guestktyJune 12, 20101min550
တောင်ကိုရီးယားနိုင်ငံသည် ပြည်တွင်းတွင် တည်ဆောက်သော နာရိုတစ်အမည်ရှိ ဒုံးပျံကို ဂျိုလာပြည်နယ်ရှိ အာကာသ ဒုံးပျံပစ်စင်မှ ယမန်နေ့ညနေ ၅ နာရီခန့်တွင် လွှတ်တင်ခဲ့ရာ လွှတ်တင်ပြီး ၁၃ရ စက္ကန့်အကြာတွင် အဆက်အသွယ် ပြတ်တောက်ခဲ့၍ မကြာမီ အတောအတွင်းတွင် ပေါက်ကွဲ ပျက်စီးသွားခဲ့သည်။ အဆိုပါ ဒုံးကျည်သည် ၁၄ဝ တန်လေး၍ ရုရှား ကျွမ်းကျင်သူများ၏ အကူအညီဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။ အဆိုပါ စီမံကိန်းအတွက် ဒေါ်လာ ၄၀၄.၅ သန်း အကုန်အကျ ခံခဲ့သည်။


guestktyJune 12, 20101min720
လွန်ခဲ့သော ရ နှစ်ခန့်က အင်္ဂါဂြိုဟ်နှင့် ကြာသပတေးဂြိုဟ်အကြား ရွေ့လျားနေသော ဂြိုဟ်သိမ်တစ်ခုကို အနီးကပ် လေ့လာ၍ ၎င်းဂြိုဟ်သိမ်မှ မြေနမူနာယူရန် ဂျပန်နိုင်ငံက လွှတ်တင်ခဲ့သော ဟာယာဘူဆာ အမည်ရှိ အာကာသယာဉ်သည် ယခုအခါ ကမာ္ဘ လေထုအတွင်းသို့ ပြန်လည် ဝင်ရောက်လာပြီဖြစ်၍ တနင်္ဂနွေနေ့ညတွင် ဩစတြေးလျနိုင်ငံ တောင်ပိုင်း တောအုပ်အတွင်းသို့ ကျရောက်လာမည် ဖြစ်သည်။ ယင်းသို့ ကျဆင်းလာ ချိန်တွင် ထိပ်ဖူးနှင့် ကိုယ်ထည်ကွဲကွာ၍ မီးလောင်ကျွမ်းမည် ဖြစ်သည်။ ထိုကဲ့သို့ ဂြိုဟ်သိမ်တစ်ခုနှင့် ထိတွေ့၍ မြေနမူနာယူနိုင်သော အာကာသ စူးစမ်းလေ့လာမှုတွင် ယခုအကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်သည်။ (ဆင်ဟွာ)


guestktyJune 12, 20101min600
ကမာ္ဘတစ်ပတ် ရွက်လှေဖြင့် ခရီးထွက်ခဲ့သူ အမေရိကန် ဆယ်ကျော်သက်အား မိုးသက်မုန်တိုင်းကြားတွင် ပျောက်ဆုံးသွားပြီဟု ယူဆထားရာမှ ယမန်နေ့က ၎င်းအား သူမ၏ ပျက်စီးနေသော လှေအတွင်းတွင် ကောင်းမွန်စွာ ရှိနေကြောင်း သိရှိခဲ့ရသည်ဟု အမေရိကန်နိုင်ငံထုတ် သတင်းမီဒီယာများတွင် ရေးသား ဖော်ပြထားသည်။ အိန္ဒိယသမုဒ္ဒရာတွင် လှိုင်းလေအနည်းငယ် ငြိမ်သက်သွားချိန်တွင် လေယာဉ်ဖြင့် အနိမ့် ပျံသန်း၍ ရှာဖွေကြရာ သူမ၏လှေအား ရေပေါ် ပေါ်လျက် အနေအထားဖြင့် ပထမဦးစွာ တွေ့ရှိကြရသည်။ သူမသည် လှေငယ်အတွင်းတွင် ကျန်းမာစွာရှိ၍ စားဖွယ်သောက်ဖွယ်များ နှစ်ပတ်စာခန့် ကျန်ရှိသေးသည်ဟု သိရှိရသည်။ (ဆင်ဟွာ)


guestktyJune 12, 20101min750
Morekha Art Gallery ဖွင့်ပွဲအခမ်းအနားကို ပုလဲကွန်ဒို၊ တိုက် (C)၊ Gr.07,09၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့တွင် ဇွန်လ ၁၂ ရက်နေ့ နံနက် (၉းဝ၀) နာရီအချိန်တွင် ပန်းချီပညာရှင် (၅၅) ဦးတို့၏ ခံစားချက်လက်ရာများနှင့် ဖွင့်လှစ်ခဲ့ပါသည်။ ယင်းပြပွဲသို့ ပန်းချီအနုပညာရှင်များ၊ စာပေအနုပညာရှင်များ၊ ပြည်တွင်း ပြည်ပ ဝါသနာရှင်များ လာရောက် အားပေးခဲ့ကြသည်။ ယင်းအနုပညာ ပန်းချီပြပွဲသည် မတွေ့ဆုံခဲ့ပြီဖြစ်သော အနုပညာ မောင်နှမများ၊ အနုပညာ သွေးသောက်များ တွေ့ဆုံခွင့်ရသည့် ပွဲတစ်ပွဲလည်း ဖြစ်သည်။ မကြာမီကမှ ပြင်ပလောကသို့ ရောက်ရှိလာသော ကဗျာဆရာ ကိုစောဝေနှင့် အနုပညာ လောကသို့ ခြေတစ်လှမ်း လှမ်းလိုက်သော ကျော်သူတို့ တွေ့ဆုံခွင့် ရရှိခဲ့သည့် ပွဲတစ်ပွဲလည်း ဖြစ်သည်။ ယင်းပွဲတွင် […]


guestktyJune 11, 20101min613
အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်၏ မြန်မာနိုင်ငံ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြောကြားမှုများသည် အမေရိကန်ရှိ နိုင်ငံရေး ပင်မရေစီးကြောင်းနှင့် တလွဲစီဖြစ်နေသည်ဟု အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ပြောဆိုလိုက်သည်။ ၎င်းက “သူ့ရဲ အထွေထွေ နိုင်ငံရေးအယူအဆက အမေရိကန်မှာရှိတဲ့ နိုင်ငံရေးပင်မရေစီးကြောင်းနဲ့ တလွဲစီဖြစ်နေတယ်လို့ ကျနော်တော့ထင်တယ်။ ယေဘုယျအားဖြင့် ဒေါ်အောင်ဆန်းစုကြည်၊ အန်အယ်လ်ဒီ ဒါတွေကို ထောက်ခံမယ်။ တိုင်းရင်းသားလူမျိုးစုများရဲ့ ဒီမိုကရေစီရေး တောင်းဆိုချက်တွေကို ထောက်ခံမယ်၊ နောက်ပြည်ပမှာရှိတဲ့ အတိုက်အခံဒီမိုကရေစီအင်အားစုတွေရဲ့ လုပ်ငန်းလှုပ်ရှားမှုများကို အားပေးမယ်၊ ထောက်ခံမယ်ဆိုတဲ့ အမေရိကန်ရဲ့ နိုင်ငံရေး ပင်မရေစီးကြောင်းမှာ သူရဲ့နိုင်ငံရေးအယူအဆ အများစုက အမြဲတမ်းကွဲလွဲတဲ့ဟာတွေပဲ ထွက်လာနေတယ်။ ဒါကြောင့် သူ့အသံတွေက အမေရိကန်ရဲ့ နိုင်ငံရေးပင်မရေစီးကြောင်း တခုလုံးရဲ့အသံတွေ မဟုတ်ဘူး။ သီးခြားကွဲလွဲတဲ့ တကောင်ကြွက်အသံတွေ ဖြစ်တယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။ […]


guestktyJune 11, 20101min620
ယနေ့ မွန်းလွဲ တစ်နာရီ အချိန်ခန့်က ရန်ကုန်မြို့ ပန်းဘဲတန်း မြို့နယ် ကုန်ဈေးတန်းလမ်း နှင့် သိမ်ကြီးဈေး တစ်ဝိုက်တွင် လူငယ် ၁၁ ဦးခန့်က အချင်းချင်း လက်ခြင်းချိတ်ကာ စစ်အစိုးရ အလိုမရှိဟု ကြွေးကျော် အော်ဟစ်ပြီး စစ်အစိုးရ ဆန့်ကျင် စာများလည်း ဝေငှသွားသည်ဟု သိရှိရသည်။ လူငယ်များ ၏ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုကို တွေ့လိုက်ရသူ တစ်ဦးက စာတွေ ဝေသွားတယ်။ စစ်အစိုးရ အလိုမရှိ ၊ အာဏာရှင် ကျဆုံးပါစေ လို့ အော်ကြတယ် ပြီးတော့ ချက်ခြင်းပဲ ဟိုင်းလပ်ကား တစ်စီး လာတော့ တက်သွားတယ် ။ ဘယ်သူမှတော့ အဖမ်း မခံရဘူး ၊ ကျန်ခဲ့တဲ့ စာရွက်အချို့ ကိုတော့ […]


guestktyJune 11, 20101min601
ကျွန်တော်တို့ ရွှေနိုင်ငံရဲ့ တစ်ချို့ မြို့ ရွာ နာမည်တွေဟာ အင်မတန်မှ ကပေါက်တိ ကပေါက်ချာ နိုင်လွန်းတာပါ…ဥပမာ.. ပြွန်တန်ဆာတဲ့…နောက် ဂွေးချိုတဲ့..အဲ…ပြတိုက် ရောက်ဖူးတဲ့ ရေစကြိုနယ်ဘက်ကရွာဆို ဖုတ်ကုန်းတဲ့ဗျာ…အဲလိုပါ..ဘာကြောင့် ဘယ်လို မှည့်ခေါ်ထားလဲဆိုတဲ့ သမိုင်းကြောင်းတော့ အတိအကျ မသိရပါဘူး….။ ထားပါတော့လေ.. ခုက ပြတိုက်လေး ရောက်ဖူးခဲ့တဲ့ ရွာတစ်ရွာ အကြောင်းလေး ပြောပြချင်လို့ပါ…ရွာနာမည်က ဂွေးကြီးရွာတဲ့.. ရပ်ရွာထုံးစံပေါ့ဗျာ.. ရွာဦးထိပ်မှာ ကျောင်းလေးဆောက် ဘုန်းတော် ကြီးတစ်ပါး ကိုးကွယ်ထားတာပေါ့လေ…။ ရွှေမြန်မာတို့ ထုံးစံအတိုင်း မြို့ ရွာ ပညတ်ကို လိုက်လို့ ပုဂ္ဂိုလ်ကိုပါ လိုက်ခေါ်လေ့ရှိတော့ ကျောင်းထိုင်ဘုန်းကြီးလည်း ကင်ပွန်းတပ် စရာ မလိုပဲ ‘ဂွေးကြီးဆရာတော်’ ရယ်လို့ နာမည်တွင်သွားတာပေါ့. ကျောင်းဘုန်းကြီးလည်း ဂွေးကြီးဆရာတော် ဂွေးကြီးဆရာတော်နဲ့ အခေါ်ခံရဖန်များတော့ ရှက်စိတ်လေးဝင်ပြီး အကြံထုတ်တာပေါ့.. […]


guestktyJune 10, 20101min661
မြန်မာ ရွေးကောက်ပွဲကို ၂၀၁ဝ ခုနှစ် အောက်တိုဘာလ ၁ဝ ရက်နေ့ မှာ ကျင်းပမယ်လို့ သတင်း ရရှိတဲ့ အကြောင်း အမေရိကန် အထက် လွှတ်တော် အမတ် မစ္စတာ ဂျင်မ်ဝက်ဘ် က ကမာ္ဘလုံး ဆိုင်ရာ အာရှ အဖွဲ့အစည်းရဲ့ ညီလာခံမှာ မနေ့က ဗုဒ္ဓဟူးနေ့က ပြောကြား ခဲ့ပါတယ်။ ရွေးကောက်ပွဲ ကျင်းပမယ့် နေ့ကို အမေရိကန် ပြည်ထောင်စုမှာ ရှိတဲ့ သူ့ မိတ်ဆွတွေ က ပြောတယ်လို့ မစ္စတာ ဂျင်မ်ဝက်ဘ်က ပြောပါတယ်။ မြန်မာ အစိုးရ ဘက်က အတည်ပြုချက်ကို မရသေးဘူး လို့လည်း ဆိုပါတယ်။ ရွေးကောက်ပွဲဟာ မြန်မာ နိုင်ငံ အတွက် အသွင်ကူးပြောင်းရေး ကာလတစ်ခုကို လမ်းဖွင့်ပေးတာ […]


guestktyJune 10, 20101min630
ကမာ္ဘ့ဖလား ပြိုင်ပွဲ စတင်ရန် တစ်ရက်သာ လိုတော့သည့် အချိန်တွင် ပြိုင်ပွဲဝင် ဘောလုံး အသင်းများမှ ဒဏ်ရာ ရရှိနေသည့် နာမည်ကြီး ကစားသမားများ နောက်ဆုံး လူစာရင်းကို Goal.com International မှ စုစည်း တင်ပြလိုက်ကြောင်း တွေ့ရသည်။ အချို့ ကစားသမား များမှာ ပြိုင်ပွဲကြီး တစ်ခုလုံးကို လွဲချော်မည့် သူများဖြစ်ပြီ အချို့မှာ ပွဲစဉ် တစ်စိတ် တစ်ပိုင်းကို လွဲချော်ဖွယ် ရှိသည့် သူများ ဖြစ်ကြသည်။ အဆိုပါ လူစာရင်းအား Soccer Myanmar ပရိသတ်များ အတွက် ပြန်လည် ရေးသား ဖော်ပြလိုက် ရပါသည်။ မိုက်ကယ် ဘောလက် (ဂျာမနီ) အသက် – ၃၃ နှစ် နေရာ – […]


guestktyJune 10, 20101min1081
လေးစားရသော မိတ်ဆွေခင်ဗျား ……. ပြည်တွင်းမှာ အစိုးရဌာနတခုရဲ့ အကြီးအကဲဖြစ်နေတဲ့ ပညာတတ်မိတ်ဆွေကမေးတယ်။ ” ရွေးကောက်ပွဲ မှာ အနိုင်ရတဲ့ ပါတီက အစိုးရဖွဲ့နိုင်မှာပဲ မဟုတ်လား” တဲ့။ ထိုမေးခွန်းကြောင့် ရင်ထဲလေးလံကာ အထိတ်တလန့် ဖြစ်သွားရသည်။ ဖွဲ့စည်းပုံနှင့် ရွေးကောက်ပွဲ ဥပဒေ ပါအချက်လက် များအကြောင်း သာမန် ပြည်သူအများ နားမလည်မှုကြောင့် ဖြစ်လာမည့် ဆိုးကျိုးများ ကိုသတိပြုမိသောကြောင့်၊ လူအများနားလည်သင့်သော အဓိကအချက်များအား ထုတ်နှုတ်ကာ နားလည်လွယ်အောင် ရေးသားလိုက်ပါသည်။ မေးခွန်း ၁။ အစိုးရကတော့ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲကျင်းပပေးမယ်ပြောထားတော့ ရွေးကောက်ပွဲဟာ တရားမျှတမှာလား။ အဖြေ ၁။ လွတ်လပ်တဲ့ရွေးကောက်ပွဲဆိုတာ အစိုးရကကတိပေးထားရုံနှင့်မလုံလောက်ပါ။ ရွေးကောက်ပွဲဆိုသည်မှာ မဲထည့်၊ မဲရေတွက်လုပ်ငန်းစဉ်တခုတည်းမဟုတ်ပါ။ ရွေးကောက်ခံကိုယ်စားလှယ်များ လွတ်လပ်စွာမဲဆွယ်ခွင့်၊ ပုဂ္ဂလိကပိုင်မီဒီယာများသာမက နိုင်ငံပိုင်မီဒီယာများကိုလဲ လွတ်လပ်စွာ၊ သာတူညီမျှစွာသုံးစွဲမဲဆွယ်ခွင့်။ […]


guestktyJune 10, 20101min841
ဝ နယ်အတွင်း ဝင်ရောက်ထောက်လှမ်းသည့် သျှမ်းပြည်အရှေ့ပိုင်း မိုင်းယန်းအခြေစိုက်ပုလိပ်အား ဝ အာဏာပိုင်က ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း စုံစမ်းသိရှိရပါသည်။ “အဲဒီလူတွေကိုမသင်္ကာဘူး၊ ဝ တပ်စခန်းတွေကိုလိုက်မေးတယ်၊ ဟိုစပ်စုဒီစပ်စုလုပ်တော့ ရပ်ကွက်၊ ကျေးရွာ ဝ အာဏာပိုင် တွေက ဖမ်းဆီးပြီးစစ်ဆေးတယ်၊ မိုင်းယန်းကပုလိပ်မှန်းသေချာတော့ ဝ စစ်တပ်ဆီကို ပြီးခဲ့တဲ့အပတ် က အပ်နှံလိုက်ပြီလို့သိရတယ်” – ဟု တရုတ်နယ်စပ်နေထိုင်သူ သျှမ်းအမျိုးသား တဦးကပြောပါသည်။ ဝ အာဏာပိုင်က ဖမ်းဆီးချုပ်နှောင်သည့် ရဲတပ်သား ၂ ဦးအနက် တဦးမှာ ကျိုင်းတုံဇာတိ သျှမ်းအမျိုးသားဖြစ် ပြီး ကျန်တဦးမှာ စိုင်းကျော်အမည်ရှိ ဝ အမျိုးသားတဦးဖြစ်သည်ဟု မိုင်းဖျဲန်ဒေသခံတဦးကပြောပါသည်။ ဝ တပ်ဖွဲ့ စစ်ဆေးမေးမြန်းချက်အရ အဆိုပါ ရဲသားနှစ်ဦးသည် နအဖ စစ်တပ်စေခိုင်းချက်အရ ဝ တပ်ဖွဲ့တပ် စခန်း […]


guestktyJune 6, 20101min850
”’မြစ်ဝါမြစ်”’ (靃河) သည် ၅,၆၄၆ ကီလိုမီတာ (၃,၃၉၅ မိုင်) ရှည်လျားပြီး [[တရုတ်ပြည်]]တွင် ယန်ဇီမြစ်ပြီး ဒုတိယ အရှည်လျားဆုံး၊ ကမ္ဘာပေါ်တွင် ဆဋ္ဌမမြောက် အရှည်လျားဆုံး မြစ်တစ်စင်းဖြစ်သည်။ [http://www.geol.lsu.edu/WDD/ASIAN/Huanghe/huange_he.htm Yellow River (Huang He) Delta, China, Asia][[Chinese history]] records that Yellow River has changed its course 17 times တရုတ်ပြည် အနောက်ပိုင်းဒေသ ချင်းဟိုင်ပြည်နယ် (青海) ဘာရန်ဟာတောင်တန်းတွင် မြစ်ဖျားခံကာ ပြည်နယ်ပေါင်း ၉ ပြည်နယ်ကို ဖြတ်သန်းပြီး ပင်လယ်ဝါအနီး ပေါ်ဟိုင်ပင်လယ်သို့ စီးဝင်သည်။ မြစ်ဝါမြစ်ဝှမ်းဒေသသည် [[တရုတ်ယဉ်ကျေးမှု]] အစပျိုးရာ ဒေသဖြစ်ပြီး ခေတ်ဦး[[တရုတ်သမိုင်း]]တွင် စည်ပင်ထွန်းကားသည့် ဒေသတစ်ခုဖြစ်သည်။ […]


guestktyJune 5, 20101min791
ဒီနေ့ အင်းစိန်ဂုံးတံတား က စပြီး သံဆူးကြိုးတွေနဲ့ ပိတ်ထားတယ် လူ ပေး ဝင်တယ် ကားတွေပေးမဝင်ဘူး နောက်ပြီး အင်းစိန်ဈေးရှေ့လောက်မှ အထပ် ထပ် ပိတ်ထားတယ် လုံထိန်းတွေရော ကြံဖွတ် စွမ်းအားရှင် မီးသတ် တွေရော ဒီဖက်မှာက လာကြည့်ကြတဲ့ လူ ၂၀၀ဝ နီးပါး လောက်ရှိတယ် ပြည်သူတွေရော ဒီမိုတွေရော ဒီချုပ်က လူငယ်အနက်ရောက် အစလေးတွေဝေတယ် အဲ့ဒါကို ဒီချုပ်က လူတွေကပဲ ပြန်သိမ်းတယ် မာကင် ဖြစ်လို့ဆိုပြီး အဲ့ကေစ့်နဲ့ ရွှေပြည်သာက လူငယ်အကူအညီပေးရေးက ကိုထွေးသိန်း ကို လာခေါ်သွားတယ် လူအုပ်ကြားကပဲ မေးစရာ ရှိလို့ ဆိုပြီး ၁ဝ နာရီ ၅ဝ လောက်မှာ ၂ နာရီ ၁၅ မှာ […]