ သများ မဖတ်ရသေးဘူးချင့်….

  • သူရဇော်

    April 6, 2012 at 9:23 am

    ဝတုတ်တုတ်ကြောင် ခင်ညားတို့ ဂိုဏ်းသားတွေဆင်ခြင်ကြလော့ ကျွန်ုပ်သူရဇော်နှင့် ကိုအောင်တိုက်တို့ လာရင် ခင်ညားကို နုတ်နုတ်စင်းမယ်……ဒါဗြဲ………..

  • kyeemite

    April 6, 2012 at 9:42 am

    ကြောင်ဝတုတ်ရေ…ရှေးဟောင်းပစ္စည်းစိတ်ဝင်စားတာတော့
    အမှန်ဘဲဗျို့..ဟိုတစ်ခါကျုပ်တင်ခဲ့တဲ့..၁၉၀၅ခုနှစ်ထုတ်
    ဝမ်းရူပီးဒင်္ဂါးပြားလေးဆို နိုင်ငံအနှံ့အတော်လေးလိုက်ရှာထားရတာ..
    အင်းကြုံတုန်း ဒေါ်ပုဒုံမာစားသောက်ဆိုင်အတွင်း ရှေးဟောင်းပစ္စည်းလေလံတင် ရောင်းချပွဲ
    မှာလေလံတင်လိုက်အုံးမယ်ဗျို့..ငွေလိုနေတာနဲ့အတော်ဘဲ..

    • Shwe Tike Soe

      April 6, 2012 at 5:02 pm

      ဦးကျော်မိုက် ကို ဇာတ်လမ်းထဲ ဆွဲထည့်လိုက်ပြီ ဟေ့ဟေ့

  • mg mg

    April 6, 2012 at 4:19 pm

    ဒီ(၆)က မနေ့ကတည်းကလေ၊ ချောက်ထဲကမတက်နိုင်တော့ဘူးလား၊
    မတက်ရင်လည်း ချောက်ကိုရေအားလျှပ်စစ်လုပ်ရအောင် စီလုပ်ကြီးဆီ ရောင်းစားလိုက်တော့မယ်။

  • Thel Nu Aye

    April 9, 2012 at 3:38 pm

    ဖက်ဖက်ကက်ရေ။ လုပ်ပါအုံးဟ ( ရ )။ ဒီတနေ့လုံးမျှော်နေတာ။ ခုထိပေါ်မလာသေးဘူး။

Leave a Reply