မြန်မာနိုင်ငံကြီးရဲ့ ဒုတိယမြို့တော် …(ခုတော့ တတိယမြို့တော်ပေါ့) နန်းတော်ဟောင်းတည်ရှိရာ ကျုပ်တို့ရဲ့ မန်းတလေး ရွှေမြို့တော်ကြီးဟာ ဆိုရင်ဖြင့် ပြောရမယ်ဆိုရင်တော့ ဟိုးရှေးခေတ်ကထဲနေ ခုချိန်ထိ .. မန်းလေးသားတွေ ယဉ်ကျေးကြောင်း ၊ ဖော်ရွေကြောင်း စသည့် ကောင်းသတင်းများနဲ့ ထင်ပေါ်ကျော်ကြားခဲ့တာပေါ့ဗျာ …… ကြားဖူးထားတာလေးက မန်းသူများ ဘယ်လောက်များယဉ်ကျေးသလဲဆိုရင် ဈေးချိုတော်ကြီးကို လာဈေးဝယ်လို့ ဈေးများဆစ်ကြရင် ရွှေမန်းသူညိုချောများက .. “ကျားကိုက်ပါစေ မောင်ကြီးရယ် နှမတို့ ဈေးကို မတင်ထားပါဘူး” လို့ ချစ်စဖွယ်ပြောတတ်ကြသတဲ့ဗျို့ ကိုယ်အမူအရာနှုတ်အမူအယာ ယဉ်ကျေးမှုမှာ ရွှေမြို့သူရွှေမြို့သားကို ဘယ်သူမှ မမှီနိုင်ဘူး .တဲ့ဗျို့ …….. ဒီလိုနဲ့ နှစ်ကာလများ ကြာညောင်းလာတဲ့အခါမှာတော့ …….. ကျုပ်တို့ရဲ့ နန်းရွှေမြို့ကြီးနဲ့ကျုံးရေကတော့ အရင်လိုပါပဲ ပြောင်းလဲလာတာတော့ လူတွေခင်ဗျ …ရွှေမြို့သူ ရွှေမြို့သားတွေပေါ့ခင်ဗျာ အရင်ခေတ်က […]


culture shock ဆိုတာမျိုးက လူတိုင်းနီးပါးမှာရှိကြမှာပဲဗျ။ အထူးသဖြင့် ကျုပ်တို့လို မြန်မာပြည်မှာမွေး ၊ မြန်မာပြည်မှာပဲကြီးပြီး အသက်ကြီးကာမှ နိုင်ငံခြားစရောက်တဲ့သူတွေမှာ ပိုဖြစ်ပေါ့ဗျာ။ သမုဒ္ဒရာ ဝမ်းတစ်ထွာကြောင့် နိုင်ငံခြားဆိုတာကြီးကို ငမ်းငမ်းတက်ရောက်ခဲ့ရပေ မယ့်လည်း ဟမ်ဟာဂါတွေ ၊ ကြက်ကြော်တွေ ၊ ပေါင်မုန့်တွေ ၊ နာစီလာမ ဆိုတဲ့ အုန်းထမင်းမကျ ရိုးရိုးထမင်းမကတဲ့ ဟာကြီးတွေ၊ ပီဇာတွေ၊ ပေါ့ရွှတ်ရွှတ် တရုတ်ဟင်းတွေနဲ့ အထာမကျနိုင်တဲ့သူတွေထဲ ကျုပ်က ထိပ်ဆုံးကပေါ့ဗျာ။ ကျုပ်ရောက်နေတာက မြန်မာတွေများလှပါတယ်ဆိုတဲ့ ကျွန်းစုနိုင်ငံလေး .. ရောက်ခါစ အလုပ်ဝင်ခါစပေါ့ဗျာ .. ကျုပ်အနေနဲ့ အင်္ဂလိပ်စကားပြောတဲ့အသိုင်းအဝိုင်းနဲ့ သိပ်ဝေးကွာတဲ့သူတော့မဟုတ်ဘူး. ကျောင်းပြီးခါစကထဲက ဒီအသိုင်းအဝိုင်းထဲမှာ အလုပ်လုပ်လာတော့ ဘာပဲဖြစ်ဖြစ် သူများထက်စာရင် ပြောရဲတယ်ဆိုပါတော့။ သူများပြောကြတာကိုလည်း နားရည်တော့ ဝ နေပါတယ်။ ဒါပေမယ့်ဗျာ.. […]


ကီနို ပုလဲ ရှာပြီ!   ငါးဖမ်းသမားတွေရဲ့ အိမ်ဟာ ပင်လယ်ကမ်းခြေအနားမှာ ဆောက်ထားတယ်။ အိမ်တွေရဲ့အရှေ့မှာ ကနူးလှေတွေရှိကြတယ်။ ကီနိုနဲ့ဂျူနာဟာ သူတို့ရဲ့ ကနူးလှေရှိရာကို ဖြေးဖြေးခြင်း သွားနေကြတယ်။ အဲဒီကနူးလှေဟာ ကီနိုပိုင်ဆိုင်သမျှထဲက တန်ဖိုးအရှိဆုံးပစ္စည်းတစ်ခုပါ။ ဒီ အိုဟောင်းနေပြီဖြစ်တဲ့ ကနူးလှေဟာ ကီနိုရဲ့ အဘိုး ၊ အဖေနဲ့ လက်ထက်ကထဲက အသုံးပြုလာကြတာ ခု ကီနို လက်ထက်အထိပဲ။ ကနူးလှေဟာ သူတို့အတွက်ကတော့ စားစရာ ရတနာသိုက်ကြီးပါပဲ။ ကနူးလှေတစ်စီးရှိတာနဲ့ စားစရာအတွက် ပူစရာမလိုဘူး။ စားစရာမရှိမှာကို ကြောက်စရာမလိုဘူး။ နှစ်တိုင်းနှစ်တိုင်း ကီနိုဟာ သူ့ရဲ့ ကနူးလှေလေးရဲ့အပြင်ပိုင်းကို သူ့အဖေသင်ပေးခဲ့သလို အထပ်ထပ် ပလာစတာကိုင်လေ့ရှိတာကြောင့် သူ့ရဲ့လှေလေးဟာ ပိုပြီး ခိုင်မာကောင်းမွန်နေတယ်။ ခု ကီနို သူ့ရဲ့ လောင်းလှေကလေး ရှိရာကိုလာပြီ။ သူဟာသူ့ရဲ့ […]


“ဆရာဝန်က လာမှာမဟုတ်ဘူး” လို့ တံခါးပေါက်ကလူတွေက ပြောကြတယ်။ “ဟုတ်တယ်” “ဆရာဝန်က ငါတို့ပင့်လည်း လာမှာ မဟုတ်ဘူး” လို့ ဂျူနာကို ကီနိုလှမ်းပြောတယ်။ ဂျူနာတစ်ယောက် အေးစက်စက်မျက်ဝန်းတွေနဲ့ ကီနိုကိုလှမ်းကြည့်တယ်။ ကိုရိုတီတိုဟာ ဂျူ့နာ့ရဲ့ သားဦးလေး.. သားဟာ သူမဘဝအတွက် အရေးအကြီးဆုံးပဲ။ “သူမလာရင် ငါတို့ သူ့ဆီကိုသွားမယ်” လို့ ဂျူနာပြောလိုက်တယ်။ တဘက်တခြမ်းကို ပုခုံးပေါ်တင်ပြီး တခြမ်းကိုတော့ ကလေးရဲ့ မျက်နှာပေါ်ကို လွမ်းခြုံလိုက်တယ်။ တံခါးနားက လူတွေကို တွန်းဝှေ့ပြီး ဂျူနာ အိမ်ပြင်ကိုထွက်လိုက်တယ်။ ကီနိုနဲ့ဂျူနာ ထွက်သွားတဲ့အနောက်ကို အိမ်နီးချင်းတွေပါ လိုက်ကြတယ်။ သူတို့အားလုံးလည်း ကီနိုတို့နဲ့အတူတူ ဆရာဝန်ဆီကိုလိုက်လာကြတယ်။ အားလုံးဟာ ခြေလှမ်းသွက်သွက်နဲ့ မြို့လယ်ကို လျှောက်လာကြတယ်။ ဂျူနာနဲ့ကီနိုကတော့ ရှေ့ဆုံးကနေပေါ့။ အိမ်နီးချင်းတွေရော ကလေးတွေပါ သူတို့အနောက်ကနေ လိုက်လာကြတယ်။ […]


ကီနို နိုးတော့ မနက်အစောကြီးပဲရှိသေးတယ်။ ကောင်းကင်မှာ ကြယ်တွေကို မြင်နေရတုန်းပဲ။ ကြက်တွေက တွန်စပြုပြီး ဝက်တွေလည်း စားဖို့ရှာဖွေနေကြတယ်။ သစ်သားအိမ်လေးရဲ့ အပြင်မှာတော့ ငှက်ကလေးတွေ တစ်ကိုင်းကနေတစ်ကိုင်းကူးပြီး သီချင်းသီကျူးနေကြတယ်။ ကီနို တံခါးကလာတဲ့ အလင်းရောင်ဆီကို မျက်စိဖွင့်ကြည့်လိုက်တယ်။ နောက် ..သားဖြစ်တဲ့ ကိုရိုတီတို အိပ်နေတဲ့ ပုခက်ဘက်ကို လှမ်းကြည့်လိုက်တယ်။ ပုခက်ကြိုးကို အိမ်ခေါင်မိုုးမှာ ချိတ်ဆွဲထားတယ်။ နောက်ဆုံး သူ့ဘေးနားက ဖျာပေါ်မှာအိပ်နေတဲ့ သူ့ရဲ့ မိန်းမဖြစ်တဲ့ ဂျူနာဘက်ကို လှမ်းကြည့်လိုက်တယ်။ တဘက်တစ်ထည်က ခန္ဓာကိုယ်ပေါ်တစ်ဝက် မျက်နှာကိုတစ်ဝက်ဖုံးထားတယ်။ ဂျူနာရဲ့ မျက်လုံးက ပွင့်နေတယ်။ ကီနို နိုးတဲ့အချိန်တိုင်း ဂျူနာက အရင်နိုးနေပြီ။ သူမရဲ့မျက်လုံးတွေက ကြယ်ကလေးတွေလိုပဲ။ ကီနို အိပ်ယာအနိုးကို လှမ်းကြည့်နေတယ်။ ကီနိုတစ်ယောက် ကမ်းခြေက လှိုင်းပုတ်သိုံတောင် ကြားနေရတယ်။ အဲဒီ […]


ရက်တော်တော်များများ ကုန်လွန်တဲ့အထိ ကျွန်တော် ဘယ်သူ့ကိုမှ အတွေ့မခံခဲ့ဘူး။ စကားလည်းမပြော၊ မစားမသောက် ၊ မအိပ်ဘဲ နေနေတဲ့ သူ့ကိုကြည့်ပြီး မေမေ စိုးရိမ်ပူပန်နေတယ်။ မကြာခဏ မြစ်ကမ်းနံဘေးမှာပဲ တစ်ယောက်ထဲ သွားထိုင်နေတယ်.. တစ်ချိန်လုံး ကျွန်တော် စဉ်းစားနေတာက မာရီယာ့အကြောင်းပဲ .. တစ်နေ့ . သတင်းစာက ခေါင်းကြီးသတင်းတစ်ပုဒ်ကို ကျွန်တော်ဖတ်မိတယ် .. “သူဋ္ဌေးကြီး နှင့် သူ၏ လှပသော သတို့သမီး” တဲ့ အဲဒီခေါင်းစဉ်အောက်မှာတော့ မာရီယာနဲ့သူမရဲ့ ခင်ပွန်းဓါတ်ပုံ သူမက ဂါဝန်ရှည် အဖြူရောင်ကို စိန်လည်ဆွဲနဲ့ တွဲဖက်ဝတ်ဆင်ထားတယ် သူမရဲ့ ခင်ပွန်းကတော့ အသက်ကြီးကြီး ခပ်ဝဝ လူကြီးပါ ကျွန်တော် သတင်းစာရဲ့ နောက်စာမျက်နှာကို ဒေါသတစ်ကြီးနဲ့ လှန်လိုက်တယ် သတင်းစာရဲ့နောက်ဆုံးစာမျက်နှာက ကြေငြာတစ်ခုကို ကျွန်တော်သွားတွေ့တယ် […]


လှပတဲ့ နွေညနေခင်းတစ်ခုမှာပေါ့။ ကျွန်တော် အရမ်းပျော်နေတယ်။ စာမေးပွဲတွေပြီးသွားပြီ။ နောက်ထပ်စာမေးပွဲတွေ မရှိတော့ဘူး။ ကောလိပ်ပြီးသွားပြီ။ ခု ကျွန်တော် လိုတာက အလုပ်တစ်ခု။ ကျွန်တော်က သတင်းစာအတွက် ရေးတဲ့ စာရေးဆရာဖြစ်ချင်တယ်။ ဒါပေမယ့် ခုလောလောဆယ် ကျွန်တော် အနားယူရမယ်။ အိမ်ထဲမှာ တော်တော်ပူတယ်။ လေကလည်းမတိုက်ဘူး။ မြစ်ကမ်းဘေးကို ငါလမ်းလျှောက်ထွက်ဦးမှပဲလို့ ကျွန်တော် ကိုယ့်ကိုကိုယ် ပြောလိုက်တယ်။ ကျွန်တော် နေထိုင်တာက မြို့ငယ်ငယ်လေးတစ်မြို့မှာဆိုတော့ ခဏနဲ့ပဲ မြို့ပြင်ကိုရောက်သွားတယ်။ မြစ်ကမ်းဘေးမှာလမ်းလျှောက်ရင်း ရေမှာ ကျက်စားနေတဲ့ ငှက်မျိုးစုံကို ကြည့်တယ်။ ရုတ်တရက် ကောင်မလေး တစ်ယောက်ကို ကျွန်တော် တွေ့တယ်။ သူမက တစ်ယောက်ထဲ မတ်တပ်ရပ်ပြီး ရေထဲကို စိုက်ကြည့်နေတယ်။ သူမက ခပ်ငယ်ငယ် နောက် သူမ တော်တော်လှတယ်။ သူမမှာ မဟူရာရောင် […]


လွန်ခဲ့သော ဆယ်စုနှစ်ကျော်ကျော်အချိန်တုန်းက ကျွန်တော်တို့တစ်တွေအတွက် ကွန်ပျူတာဆိုတာ ဈေးကြီး ပေးဝယ်ရတဲ့ သူဋ္ဌေးအုပ်စုများသာ ကိုယ်ပိုင် ဝယ်ထားနိုင်တဲ့ ပစ္စည်းတစ်ခုပေါ့ဗျာ။ အဲဒီတုန်းကဆိုရင် ကျွန်တော်တို့မှာ ကွန်ပျူတာ သင်တန်းလေးတက်၊ အင်တာနက်အီးမေးဆိုတဲ့ သင်တန်းတွေတက်ပြီး ကွန်ပျူတာဆိုုင်တွေမှာ တစ်နာရီ လေးငါးရာပေးပြီး သွားသုံးခဲ့ရတာပေါ့ဗျာ။ အဲဒီလို အင်တာနက် အီးမေလ်းတွေ ပေါ်ခါစကတော့ ခုလို နာမည်ကြီး ဆိုရှယ်လ် ဆိုဒ်တစ်ခုဖြစ်တဲ့ ဖေ့ဘုတ်ကတော့ မပေါ်သေးပါဘူး။ အဲဒီတုန်းက ခေတ်စားနေတာက Myanmar Tea Shop လိုမျိုး .. chat room တွေပေါ့ဗျာ။ ကိုယ်ကလည်း အင်တာနက်လေးသုံးခါစ သူငယ်ချင်းအပေါင်းအသင်းမရှိသေးတဲ့အချိန်ဆိုတော့ ချက်ရွန်းတွေဝင်ပြီး သူများရေးသမျှဖတ်၊ ဟာသတွေဆို ရယ်မောလိုက် လုပ်ခဲ့ရတာပေါ့။ အဲဒီအချိန်တုန်းကတော့ ခုလိုမျိုး အင်တာနက်ကနေ ချစ်ကြိုက်တာတွေ၊ ကလူအိသို့ မြူအိသို့လုပ်တာတွေကလည်း ခုလောက် […]


တစ်ခါတစ်လေတော့လည်း ခါးသီးမိပါရဲ့ သူစိမ်းတွေတိုက်တဲ့ ခါးသီးစိမ်းသက် လေစိမ်းထဲမှာ ငါကတော့ လေလွှင့်ငှက်တစ်ကောင်လို မျှောပါလို့ နောက်ကွယ်က အသင့်ပြင်ထားတဲ့ ဓါးတွေကို ငါမမှုသလို ရှေ့လမ်းက ခရီးကြမ်းကိုလည်း ငါမကြောက်ခဲ့တာ ငါအသိ ကိုယ်ပိုင်ခြေထောက်တစ်စုံပေါ်ရဲရဲရပ်တည်ခဲ့ ဖြစ်တည်ရာဘဝတစ်ခုအတွက် ငါ့ကိုယ်ငါ စတေးရလောက်အောင် သတ္တိမရှိခဲ့သလို ငါ့ဦးနှောက်ကလည်း လက်သင့်မခံခဲ့ဘူး အေးစက်နေတဲ့လက်တစ်စုံအတွက် ငါမတောင့်တခဲ့ပေမယ့် ငါနေပျော်တဲ့လမ်းကို ငါရွေးခဲ့တာပဲ သက္ကရာဇ်တွေ နှစ်စား .. ဆယ်စုနှစ်တစ်ခု ကြာခဲသော်လည်း လမ်းအသစ်အသစ်တွေဖောက် နေရောင်အောက်မှာ ငါတစ်ကိုယ်ရည် လှမ်းလျှောက်ဆဲပဲ ကမ်းလင့်မယ့် လက်အစုံကို မမျှော်လင့်သလို ငါ သွားရာ ချည်နှောင်မယ့် ကြိုးတွေကို ငါမုန်းမိလို့ လက်ဗလာနဲ့ တစ်ကိုယ်တော် ရဲဝင့်စွာနဲ့ ငါ လမ်းဖောက်ဆဲပဲ …


ရုပ်ချောရင် အသောက်အစားမက် ရည်းစားပွေ ရည်းစား မပွေတော့လဲ အသုံးအဖြုန်းကြီး အသုံးမဖြုန်းမကြီးတော့လည်း ဂဂျီဂဂျောင်နိုင် ဂဂျီဂဂျောင်မနိုင်တော့လည်း ညစ်ပါတ် မညစ်ပါတ်တော့လည်း ပိုက်ဆံမရှာနိုင် ပိုက်ဆံရှာနိုင်တော့လည်း အတ္တကြီး အတ္တမကြီးတော့လည်း နုံနုံနဲ့နဲ့ မနုံနဲ့ပြန်တော့လည်း မကြင်နာတတ် ကြင်နာတတ်တော့လည်း ရုပ်က မချော ရုပ်ချောပြန်တော့လည်း… ဒီလိုနဲ့ပဲ သံသရာလည်နေတော့တာပါပဲဂျာ။ တစ်ခုကျန်သွားတယ်… ရုပ်လည်းချော၊ ရည်းစားလည်းမပွေ၊ အသုံးအဖြုန်းလည်းမကြီး၊ ဂဂျီဂဂျောင်လည်းမနိုင်၊ မညစ်ပါတ်၊ ပိုက်ဆံရှာနိုင်၊ အတ္တမကြီး၊ မနုံနဲ့၊ ကြင်နာတတ်သူကျတော့လည်း ဇာတ်တူချင်းမှတဲ့ .. ဟိဟိဟိ (ဟိဟိ .. မြို့မေတ္တာခံယူမယ့်သူပါ .. )


Normal 0 false false false EN-US X-NONE X-NONE /* Style Definitions */ table.MsoNormalTable {mso-style-name:”Table Normal”; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-priority:99; mso-style-parent:””; mso-padding-alt:0in 5.4pt 0in 5.4pt; mso-para-margin-top:0in; mso-para-margin-right:0in; mso-para-margin-bottom:10.0pt; mso-para-margin-left:0in; line-height:115%; mso-pagination:widow-orphan; font-size:11.0pt; font-family:”Calibri”,”sans-serif”; mso-ascii-font-family:Calibri; mso-ascii-theme-font:minor-latin; mso-hansi-font-family:Calibri; mso-hansi-theme-font:minor-latin;} ကျွန်မ ကျွန်မ ရဲ့ ဘဝမှာ လိုချင်တာဆိုတာ မရခဲ့ဖူးဘူး အမေ့ရဲ့ ဝင်ငွေတစ်ခုသာ မှီခိုနေရတဲ့ သူမတို့ရဲ့ ခနော်နီခနော်နဲ့ အိမ်လေးမှာ ယိုင်နဲ့နဲ့ ဝါးကြမ်းခင်းနဲ့ ဖျာကြမ်းစုတ် ကပဲ နေရာယူထားတယ် ကျွန်မ ဒီဘဝထဲက […]


ကောင်းကင်ကို လှမ်းထိတော့မယောင် အဆောက်အဦး ရှည်ရှည်တွေနဲ့ မီးရောင်ထိန်ထိန် လင်း နေတဲ့ မြို့ သဘာဝမဟုတ်တဲ့ သဘာဝအယောင်ဆောင် အလှအပတွေနဲ့ ခေတ်ရှေ့က ပြေးနေတဲ့ မြို့ တိုနံ့နံ့ စကပ်တွေကြားက ဒေါက်ဖိနပ်သံ တဂွပ်ဂွပ်နဲ့ အပြုံးအရယ်ကင်းတဲ့ လူသားတွေ ဖုံးလွှမ်းထားတဲ့ မြို့ ဆောင်းဘောက်ထဲက ပျံ့လွှင့်လာတဲ့ တေးသံကြား နေပူကျဲကျဲ က ပြ ဖျော်ဖြေနေတဲ့ အဖိုးအိုအတွက် တစ်ကျပ်ပြား ငါးဆယ် စွန့်ကျဲဖို့အတွက်မှ အချိန်မပေးနိုင်တဲ့ ခြေလှမ်းသုတ်သုတ်တွေကြားက လူကုံတံတွေအများဆုံးနေထိုင်တဲ့ မြို့ အပြုံးတုနဲ့မျက်နှာဖုံးလွှာအောက်က ရက်စက်တဲ့မျက်ဝန်းပိုင်ဆိုင်တဲ့ နှလုံးသား အတုနဲ့ လူသားတွေ အများဆုံးရှိတဲ့ မြို့ ခြေတစ်ဖက်စာ နေရာတစ်ခုအတွက် အချင်းချင်း ကန်ချဖို့ ဝန်မလေးတဲ့ ပညာတတ်တွေ ပေါများတဲ့မြို့ ….. ဒီလို မွန်းကျပ်တဲ့ မြို့တစ်မြို့ […]


ကျွန်တော်ဆိုတာ ခင်ဗျား မဖတ်တတ်ခဲ့တဲ့ကဗျာတစ်ပုဒ် ရင်ဘတ်ထဲမှာ ခပ်ကြမ်းကြမ်းစုတ်ချက်တွေနဲ့ ပင်လယ်ပြင်လို လှိုင်းထန်နေတဲ့သူ အေးစက်နေတဲ့ ဆောင်းညအလယ်တောင်မှ နေဆယ်စင်းထွန်းလို့ မီးလိုပူနေတဲ့သူ ကျွန်တော်ဆိုတာ ခင်ဗျား နားမလည်နိုင်တဲ့ သံစဉ်တစ်ပုဒ် ခပ်ရှရှ ဖွဲ့နွဲ့မှုတွေကြား အသံလှိုင်းတွေက ဓါးသွားတစ်လက်လို လေယူရာ ယှိမ်းနွဲနေရသူ ကျွန်တော်ဆိုတာ ခင်ဗျား အဖြေမရှာနိုင်တဲ့ သချင်္ာပုစာ္ဆတစ်ပုဒ် သီအိုရီတွေနဲ့ ညီမျှခြင်းတွေကြား အဖြေမထွက်တဲ့ မသိခြင်းကိန်းတွေနဲ့ပဲ တည်ဆောက်ထားတဲ့သူ ကျွန်တော်ဆိုတာ ခင်ဗျားမသိခဲ့တဲ့ ဂျိုကာရုပ်တစ်ကောင် အမြဲပြုံးနေတဲ့ စပ်ဖြဲဖြဲမျက်နှာဖုံးတပ်ဆင်လို့ နှလုံးသားမဲ့ ရုပ်ဝတ္တုကို ထမ်းပိုးရင်း … ငိုရင်တောင်မှ အများပြုံးစရာဖြစ်နေတဲ့ ဘယ်သူမှနားမလည်နိုင်တဲ့သူ ရင်ဘတ်ထဲမှာ သံယောဇဉ်ကြိုးတွေတန်းလန်းစိုက်ဝင်လို့ ကျွန်တော်ဆိုတာ ခင်ဗျားမသိခဲ့တဲ့ ခင်ဗျားရဲ့ ရင်ဘတ်တစ်ခြမ်းဖြစ်ချင်ခဲ့သူ …. ကျွန်တော်ဆိုတာ ခင်ဗျားကိုလွမ်းရင်တောင်မှ အလွမ်းတွေကိုပဲ တင်းတင်းပွေ့ပိုက်လို့ အဖော်မဲ့တဲ့ လမ်းမှာ […]