Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


guestktyJune 5, 20101min2476
ဟောလီးဝုဒ်ကရိုက်တဲ့ ၈၈ အရေးအခင်းအကြောင်းဇာတ်ကားပါ။ လော် ရာ (Patricia Arquette) က သူ့ခင်ပွန်းသည်နဲ့ သားအ သတ်ခံရပြီး မြန်မာပြည်ကိုရောက်နေတဲ့ အချိန်မှာ ၈၈ ဖြစ်ပါတယ်။ ဆနပြနေတဲ့ မြန်မာပြည်သူတွေအကြားတိုးဝှေ့ရင်း သူ့ရဲ့ပတ်စ်ပို့ပျောက်သွားပါ တယ်။ သူ ကိုယ်တိုင် ရုန်းကန်ရင်း ကျောင်းသားခေါင်းဆောင်တွေနဲ့ ဦးအောင်ကိုဆိုတဲ့ ဆရာဟောင်း တစ်ဦးနဲ့တွေ့ပြီး စစ်တပ်ရဲ့ ရက်စပ်မှု တွေကြားက ထိုင်းနိုင်ငံကို အရောက်ပြေးရတဲ့ ဇာတ်လမ်း ပါ။ ဟောလီးဝုဒ်ဇာတ်ကားပီပီ မြန်မာတွေထက် အမေရိကန်အမျိုးသမီး လော်ရာကို ပဲ အသားပေးထားပေမဲ့ အဖြစ်မှန်ကိုအခြေခံထားတဲ့ဇာတ်လမ်း ဖြစ်ပါတယ်။ အားလုံးသိကြရဲ့လား အရမ်းကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။ Popout


guestktyJune 5, 20101min1630
ဒါနဲ့ ပတ်သက်လို့တော့ ခန့်မှန်း ပြောဆိုချက် အမျိုးမျိုး ရှိပါသည်။ သက္ကရာဇ် (၂၀၀၀) ပြည့်နှစ်မှာ (၁၀) မီဂါဝပ်အားရှိ သုတေသနသုံး reactor တစ်လုံး ဆောက်ဖို့ ရုရှနဲ့ မြန်မာ သဘောတူခဲ့တာကတော့ ရှင်းလင်းစွာ သိကြပါသည်။ ဒီသဘောတူကြီချက်ကို ဖုံးကွယ်မထားပဲ (၂၀၀၈) ခုနှစ်လောက်မှာမှ ရုရှက တည်ဆောက်ရန် ရည်ရွယ်ကြောင်းလည်း ထုတ်ပြန်ထားပါသည်။ အဲဒီ reactor ဟာ အခုထိ မတည်ဆောက်ရသေးသလို IAEA ရဲ့ အထူး သဘောတူညီချက် များအား မြန်မာဖက်မှ လက်မှတ် မထိုးမချင်း ရုရှမှ တည်ဆောက်ပေးမည့် အရိပ်အယောင်လဲ မရှိပါ။ ထိုသဘောတူညီချက်အား မြန်မာဖက်မှ လက်မှတ် ထိုးမည့်ပုံလဲ မရှိပါ။ အဘယ့်ကြောင့်ဆိုသော လက်မှတ်ထိုး သဘောတူလိုက်သည်နှင့် သူတို့ခိုးကြောင်ခိုးဝှက် လုပ်ဆောင်နေသော […]


guestktyJune 5, 20101min2131
မြန်မာအနေနဲ့ အရေးကြီးဆုံးသော အချက်မှာ IAEA နှင့် သဘောတူညီချက်အား လိုက်နာခြင်းပင် ဖြစ်ပါသည်။ ၁၉၉၅ မှာ အပြည်ပြည်ဆိုင်ရာ ဥပဒေ စံနှုန်း သဘောတူညီချက်များကို လိုက်နာသောအားဖြင့် နျူလက်နက်များရရှိအောင် မကြိုးပမ်းပါဟူသော သဘောတူညီချက်အား လက်မှတ်ထိုးထားခဲ့ပါသည်။ ထိုသဘောတူညီချက်အား ဖြည့်စွက်ချက် ဖြစ်သည့် Small amount quantities protocol တွင် မြန်မာနိုင်ငံတွင် နျူဆိုင်ရာ အဆောက်အအုံပစ္စည်း လုံးဝ မရှိပါဟု ကြေငြာခဲ့ပါသည်။ IAEA မှ လက်ခံခဲ့သော ထိုကြေငြာချက်အရ မြန်မာပြည်တွင် နျူဆိုင်ရာ လုံခြုံရေး စစ်ဆေးမှုများ လုံးဝ မရှိခဲ့ပါ။ မြန်မာနိုင်ငံဟာ လူမှုရေးရာ အထောက်အပံ့အနေဖြင့် IAEA မှပေးအပ်သော Scientific grant money ရရှိထားသော နိုင်ငံဖြစ်သောကြောင့် အခါအားလျော်စွာ IAEA […]


guestktyJune 5, 20101min1740
ဒုက္ခသည် စခန်းတွင်းရှိ အခြေအနေ များ ကို သတင်းဌာန များ ကိုပြောပြသော သူများ အား စခန်း တာဝန်ရှိ သူများ မှ လုံခြုံရေး အတွက် ဆိုကာ လိုက်လံ ရှာဖွေ ဖမ်းဆီး နှိပ်စက် မှု များ ပြုလုပ်နေ သောကြောင့် စခန်း တွင်း ရှိ ဒုက္ခသည် အများ စု မှာ စိုးရိမ်ထိတ်လန် ့နေကြသည်။ မဲဆောက်မြို့တောင်ဘက်ရှိအုန်းပြန့်ကရင်ဒုက္ခသည်စခန်း အတွင်းမှ မိသားစုတစု စခန်းအနီး တောင်ယာစိုက်ခင်းဟောင်းမှ ပိုးသတ်ဆေးဖြန်းထားသော ဟင်းသီးဟင်းရွက် စားပြီး ဖခင်နှင့် သမီးတို့သေဆုံးပြီး မိခင်ဖြစ်သူမှာ စခန်းတွင်း AMI ဆေးရုံးတွင် ကုသနေရကြောင်း သတင်းထုတ်လွှင့်အပြီး အုန်းပြန့်ဒုက္ခသည်စခန်းတွင်းလက်ရှိအခြေအနေကို စခန်းတွင်းနေထိုင်သူအချို့မှ Freedom News Group […]


guestktyJune 5, 20101min2011
ရန်ကုန်မြို ့တွင် ဝမ်းလျှော၊ဝမ်းပျက် စသည့် ဝမ်းရောဂါများ စတင်ဖြစ်ပွားနေပြီး ဝမ်းလျှောရောဂါ ကြောင့် ရန်ကုန်ဆေးရုံကြီးတွင် တက်ရောက် ကုသခံသူ ဦးရေး မှာ ဆယ့်လေးဦး ခန် ့ရှိပြီ ဖြစ်ကြောင်း သိရသည်။ မြောက်ဥက္ကလာ ပ ဆေးရုံ နှင့် မြို ့နယ် ဆေးပေးခန်း အချို ့တွင် ဝမ်းလျှောရောဂါ ဖြစ်ပွားခြင်းကြောင့် လာရောက် ကုသခံသူ အများစု မှာ ရာသီပေါ် သီးနှံ များ နှင့် မသန် ့ရှင်းသောရေကြောင့် ဖြစ်သည် ဟု သိရသည်။ ဝမ်းရော ဂါကြောင့် သေဆုံးသူ မရှိသေး သော်လည်း အချိန် မှီ ဆေးဝါးကုသခြင်းမခံရပါက အသက်ဆုံးရှုံး နိုင်သည်။ ယခင်က ဝမ်းပျက် ဝမ်းလျှော […]


guestktyJune 5, 20101min1871
Shun Cai (စွင့်ချိုင်) ဆံပင်နှင့် အလှပြုပြင်ရေးမှ ကိုဂျွန်ဆင် ဦးစီးပြီး ဆံသပညာရှင် (၃၀) ဦးတို့မှ နာရေးကူညီမှုအသင်း(ရန်ကုန်) မြောက်ဒဂုံရုံးသို့ ၂၀၁ဝ ခုနှစ်အတွင်း တတိယ အကြိမ်မြောက် အဖြစ် ၅.၆.၂၀၁ဝ (စနေနေ့)တွင်လည်း နာရေးကူညီမှု အသင်းသူ/သားများနှင့် ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်း တတ်ရောက်နေကြသော မျိုးဆက်သစ် ကလေးငယ်များတို့ အပြင် နာရေးကူညီမှုအသင်းသို့ အလှူငွေများ လာရောက်လှူဒါန်းကြသော အလှူရှင်များနှင့် သုခကုသိုလ်ဖြစ်ဆေးခန်းသို့ လာရောက်ပြီးဆေးဝါး ကုသကြသော လူနာများ၊ လူနာရှင်များတို့အား မိမိတို့ တတ်ကျွမ်းသော ဆံပင်ညှပ်ခြင်း ပညာရပ်ဖြင့် ကုသိုလ်ဒါန ပြုခဲ့ကြပါသည်။


guestktyJune 4, 20101min2433
လူငယ်များကြားတွင် ရေပန်းစားခဲ့သည့် သီချင်းတပုဒ်ဖြစ်သော အဆိုတော် စိုင်းစို်င်းခမ်းလှိုင်၏ “တောဂေါ်လီ” သီချင်းဖြင့် အောက်တိုဘာ လအတွင်းက ဩစတြေးလျနိုင်ငံ ပါ့သ်မြို့၌ ပြုလုပ်ခဲ့သည့် နာဂစ်ရန်ပုံငွေ ပဒေသာကပွဲမှ မြန်မာ ဇာတ်မင်းသမီး ဒါလီလင်း၏ စတိတ်ရှိုးဖျော်ဖြေမှုမှာ Youtube အင်တာနက် စာမျက်နှာတွင် ပျံ့နှံ့လျက် လူပြောများ နေကြသည်။


guestktyJune 4, 20101min3047
အောက်တိုဘာလ (၁၇) ရက်က ဩစတြေးလျနိုင်ငံ ပါ့သ်မြို့မှာ ပြုလုပ်ခဲ့တဲ့ နာဂစ်ရန်ပုံငွေ ပဒေသာကပွဲမှာ “တောဂေါ်လီ” သီချင်းဖြင့် ခပ်ကြမ်းကြမ်း ကပြ ဖျော်ဖြေခဲ့တဲ့ မင်းသမီး ဒါလီလင်းအပေါ် ပရိသတ်ရဲ့ ဝေဖန်ပြစ်တင်သံတွေ ထွက်ပေါ်နေပါတယ်။ ရွှေတံဆိပ်ဆုရှင် မြန်မာ့ရိုးရာ အက မင်းသမီးတစ်ယောက် အနေနဲ့ အခုလို Sexy ကကွက်တွေနဲ့ မဖျော်ဖြေ သင့်ဘူးဆိုပြီး လူပြောများနေတာပါ။


guestktyJune 4, 20101min3428
မေလ ၁၆ ရက်နေ ့က ပဲခူးတိုင်း ညောင်လေးပင်မြို ့နယ် ပြွန်တန်ဆာအပိုင် ရထားလမ်းတနေရာမှာ စစ်သားအဖြစ် စုဆောင်းတာကို ငြင်းဆန်တဲ့ မောင်တင်မင်းနိုင် ဆိုသူ အသက် ၁၅ နှစ်အရွယ် လူငယ်တဦး သေနတ်နဲ့ ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိပါတယ်။ သေဆုံးသွားတဲ့ မောင်တင်မင်းနိုင်ဟာ ညောင်လေးပင်မြို့နယ် ဝါးရုံကုန်းကျေးရွာအုပ်စု၊ စံဖဲကျေးရွာက အဖ ဦးဌေးဝင်းရဲ့သား ဖြစ်ပါတယ်။ သူနဲ့ သူငယ်ချင်းတယောက်ဟာ မေလ ၁၆ ရက်နေ့က ွ့ွကွက်ထိုးဖို့ အသွား၊ ပြွန်တန်ဆာမြို ့ တောင်ဖက် သံတံတားလို့ ခေါ်တဲ့နေရာ အရောက်မှာ မီးရထားလမ်းလုံခြုံရေး တာဝန်ကျ စစ်သားသုံးယောက်က လှမ်းခေါ်ပြီး စစ်တပ်ထဲ ဝင်မလားလို့ မေးတယ်လို့ ဆိုပါတယ်။ မဝင်ရင် ပြန်မလွှတ်တော့ဘူးလို့ ့ပြောဆိုပြီး ခြိမ်းခြောက်ကြတဲ့အတွက် […]


guestktyJune 4, 20101min1660
ပါးဖောင်းဖောင်းလေးပေါ်တွင် သနပ်ခါးပါးကွက်ဝိုင်းလေး ကွက်ထားသည့် အသက် ၃ နှစ်အရွယ် မိန်းကလေးက တရုတ်ပြည်ဖြစ် ဓာတ်ခဲသုံး ရေဒီယိုငယ်မှ ပျံ့လွင့်လာသော သူကိုယ်တိုင် သီဆိုထားသည့် သီချင်းသံကို နားထောင်ကာ ရယ်မောလိုက် လက်ခုပ်တီးလိုက်နှင့် ပျော်ရွှင်နေသည်။တီးလုံးမပါသည့် ထိုသီချင်းလေးကို စနေနေ့ နေ့လယ် ၁ နာရီအချိန်တွင်လွှင့်သည့် မန္တလေး FM ရေဒီယို၊ ကလေးအစီအစဉ်အတွက် တယ်လီဖုန်းမှတဆင့် သူ သီဆိုပြခဲ့ခြင်း ဖြစ်သည်။ထို အစီအစဉ်တွင် ကလေးများကိုယ်တိုင် သီဆိုထားသော သီချင်း၊ ကဗျာ စသည်တို့ကို တနင်္ဂနွေနေ့ည ရ နာရီတွင် ပြန်လည် ထုတ်လွှင့်ပေးသည့်အတွက် ကလေးနှင့် အတူ မိခင်ဖခင်၊ အဘိုး၊ အဘွားများပါ ပြန်လည် နားထောင်ရင်း ပီတိဖြစ်ကြရသည်။ မိသားစု အပန်းဖြေချိန်များကို ရွေးချယ်ပြီး လူထုစိတ်ဝင်စားစေမည့် အစီအစဉ်များကို […]


guestktyJune 4, 20101min1941
စင်္ကကာပူရောက် မြန်မာလူမျိုး ညီကိုမောင်နှမများ ဖြစ်သော (မြတ်နိုးပီတိအဖွဲ့)မှကျပ်ငွေ ၄သိန်း ၅၀၀၀ဝသောင်းဖြင့် လှူတန်းသော စက်ရေတွင်း-၁-တွင်းနှင့် ရေပီပါ(၁၀)လုံး ဝင်အုတ်ကန် လှူတန်းရာတွင် LUTUS FOUNDATION အဖွဲ့မှမတည်ထားသော စက်ပစ္စည်းကရိယာများဖြင့် အခမဲ့ကူညီ တူးပေးကြောင်းနှင့် ၄သိန်းငါးသောင်းတန်ဖိုးရှိ ပဲခူးမြို့ မဇင်းရပ်ကွက် စိတ္တသုခဝိပတ်သနာ ဘုန်းကြီးကျောင်းတွင် စက်ရေတွင်းတစ်တွင်း (လက်နှင့်လည်းနှိပ်လို့ရတယ်) မီးလာလျှင်ကွန်ဗိုင်း မော်တာဖြင့်စုပ်လို့ရတဲ့ ၂မျိုးသုံးစက်ရေတွင်း ၊ပေပါ(၁၀)လုံး ဆန့်အုတ်ကန်(၁)လုံး တို့ကို လှူဒါန်းနိုင်ခဲ့ကြောင်း သိစေအပ်ပြီး သာဓုခေါ်နိုင်ရန် ဖေါ်ပြလိုက်ရပါသည်။


guestktyJune 4, 20101min1620
ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းပေါ်က အမေရိကန် စစ်အခြေစိုက်စခန်းကို ပြောင်းရွှေ့ဖို့ မဲဆွယ်လှုပ်ရှားစဉ်က ပေးထားတဲ့ ကတိအတိုင်း ဆောင်ရွက်မပေးနိုင်တဲ့အတွက် နှုတ်ထွက်တဲ့အကြောင်း ဝန်ကြီးချုပ် ယူကီအို ဟတိုယာမ (Yukio Hatoyama) က ကြေညာလိုက်ပါတယ်။ နှစ်ပေါင်း ၅ဝ နီးပါး ဆက်တိုက်ဆိုသလို အစိုးရအဖြစ် အုပ်ချုပ်လာတဲ့ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ လက်ထဲကနေ လွန်ခဲ့တဲ့ ၉ လကပဲ ဂျပန်ဝန်ကြီးချုပ် ဟတိုယာမ ရွေးကောက်ပွဲတွေနဲ့ တခဲနက် အနိုင်ရလာခဲ့တာပါ။ ဒါပေမဲ့လည်း ပါတီရန်ပုံငွေ အရှုပ်တော်ပုံ ပြဿနာတွေ၊ ဝန်ကြီးချုပ်ရဲ့ ဦးဆောင်မှု အရည်အချင်းအပေါ် သံသယတွေကြောင့် နောက်ပိုင်းမှာတော့ သူ့ရဲ့ ဒီမိုကရက်ပါတီ ရေပန်းစားမှုတွေမှာ ထိခိုက်မှုတွေ ကြုံလာရတာ ဖြစ်ပါတယ်။ အိုကီနာဝါကျွန်းပေါ်က အမေရိကန် စစ်အခြေစိုက် စခန်းကို ပြောင်းရွှေ့ဖို့ ပျက်ကွက်ခဲ့တဲ့ […]


guestktyJune 4, 20101min2232
နေပြည်တော် အစည်းအဝေးသို့ သွားရောက် ပြီး ရန်ကုန်မြို့သို့ ပြန်အလာ ရန်ကုန်မြို ့ အမှတ် ၃ လမ်းမကြီး နွယ်ခွေရွာ အနီးတွင် စနေနေ့ မနက်ပိုင်းက မော်တော်ကား တိမ်းမှောက်မှု ကြောင့် ရန်ကုန် မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်း မှာ ဒဏ်ရာ ရရှိပြီး မင်္ဂလာဒုံ စစ်ဆေးရုံ တွင် တက်ရောက် ကုသခံရသည်ဟု သတင်း ရရှိသည်။ ထိုကားပေါ်တွင် အတူပါလာသည့် မြို ့တော်ဝန်၏ မြေးဖြစ်သူ အသက် ၁ နှစ် နှင့် လေးလ အရွယ် မောင်ဆက်နိုင်လင်း (ခေါ်) ဖိုးတီလုံး မှာ ထိုနေ ည ရ နာရီ အချိန်ခန့်တွင် မင်္ဂလာဒုံ စစ်ဆေးရုံကြီး၌ ကွယ်လွန် […]