Good IdeaSeptember 13, 20101min1231
ရေးသူ – နောင်နောင် မိမိကိုယ်သာ အကောင်းဆုံး ဖြစ်ပါစေ ကဗျာ ဆရာကြီး ဒေါက်ကလပ်စ်မာလော့ ရဲ့ ကဗျာလေးပါ။ သင်သည် တောင်ထိပ်ပေါ်က ထင်းရှုးပင်လေး မဖြစ်နိုင်ခဲ့ရင် တောင်ကြားထဲက ချုံပင်လေး ဖြစ်ပါစေ၊ သို့သော်လည်း တောင်ကြားနဘေး နေရာမှာ အကောင်းဆုံး ချုံပုတ်လေး ဖြစ်စေရပါမယ်။ သစ်ပင်ကြီး မဖြစ်နိုင်လျှင်လည်း ချုံပုတ်လေးတော့ ဖြစ်ပါစေ။ ချုံပုတ်လေး မဖြစ်နိုင်ရင် မြက်ပင်လေးဖြစ်ပါစေ၊ ဒါပေမဲ့ အဲဒီ မြက်ပင်လေးဟာ လမ်းမကြီးကို လှပအောင် တန်ဆာဆင်ပေးနေတဲ့ မြက်ပင်လေးတွေ ဖြစ်ပါစေ။ အကယ်၍ သင်ဟာ ငါးသလောက် မဖြစ်လျှင် ငါးစင်ရိုင်းလေး ဖြစ်ပါစေ၊ အဲသည် ငါးစင်ရိုင်းလေးဟာ အလှဆုံး ငါးလေးတကောင် ဖြစ်နေပါစေ။ ကျွန်တော်တို့ အားလုံးဟာ ခေါင်းဆောင်ချည်း မဖြစ်နိုင်ပါဘူး နောက်လိုက်တပည့် […]


Good IdeaSeptember 11, 20101min2027
စက်တင်ဘာ ၄ ရက်ည သန်းခေါင် ပဲခူးနယ်မြေခံ တပ်ရင်းက အရာရှိနှစ်ယောက်နဲ့ စကားများရာကနေ စစ်သားတွေက သေနတ်နဲ့ လိုက်ပစ်လို့ ပဲခူးမြို့ ဇိုင်းဂနိုင်း တောင်ပိုင်းရပ်ကွက်အရပ်သား လူငယ် ၂ ယောက် သေဆုံးသွားရတဲ့ သတင်းဟာ စစ်တပ်ရဲ့ သရဲဘောကြောင်မှု၊ ရက်စက်ယုတ်မာမှုကို ပေါ်လွင်စေပါတယ်။ ဒါကို ဒီကနေ့ စက်တင်ဘာ ၁ဝ ရက်ထုတ် အစိုးရပိုင် မြန်မာ့အလင်းသတင်းစာကနေ တပ်မတော်မှာ တာဝန်ထမ်းဆောင်တဲ့ လူငယ်တချို့နဲ့ အရပ်သားလူငယ်အချင်းချင်း ရန်ဖြစ်တဲ့ ဖြစ်ရိုးဖြစ်စဉ်လို့ရေးထားပါတယ်။ ဒါဆိုရင် တပ်မတော်သားတွေက အမြဲတမ်းအပြင်မှာထွက်ပြီး မူးယစ်ရမ်းကား အရပ်သားတွေနဲ့ရန်ဖြစ်နေတာ မထူးဆန်းဘူးပေါ့။ စည်းကမ်းပြည့်ဝတဲ့ တပ်မတော်ဆိုပြီး အသံကောင်းဟစ် မြို့ကြီးပြကြီးတွေပေါ်မှာတောင် ရှေ့တန်းစစ်မြေပြင်လို လက်ရဲဇက်ရဲ ကြာခို၊ ဓားမြတိုက်၊ မူးယစ်ရမ်းကားနေတာဟာ ပြည်သူကို အကာကွယ်ပေးမဲ့ တပ်မတော်လား။ ဒီသတင်းစာကို […]


Good IdeaSeptember 8, 20101min28617
ကျနော်တို့ ပြည်မြို့မှာ ကိုမောင်ကြီး ဆိုတဲ့ မိန်းမလျာတဦး (အခြောက်) ရှိတယ်။ သူက အလှပြင်တယ်။ မင်္ဂလာဆောင်တွေမှာ ပန်းအလှထိုးတယ်။ ပဒေသာကပွဲ ကတယ်။ ကျန်တဲ့အချိန် သူ့မိဘအလုပ်ဖြစ်တဲ့ ငါးပိ ငံပြာရည်ရောင်းတဲ့ အလုပ်ကို ကူတယ်။ များသောအားဖြင့်တော့ အလှပြင်ပါတယ်။ ကိုမောင်ကြီးက အလှပြင်ရင် စေတနာပါပါနဲ့ လုပ်ပေးလေ့ရှိတော့ ဘွဲ့ယူမယ့်လူတွေ မင်္ဂလာဆောင်မယ့်လူတွေက သူ့ဆီမှာပဲ အလှပြင်ချင်ကြတယ်။ ပြည်တက္ကသိုလ်မှာ ဘွဲ့နှင်းသဘင်ရှိတဲ့လဆိုရင် သူ့ဆီကို ဟိုင်းလတ်ကား ၄  ၊ ၅ စီးနဲ့ ဘွဲ့ယူမယ့် ကောင်မလေးတွေ လာပြီးအလှပြင်ကြတယ်။ ဒါကြောင့် ဝင်ငွေ တအားဖြောင့်တယ်။ ဒါပေမယ့် သူရတဲ့ငွေနဲ့ မိဘကို လုပ်ကျွေးတယ်။ အလှူအတန်း ရက်ရောတယ်။ မူလတက္ကသိုလ်ဆိုတဲ့ ဘုန်းကြီးကျောင်းက ပိုက်ဆံမတတ်နိုင်တဲ့ ကလေးတွေကို စုပေါင်းရှင်ပြုပေးတဲ့အခါ သူက […]


Good IdeaSeptember 6, 20101min40415
ရှင်းရှင်းပြောရမယ်ဆိုရင်တော့ လိင်တူချစ်သူဆိုတဲ့ကိစ္စတွေကို လက်ခံနိုင်စွမ်း ကျနော့်မှာ မရှိသေးဘူး။ ယောက်ျားလေးက မိန်းကလေးကို၊ မိန်းကလေးက ယောက်ျားလေးကို ချစ်လို့ရပါတယ်။ ချစ်ကြစမ်းပါ။ ကမ္ဘာပေါ်မှာ ယောက်ျားတွေ မိန်းမတွေ အများကြီး။ ရိုက်သတ်လို့တောင် မကုန်ဘူး။ ဘာကြောင့် ကျား ကျားချင်း၊ မ မချင်း ချစ်ချင်ကြသတုန်း။ အဲ့လို ချစ်လို့ရော ဘာတွေများ ကောင်းကျိုး ရှိလာမတုန်း။ စဉ်းစားကြည့်ကြပါ။ ကျနော်က အဲဒီလိုပြောတော့ “မင်းတို့က ချစ်မှ မချစ်ဘူးတာ ဘယ်ခံစားတတ်ပါ့မလဲ”လို့ ပြန်ဖြေပါလိမ့်မယ်။ ကျနော် လိင်တူချစ်သူနေရာက ဝင်စဉ်းစားကြည့်တယ်။  သူနဲ့ ကျနော်  ခန္ဒာကိုယ်တည်ဆောက်ပုံချင်း တူနေတာတွေ ၊ အိမ်ထောင်ရေးသုခ ခံစားတဲ့ကိစ္စတွေ အသာထားလိုက်ဦးဗျာ။ ဒီလောကကြီးမှာ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး အနာဂါတ်ကောင်းကျိုး သယ်ပိုးမယ့် ကိုယ့်မျိုးဆက် ရင်သွေးလေးတယောက်တောင် မချန်ခဲ့နိုင်တဲ့ […]


Good IdeaSeptember 6, 20101min900
လူတွေကြားထဲကျင်လည်ရင်းနဲ. ကျွန်တော့ဘဝ ပေရေစုတ်ပြတ်ခဲ့ရတယ် ရာချီတဲ့ဂဏန်းတွေကြားထဲလဲရောက်ခဲ့ဘူးပါရဲ. သိန်းချီတန်တဲ့ အိတ်တွေကြားထဲလဲရောက်ခဲ့ပါရဲ. မွှေးပျံ.လှတဲ့ အိတ်ထဲလဲရောက်ခဲ့ရဲ. ဈေးသည်ရဲ.ချွေးခံထဲလဲအလည်ရောက်ဘူးခဲ့ ဒီလိုနဲ.ငါပုံစံအစုံနဲ.ကျင်လည်ခဲ့ဘူးပေါ့ ရွှေထီးလဲဆောင်းခဲ့ဘူးတယ် ချနင်းလဲခံဘူးတယ် ခုများတော့ငါ့ကိုယ်ဟာအရင်လိုမဟုတ်တော့ နေရာအနှံ. ခပ်ပါးပါး အကြည်လေးတွေကပ်လို. ခပ်မာမာလေးတောင်ဖြစ်ပေါ့ အရင်ကလိုသစ်လွင်မှု.လဲမရှိတော့ လတ်ဆက်မှု.လဲမရှိတော့ ဒါပေမယ့်မင်းတို.ငါ့ကိုမပစ်ပယ်ရဲသေးပါဘူးကွာ။ ။


Good IdeaSeptember 6, 20102min1170
ပခုက္ကူမှာ ကျခဲ့ရတဲ့ သံဃာ့သွေးစက်တွေ မြေပေါ်မှာ ခြောက်သွေ့ချင် ခြောက်သွေ့သွားလိမ့်မယ်၊ ငါတို့နှလုံးသားထဲမှာတော့ မခြောက်သေးဘူးဟေ့။ သွေးစုပ်မိစာ္ဆ အာဏာရှင်စနစ်ဆိုး မြန်မာပြည်မှာ ကွယ်ပျောက်စေရမယ်၊ ငါတို့နှလုံးထဲက ကြွေးကြော်သံတွေ ပေါင်းဆုံလာတဲ့နေ့။ ခင်မမမျိုး (၅၊ ၉၊ ၂၀၁၀)


Good IdeaSeptember 2, 201012min1090
အချိန်ကား (၂၀၁၀) ခုနှစ်။ နေရာကား ယူကေနိုင်ငံ၊ တက္ကသိုလ်တခု၏ ဘွဲ့နှင်းသဘင်ခန်းမ။ ‘ထက်မျိုးနွယ်‘ အခမ်းအနားမှူး၏ အသံအဆုံးမှာ စင်မြင့်ပေါ်သို့ တလှမ်းချင်းလျှောက်သွားလိုက်မိသည်။ ရင်ခုန်လိုက်သည်ဖြစ်ခြင်း။ နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရသည့် ရလာဒ်တခုကို ဒီနေ့ဒီအချိန်မှာ သူမ ရရှိခံစားလိုက်ရသည်။ မဟာသုတေသနဘွဲ့။ ဂုဏ်ထူးများစွာဖြင့် အောင်မြင်ခဲ့သည်မို့ ပါရဂူဘွဲ့ ဆက်တက်ရန် စကောလားရှစ်များလဲ ရရှိထားသည်။ သင်ကြားရေးလက်ထောက် (Teaching Assistant) အဖြစ် အမှုထမ်းရန် ပရော်ပဖက်ဆာထံမှ ကမ်းလှမ်းချက်ကလဲ ရရှိထားခဲ့သည်။ ဘယ်လိုပဲဖြစ်ဖြစ် တက္ကသိုလ်ပညာရေး အသိုင်းအဝိုင်း နယ်ပယ်ကို သူမ ခြေချနိုင်ခဲ့ပြီ။ မကြာမီ နှစ်အနည်းငယ်အတွင်းတွင်ပင် ပါရဂူဘွဲ့ဆွတ်ခူးနိုင်တော့မည်။ အတွေးတွေနဲ့အတူ သူမ၏ ခြေလှမ်းများက တက်ကြွနေခဲ့သည်။ အားမာန်ပါနေခဲ့သည်။ ‘ဖြောင်း၊ ဖြောင်း၊ ဖြောင်း‘ လက်ခုပ်သံများက ဆူညံစွာ ထွက်ပေါ်လာခဲ့သည်။ စင်မြင့်ပေါ်က […]


Good IdeaSeptember 1, 20101min1767
အပိုင်း (၁) လူတချို့က နာနာဘာဝ တဆေ၊ သရဲတွေရှိတယ်ဆိုတာကို မယုံကြပါဘူး။ ကျနော်လည်း အစတုန်းက မယုံပါဘူး။ မယုံဆို ကိုယ်ကိုယ်တိုင်က အခြောက်ခံရတာမျိုးမကြုံမှမကြုံ ဘူးတာပဲကိုးဗျ.. သရဲတွေအမျိုးမျိုးရှိတယ်လို့လဲ ကြားဖူးနေတာပေါ့ဗျာ။ ရုပ်ရှင်တွေ ရုပ်ပြစာအုပ်တွေ၊ ဗွီဒီယိုတွေထဲမှာ တော့ တွေ့ဖူူးပါတယ်။ ရုပ်ဆိုးဆိုးကြီးတွေ ကြောက်စရာ ရွန်စရာပုံစံကြီးတွေနဲ့လေ။ အသက် ၂၃ နှစ်အရွယ်အထိ တခါမှ သရဲ၊ တဆေ တွေက ခြောက်တာတို့ ကိုယောင်ပြတာတို့မကြုံဖူးပါဘူး။ ဒါပေမယ့် ကျနော်တို့ မြန်မာနိုင်ငံမှာ စည်းပွားရေးအကြပ်အတည်းတွေကြောင့် မွေးရပ်မြေကို ခေတ္တအနေနဲ့ ကျောခိုင်းခဲ့ပြီး တိုင်းတပါးဖြစ်တဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံကို ကျနော် ၂၀၀၅ ခုနှစ်က ရောက်လာခဲ့ပါတယ်။ ရောက်ရောက်ချင်းမှာပဲ ကျနော်နဲ့ရန်ကုန်မှာ အတူအလုပ်လုပ်ခဲ့ဘူးတဲ့ ကျနော့်သူငယ်ချင်းက ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မဲဆောက်မြို့ရဲ့ အပြင်ဘက်က ဘန့်မိုင်ရီဆော့ […]


Good IdeaSeptember 1, 20101min1757
ဩဂုတ် ၂ရ ရက်က မြန်မာသတင်းမီဒီယာတွေအားလုံး ဟိုးလေးတကျော်ဖြစ်ခဲ့တဲ့ စစ်အာဏာရှင်ထိပ်တန်းခေါင်းဆောင် တွေ အနားယူတဲ့သတင်းဟာ ဒီကနေ့မှာတော့ ရှင်းရှင်းကြီး မှားမှန်းသိလိုက်ရပါပြီ။ ဘာလို့လဲဆိုတော့ ဒီကနေ့ ၃၁ ရက်ထုတ် မြန်မာသတင်းစာမှာ မလေးရှားနိုင်ငံဘုရင်ဆီကို လွတ်လပ်ရေးနေ့ သဝဏ်လွှာကို ဗိုလ်ချုပ်မှုးကြီးကိုယ်တိုင် ဥက္ကဌနေရာကနေ သဝဏ်လွှာပို့ထားတာကို တွေ့ရလို့ပါပဲ။ အညာနွေတမာမြေက ကြားတဲ့သတင်းတခုကို အသိပေးလိုပါတယ်။ ခိုင်လုံတယ် မခိုင်လုံဘူးဆိုတာတော့ စာဖတ်သူပဲဆုံးဖြတ်ပါ။ ရွေးကောက်ပွဲနီးလာလေလေ နအဖဘက်က ကြိုတင်စီစဉ်ထားတဲ့ မီဒီယာကို မီဒီယာနဲ့တိုက်မယ်ဆိုတဲ့ ဆောင်ပုဒ်အတိုင်း သတင်းအမှားတွေကို ပြည်ပမီဒီယာတွေဆီကိုထည့်ပြီး ပြည်သူက ပြည်ပမီဒီယာတွေကို အထင်သေးအောင် လုပ်ဆောင်လာနေတဲ့အချိန်ဆိုတော့ အစစအရာရာ ကိုယ့်ဘက်က သတိထားမှ တော်ယုံပဲရှိမှာပါ။ ယခု ထိပ်ပိုင်းခေါင်းဆောင်တွေ အနားယူလိုက်တဲ့ သတင်းရဲ့ နောက်ကွယ်က ဖြစ်စဉ်လေးတခုကို တင်ပြချင်ပါတယ်။ နယ်ခြားစောင့်တပ်ပြောင်းလဲရေးမှာ ဦးဆောင်နေတဲ့ ဗိုလ်ချုပ်ရဲမြင့်ဟာ […]


Good IdeaSeptember 1, 20104min1738
အောက်မှာ ဖော်ပြထားတဲ့ပုံတွေကတော့ အမေရိကန်အစိုးရက သူတို့ရဲ့ တပ်သားတွေကို ကျွေးမွေးတဲ့ စားဖိုဆောင်ဖြစ်ပါတယ်။ ကျုပ်တို့နိုင်ငံက စစ်သားတွေကိုလည်း အဲ့လို ကျွေးချင်လိုက်တာဗျာ။ သူတို့ခမျာ ငတ်ပြတ်ပြီး ပင်ပန်းဆင်းရဲနေကြတယ်။ အထက်က အာဏာရူးတွေကတော့ စည်းစိမ်ခံပြိးရင်း ခံပဲ။ ဒီလို အာဏာရူးတွေ အာဏာရနေသရွေ့တော့ တိုင်းပြည်က ဘယ်တော့မှ လမ်းကြောင်းမှန်ပေါ် ရောက်လာမှာ မဟုတ်တော့ဘူး။ အမွဲတကာ့ထိပ်ခေါင် ဖွတ်မင်းနောင်ပဲ ဖြစ်နေမှာပဲ။ ဖော်ဝက်မေးလ်နဲ့ ရောက်လာတာကို တင်ပြပေးလိုက်တာပါ။ မေးလ်ထဲမှာ ရေးထားတာက… ငါတောင်အမေရိကန်စစ်တပ်ထဲဝင်ချင်လာပြိကွာ…..ဟဲဟဲ.. ကွာပါ့ငါတို့နိုင်ငံနဲ့…..ဒါမျိုးအိမ်မက်ထဲထည်မက်ရင်တောင်အခွင့်ရမယ်မထင်… ငယ်ငယ်ကဆိုခဲ့တဲ့သံချပ်တောင်သတိရလာပြိ ““ဒူးမထောက် လက်မမြှောက်… လေးဘက်ထောက်သွားမည်.. ချိုင်းထောက်နဲ့ အမေ့အိမ်ကို ပြန်လာခဲ့ပြီ ဘူးသီး ခရမ်းသီး အမြဲတမ်းကျွေးပါသည် ရဲဘော်…မသေသေအောင် နှိပ်စက်သည်””…. အခုတော့ ဘူးသီး ခရမ်းသီးတောင် မှန်ရဲ့လားမသိဘူး။ US army canteen […]


Good IdeaAugust 30, 20101min29214
28.8.2010ရက်နေ့တွင် ပြုလုပ်ခဲ့သော အဆိုတော် နောနော်ဧ။်တစ်ကိုယ်တော်ရိူးပွဲ တွင် သူဧ။်အခွေသစ် အိပ်မက်ထဲကလူ သီချင်းများကိုသာသီဆိုခဲ့ပြီး အစီအစဉ်ကို ရုတ်သိမ်းခဲ့သည်။ ထို့ကြောင် ပရိတ်သတ်များက မကျေနပ်သဖြင့် ရေသန့်ဘူးဖြင့်ပေါက်ကာ အော်ပြောတော့ “ခင်ဗျားတို့က ရိုင်းတယ်လို့ ပြောခဲ့တယ်။ နောက်တော့ “မီးတွေအားလုံးမှိတ်ပြီး ဆင်းသွားတော ပရိတ်သတ်က အော်ဆဲတယ်။ အဲဒီမှာပဲ လုံခြုံရေးဆိုတဲ့သူတွေက နံပါတ်တုတ်တွေနဲ့ လူငယ်တွေကိုလိုက်ရိုက်တယ်။ အဲဒီထဲမှာ ကျွန်တော်လည်းအပြေးလွှားပေါ့။ အရေးခင်းလိုပါပဲဗျာ။ အံ့ဩဖို့လဲကောင်းတယ်။ ထမင်းရှင်တွေကို စော်ကားရဲတယ်။ မသကာဆို သူပွဲထိန်းတတ်ရမှာပေါ့။ အခုတော့ဗျာ… မိတ်ဆွေတို့လည်း ကြုံဖူးမှသိလိမ်ုမယ်။ ဒါက အတင်းမဟုတ်ဘူး။ ကောလဟာလလဲမဟုတ်ဘူး ကိုယ်တိုင်ကြုံခဲ့ရတာပါ။ ရင်နာစရာကောင်းတယ်ဗျာ။ ကျွန်တော်တို့လို လူငယ်လေးတွေ ရေတွေဗွက်တွေကြား လူးလှိမ့်ပြီး နံပါတ်တုတ်အောက်မှာ ပြားပြားဝပ်နေရတယ်။ အခုဒီစာဖတ်တဲ့လူတွေမှာလည်း ကြုံခဲ့တဲ့လူပါချင်ပါမှာပါ။ သူ့ကိုချစ်လွန်းလို့ မိုးရေထဲမှာ အားပေးနေတဲ့ပရိတ်သတ်ကို ဒီလိုအဖြစ်မျိုးနဲ့ […]


Good IdeaAugust 25, 20101min1261
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားအစည်းအရုုံး (DKBA) က နယ်ခြားစောင့်တပ်အဖြစ် ဩဂုတ်လ ၂၁ ရက်၊ ၂၀၁ဝ ခုနှစ်တွင် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ တပ်၏ အမည်မှာ (အမှတ် ၁၀၂၂) နယ်ခြားစောင့်တပ်ဖြစ်ပြီး အရှေ့တောင်တိုင်း စစ်ဌာနချုပ်၏ လက်အောက်တွင် ရှိသည်။ ဝံသာနု NLD ပါတီက ယမန်နေ့ (ဩဂုတ် ၂၄) တွင် ရွေးကောက်ပွဲ ကော်မရှင်သို့ ပါတီဝင်အင်အား လာရောက်တင်ပြခဲ့သည်။ ထို့ကြောင့် ကော်မရှင်က မှတ်ပုံတင်ခွင့်ပြုပြီးသည့် ပါတီ ၄၂ ပါတီရှိရာ သတ်မှတ်ရက်အတွင်း ပါတီဝင်အင်အားစာရင်း တင်ပြပြီးသည့်ပါတီမှာ ၂၆ ပါတီရှိပြီဖြစ်သည်။ ရွေးကောက်ပွဲ ကော်မရှင်က ဩဂုတ်လ ၂၄ ရက်နေ့တွင် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးပါတီ (National Development and Peace […]