ပြီးခဲ့တဲ့လက ထိုင်းနိုင်ငံမှာနေတဲ့ မြန်မာအမျိုးသမီးတစ်ယောက် ကိုယ်ဝန်သွားဖျက်တာ ကလေးက မကျလို ့တဲ့ ထိုင်းလက်သည်အိမ်ကနေပြန်လာပြီး မဲဆောက်က မြန်မာလက်သည်နဲ ့ သွားပြန်ဖျက်ဖို ့ ကားစီးတာ အဲ့ဒီကားပေါ်မှာပဲ ဆုံးသွားတယ်။ သူထိုင်နေတဲ့ထိုင်ခုံက ဒရိုင်ဘာနောက်က ခုံလေးမှာ ။ကားပေါ်စတက်တော့ မျက်နှာသွေးမရှိသလိုဖြူဖျော့ နေလို ့ဒရိုင်ဘာက ညီမ နေမကောင်းဘူးလားလို ့မေးတယ်တဲ့ အမျိုးသမီးက ဟုတ်တယ် ကိုယ်ဝန်သွားဖျက်တာ မကျလို ့မဲဆောက်ကမြန်မာလက်သည်မှာသွားပြန်ဖျက်မယ်လို ့ပြောပြီး စောင်ကို ခေါင်းမြီးခြုံအိပ်လိုက်တာ ကားရပ်သွားတာတောင် လုံးဝပြန်မနိုးလာတော့ဘူးတဲ့။ ကားပေါ်မှာ လူသေတယ်လို ့သတင်းကြားရောတစ်ကားလုံးလန် ့ဖြန် ့ပြီးထွက်ပြေးကြတာပေါ့။ အဲ့ဒါ ရဲတွေရောက်လာလို ့အလောင်းကိုသယ်တာ အလောင်းကို လုံးဝ သယ်ထုတ်လို ့မရဘူး၊အလောင်းက တအားလေးတာတဲ့။ ယောကျာ်းအားနဲ ့လေးငါးယောက်လောက်ဝိုင်းပြီးမတာတောင် လုံးဝ မလို ့မရဘူးတဲ့ ၊အဲ့ဒါနဲ […]


မြို ့တစ်မြို ့မှာ စီးပွါးရေးအဆင်ပြေပြီးချမ်းသာတဲ့ လင်မယားရှိပါတယ်။ စီးပွါးရေးအဆင်ပြေလာတော့ ထုံးစံအတိုင် ယောက်ျားဖြစ်သူ မှာ မြာပွေချင် လာပါတယ်။ KTV တို ့ဘီယာဘားတို ့လည်း သွားတတ်လာတယ်။ကာရာအိုကေဆိုင်မှာ သီချင်းဆိုတဲ့ ကောင်မလေးတွေကိုလဲ ပန်းကုံးစွပ်တတ်လာတယ်။ ပိုက်ဆံရှာနိုင်တော့လည်း သုံးနိုင်ဖြုန်းနိုင်တာပေါ့လေ။ ဒါကိုမိန်းမဖြစ်တဲ့ သူက သိတော့ လင်မယားရန်ပွဲတစ်ကျက်ကျက်ပဲ။သူတို ့လင်မယားမှာ လိမ္မာပြီး ချစ်စရာကောင်းတဲ့  သမီးလေးတစ်ယောက်ရှိပါတယ်။ နံနံက် ရုံးသွားခါနီး ကော်ဖီဝိုင်းမှာ မိသားစုဆုံတုန်း ဇနီးသည်က သမီးငယ်လေးကိုမေးလိုက်ပါတယ်။ “သမီးလေး ကြီးလာရင် ဘာလုပ်မှာလဲဟင်..ဆရာဝန်လုပ်မှာလား..သူနာပြုလုပ်မှာလား.လေယာဉ်မယ်လုပ်မှာလားလို ့မေးတော့..သမီးလေးက.. “ဟအင်း မီးမီးမလုပ်ချင်ဘူး..မီးမီး အိမ်ဖော်ပဲလုပ်ချင်တယ်” “ဘာ..ဘယ်လို .အိမ်ဖော်လုပ်မယ်..ပေါက်ပေါက်ရှာရှာ သမီးရယ် ဘာလို ့အိမ်ဖော်လုပ်ချင်ရတာလဲ” “မေမေကလဲ…ဖေကြီးက မေမေနဲ ့သမီးကို တစ်ခါမှ ချစ်တယ်မပြောဘူး အာဝါးလဲ မပေးဘူး…အိမ်ဖော်မလေး  ကိုတော့ […]


ချမ်းချမ်း တို ့ဗုဒ္ဓဘာသာဝင်တော်တော်များများဟာ မိရိုးဖလာ အယူအဆ နက္ခတ်ဗေဒင် ယတြာ အတိတ်နိမိတ်ကို ယုံကြည်သူတွေ တော်တော်များများ တွေ ့ရပါတယ်။ နတ်ကိုးကွယ်မှုတွေလဲ ယခုအချိန်ထိရှိနေတုန်းပါပဲ။ ကမ္ဘာပေါ်မှာ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ ။ဘာသာကြီး လေးခု ရှိပါတယ်။ ခရစ်ယာန်ဆိုရင်လဲ သခင်တော်ယေရှု.. အစ္စလာမ်ဆိုရင်လဲ.အလ္လာအရှင်မြတ် တစ်ပါးတည်းပဲကိုးကွယ်စရာရှိပါတယ်။ မြတ်ဗုဒ္ဓကိုကိုးကွယ်တဲ ့ဗုဒ္ဓဘာသာဝင်အားလုံးဟာရတနာမြတ်သုံးပါအပြင် . မင်းကြီး မင်းလေး.မမနှဲ ဘိုးတော် မယ်တော် ရိုးရာနတ် အိမ်တွင်းနတ် ဆိုပြီးစုံပလုံနေရောပဲ။ တိုင်းရင်းသား ၈ မျိုး က ကိုးကွယ်စရာ နတ်တွေ ၈ မျိုးတောင်ထွက်လာတယ်နော်။ နတ် နဲ ့ပက်သက်တဲ့အတွေ ့အကြုံ လေးပြောပြမယ်နော်.. အမှားပါရင် ခွင့်လွှတ်ပါလို ့ ကြိုတောင်ပန်ပါတယ်..ပြောပြချင်လွန်းလို ့ သိစေချင်လွန်းလို […]


အပိုင်း(၁) မနေ ့ကသူဌေးများ… ယနေ ့တော့သူတောင်းစား…. ကံတရား၏ ရက်ရက်စက်စက် ဆုံးဖြတ်ချက်ကို အယူခံဝင်ခွင့်မရဘဲ ခါးကော့အောင် သူမ ခံလိုက်ရသည်။ ဆယ်သက်စားမကုန်သော ပစ္စည်းဥစ္စာများ ယခုတော့… ပါးပြင်ပေါ်ကျလာသည့် မျက်ရည်စက်များကို လက်နှစ်ဖက်ဖြင့် ကြမ်းတမ်းစွာသုတ်ပစ်လိုက်သည်။ မျက်ရည်ကျတယ်ဆိုတာ အရှုံးပေးတာပဲ..စိတ်ဓါတ်ပျော့ညံ့သူတွေ အားငယ်တတ်သူတွေရဲ ့လက်နက်ပဲ၊ မျက်ရည်ဘာလို ့ကျရမှာလဲ..ဘဝကိုဘာလို ့အရှုံးပေးရမှာလဲ။ ဖန်တီးလာစမ်းပါစေ။ဒီကံဆိုးခြင်းတွေ၊ ခါးမကော့ဘဲ ခေါင်းမော့ပြီးရင်ဆိုင်ရဲအောင်ကြိုးစားမည်။.လောကဓံကိုသူမရင်ဆိုင်လိုက်မည်။ ရင်ဆိုင်နိုင်အောင်လဲ သူမ သတ္တိမွေးရမည်။ လောကမှာ လူဖြစ်လာလျှင် ကြုံတွေ ့ရမည့်အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းရမှာ လူ ့တာဝန်တစ်ရပ်မဟုတ်လား.။ မိမိဘာသာအားပေး၊မိမိဘာသာအားတွေမွေးပြီး စတုဒီသာအလှူမဏ္ဍပ် ဆီသို ့ခြေလှမ်းကိုဦးတည်လိုက်သည်။ လောလောဆယ်တော့ ဘယ်သွားလို ့ဘယ်လာရမှန်းမသိသေးတာမို ့ သမုဒ္ဒရာ ဝမ်းတစ်ထွာအတွက် မရှက်သုံးပါးမှာ တစ်ပါး ပါလိုက်ရပေဦးမည်။ငတ်တော့လည်းမရှက်နိုင်ပြီလေ။ ခြေလှမ်းများက အလှူမဏ္ဍပ်နဲ ့နီးလာတာမို […]


လူတွေဟာ အချို ့က လှပြီး အချို ့ကရုပ်ဆိုးတယ်၊အချို ့မှာ ချမ်းသာပြီး အချို ့မှ ဆင်းရဲတယ်။ရှုပ်ထွေးစုံ တဲ့ လောကဇာတ်ခုံ လူတို ့ဘုံဟာ တစ်ပြေးညီတည်းရှိမနေတာတော့ အမှန်ပါပဲ။ဘာ့ကြောင့်များလှလှပပတွေချည်းဖြစ်မနေတာလဲ။ဘာ့ကြောင့်များချမ်းချမ်းသာသာကြီးရှိမနေရတာလဲ။ သူမဘဝကို စိတ်ပျက်အားငယ်မိတိုင်း ဒီအတွေးဒီမေးခွန်းတွေ ရင်ထဲအထိတိုးဝင်လာပြီး တနုံ ့နုံ ့ခံစားရစမြဲ။ ငယ်စဉ်က သူများတွေ “ခါးကုန်းတဲ့ရုပ်ဆိုးမ”လို ့စနောက်ခံရတိုင်း အမေ့ကိုငိုယို ရန်တွေ ့မိ၏။ “ကျွန်မကို ဘာလို ့ခါးကုန်းပြီးရုပ်ဆိုးအောင် မွေးခဲ့တာလဲအမေ။လှလှပပလေးဘာလို ့မမွေးခဲ့တာလဲ”။ “ဟဲ့….မိန်းကလေးရဲ ့၊သားသမီးတွေအားလုံး အချောအလှချည်းပဲ နင်တစ်ယောက်ပဲ ဘယ် ကအဘွားကြီးဝင်စားမှန်းမသိ၊နင့်ဘာသာနင် ခါးကုန်း ပြီး ငါ့ဗိုက်ထဲက ထွက်လာတာငါကဘာတတ်နိုင်မှာတုန်း” “ရှင်မ ဗိုက်ထဲက ထွက်လာတာဟုတ်လို ့လား..ကျုပ်အမှိုက်ပုံထဲကကောက်ပြီးမွေးစားခဲ့တာလေ၊ဒါ့ကြောင့်ခါးကုန်းပြီး ရုပ်ဆိုးနေတာပေါ့” အမေတစ်လှည့်အဖေတစ်လှည့် သူမကို ချစ်စနိုးနဲ ့ကျီစယ်နေသောအခါ […]


တကယ့်အဖြစ်အပျက် လေးပါ။ ချမ်းချမ်း တို ့သူငယ်ချင်း သုံးယောက် အနီးကပ်စာမေးပွဲသွားတက်တဲ့အချိန်တုန်းကပေါ့။ ချမ်းချမ်းတို ့ မြို ့လေးကနေ မော်လမြိုင်တက္ကသိုလ် ကိုရောက်ဖို ့တစ်နာရီကျော်လောက်ကားစီးရပါတယ်။ ကားက ဟိုင်းလက်စ် အမိုးနဲ ့ကားတွေပါ။ယောကျင်္ားလေးတွေက ကားခေါင်မိုးပေါ်မှာထိုင်ရပါတယ်။ အမျိုးသမီးတွေက ကားဝမ်းထဲမှာ အယောက် ၂ဝ ကျော်လောက်ထိုင်ရပါတယ်။နယ်မြို ့လေးဆိုတော့ ကားရပ်ဖို ့သီးသန် ့ဂိတ်တွေ မရှိဘူး။ လမ်းမှာရှိတဲ ့ခရီးသည်ကတွေ ့တဲ့နေရာမှာတက်စီးလို ့ရတယ်။ လမ်းတစ်လျှောက်မှာတော့ မုကျိ နတ်ကြီးချောင် ကျုံက ရွာလေးတွေတော့အများကြီးပေါ့။ နတ်ကြီးချောင်ဆိုတဲ့ရွာလမ်းဝကနေ တောင်ပေါ်လမ်းကိုသွားရင် တောထဲမှာတကယ့်ကရင်အစစ်တွေနေတဲ ့ကရင်ရွာလေးတွေတော့အများကြီးပဲ။နတ်ကြီးချောင်ဂိတ်ရောက်ရင်တော့ မြို ့ကိုတက်မယ့် ကရင်ရွာ လေးက ခရီးသည်ကိုစောင့်ဖို ့ ကားကခဏ ရပ်ပါတယ်။ အဲ့ဒီအချိန်မှာ ကားပေါ်က်ို အသက် ၆ဝ နီးပါး […]


တစ်ခါတုန်းက ရွာတစ်ရွာမှာ မောင်ရိုးဆိုတဲ့ လူငယ်လေးတစ်ယောက်ရှိပါတယ်။ မောင်ရိုး က နာမည်လိုက်အောင် ရိုးသားဖြူစင်ပါတယ်။အတန်းပညာမတတ်ပေမယ့်မိဘစကားနားထောင်ပြီးအလုပ်ကြိုးစားတယ်။ မိဘစကားဆိုလဲ မြေဝယ်မကျနားထောင်တဲ့သူမို ့သားလိမ္မာလေး လို ့တစ်ရွာလုံးက ချီးမွန်းကြပါတယ်. မောင်ရိုးတို ့အဖေက အင်္ဂလိပ်ခေတ်တုန်းက ရွာမှာဩဇာ တော်တော်ရှိတဲ့ ကုန်သည်သူဌေးကြီးပါ.. နောက်တော့စီးပွါးပျက်လို ့အကြွေးတွေထူနေတဲ့ ဘဝရောက်သွားတာပေါ့. မောင်ရိုးအဖေမှာက အရမ်းချစ်ကြတဲ့ ငယ်သူငယ်ချင်း သူကြီးတစ်ယောက်ရှိပါတယ်. သူကြီးက ရွာအရှေ ့ဘက်မှာနေပါတယ်.မောင်ရိုးတို ့က ရွာအနောက်ဘက် ဘက်မှာဆိုတော့..ဥပုဒ်နေ ့တိုင်း မောင်ရိုးတို ့အိမ်ကို လာလည်နေကြ။လာလည်တိုင်း. သူကြီးက မောင်ရိုးတို ့အဖေ ချေးထားတဲ့အကြွေးတွေတောင်းပါတယ်။ ““သူငယ်ချင်းမင်း ငါ့ဆီက ယူထားတဲ့အကြွေးတွေ များနေပြီကွ..နည်းနည်းပါးပါးလေးဖဲ့ဆပ်ဦး”” မောင်ရိုးတို ့အဖေကလဲ ““အေးပါကွာ ဒီနှစ်နွေရောက်ရင်ပေးမယ်”“ပေးမယ်ဆိုပြီး .တစ်ခါမှ အကြွေးမဆပ်ဘူး။ အဲ့ဒါနဲ ့သူကြီးလဲ..အကြွေးပြန်ရအောင်အကြံထုတ်ပါတယ်..ဒီကောင့်သား မောင်ရိုးက အရမ်းအေးတယ်. […]


ချမ်းချမ်းတို ့ဗုဒ္ဓဘာဘာသာမြန်မာလူမျိုးတိုင်း အနန္တော..အန္တငါးပါး ဘုရားရှိခိုးကိုလူတိုင်းသိကြပါတယ် မာတာပိတုဂုဏောအနန္တော..လို့နေ့စဉ်ရှိခိုးနေတာ မိဘကျေးဇူးကြီးလို ့ပေါ့နော် မိဘမေတ္တာကြီးမားလွန်းလို ့လဲဘုရားရှင်နဲ့တစ်ဂိုဏ်းထဲထားပြီးပူဇော်တာပေါ့ မိဘတိုင်းသားသမီးအပေါ်မေတ္တာတရားကြီးမားကြပါသလား မိဘတိုင်းလေးစားအထင်ကြီးလောက်တဲ့ကိုယ်ကျင့်တရားရှိပါသလား မိဘတိုင်းအပြစ်ကင်းပါသလား ချမ်းချမ်းအခုလိုုမေးတာဟာမိဘမေတ္တာစော်ကားလို ့မဟုတ်ဘူးနော် ရင်ထဲရှိတာလေး သိချင်တာလေး ရှိလို ့ပါ။ သန္ဓေသားလေး ဖြစ်တည်ဖို ့ လူ ့လောကထဲလူသားလေးတစ်ယောက်ရောက်ရှိဖို ့ ဆန် ့ကျင်ဘက် အဖိုနဲ ့အမ ပေါင်းစပ်ရတာသဘာဝမို ့လူတိုင်းနားလည်ထားပါတယ် ကိုယ်ဟာ လူသားလေးကို မွေးထုတ်ပေးနိုင်တယ်ဆိုရင်ပဲ ကျေးဇူးကြီးမာတဲ့မိခင်ဖခင်ဘဝ ကြည်ညိုထိုက်တဲ့ မိဘ ဝဘဝရောက်ပြီနော် ဘုရားနဲ ့တစ်ဂိုဏ်းထဲထားပြီးတော့တောင် ကန်တော့ခွင့်ရပြီတဲ့ ကဲ..ဘယ်လောက်များ ဂုဏ်ယူစရာကောင်းလဲ အဲ့ဒီလြိုုမင့်မြတ်တဲ့ဘဝနဲ ့ မြင့်မြတ်တဲ ့ဂုဏ်နဲ ့ မတန်တဲ ့ မိဘ တွေရှိတယ်ဆိုတာ ယုံလား ချမ်းချမ်း တွေ ့မြင်ထားသမျှလေးခံစားရသမျှတွေပြန်လည်ဝေမျှပေးမယ်နော် […]


Thai Channel 3..ကနေကြည်ု့လိုက်ရတဲ ့သတင်းလေးကိုမှတ်မိသလောက်လေးပြန်မျှဝေပေးတာပါ အခုခေတ်နိုင်ငံတိုင်းလိုလိုမှာအရွယ်မရောက်သေးတဲ့ကလေးငယ်နဲ့ အမျိုးသမီးတွေ. အတင်းအဓမ္မအကြမ်းဖက်ခံရမှုတွေပိုများလာပါပြီ။ အကြမ်းဖက်ခံရမှုရဲ ့၇၁ရာခိုင်နုန်းဟာ..အသက်၈နှစ်ကနေ.၂၅အရွယ်ဖြစ်ပါတယ်.. အဓိက..ကတော့အရွယ်မရောက်သေးတဲ ့ကျောင်းသူလေးတွေ.ပါ ပြစ်မှုကျုးလွန်ကြတာကတော့. သူတို ့လေးတွေရဲ  ့အသိမိတ်ဆွေ.တွေ သူငယ်ချင်းအပေါင်းအသင်းနဲ ့တွဲနေတဲ ့ချစ်သူတွေပါတဲ ့..ကိုယ်မထင်မှတ်ထားတဲ ့သူတွေပဲ အများဆုံးဒုက္ခပေးကြတာပါတဲ ့. သူတို ့နိုင်ငံမှာက.ငယ်ငယ်ရွယ်ရွယ်နဲ ့မင်္ဂလာဆောင်ကြတယ်ဆိုတာရှားတယ် ်.ချစ်သူဖြစ်ရင်အတူတူနေကြတယ် အလုပ်လုပ်ပြီးပိုက်ဆံစုကြတယ်. အဆင်ပြေမှာ မင်္ဂလာဆောင်ကြတာများတယ်.တကယ်လို ့ ဒီကြာထဲပြတ်သွားခဲ့ရင်လဲ.ဘာမှမဖြစ်ခဲ့သလိုအေးဆေးပဲ. သူ့ဓလေ့နဲ ့သူတော့ဟုတ်နေတာပေါ့ချမ်းကလဲ သူတို ့တွေကိုမေးကြည့်တာပေါ့. နင်တို ့တွေအခုလိုအတူတူနေတာမိဘကမပြောဘူးလားဆိုတော့.တို ့အဖေနဲ ့အမေလဲ ဒီလိုနေလာကြတယ်လေတဲ ့.ကောင်းရော.. တစ်လောက ကြည့်လိုက်ရတဲ ့သတင်းလေးမှာလဲ သမီးရည်းစားတွေဖြစ်တဲ့ကောင်လေးနဲ  ့ကောင်မလေးအတူတူနေပြီးတော့ ကောင်လေးကအပြင်ခဏသွားမယ်ဆိုပြီးထွက်သွားပါတယ် နောက်တော့သူ ့သူငယ်ချင်း ၈ ယောက်ကို ဖုန်းဆက်ခေါ်ပါတယ် ငါ့ချစ်သူနဲ ့အတူတူလာနေလို ့ရတယ်ဆိုပြီးတော့.သူငယ်ချင်းတွေနဲ […]


Mandalay Gazette မှ ဦးဦးတို ့အစ်ကိုတို ့မောင်လေးတို ့တွေအတွက် လာမယ့်ချစ်သူများနေ ့မှာကိုယ်ရည်ရွယ်ထားတဲ ့ချစ်သူဆီက ချစ်အဖြေလေးတောင်းဖို ့ဒါမှမဟုတ်.ကိုယ့်ချစ်သူကို လက်ထပ်ခွင့်တောင်းဖို ့စိတ်ကူးလေးများရှိရင်တော့ အမြန်ဆုံးနည်းနဲ ့ပုဂံလုံးစီးသလိုအဆင်ပြေချောမွေ ့စေဖို  ့ လက်ချာလေးသင်ပေးပါ့မယ် ဘာဖြစ်လို ့လဲဆိုတော့ကိုယ်နဲ ့တသက်တာလက်တွဲသွားရမယ့်မိန်းကေလး တွေရဲ ့စိတ်ကိုကြိုသိဖို ့လိုပါတယ် တစ်ဦးနဲ ့တစ်ဦးစိတ်ရင်းအမှန်ကို သိနေမှနားလည်မှုရှိနေမှ တူနှစ်ကိုယ်လျှောက်ရမယ့် ဘဝခရီးအဆင်ပြေမှာလေ ချမ်းချမ်းကမိန်းကလေးဆိုတော့ မြွေမြွေချင်းခြေမြင်တာပေါ့လေ ဒါ့ကြောင့်မိန်းကလေးတွေရဲ့ရင်ထဲကလိုအပ်ချက်တွေကို.. တိတ်တိတ်လေးပြောပြမယ်နော်.. ကဲ..လက်ချာစမယ် သေချာကြမှတ်ပါ.၅ချက်ထဲရှိပါတယ် နံပါတ်၁။ မိန်းကလေးအယောက် ၁၀ဝ မှာ ၉ဝ လောက်ကအလှကြိုက်ကြပါတယ်(ကျန်တဲ ့၁ဝ ယောက်က မျက်မမြင်တွေမို ့လို ့ပါ) .ဒါ့ကြောင့်မိန်းကလေးတိုင်းကလေ ကို်ယ့်ချစ်သူ ကိုယ့်ကိုလှတယ်လို ့ပြောရင် အရမ်းပီတိဖြစ်ကြတယ်ကိုယ့်ချစ်သူလေးစိတ်ချမ်းသာဖို ့ သူ့နဲ ့တွေ […]


***အမျက်ဖြေလင်္ကာ *** ***Grudge Removing Rhyme*** ၁။ သူတည်းတစ်ယောက် …………………………….. (1) For one’s good, ကောင်းဖို ့ရောက်မူ…………………………………… Some other’s destruction, သူတစ်ေယောက်မှ…………………………………… Is the law of nature ပျက်လင့်ကာသာ ဓမ္မတာတည်း။ ၂။ ရွှေအိမ်ရွှေနန်း ကြငှာန်းလည်းစံ………………….. (2) Inside the golden palace , မတ်ပေါင်းရံလျှက်………………………………….. Under the royal umbrella, ပျော်စံရိပ်ငြိမ် စည်းစိမ်မကွာ………………………. Attended by minsters. မင်းချမ်းသာကား…………………………………… Enjoyment of peace, luxury သမုဒ္ဒရာရေမျက်နှာထက်………………………….. and pleasure, ခဏတတ်သည့်ရေပွက်ပမာ……………………….. Is just […]


: *** ပွင့် တဲ ့ပန်းတိုင်း လန်းစေချင်*** အခု ချမ်းချမ်းပြောမဲ ့အကြောင်းအရာလေးက အတင်းအဖျင်း အနေနဲ ့တစ်ဖက်မိန်းမသားကို…နှိမ်ချင်လို ့ အထင်သေးလို ့မဟုတ်ဘူးနော်.. ယောကျာ်းလေးတွေကို.အထင်သေးလို ့လဲမဟုတ်ဘူး..ဖြစ်တတ်တဲ ့သဘောတွေကို..မိန်းကလေးတိုင်း..သိသင့်တယ်ထင်လို ့..ဆင်ခြင်နိုင်အောင်လို ့.. မျှဝေတာပါ..ပတ်ဝန်းကျင်က ပေးတဲ ့သင်ခန်းစာပေါ့… ဘဝပျက်တဲ ့မိန်းကလေးဆိုတာလမ်းဘေးရောက်သွားမှ ဘဝပျက်တာမဟုတ်ပါဘူး။လူမသိဘဲသိမ်ငယ်သွားတာ၊အမြဲ အားငယ်သွားတာ၊စိုးတထိတ်ထိတ်ဖြစ်နေရတာတွေ …ကိုယ့်ကိုယ် ကို်ယုံကြည်မှုတွေ..နည်းပြီး..နောင်တတရားနဲ ့ရင်မှာပူလောင်နေတာဘဝပျက်မတက်ပါဘဲ၊ ဒါက ဘဝကိုတန်ဖိုးထားခဲ့ရင်ပေါ့.. တန်ဖိုးမထားတဲ ့မိန်းကလေးအတွက်တော့..ဒီကိစ္စတွေက..ထူးဆန်းလိမ့်မယ်မထင်ဘူး… အခုခေတ်မှာတော်တော်များများကြားနေရတာပါ ..ကိုယ်ဝန်ရှိလို လက်ထပ်လိုက်ရတာ.. အပျိုတွေကိုယ်ဝန်ဖျက်ချတာ.ချစ်သူက ပစ်သွားလို ့အဆိပ်သောက်သေတာ..စုံနေတာပဲ…ချစ်ကြပြီဆိုရင်….ယောကျင်္ားလေးတော်တော်များများ ဘာလို့များ လိုအပ်တာထက် အခွင့်အရေးယူကြတာလဲ…မိန်းကလေးတော်တော်များများကရော..ဘာလို ့များ..မငြင်းဆန်ရတာလဲ.. နစ်နာစရာရှိရင်ဘယ်သူကပိုနစ်နာမလဲ.. အခွင့်အရေးပိုယူတဲ ့ချစ်သူအပေါ်..ကိုဘယ်လိုမြင်ကြလဲ..သူကငါ့ကိုသိပ်ချစ်လို ့.. အခွင့်အရေးတောင်းတာများးထင်နေလားတော့မသိဘူး… အချစ်နဲ ့ရမ္မက် ကတခြားဆီပါ.. အချစ်နဲ ့ဘဝ…ချစ်တဲ ့သူနဲ […]


*** အမုန်း < အပြုံး*** ……………………… အဆိပ်ပြင်းလွန်းတဲ့. အမုန်းမြှားချက်တွေနဲ ့ ငါ့နှလုံးသားကို.. ရက်ရက်စက်စက် ပစ်ခွင်းခဲ့ပြီးမှ.. အကြွင်းမဲ ့ ငါ့ချစ်ခြင်းကို လှောင်ပြုံး ပြုံးဖို ့ဆိုရင် တစ်ခါ လှည့်ပြီး ပြန်လာမကြည့်ပါနဲ ့သခင် မုန်းချင်သလောက်မုန်း လှောင်ပြုံးတော့ မပြုံးလိုက်ပါနဲ ့ မင်းရဲ ့အမုန်းထက် လှောင်ပြုံးတစ်ချက်ဟာ ငါ့ နှလုံးသားမှာ.. နာကျင်လှစွာ…. ဆတ် ဆတ် ခါ… …………. ……………… (ဘဝ သစ်မှာ.ပျော်ရွှင်ပါစေ..သခင်..)