*** သစ္စာ ဆိုတာ*** တစ်ခါတုန်းက ဟိမဝန္တာ တောကြီးထဲမှာ..ရသေ့ကြီးတစ်ပါးသီတင်းသုံးနေထိုင်ပါတယ်..တောကြီးနဲ ့မနီးမဝေးရွာမှာတော့ပုဏ္ဏားလင်မယားရှိပါတယ် ရသေ့ကြီးကိုဥပုဒ်နေ ့တိုင်းဆွမ်းကွမ်းတွေ..အမြဲလာလှူတဲ့ဒကာရင်းပေါ့..တစ်နေ ့တော့ပုဏ္ဏားလင်မယားနဲ ့၆နှစ်အရွယ်..တစ်ဦးတည်းသောသားငယ်လေး..ဆရာရသေ့ကြီးဆီဆွမ်းပို ့အလာသားငယ်လေးကကလေးသဘာဝဆော့နေရင်းနဲ ့.ကစားစရာလေးတွင်းတစ်တွင်းထဲကျသွားလို ့လက်နဲ ့အနှိုက်မှာတောကြီးမြွေဟောက်.ပေါက်ခံရပြီးမြွေဆိပ်တွေတက်လို ့တစ်ကိုယ်လုံးပြာနှမ်းပြီး..မေ့မြောနေပါတယ်..ပုဏ္ဏားလင်မယားဟာငိုကြီးချက်မနဲ ့ဆရာရသေ့ကြီးကိုအကူအညီတောင်းပါတယ်…ဆရာရသေ့ကြီးက…”ဆရာ့ဆီမှာတော့..ဘာဆေးမြီးတိုမှမရှိဘူးကွဲ ့..ဆေးလဲမကုတတ်ဘူး”..ပုဏ္ဏားလင်မယားဟာ သားငယ်လေးကိုကြည့်လိုက်..ငိုလိုက်နဲ ့သောကမီးတွေတောက်လောင်နေတာပေါ့..အဲဒါနဲ ့ဆရာရသေ့ကြီးက ”ကဲ..ငိုမနေကြနဲ ့..ဆေးမြီးတိုမရှိပေမယ့်..တို့ရဲ ့မှန်ကန်တဲ့သစ္စာနဲ ့ ကုကြတာပေါ့…အဲ့ဒါနဲ ဆရာရသေ့ကြီး ဟာ ခွက်တစ်ခုထဲ ရေဖြည့်ပြီး..သစ္စာစပြုပါတယ်  **ငါသည်..ရသေ့ဘဝစရောက်သည့်နေ ့မှစပြီးဒီကနေ့အထိရသေ့ဘဝမှာတစ်ရက်ကလေးမှမပျော်ခဲ့ပါ.ဖခင်ရဲ ့ဆန္ဒကိုမလွန်ဆန်နိုင်သောကြောင့်သာရသေ့ဝတ်ခဲ့ရပါသည်…ထိုသစ္စာစကားမှန်ကန်ပါက..သူငယ်လေးရဲ ့မြွေဆိပ်ကျပါစေသား**သစ္စာဆိုပြီးတာနဲ ့ဆရာရသေ့ကြီးဟာရေကိုသူငယ်လေးရဲ ့ခေါင်းကနေဖြန်းလိုက်တာနဲ ့တပြိုင်ထဲ သူငယ်လေးရဲ ့မြွေဆိပ်ဟာခေါင်းကနေ..ရင်ဘတ်ထိ ကျသွားပါတယ်..ဆရာရသေ့ကြီးကပုဏ္ဏားလင်မယားဘက်လှည့်ပြီးတော့.”ကဲ..ငါ့သစ္စာရဲ ့ အစွမ်းကတော့ ဒီလောက်ပဲ ထက်တယ်ကွဲ ့ ဒကာကြီးတို ့ပဲသစ္စာဆက်ပြုကြ”‘အဲ့ဒါနဲ ့ရေခွက်ကို ပုဏ္ဏားကြီးဘက် လှမ်းပေးလိုက်ပါတယ် ပုဏ္ဏားကြီး ကရေခွက် ကိုကိုင်ပြီး သစ္စာပြုပါတယ်.**ငါသည်..ဃခုကိုးကွယ်နေသောရသေ့ကြီးကို နည်းနည်းလေးမှမကြည်ညိုပါ..ဆွမ်းကွမ်းကိစ္စလည်းမလှူချင်ပါ […]