Good IdeaAugust 16, 20101min2608
ဟိုရက်ကဗျာ ဘုရားသစ်သီးဆွမ်းကပ်တာနဲ.ပတ်သက်ပီး ရေးထားတာလေးကို တစ်ချို.သူငယ်ချင်းတွေ ပြောတာကိုပြန်ပီးဆွေးနွေးချင်လို.ပါ တစ်ချို.ကပြောတယ် ဘုရားကိုသစ်သီးဆွမ်းကပ်တဲ့နေရာမှာ ခွဲမကပ်တာက ဖုန်တွေပေမှာဆိုးတယ်ဘာညာပေါ့ဗျာ ကာလံဒေသံဆိုတဲ့ပုံစံမျိုးနဲ. ပြောသွားတာကို တွေ.သဗျာ။ အဲ့မှာ တစ်ခုပြောချင်တာက သူငယ်ချင်း ဘုရားဟောဆိုတာက ဘယ်လိုခေတ်ကာလရောက်ပါစေ ပြောင်းလဲလို. ပြုပြင်လို.မရတာပါဘူဆိုတာကိုပါ။ ဘုရားရှင်ဟာ ဥပဒေသတွေကို အလားနေအလကား မချမှတ်ပါဘူး လိုအပ်တာတွေကိုပဲချမှတ်တာပါ ပီးတော့ ဘုရားရှင်ချမှတ်တဲ့ ဥပဒေသတွေဟာ ဘယ်လိုခေတ်ကာလကိုပဲရောက်နေပါစေ ခေတ်နဲ.လိုက်လျှောညီထွေဖြစ်တာတွေ ချည်းပါပဲ။ ဖြည့်စွက်စရာ ပြင်ဆင်စရာကိုမလိုလောက်အောင်ပီးပြည့်စုံပီးသားပါ နောက်ပီး ဗုဒ္ဓဘာသာဝင်တွေ ဘုရားကိုကိုးကွယ်တယ်ဆိုတာက ဘုရားရှင်မရှိတော့ပေမယ့် လမ်းမှန်ကိုညွှန်ပြသူ ပီးတော့ သံသရာမှ လွတ်ရာလွတ်ကြောင်းကိုဟောကြားတော် မူအပ်သော အတုမရှိကိုးကွယ်ရာအနေနဲ. မှတ်ယူပီး သက်တော်ထင်ရှားရှိသလိုကို မှတ်ယူပီး ယုံကြည်ကိုးကွယ်တာပါ။ ဒါပေမယ့် မိရိုးဖလာ ဗုဒ္ဓဘာသာဝင်အနေနဲ.ဆိုရင် တော့ ဘုရားရှင်ကို အဲ့လိုမှတ်ပီးကိုးကွယ်မှာမဟုတ်ပါဘူး ။ ဘိုးတော်တွေနဲ.တန်းတူ ထွက်ရပ်ပေါက်ဆိုတဲ့သူတွေလောက်တောင် […]


Good IdeaAugust 13, 20101min1696
ကျနော်ရေးခဲ့တဲ့ စစ်တွေမြို့မှ ကျောင်းထိုင်ဆရာတော်တပါးကို အကျဉ်းထောင်တွင် ဖမ်းဆီးထား ဆိုတဲ့ သတင်းအောက်မှာ ကွန်မန့်တခု အင်္ဂလိပ်လို ဝင်ရေးလာပါတယ်။ မြန်မာလို ဘာသာပြန်လိုက်ရင် “လူတယောက်က ကျနော့်ကို ပြောလာတယ်။ အဲဒီဆရာတော်ဟာ နိုင်ငံရပ်ခြားတိုင်ပြည်များ အထူးသဖြင့် စပိန်နိုင်ငံက ထောက်ပံ့နေတဲ့ အလှူငွေတွေကို အလွဲသုံးစားလုပ်နေတယ်၊ ကလေးအလောင်းတွေ ဘုန်းကြီးကျောင်းထဲက တွေ့တယ်လို့ ရဲကပြောတယ်။ နောက်ပြီး မိန်းမတယောက်နဲ့ တရားမဝင် လက်ထပ်ထားတယ်လို့ ပြောတယ်” လို့ အဓိပ္ပါယ်ရပါတယ်။ ကွန်မန့်မှာ ဒီလိုပြောလာတော့ သူပြောတဲ့အချက်တွေနဲ့ ပက်သက်လို့ စုံစမ်းဖို့ ကျနော့်မှာ တာဝန်ရှိလာပါတယ်။ ဒါနဲ့ စစ်တွေမြို့ခံတွေကို ကျနော် မေးမြန်းစုံစမ်းကြည့်တဲ့နောက် အောက်မှာရေးထားတဲ့ အချက်အလက်တွေကို သိလာရပါတယ်။ ဆရာတော်ဦးပညာစာရဟာ ရမ်းဗြဲကျွန်းဇာတိပါ။ သူ့ကျောင်းမှာ ကျွေးမွေးစောင့်ရှောက်ထားတဲ့ ကလေးတွေဟာ ဘူးသီးတောင်၊ မောင်တောမှာရှိတဲ့ မွတ်စလင်ဘာသာဝင်တွေ […]


Good IdeaAugust 13, 20101min1073
စစ်တွေမြို့ ကန်တော်ကြီးရပ်ကွက် ဗုဒ္ဓဝိဟာရကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် နှင့် ရခိုင် သမိုင်းသုတေသီ ဦးပညာစာရအား စစ်တွေအကျဉ်းထောင်တွင် ဖမ်းဆီးချုပ်နှောင်ထားကြောင်း သိရသည်။ ပြီးခဲ့သည့်လ ၂ရ ရက်နေ့တွင် ဆရာတော်အား မာတုကာမနှင့် ဖောက်ပြားသဖြင့် သာသနာတော် ညှိုးနွမ်းစေသည်ဟု စွပ်စွဲကာ ဒေသအာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ “သူ့ကို ၂ရ ရက်နေ့က ဖမ်းသွားတယ်။ အမှတ် ၁ ရဲစခန်းမှာ ချုပ်ထားပြီးတော့ ရိုက်နှက် နှိပ်စက်တယ်။ အခု ပုဒ်မတွေ အများကြီးနဲ့ တရားစွဲဖို့ ပြင်နေပြီ”ဟု စစ်တွေမြို့နှင့် အဆက်အသွယ်ရှိသည့် ရန်ကုန်မြို့နေ ရခိုင်ဦးဇင်းတပါးက ပြောသည်။ ဆရာတော် ဦးပညာစာရသည် ၁၉၉ဝ ခုနှစ်မှစတင်ကာ မိဘမဲ့ကလေးများကို စောင့်ရှောက်ခြင်းနှင့် ရှေးဟောင်း သမိုင်းသုတေသနလုပ်ငန်းကို လုပ်ဆောင်နေသူ ဖြစ်ကြောင်း သိရသည်။ ဆရာတော်ကို […]


Good IdeaAugust 12, 20101min790
မြန်မာစစ်အစိုးရသည် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲများကျင်းပမည့် နယ်မြေ ၃၃ဝ ၏ အမည်စာရင်းများကို နိုင်ငံပိုင် သတင်းစာမှတဆင့် ယနေ့ ထုတ်ပြန်ကြေညာလိုက်သည်။ ယခု ကြေညာချက်အရ ၂၀၁ဝ ရွေးကောက်ပွဲသည် ၁၉၉ဝ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး စောမောင်ဦးဆောင်သည့် နဝတ (ခေါ်) နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က ကျင်းပပေးခဲ့သည့် ရွေးကောက်ပွဲထက် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၂. ၉ဝ ရာခိုင်နှုန်း လျော့နည်းခဲ့သည်။ ၁၉၉ဝ ရွေးကောက်ပွဲတွင် နဝတ အစိုးရက  ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲမားကို နိုင်ငံတဝှမ်းရှိ နယ်မြေ ၄၉၂ နေရာ ကျင်းပပေးမည်ဟု ကြေညာခဲ့သည်။ သို့သော် ရွေးကောက်ပွဲ ကျင်းပသည့် ၁၉၉ဝ ခုနှစ် မေလ ၂ရ ရက်နေ့တွင်မူ အကြောင်း အမျိုးမျိုးကြောင့် မဲဆန္ဒနယ် […]


Good IdeaAugust 9, 20101min42116
သဇင်ရဲ့ ပတ်သတ်သူကလည်း ခေသူမဟုတ်ပါ …..သဇင်နဲ့တွဲတာလောက်ကတော့ သူ့အတွက်ထမင်းစားရေသောက်ပေါ့ Forward Mail တခုမှ ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။


Good IdeaAugust 6, 20101min1254
ခုခေတ် လူတွေမှာ တော်တော်များများပြောနေတာ ကြားနေရတယ် အဆင့်အတန်းတဲ့ ဒီကောင်မလေးကတော့ သူ.အဆင့်လေးနဲ.မတန်တာကိုမှ ယူတယ်တို.ဘာတို.ကြားနေရတာ များနေတယ်ဗျ။ အဲ့တော့ဗျာ ကျွန်တော်တစ်ခုလောက်တော့ဆွေးနွေးချင်တယ် ကိုယ်ဘယ်လိုအဆင့်အတန်းလဲ ကိုယ့်အိမ်ထောင်ဖတ်ကဘယ်လိုအဆင့်အတန်း ဖြစ်မလဲဆိုတာကို တွေးမိသလောက် ပြောပြချင်တယ်နော်။ ကိုယ်ဘယ်လိုလူနဲ. ဘယ်လိုအဆင့်အတန်းနဲ.ရမလဲဆိုတာကိုပေါ့ မရခင်ထဲက ဘယ်လိုလူနဲ.ရမလဲဆိုတာ တွေးလို.ရအောင်ပါ။ ကျွန်တော်ကတော့ အဆင့်အတန်းဆိုတာကို ငွေကြေးပိုင်ဆိုင်မှု.နဲ. မဆုံးဖြတ်ဘူးဗျာ ဘာနဲ.သတ်မှတ်လဲဆိုတော့ လူတစ်ယောက်ရဲ. နေထိုင်မှု.ဘဝပုံစံနဲ နောက်ပီး သူ.ရဲ. စိတ်ထား သူ.ရဲ. အပြောအဆို သူ.ရဲ.အတွင်းစိတ်နဲ.ပဲတိုင်းတာတယ် ဒါမှ လူတစ်ယောက်ရဲ.အဆင့်အတန်းလို.လဲသတ်မှတ်တယ် ။ ငွေတွေတော့ချမ်း သာပါရဲ. ဒါပေမယ့် လူကိုလူလိုမမြင်ပဲ လုပ်ချင်ရာလုပ်နေသူကို အဆင့်အတန်းရှိတယ်လို သူငယ်ချင်းဆိုရင်ရော သတ်မှတ်မှာလား အဲ့တော့ဗျာ မိန်းကလေးပဲဖြစ်ဖြစ် ယောကျင်္ားလေးပဲဖြစ်ဖြစ်ပေါ့ ကိုယ့်အဆင့်အတန်းဆိုတာကို ကိုယ်တိုင် နေထိုင်မှု. ပုံစံနဲ.ပဲသတ်မှတ်တာပါ ပီးတော့ ကိုယ်ဘယ်လိုလူနဲ.ရရ အဲ့လူဟာ […]


Good IdeaAugust 6, 20101min1252
ဟိုလွန်ခဲ့တဲ့ရက်ပိုင်းက ဂျာနယ်တစ်စောင်မှာဖတ်လိုက်ရတယ်ဗျ ဘာတဲ့စတီဖင်ဟော့ကင်းဆိုတဲ့ သိပ္ပံပညာရှင်က သက်ရှိသတ္တဝါဆိုတာကို ကမာ္ဘမှာအပြင် အခြားဂြိုလ်တွေမှာလဲရှိတယ်ဆိုပီး ဖော်ထုတ်လိုက်တယ်ဆိုပဲ အဲ့ကိစ္စကလဲ တော်တော်လေးရေပန်းစားပီး လူတိုင်းပါးစပ်ဖျားမှာ တစ်အံ့တစ်ဩော ပြောရလောက်အောင်ဖြစ်သွားတာကိုတွေ.ရတယ်ဗျ ။ ကျွန်တော်ကတော့ ဗုဒ္ဓဘာသာဝင်မို.ပဲလားမသိဘူး သိပ်ပီးတော့မအံ့ဩမိဘူး ။ ဘာလို.လဲဆိုတော့ ငယ်ငယ်ထဲက အိမ်ကအမေကြီးတို. ပီးတော့ အိမ်ကိုဆွမ်းခံကြွတဲ့ ဦးဇင်းလေးတို.က မေတ္တာပို. အမျှဝေရင်ကြားဘူးနေကျလေ ။စင်္ကြာဝဠာတိုက်တစ်သောင်းမှာ ရှိကြကုန်သော သက်ရှိသတ္တဝါအားလုံးအား အမျှပေးဝေပါကုန်၏ဆိုပီး ကြားဘူးတယ်လေ ပီးတော့ ဘုရားဟောထဲမှာလဲရှိတာပဲ အနန ္တ စင်္ကြာဝဠာ အနန ္တ သတ္တဝါဆိုပီးလဲ ပါတယ်လေ အဲ့တော့ လူဆိုတာ ဒီကမာ္ဘတစ်ခုထဲမှာတင်မဟုတ်ပဲ အခြားအခြားသော နေရာများမှာလဲရှိတယ်လို. ဘုရားကဟောထားတယ်လို. ကျွန်တော်ကတော့ယူဆတယ်ဗျ ။ အဲ့တော့ ခုဆိုရင် အခြားကမာ္ဘ ဆိုတာ ရှိတယ်ဆိုတာကို လူတွေက ခုမှတစ်အံ့တစ်ဩဖြစ်နေ […]


Good IdeaAugust 6, 20101min2255
ကျွန်တော်တို. မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင်သော ကိုးကွယ်သော နိုင်ငံဖြစ်သလို ။ လူတိုင်းကလဲ ဘာသာရေးကို ယုံကြည်စွာနဲ. ဘာသာရေးကို သက်ဝင်ယုံကြည်စွာ လုပ်ဆောင်ကြပါတယ်။ ဒါပေမယ့် ဟိုရက်က ရွှေတိဂုံ ဘုရားပေါ်ကို ရောက်သွားတော့ စိတ်ထဲမှာ ထင့်စရာလေး တစ်ခုကိုတွေလိုက်ရတယ်ဗျ။ ဘာလဲဆိုတော့ ဘုရားမှာ သစ်သီးဆွမ်းကပ်ထားတာ ပါ။ သစ်သီးဆွမ်းကပ်တာကတော့ အပြစ်ပြောစရာမရှိပေမယ့် ဘုရားကိုကပ်ထားတဲ့ သစ်သီးတွေကို အခွံမခွာပဲ အလုံးလိုက်ကပ်ထားတာကတော့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ. မဖြစ်သင့်ဘူးဗျ ။ ဘာလို.လဲဆိုတော့ ဘုရားရှင်ကဟောကြားတော်မူထား တဲ့ ထဲမှာ ဘုရားသားတော်ရဟန်းတွေနှင့် ဘုရားရှင်ကို သစ်သီး ဆွမ်းကပ်ရင် အသီးကို အလုံးလိုက်ကပ်ခွင့်မရှိပါဘူး ဘာလို.လဲဆိုတော့ သစ်သီးထဲမှာပါတဲ့ အစေ့က နောက်အတွက် အပင်ဖြစ်လာမှာမို.ပါပဲ။ ဒါမို. ရဟန်းတွေဟာ သစ်သီးကိုဘုန်းပေးချင်တယ်ဆိုရင် ခွဲထားသော သစ်သီးတွေကိုပဲ […]


Good IdeaAugust 6, 20101min1673
၂၀၀၈ ဖွဲ့စည်းပုံအရ ကျင်းပမည့် ၂၀၁ဝ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ မဖြစ်နိုင်သဖြင့် ပြည်ထောင်စု ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်းသည် ပါတီ ဥက္ကဋ္ဌရာထူးမှ ယမန်နေ့က နှုတ်ထွက်ခဲ့သည်။ ရွေးကောက်ပွဲကော်မရှင်၏ ဆောင်ရွက်ချက်များနှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၏ ရွေးကောက်ပွဲ အောင်နိုင်ရေး ကြိုးပမ်းလာမှုများကို ထောက်ရှု၍ ၂၀၁ဝ ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲတရပ် ဖြစ်ပေါ်လာမည့် အခြေအနေမရှိပါသဖြင့် နှုတ်ထွက်ရခြင်း ဖြစ်ကြောင်း ယမန်နေ့ကထုတ်ပြန်ခဲ့သည့် ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ထုတ်ပြန် ကြေငြာချက်တွင် ဖော်ပြထားသည်။ ထို့ပြင် ပြည်သူလူထု တရပ်လုံး နိုင်ငံရေးတွင် ပါဝင်ခွင့်ရရှိရေး၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးနှင့် မြန်မာ့နိုင်ငံရေးတွင် ပါဝင်ခွင့်ရရှိရေး၊ နိုင်ငံရေးအင်အားစုများကို လွတ်လပ်စွာ စည်းရုံး လှုပ်ရှားခွင့်ပြုရေး၊ သတင်းမီဒီယာ လွတ်လပ်ခွင့် ရရှိရေးစသည့် […]


Good IdeaAugust 6, 20101min1635
မင်းသမီး ထက်ထက်မိုးဦး ကားတိုက်ခံရတယ်လို့ သတင်းတပုဒ် တက်လာပါတယ်။ မင်းသမီးယောက်ျားက လက်ကျိုးသွားလို့ ဆေးရုံတင်ထားရပါတယ်တဲ့။ အောက်ကလင့်ခ်ကို နှိပ်ပါ။ http://freedomnewsgroup.com/2010/08/06/%E1%80%91%E1%80%80%E1%80%B9%E1%80%91%E1%80%80%E1%80%B9%E1%80%99%E1%80%AD%E1%80%AF%E1%80%B8%E1%80%A5%E1%80%AE%E1%80%B8-%E1%80%80%E1%80%AC%E1%80%B8%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%B9%E1%80%81/ သတင်း အသေးစိတ်တွေကို ဆက်လက် စုံစမ်းနေပါတယ်။ မိတ်ဆွေများလည်း သိမိ၊ ကြားမိတာလေးတွေ ပြောပြ ကြပါဦး။


Good IdeaAugust 6, 20101min1183
ပေါ်စေတဲ့ ပါးစေ စကတ်ကို ရှေ့နောက်ခွဲလို ့ရယ် ဝတ်ပါသည် sexy ဒီဇိုင်းများကိုလ မွဲခြောက်ခြောက် ဆံပင် တစ်မျိုးဆံပင် ဖောက်ကာ စင်းလိုရယ် နောက်ကမြင်ရင် ခွဲကာ မရပါတဲ့ ကာလ၏ သမီးပြိုတွေ လေလာရင် လဲမည့်ပာန်နှင့် ဝတ်ပါသည် ချက်ပေါ်အင်္ကျီများကိုလ ရက်ရောကာ လှစ်ကာပြပါတဲ့ ကဲပါပေ့ မချောတွေ အရှေ့တိုင်းပာာ အရှေ့တိုင်းမှာ နေတာမို့ မြတ်နိုးစေချင် ကိုယ့်ယဉ်ကျေးမှုကိုလ အနောက်တိုင်းပာန် အတုမခိုးပါလေနဲ့ ရစေချင် အမြင်မှန် ချစ်ပါသည် ကားစီးနိုင်ရင်တော့ (ကိုယ်ပိုင်) ပာန်းဖုန်းထုတ်ကာ ဆက်ရင်ဖြင့် ဖွင့်လျှက်ပါ အိမ်ရှေ့တံခါးကိုလ ကာလကို ပြောင်းပြန်တိုက်လို့ရယ် မိန်းမနောက်ပိုး အမည်မသိ ခေတ်စာဆို (Forward Mail တခုမှ ကူးယူဖော်ပြသည်။)


Good IdeaAugust 5, 20101min2288
တနေ့ ကျနော် အင်တာနက်ရွာထဲ လျှောက်လည်တုန်း အိမ်ကလေးတလုံးဆီကို ရောက်သွားတယ်။ ရွာထဲမှာဆိုရင် ဒီအိမ်လေးက အတော်အသင့်ကို ခိုင်ခန့်သပ်ရပ်တယ်လို့  ပြောလို့ရတယ်။ ဒါနဲ့ အိမ်ထဲဝင်လိုက်တဲ့အခါ ကျနော့်အရင် ရောက်နေတဲ့ အိမ်သားတွေဟာ အကြောင်းအရာပေါင်းစုံကို  အသီးသီးဝေမျှ ပြောဆိုနေကြတာ တွေ့လိုက်ရတယ်။ အချစ်အကြောင်း၊ မော်ဒယ်အကြောင်း၊ အားကစား၊ ဘာသာရေး၊ ဗေဒင်၊ နိုင်ငံရေး၊ ဂီတ၊ သတင်း စသဖြင့် သူတို့ပြောကြတဲ့ အကြောင်းအရာတွေဟာ စိတ်ဝင်စားစရာတွေနဲ့ ပြည့်နေတယ်။ ခုမှ ရောက်ခါစဆိုတော့ သူတို့ပြောတာ အတန်ငယ် နားထောင်ကြည့်ပြီးတဲ့အခါ ကျနော်လည်း သူတို့လို ပြောချင်လာတယ်။  ဒါနဲ့ အိမ်ထိန်းကြီးကို မေးလိုက်တယ်။ “ကျနော်ရော အိမ်သားဖြစ်လို့ရသလား ခင်ဗျ” အိမ်ထိန်းကြီးက ဝမ်းသာအားရပြန်ဖြေတယ်။ “ရတာပေါ့ကွာ။ ဒီအိမ်ဟာ မင်းရဲ့ အိမ်ပဲ။ မင်းတို့လိုလူတွေအတွက် ငါတို့ကြိုးစား […]


Good IdeaAugust 4, 20101min1734
“ငါ့စကား နားထောင်တယ်” ချဲလ်ဆီအသင်းမှ ကစားသမား အက်ရှ်လေကိုး အိမ်သို့ မူးပြီးပြန်လာသည်။ လိုက်ပို့သည့်အဖော်ဖြစ်သူက “မင်း ဒီလောက်မူးနေတာ မိန်းမတွေ့ရင်တော့ ပြဿနာတက်မှာနော့်” အက်ရှ်လေကိုးက ပြန်ဖြေသည်။ “အေးဆေးပါ။ မိန်းမက ငါ့စကားကို နားထောင်ပြီးသား။ ဘာပြဿနာမှ မရှိဘူး” အိမ်ရောက်သော် အလွန်အကျွံ မူးနေသည့် အက်ရှ်လေကိုးအား မိန်းမဖြစ်သူက လက်ညှိုးထိုးကာ… “ရှင်… ဒီအရည်တွေ သောက်လာပြန်ပြီလား ဟင်…မသာကြီး… မသာကြီး…” ဟု ဆဲသည်။ ထိုအခါ ယင်း၏အဖော်က “ဟေ့ကောင်… ဘယ်လိုလဲ… မင်းပြောတော့ မင်းစကားနားထောင်တယ်ဆိုကွ” “မပူပါနဲ့ကွာ။ ငါပိုင်ပါတယ်ကွ။ ဟေ့ မိန်းမ… နောက်(၂)ခါလောက်ထပ်ပြောစမ်း”။ မိန်းမဖြစ်သူက ထပ်ဆဲပြန်သည်။ ထိုအခါ အက်ရှ်လေကိုးက အဖော်ဘက်သို့လှည့်ပြီး… “ဟဲ..ဟဲ ..တွေ့လား… ငါ့မိန်းမက ငါ့စကား နားထောင်တယ်နော်။ ယုံပြီလား” […]