အရိပ္စစ္April 25, 20131min19410
မျှော်လင့်ဖူးပါရဲ့လား သက်ဝင်ယုံကြည်မူ့ ယိုင်နဲ့နဲ့လေးမှာ အချစ်က ဖျားနာဖို့ရည်ရွယ်ခဲ့မှာ မဟုတ်ဘူး သူ တိုက်ကျွေးတဲ့ ဆေးခါးခါးတွေထဲ ပဲတင့်သံ တိုးတိုးလေး ကြားမိသလိုလည်း ရှိပါရဲ့ အဲဒီနေရာက  အပျော်တွေဟာလည်း အသက်ဝင်ချင်မှ ဝင်ပါလိမ့်မယ်လေ…။      ။   အရိပ်စစ်


အရိပ္စစ္April 16, 20131min1165
နွေနေပူတဲ့ သင်္ကြန်ရက်ထဲမှာ အမေ့ရဲ့ စုဘူးလေးကွဲခဲ့ အဲဒီနေ့ အတာဆေးမိုးများ ရွာသွန်းခဲ့ပါရဲ့လား ခြေချခဲ့ ရှူရှိူက်ခဲ့ ရင်ငွေ့လှူံပြီး ဂျီကျခဲ့တာတွေလည်း ရှိခဲ့ ခြေလှမ်းသင်ကာစ  ပစ်ထားတုန်းက အမေ့ရဲ့ ဒုက္ခအိုးလေးဟာ ခြေလှမ်းတွေလည်း ကျဲလာတတ် အဖေကတော့ အဖေပီသစွာပဲ သူ့ချစ်ခြင်းကို ပါးပါးလေး အုံဖွဲ့ပြတယ် ဆက်ရန်တွေ တောထလွန်းတဲ့ အထဲ မှာတမ်းတွေ ခြွေပါရစေ ဒီလိုနေ့ရဲ့ အဆုံးသတ် တစ်နေ့မှာတော့ ကိုယ့်သားသမီးကို ယုံကြည်နေကျအတိုင်း ကောင်းရာပဲ ရောက်လိမ့်မယ်လို့ ဖော့ပြီးတွေးပေးပေါ့ ရေတွင်းကြီးကြီးတစ်ခု မတူးပေးနိုင်ပေမယ့် ရေအေးအေးလေးတစ်ခွက် ခပ်တိုက်ဖို့ ကြိုးစားခဲ့တယ်လေ ဟိုးးဝေးဝေးက  သူငယ်ချင်းရေ နင် ကြွေးကြော်တာကို ငါ အရင်သွားဖြစ်ခဲ့ရင် စိတ်တော့ မဆိုးနဲ့ ငါ့ နှလုံးသားလေးကတော့ တော်ရာမှာ ပျော်အောင် နေ နေတတ်ပါလိမ့်မယ် […]


အရိပ္စစ္April 15, 20131min1361
တစ်နှစ်ပြည့်တဲ့ နေ့ရက်တွေအတွက် နွေဟာ ဒီရာသီကို ပေါင်းကူးပေးတယ် ပိတောက်ပွင့်ချိန်အမှီ ကိုယ့်လိပ်ပြာရဲ့ နှှိူးဆော်မူ့သန့်သန့်လေး မိုးတွေ ဖွဲဖွဲရွာ လွဲချော်မူ့တွေရဲ့  ရိုးရာအောက် ဖြတ်လို့မပြတ်တဲ့ ကြိုးတွေ တနင့်တပိုး ရောင်နီလာတဲ့  တစ်ခဏထဲ ငြိမ်းအေးခြင်းကို  ထွေးပိုက်မိတယ် မနက်ဖြန်တွေကို  ဖမ်းဆုပ်ရင်း လှပမူ့တွေ  မြဲမြံပါရစေ…။    ။     အရိပ်စစ်  


အရိပ္စစ္April 11, 20131min1436
  အထက်ကနေ  အောက်ကို ရိုးရိုးလေး စီးဆင်းသွားတာပ   သူ့ရင်ပြင်ထဲက  ရေသံလွင်လွင်လေး   သာယာတဲ့အခါ  ကြည်ရွှင်တယ်   မညင်သာတဲ့ အခါမှာလည်း   သူဟာ လွယ်လွယ်နဲ့  သေမသွားဘူး   သူဆန်ဖူးတဲ့ သမိုုင်းတစ်ချို့ဟာ  နည်းပေမယ့်   စုန်မြဲ စုန်တယ်…။   အရိပ်စစ်              


အရိပ္စစ္April 10, 20131min18210
ပထမဆုံး စပြီး သတိထားမိတာကတော့ သူမက မိတ်ကပ်အဖွေးသား ဂါဝန်ပန်းရောင်လေး ဝတ်ပြီး ကတုံးဆံတောက်ကေလေးနဲ့ သူမ ဖခင် ပန်းချီဆရာ ရဲ့ ဆွဲလက်စ ဗုဒ္ဒဝင်ပန်းချီကားတစ်ချပ်ပေါ် စုတ်တံကို ဟန်ပါပါ ကိုင်ဆွဲထားနေသေးတာ ပြေးကြည့်မှ အသက်က ( ရ ) နှစ်… နောက်တစ်ခေါက်က  ကျောက်ခမောက်ဘုရားပွဲကျင်းပသည့် တပေါင်းလပြည့်နေ့ မိဘနှစ်ပါးနဲ့ အတူ သူမတို့ ညီအစ်မတွေ ဘုရားဖူးလာကြတာ အဲထဲမှာ သူမက ဆံပင်ကေတိုလေးနဲ့ ခပ်တည်တည်စိုက်ကြည့်လို့ အရာရာကို စူးစမ်းချင်တဲ့ အရွယ် ( ၁၅ )နှစ်… သူမ မျက်ဝန်းတွေ ကြည်စင်နေတယ် အပြုံးပြုံးပါးပါးတစ်ချို့ကိုလည်း လိမ်းကျံထားသေးတယ် ဆံနွယ်ရှည်တွေ တနွဲ့တလျားနဲ့ မိတ်ဆွေရင်းချာတွေ ကြား လွတ်လပ်ပေါ့ပါးလို့ အဲဒီ့တုန်းက ( ၁၉ )နှစ်… နောက်ဆုံးအကြိမ် […]


အရိပ္စစ္April 9, 20131min2549
မြို့လေးက ပြုံးနေတယ် တောင်စွယ်ခုနှစ်ထပ် ရစ်ပတ်ခံရတဲ့ သူ့ကိုယ်သူ မွန်းကျပ်တယ်လို့လည်း  မငြီးဘူး ရိုးမအမြီးစွန်းမှာ ပိတ်မိနေရပေမယ့် အဲဒီလို ငြိမ်နေရတာကိုပဲ သူကြိုက်တယ် သူ့ရင်ခွင်ထဲက လယ်ကွင်းစိမ်းကြည်ကြည်တွေရဲ့ ရယ်သံတွေက တီးတိုးခိုးခစ် ဘယ်အရပ်ရောက်ရောက် ခါတော်မှီ အိပ်တန်းတက်လာကြတဲ့ သူ့ရင်တွင်းသားတွေက  အစီအရီ မိုးဥတုမှာ သူ့သွေးကြောတွေ အစီးကြမ်းလာတဲ့အခါ ရေလှိုင်းသံတွေနဲ့ အပြိုင် သူပါ ငိုတယ် နွေနေပူလို့ အဆီတွေ ခမ်းခြောက်တဲ့အခါ  သူကြေကွဲတယ် အထုအထောင်းမရှိတဲံ့ ဆောင်းမှာ သူပျော်သလောက် သူမနိုင်လို့  လွှတ်ထားရတဲ့ ပုဇဉ်းရင်ကွဲသံတွေဟာလည်း မှောင်ရီရီ  ညခင်းတွေမှာ သာယာနေပြန်သတဲ့ အားလုံးသာ အိပ်ပျော်သွားတယ် သူကတော့ ဘာလာမှာလဲ ဘာဖြစ်မလဲဆိုပြီး စိုးရိမ်စိတ်အပြည့်နဲ့ တိတ်တိတ်လေးပဲ ဘောဒီဂတ်လုပ်လို့…။     ။   အရိပ်စစ်


အရိပ္စစ္April 8, 20131min28113
ဆင်သရေကို  ဆိတ်သရေနဲ့ ဖုန်းလို့မရတာပဲ မေမေ ရှေ့သွားလေး ကျိုးနေတာကိုရှက်လို့ ဆိုပြီး စကားပြောတိုင်း လက်နဲ့လည်း အုပ်အုပ်မထားပါနဲ့ ကျေးဇူးပြုပြီး  ငွေရောင်ဆံခြည်တွေကိုလည်း  ငယ်မူမပြန်ခိုင်းပါနဲ့ အမေ့ရင်ခွင်ရိပ်ဆီ  ခဏတာပြန်ခိုဝင်လာတဲ့  အခိုက်အတန့်တွေမှာ အဲဒီပိတုန်းရောင်ကေသာတွေကပဲ အမေ့သမီးလေးကို ဆက်မိုက်လို့ရသေးတယ်ဆိုတာ  အားပေးလှူံဆော်နေလို့လေ   အရိပ်စစ်


အရိပ္စစ္April 7, 20131min1699
အခြေနေတွေဟာ ဆိုးတယ်လို့ ဘယ်သူပြောလဲ ဒီလို ဒီပုံတွေသာ ဖြစ်မလာဘူးဆိုရင်ဖြင့် ဟိုးဝေးဝေးထိ မွှေးပျံ့နေတဲ့ စံပယ်ဖြူတွေ အကြောင်းသိမှာတဲ့လား ပေးလိုက်ရတဲ့ တော်တော်များထက် ပြန်ရလိုက်တဲ့ အနည်းအကျဉ်းမှာ စစ်မှန်ခြင်းတွေ ရှိတယ်လေ ဟေးးးး ပိတောက်ရနံ့တွေ ကြားတယ် အမှတ်တရတွေ အခါလည်ပြန်ပေါ့ ။        ။ အရိပ်စစ်


အရိပ္စစ္April 6, 20131min34222
လှမ်းမျှော်ကြည့်စရာ မလိုပဲပဲ ဝိညဏ်ချင်းကူးစက်သလို သိရှိမူ့လေးအတွက် အဖြေဟာ နဂိုကတည်းက ရှိပြီးသား ပုစ္ဆာ ထုံးတမ်းစဉ်လာ တစ်ခုလို နင်က ငါ့အတွက် အမြဲစိမ်းသစ်တောလေး အပူအအေးတွေအကြောင်းထပ်ထပ်မမေးပါနဲ့ ဆုပ်ကိုင်ထားမိတဲ့ အဲဒီကြိုးတွေကိုပဲ လွှတ်ချမိမလိုနဲ့  လွတ်ကျမှာ ကြောက်နေလို့..။   ။ အရိပ်စစ်  


အရိပ္စစ္October 28, 20121min124
ကြိုသိခဲ့လို့ မဟုတ်ဘူး ရလဒ်တစ်ခုက ဒဏ်ရာတွေပဲဖြစ်မယ်ဆိုတာ  သေချာနေလို့ အဲဒီတုန်းက တွေဝေခဲ့တယ်ဆိုတာ ရှားရှားပါးပါး မြတ်နိုးမူ့တစ်ခုကို နှမျောမိလို့.. ဝေးကွာခြင်းတစ်ခုကို  သယ်ဆောင်သွားတဲ့အတွက် နောင်တရနေမလား… လုံးဝမေ့ထားခဲ့သည်ပဲဖြစ်စေ အရင်လိုဆောင်းညမှာ သီချင်းတွေ အော်ဆိုကြဦးစို့… ခပ်မဲ့မဲ့အပြုံးတစ်ချက်နဲ့ ခပ်အောင့်အောင့်ပဲ ရယ်မောလိုက်ပေါ့.. နင်ပြုစားမရတဲ့ ကျောက်ရုပ်ရဲ့ မျက်ရည်တစ်စက ဟာသဖြစ်နေမလား… နေရာဟောင်းတစ်ခုမှာ ငါ စိုက်ခဲ့တဲ့ သစ်ပင်လေးကို ကိုယ်တိုင်ပဲ ရိတ်သိမ်းနေပါတယ်  ရွေးချယ်ခဲ့တဲ့ လမ်းမတစ်ခုက နင့်အမုန်းတွေအတွက် ဖြေဆေးတစ်ခုရှိပြီးသားပါ အချိန်လွန်ကာမှ ငါ့ကိုခွင့်လွှတ်ရင်း  နင်ပြန်လွမ်းပစေပေါ့.။  ။                                   […]