Good IdeaApril 8, 20111min1287
စိတ်ပညာဆိုင်ရာဝေါဟာရတစ်ခုဖြစ်တဲ့ Netaholic ဆိုတာ အင်တာနက်စွဲလမ်းသူ ၊ အင်တာနက်ကို အလွန်အကျွံ သုံးစွဲ သူလို့ အဓိပ္ပါယ် ရပါတယ် ။ Netaholic ဆိုတာ ဆေးစွဲ သူ အရက်စွဲ တဲ့လူတွေ လိုမျိုးရောဂါတစ်ခုပါ ။ ဒါပေမဲ့ သူက ဆေးစွဲတာ ၊ အရက်စွဲတာတွေထက် ပိုပီး အဖြတ်ရခက်သလို စိတ်နဲ့သက်ဆိုင်နေတာ ဖြစ်တဲ့အတွက် ပိုပြီးသိမ့်မွေ့ပါတယ် ။ Netaholic ဖြစ်လာနိုင်တဲ့ လူတစ်ယောက်ရဲ့ ပထမဆုံး လက္ခဏာ တွေကတော့ … ၁ ။ ကွန်ပျူတာကိုအသုံးပြုပြီး နက်ဝေါ့ခ် ထဲဝင်နေရင် တခါထိုင်ရင် ၅ နာရီအနည်းဆုံးထိုင်မယ် ။ ၂ ။ စားတာသောက်တာကအစ ကွန်ပြူတာရှေ့မှာ စားမယ် ။ ၃ ။ […]


Good IdeaApril 8, 20111min1228
လူထုစိန်ဝင်းက ပြောပါတယ်။ အားယားနေသူတွေသာ ဂေးအခွင့်အရေး၊ တိရိ စ္ဆာန် အခွင့်အရေး လုပ်ကြတာပါတဲ့ ဒီနေ့ အချိန် နည်းနည်းရလို့ ဘလော့တွေထဲ လျှောက်မွှေကြည့်တော့ အညာနွေ တမာမြေ ဘလော့မှာ ဒီဆောင်းပါးလေး တွေ့လာတာနဲ့ မန္တလေး ဂေဇက်က ဘော်ဒါတွေတော့ ဖတ်ချင်ရှာမှာပဲ ဆိုပြီး တင်ပေးလိုက်တာပါ။ ဘာလို့ဆိုတော့ မနှစ်တုန်းက ဂေဇက်ရွာထဲမှာ လိင်တူချစ်သူ ပဋိပက္ခတွေ ရှိခဲ့သေးတယ်မို့လား။ အင်း ကျနော်တင်လိုက်တဲ့ ဒီဆောင်းပါးကို ဖြိုးတယောက်များ ဖတ်မိရင် ဒေါသတွေ တချောင်းချောင်းထွက်ပြီး ရှူးရှူးရှဲရှဲ ဖြစ်နေမလား မသိနော်။ အားလုံးကို လေးစားလျှက် Good Idea ဒီမိုကရေစီလမ်းကြောင်းက သွေဖည်အောင် မလုပ်ပါနဲ့(လူထုစိန်ဝင်း) ထိုင်းနိုင်ငံ ဘန်ကောက်မြို့က နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုမှာ အလုပ်လုပ်နေတဲ့ အနောက်နိုင်ငံသူ အမျိုးသမီးတစ်ယောက် ရောက်လာပါတယ်။ […]


Good IdeaApril 8, 20111min861
မင်း ဘဝမှာ မင်း သင်္ဘောကို မင်း ကိုယ်တိုင် ပဲ့မကိုင်တတ်ရင် မင်း ဟာ သူများနှာခေါင်းပေါက်နဲ့ မင်း အသက်ကို ဆက်နေရမှာပဲ…။ မင်း ရပ်ဖို့ မင်း ခြေထောက် ဘယ်မှာလဲ။ မင်း သွားဖို့ မင်း လမ်း ဘယ်မှာလဲ။ မင်း တွေးဖို့ မင်း ဥဏှောက် ဘယ်မှာလဲ။ ငါ့ အသိဉာဏ်ဟာ တထွာ တမိုက်ပဲ ဖြစ်ဖြစ် ငါ့ ရှင်သန်မှုအတွက် အားကိုးလောက်တယ်။ ငါ့ ရပ်တည်မှုအတွက် ငါ့ ခြေထောက်ကို ပစ်ထားရမှာလား။ ငါ့ ဆုံးဖြတ်ချက်ဟာ ငါ့ အတွက် အကောင်းဆုံး ဖြစ်ချင်မှ ဖြစ်မယ်။ ဒါပေမယ့် အဆိုးဆုံး မဟုတ်ဘူး။ ငါ့ ကောင်းခြင်း ဆိုးခြင်းဟာ ငါ့ […]


Good IdeaFebruary 3, 20111min1020
ကျနော် Good Idea ရဲ့ ဇနီးက သားလေးမွေးတဲ့အတွက် ကလေးတဖက်နဲ့ အလုပ်ရှုပ်နေတာကြောင့် ပို့စ်တွေမတင်ဖြစ်သလို ရွာထဲကို မရောက်ဖြစ်တာ ကြာပြီ။ အခုတော့ ကလေးက ၂ လနီးပါး ဖြစ်လာပြီဆိုတော့ အရင်လောက်တော့ အချိန်မပေးရတော့ဘူးလေ။ ဒါနဲ့ ရတဲ့အချိန်နည်းနည်းမှာ ပို့စ်တင်ရင် ကောင်းမယ်လို့ စဉ်းစားမိတယ်။ ဘာအကြောင်းကို ပို့စ်တင်ရင်ကောင်းမလဲလို့ ကြည့်လိုက်တော့ လက်ရှိက နေပူတော်မှာ စပါယ်ရှယ် ပိတ် ၂ ပိတ် (ပါးစပ်ပိတ်၊ တံခါးပိတ်) လွှတ်တော်ကြီး ကျင်းပနေချိန်ဖြစ်နေတယ်။ ဒီတော့ ဒီလွှတ်တော်နဲ့ ပတ်သက်ပြီး ဆရာလူထုစိန်ဝင်းရဲ့ အင်တာဗျူးကောင်းလေးတခု တွေ့တာနဲ့ ပို့စ်တင်ဖို့ ဆုံးဖြတ်လိုက်တယ်။ ကျနော်တော့ ဆရာ့အင်တာဗျူးဖတ်မိပြီး ပြည်သူ့အတွက် မကြောက်မရွံ့ ပွင့်ပွင့်လင်းလင်း ပြောရဲ ဝေဖန် ထောက်ပြရဲတဲ့ သတင်းစာဆရာဆိုတာ ဒါမျိုးပါလားဆိုပြီး […]


Good IdeaDecember 11, 20101min1403
က…ကလေးငယ် မျက်ရည်လည် ် ခ..ခရောင်းလမ်း သူဖြတ်သန်း ။ ဂ…ဂန်း(Gun)သံ ဆူဆူညံ။ င…ငတိများ အလွန်စော်ကား။ စ…စစ်အာဏာ တကယ်ရှည်ကြာ ဆ…ဆိုးသွမ်း သူတို့ပွဲကြမ်း။ ဇ…ဇာတ်တွေနာ နိုင်ငံဟာ ည…ညှင်းဆဲခြင်း သူတို့သွတ်သွင်း။ တ…တရားဥပဒေ ဘယ်ရောက်နေ ထ…ထမင်းငတ် ရိက္ခာပြတ်။ ဒ…ဒို့အရေး တို့ဟစ်ကြွေး ဓ…ဓနရှင်စနစ် ချေမှုန်းပစ်။ န…နိုင်ငံရယ် ပျောက်ပြီကွယ် ပ…ပညာရေးဘယ်ထွက်ပြေး။ ဖ…ဖာနိုင်ငံဖြစ်ပြီအမှန် ဗ…ဗိုလ်ချူပ်စကား ပြန်လို့ကြား။ ဘ…ဘဝတွေဟာ စုတ်ပြတ်လာ မ…မြောင်းထဲကျ ပြန်ထမရ။ ယ…ယမ်းငွေ့သုံး လူမျိုးပြူန်း ရ…ရှူနေရ လူလုံးမလှ။ လ…လူ့အခွင့်အရေးတွေ ဆုံးရှူံးနေ ပ…ပယ်လို့မရ တိုက်ယူကြ။ သ…သတင်းစာ မဖတ်ခြင်းဟာ ဟ…ဟာသများ ရယ်ဖို့မအား။ အ…အမေ…တို့တိုင်းပြေ…ဘယ်ေ တာ့မှလွတ်လပ်မလေ…??


Good IdeaDecember 11, 20102min30313
ကြည့်ပါဦးနာရီကြီးနဲ့ သေနတ်ကိုဒီလိုပစ်လို့ရလား ဟင် ဟီး လေယဉ်မပေါ်လောက်သေးဘူးထင်တာပဲနော ် အောက်ကိုမှမကြည့်တာ ဟီးရယ်ရတယ် မြင်ဦးမယ် မြင်ဦးမယ် ပြောင်းပြန်ဖတ်တတ်တယ်နော် တော်လိုက်တာ


Good IdeaDecember 10, 20101min1394
ကျွန်တော်တို့ ကျွန်မတို့ကျောင်းရှေ ့ရှိ ဝါးလုံးတိုင်ထိပ်တွင် လုံချည် တစ်ထည် လွှင့်တင်ထားပါသည်။ လုံချည်တွင် အဝါရောင်၊ အနီရောင်၊ အစိမ်းရောင်ဟူသော အရောင် ၃ မျိုးကို ပေါင်းစပ် တွဲချုပ်ထားပါသည်။ လုံချည်ကို ချုပ်နေ စဉ် ကြွက်ကိုက်သွားသဖြင့် အဖြူရောင်ရှိသော ကြယ်တလုံးဖြင့် အစားထိုး ဖာထေးလိုက်ရပါသည်။ အနီရောင်က တရုတ်၊ အဝါရောင်က အိန္ဒိယကို ကိုယ်စားပြုသည်ဟု သိရှိရပြီး အစိမ်းရောင်သည် ကျွန်တော်တို့ ကျွန်မတို့ အိမ်နားမှ ဘာမယ်မယ်ရရ အလုပ်မှ မရှိကြသော၊ လမ်းခင်းပေးမယ်အမှန်ခြစ်ပါ ဟု လိမ်ပြောသူများ ဝတ်ဆင်သည့် လုံချည်ကို ကိုယ်စားပြုပါသည်။ အဝါနှင့် အနီရောင်ကြားတွင် အစိမ်းရောင်ကို ထားရှိခြင်းမှာမူ တရုတ်နှင့် အိန္ဒိယတို့၏ ဂုတ်သွေးစုတ်ခြင်းကို ကိုယ်စားပြုပါသည်။ ဖာထေးလိုက်ရသော ကြယ်ကြီးမှာမူ ကိုယ်စားပြုစရာ မရှိသေးပါ။ […]


Good IdeaDecember 8, 20101min1322
အခန်း(၁) (သင်ပုန်းကြီး) “ညအခါလသာသာရေနစ်သေမလားငတ်သေမလား ။” အခန်း(၂) (သင်ပုန်းကြီး) “တစ်၊နှစ် =ကိုနာဂစ် သုံး၊လေး =လွတ်အောင်ပြေးငါး၊ခြောက် =ရေထဲရောက်ခုနှစ်၊ရှစ် =မသာဖြစ်ကိုး၊တစ်ဆယ်= ဝဋ်ကျွတ်တယ်။” အခန်း(၃) (သင်ပုန်းကြီး) “ဘယ်ကလာသလဲ။ဘယ်နယ်ကလဲ။အလယ်ကလူအသားဖြူ၏။ခင်ဗျားအလှူ တစ်ပြားမရှုရ ။” အခန်း(၄) (သင်ပုန်းကြီး) “အစားအစာဝါးစားပါ။အသားပါသလား။ငါးပါသလား။ဘီစကစ်ပါသလား။ဘာပဲပါပါ ထားခဲ့ပါ။” အခန်း(၅) (သင်ပုန်းကြီး) “ဟိုဘက်ကမ်းက ဗိုက်ပိန်ပိန် (ကဗျာ) ဒီဘက်ကမ်းက ဗိုက်ပိန်ပိန်အမိုးအကာ မဲ့နေတဲ့မနှင်းတို့အိမ်။” အခန်း(၆) (သင်ပုန်းကြီး) “ဖိုးရွှေကြီး ဖိုးရွှေကြီးအလွန်ယုတ်တဲ့ ဖိုးရွှေကြီးဖိုးရွှေကြီးက မိုက်တိုင်ထူခွေးအ ကြီးနဲ့တူတူပါသကွဲ့ မယုံငြား ဒီမှာကြည့်ပါလား။” အခန်း(၇) (သင်ပုန်းကြီး) ” တနင်္ဂနွေ၊ တနင်းလာဗိုက်မှောက် မျှော်နေတာအဂါင်္၊ ဗုဒ္ဓဟူးရောက်လု တစ်ဦးဦးကြာသပတေး၊ သောကြာတစ်ယောက်မှ ပေါ်မလာစနေမှာ သေချာသွား ဘယ်သူမှ မလာအား။” အခန်း(၈) (သင်ပုန်းကြီး) “မုန်တိုင်းကို […]


Good IdeaDecember 8, 20101min860
Updated စနေနေ ့နံနက် ၅ နာရီ မိနစ်၃၀: ဗိုလ်ချုပ်ခင်ညွန့်မှာ နေအိမ် အကျယ်ချုပ်မှ ကွင်းလုံးကျွတ် လွတ်မြာက်ခြင်း မဟုတ် ပဲ အကန် ့အသတ် ဖြင့်သာ လွတ်မြောက်ခြင်း ဖြစ်သည် ဟု ထပ်မံ သတင်းရရှိသည်။ ့ ၂၀၀၄ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ ့က မန္တလေး မြို ့မှ အပြန် ရန်ကုန် မင်္ဂလာဒုံ လေဆိပ် တွင် ဖမ်းဆီးခံရပြီး နောက် အမိန် ့မနာခံမှု ၊ လာဘ်စားမှု ၊မရိုးမသား လုပ်မှု များ ဖြင့် ရာ ထူး မှ ဖယ်ရှာခြင်း ခံခဲ့ရ သည့် ထောက်လှမ်းရေး အကြီးအကဲ ဟောင်း […]


Good IdeaDecember 4, 20101min26114
နှလုံးခုန်မြန်လာခြင်းနှင့် ခြေဖဝါး၊ လက်ဖဝါးများ၌ ချွေးပြန်လာခြင်းသည် ဆွဲဆောင်မှုရှိလွန်းသော အမျိုးသမီးများနှင့် တွေ့ဆုံရသည့်အခါ ဖြစ်တတ်ကြောင်း အမျိုးသားများစွာတို့ သတိပြုမိပြီးဖြစ်သည်။ ယခုအခါ သူတေသနအသစ်တစ်ရပ်အရ အမျိုးသားများသည် လှပသော သူစိမ်းတစ်ရံစာ အမျိုးသမီးတစ်ဦးနှင့် ငါးမိနစ်မျှသာ တွေ့ဆုံရုံနှင့်စိတ်ဖိစီးမှုများ လွန်စွာမြင့်တက်လာပြီး ယင်းသည် ကျန်းမာရေးအတွက်ဆိုးရွားစေကြော င်းသိရသည်။ “ငါဒီလိုလူစားမျိုးမဟုတ်ဘူး”ဟုတွေးလိုက်မိသောအခါ၊ အဆိုပါ အမျိုးသမီးက အနားကပ်ထိုင်သောအခါ၊ သို့မဟုတ်အဆိုပါအမျိုးသမီး၏ စိတ်ဝင်စားမှုကိုရရှိအောင် ကြိုးစားသောအခါ အကြင်ပုရိသ၏အခြေအနေသည် အဆိုးရွားဆုံးသို့ ရောက်ရှိသွားသည်ဟု သိပ္ပံပညာရှင်တို့က အခိုင်အမာပြောကြားခဲ့သည်။ အဆိုပါအမျိုးသားတို့၏ စိုးရိမ်သောကဖြစ်မှုနှုန်းသည် လေယာဉ်ပျံတစ်စင်းပေါ်မှခုန်ချရသည့်အခါ ဖြစ်ပေါ်သောနှုန်းနှင့် ညီမျှသည်ဟုဆိုသည်။ အဆိုပါ အမျိုသားတို့၏ ကော်တီဆော ဟော်မုန်းပါဝင်မှုနှုန်းသည် လေယာဉ်ပျံပေါ်မှ ခုန်ချရသည်ထက်ပင် ပို၍မြင့်မားနိုင်သည်ဟု ပညာရှင်တို့က ဆို၏။ ယင်းသို့ ကော်တီဆော ဟော်မုန်းမြင့်တက်မှုက နှလုံးရောဂါဖြစ်နိုင်ခြေနှင့် နှလုံးရောဂါကြောင့် အမောဖောက်လာနိုင်ခြေကို လွန်စွာမြင့်မားစေသည်ဟု […]


Good IdeaDecember 3, 20101min962
လူတစ်ယောက် စားသောက်ဆိုင်တစ်ဆိုင်မှာ အစားသွားစားတယ်။ အစားစားနေချိန်မှာ မတော်တဆ ဇွန်းပြုတ်ကျသွားတယ်။  ဘေးမှာရပ်နေတဲ့ စားပွဲထိုးက ချက်ချင်းပဲ ဘောင်းဘီအိတ်ထဲကနေ ဇွန်းတစ်ချောင်းထုတ်ပေးတယ်။ ဒါကို သူကတအံ့တဩနဲ့ စားပွဲထိုးကို မေးတယ်။ ” ဘာဖြစ်လို့ဇွန်းကိုဘောင်းဘီအိတ်ထဲထည့်ထားရတာလဲ? ” စားပွဲထိုး…. ” ကျွန်တော်တို့အထက်က အကြံပေးလူကြီးတွေက ကျွန်တော်တို့ရဲ့အလုပ်ကို ပိုတိုးတက်ကောင်းမွန်အောင်ဆိုပြီး အပြောင်းအလဲ လုပ်လိုက်တယ်။ စားသုံးသူတွေ မတော်တဆ ဇွန်းပြုတ်ကျသွားရင် ကျွန်တော်တို့ ကိုယ်ပေါ်ကနေ ချက်ချင်းထုတ်ပေးနိုင်အောင် စီစဉ်ထားတယ်။ ဒီလိုပြောင်းလဲလိုက်တာနဲ့ အလုပ်ရဲ့တိုးတက်နှုန်းက ၃၁% ရှိသွားပါတယ်။ ဒါဟာ မီးဖိုထဲထိ ဇွန်းသွားယူမယ့်အသွားအလာချိန်ကိုသက်သာစေပါတယ် ” “အင်းသိပ်ကောင်းတဲ့အကြံပါပဲ” ဒီလိုနဲ့ စားသောက်ပြီးငွေရှင်းဖို့ ကောင်တာဆီ သူထသွားလိုက်တယ်။ အဲဒီမှာ စားပွဲထိုးတွေရဲ့ ဘောင်းဘီဇစ်မှာ ကြိုးတစ်ချောင်းချိတ်ထားတာကို သူတွေ့လိုက်တယ်။ တအံ့တဩနဲ့ သူမေးကြည့်ပြန်တော့ … စားပွဲထိုးက…” […]


Good IdeaDecember 3, 20101min1010
ကမ္ဘာကျော် Foreign Policy မဂ္ဂဇင်းကြီးမှ ထုတ်ပြန်ကြေညာသော ၂၀၁ဝ ခုနှစ် ကမ္ဘာ့ထိပ်တန်း အတွေးအခေါ်ပညာရှင် အယောက် (၁၀၀) တွင် ပါဝင်သည့် မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ပေးပို ့သော ဗွီဒီယိုစကားပြောမှတ်တမ်းအား မြန်မာဘာသာသို ့ ကြိုးစားပြန်ဆိုထားခြင်း ဖြစ်ပါသည်။ မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ပေးပို ့သော ဗွီဒီယိုစကားပြောမှာ -ယခုလို နေ ့ရက်မင်္ဂလာအချိန်အခါသမယမှာ ကျွန်မအနေနဲ ့ (ဗွီဒီယိုမှ တစ်ဆင့်) နှုတ်ခွန်းဆက်စကား ပြောဆိုခွင့်ရတဲ့အတွက် အထူးကြည်နူးဝမ်းမြောက်ရပါတယ်။ အကယ်လို ့သာ လူကိုယ်တိုင် တွေ ့ဆုံပြောကြားခွင့်ရမယ်ဆိုရင်တော့ အတိုင်းထက်အလွန် ပိုမိုပြီး ဝမ်းမြောက်ဝမ်းသာ ဖြစ်မိမယ်ဆိုတာ ကျိန်းသေပါတယ်။ နိုင်ငံတကာဆက်ဆံရေး မူဝါဒရေးရာဆိုင်ရာ မဂ္ဂဇင်းကြီးမှ ကမ္ဘာ့ထိပ်တန်း အတွေးအခေါ်ပညာရှင်များ အယောက် (၁၀၀) ဖေါ်ပြတဲ့အထဲမှာ […]