BayoteJune 10, 20101min2024
အရှည် ၂.၄၆ မီတာ (၈ ပေကျော်) ရှိပြီး အလေးချိန် ၁၁၃ ကီလိုဂရမ် (ပေါင် ၂၅ဝ ခန့်) ရှိသော အလွန်ကြီးမားသည့် ဧရာမ ငါးခူကြီးတစ်ကောင်ကို အီတလီနိုင်ငံမြောက်ပိုင်း မန်တိုဗာမြို့တော် အနီး ပိုမြစ် အတွင်းမှ ဖမ်းယူရရှိသည်ဟု ဇွန်လ ၆ ရက်နေ့က Xinhua က ဖော်ပြထားသည်။ အရှည် ၈ ပေကျော်၍ ပေါင် ၂၅ဝ ကျော် အလေးချိန်ရှိသော ငါးခူကြီးထို ငါးခူကြီးမှာ ဥရောပတိုက်တွင် ဖမ်းမိသမျှ ငါးခူမျိုးတွင် အကြီးမားဆုံး ဖြစ်ရုံသာမက ကမာ္ဘပေါ်တွင် ရှိသော ငါးခူမျိုးစိတ်များတွင် အကြီးမားဆုံး မျိုးစိတ် ထဲတွင်ပါဝင်သည်။ ထိုငါးခူကြီးကို ရေထဲသို့ ဘေးကင်းစွာ ပြန်လွှတ်ခဲ့ပြီး ဖြစ်သည်ဟု သိရသည်။


BayoteJune 9, 20101min1763
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း (ကြံ့ဖွံ့) က ရန်ကုန်မြို့တွင်းရှိ  မြို့နယ် ရုံးခွဲတချို့သည် ၎င်းတို့၏ ဆိုင်းဘုတ်များကို ယနေ့ ဖြုတ်ချ ခဲ့ကြောင်း သိရသည်။ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ အလုံ၊ ကျောက်တံတားနှင့် ရန်ကင်းမြို့နယ်ရှိ ရုံးများတွင် တပ်ဆင်ထားသော ဆိုင်းဘုတ်များကို  ဖြုတ်ချနေခြင်း ဖြစ်ကြောင်း မျက်မြင်သက်သေများက ဆိုသည်။ http://www.irrawaddy.org/bur/index.php/news/1-news/3317-2010-06-07-11-40-41


BayoteJune 9, 20101min2658
ယခုနှစ် ၁၉ ကြိမ်မြောက် ကမာ္ဘ့ဖလား ဘောလုံး ပြိုင်ပွဲ၏ တရားဝင် သီချင်း “Waka Waka” (This Time for Africa) ကို သုံးဘက်မြင် ရုပ်ကြွ ဗီဒီယို အဖြစ် ရိုက်ကူးရာတွင် မြန်မာ အမျိုးသမီးငယ် တဦး၏ “ကျမတို့က အာဖရိက ကပါ” ဟူသည့် မြန်မာ ဘာသာဖြင့် ပြောကြားချက် ကိုလည်း ထည့်သွင်း ရိုက်ကူးထားသည်။ တောင်အာဖရိက တီးဝိုင်း Freshlyground ဖြင့် ယင်းသီချင်းကို နာမည်ကျော် အဆိုတော် Shakira က သီဆိုထားပြီး ရိုက်ကူးသည့် အစီအစဉ်ကို Youtube တွင် ကြည့်ရှုနိုင်သည်။ မြန်မာ အမျိုးသမီးငယ် ၂ ဦးက ကမာ္ဘပေါ်ရှိ နိုင်ငံ အသီးသီးမှ […]


BayoteJune 9, 20101min1912
လမ်း တွေရေရှည် ခံနိုင်ပါ.မလား။ မိုးရေထဲမှာ ကတ္တရာဖျော် ထော်လာဂျီနဲ့ တင် ကော်ပြားနဲ့ လမ်းခင်း။ မြန်မာ စည်ပင်သာယာ တိုးတက်လာမှုမရှိတဲ့ အတွက် ငွေကြေး ဖြုန်းတီးမှုတွေအတွက် ဝမ်းနည်းရကြောင်းပါ။


BayoteJune 8, 20101min1902
စင်ကာပူနိုင်ငံတွင် ကျင်းပခဲ့သော (၉) ကြိမ်မြောက် Shangri-La Dialogue လုံခြုံရေးဆိုင်ရာ ကွန် ဖရင့်သို့ မြန်မာဝန်ကြီး မတက်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။ ကွန်ဖရင့်သို့ မြန်မာနိုင်ငံမှ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အေးမြင့် တက်ရောက်ရန် စီစဉ်ခဲ့သော်လည်း ကွန်ဖရင့် ကျင်းပနေချိန်တွင် မြန်မာနိုင်ငံသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော် ကောင်စီဝန်ကြီးချုပ် ဝမ်ကြားပေါင် လာရောက်လည်ပတ်နေ၍ မတက်ရောက်နိုင်ခဲ့ကြောင်း စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ကြီး ဦးဝင်းမြင့်က my paper သို့ ပြောကြားခဲ့သည်။ ဇွန်လ ၂ ရက်နေ့မှ ၃ ရက်နေ့အထိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဝန်ကြီးချုပ် ဝမ်ကြားပေါင်သည် မြန်မာနိုင်ငံဝန်ကြီးချုပ် ဦးသိန်းစိန်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။ ကွန်ဖရင့်၌ ကမ္ဘာပေါ်တွင် လက်ရှိကြုံတွေ့နေရသော လုံခြုံရေး ဆိုင်ရာကိစ္စရပ်များ၊ […]


BayoteJune 8, 20101min1391
အသစ်တည်ထောင်ခွင့် ရရှိထားသည့် ပုဂ္ဂလိကဘဏ်လုပ်ငန်းသစ်များ အနေဖြင့် နှစ်လအတွင်း အပြီးသတ် စတင်ဖွင့်လှစ်ကာ လုပ်ငန်းလုပ်ကိုင်သွားရန် လျာထားပြင်ဆင်လျက် ရှိကြောင်း သတင်းရရှိပါသည်။ ထူး၊ မက်စ်မြန်မာ၊ IGE၊ ဧဒင် အုပ်စုကုမ္ပဏီများ အနေဖြင့် ပုဂ္ဂလိက ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ရရှိထားပြီး ယခုအခါတွင် အဆိုပါကုမ္ပဏီများထဲမှ အချို့မှာ ဘဏ်တည်ထောင်ရန်လိုအပ်သည့် ဝန်ထမ်းများခန့်ထားခြင်း၊ အဆောက်အဦး ပြင်ဆင်ခြင်းများကို ပြုလုပ်လျက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။ ‘နှစ်လအတွင်း ဖွင့်လှစ်နိုင်ဖို့ စီစဉ်လုပ်ကိုင်နေတယ်လို့ သိရတယ်။ အခု ဝန်ထမ်းတွေ ခန့်နေကြတယ်။ နောက်ဘဏ်လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူတွေကို ရှာဖွေပြီး လုပ်ငန်းစဖို့ ပြင်ဆင်နေကြတယ်။ ဩဂုတ်လထဲမှာတော့ စပြီးဖွင့်နိုင်မယ့် အနေအထားရှိတယ်လို့ သိရတယ်။ ဘဏ်လုပ်ငန်းနဲ့ ငွေကြေးကျွမ်း ကျင်သူတစ်ဦးဖြစ်တဲ့ ဦးဝင့်ကျော်ကတော့ မက်စ်မြန်မာမှာ အကြံပေးအနေနဲ့ လုပ်ကိုင်ဖို့ ရှိနေတယ်လို့ သိထားရတယ်’ […]


BayoteJune 8, 20101min1200
ဇွန်လ ၁ဝရက်နေ့တွင် ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်များ စတင်ဖွင့်လှစ် ရောင်းချတော့မည်ဖြစ်ကြောင်း နှင့် ပုဂ္ဂလိကဆိုင်များ အနေဖြင့် အများပြည်သူသို့ ဓာတ်ဆီရောင်းချရာ တွင် တစ်ဂါလန်ကျပ် ၂၅၀ဝ ထက် မပိုသောဈေးဖြင့် ရောင်းချရန် သတ်မှတ်ထားကြောင်း သတင်းရရှိပါသည်။ ထိုသို့ ဓာတ်ဆီတစ်ဂါလန်လျှင် ကျပ် ၂၅၀ဝ ထက်မပိုသောဈေးဖြင့် ရောင်းချနိုင်စေရန် နိုင်ငံတော်မှ ပုဂ္ဂလိက စက်သုံးဆီဆိုင်များသို့ ဓာတ်ဆီ တစ်ဂါလန်လျှင် ကျပ်၂၃၅ဝနှုန်းဖြင့် ရောင်းချပေးသွားရန် စီစဉ်ထားသည် ဟု သိရသည်။ ရောင်းချပေးရာတွင် ဆိုင်စဖွင့်သည်မှ နှစ်လတာကာလအထိ အဆိုပါတစ်ဂါလန်ကျပ် ၂၃၅ဝ နှုန်း ဖြင့် ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင်များသို့ ရောင်းချပေးရန် စီစဉ် ထားသည်ဟု ဒီဇယ်ဆီတင်သွင်းသူ လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့ ပါသည်။ ”ဆိုင်တွေစဖွင့်တဲ့အခါ ဈေးနှုန်းတည်ငြိမ်မှုရှိအောင်၊ ချောမွေ့အောင် အခုလိုစီစဉ်ပေးတာလို့ […]


BayoteJune 8, 20101min2023
မကြာသေးမှီကမှ ပြည်ပ မီဒီယာသို့ ပေါက်ထွက်လာသည့် နအဖစစ်အစိုးရ၏ လျှိုဝှက်နျူးကလီးယား စီမံကိန်းနှင့်ပတ်သက်ပြီး အဆိုပါ အစီရင်ခံစာကို စုံစမ်းစစ်နေပြီဟု ကုလသမဂ္ဂ နျူးကလီးယား စောင့်ကြည့်ရေးအဖွဲ့မှ တနင်္လာနေ့တွင် ပြောကြားလိုက်သည်။ လိုအပ်ပါက မြန်မာစစ်အစိုးရထံမှ ရှင်းလင်းချက် တောင်းခံဖွယ်ရှိကြောင်းကိုလည်း နိုင်ငံတကာ အနုမြူစွမ်းအင် ဆိုင်ရာ အကြီးအကဲဖြစ်သူ Yukiya Amano ကလည်း ပြောဆိုသည်။ ပြီးခဲ့သည့် နှစ်ကလည်း စစ်အစိုးရ၏ သံသယဖြစ်ဖွယ်ရာ နျူးကလီးစီမံကိန်း နှင့်ပတ်သက်ပြီးလည်း တင်းများထွက်ပေါ်ခဲ့ပြီးလည်းဖြစ်သည်။ သို့သော်လည်း အဆိုပါကိစ္စနှင့်ပတ်သက်ပြီး စစ်အစိုးထံမှ အတည်ပြုပြောဆိုခဲ့ခြင်းမရှိသလို ငြင်းဆိုခဲ့ခြင်းလည်း မရှိခဲ့ပေ။ ပြီးခဲ့သည့် အပတ်ထဲမှာတော့ ပြည်ပအခြေစိုက် စစ်အစိုးရအတိုက်အခံအဖွဲ့အစည်းတစ်ခုက မြန်မာစစ်အစိုးရအနေဖြင့် နျူးကလီးားဗုံးထုတ်လုပ်နိုင်ရေးအတွက် လျှို့ဝှက်စွာ တိုးမြှင့်လုပ်ဆောင်နေကြောင်း ထုတ်ဖော်ပြောဆိုလာခဲ့သည်။ နော်ဝေးအခြေစိုက် ဒီမိုကရက်တက် မြန်မာ့အသံမှ ငါးနှက်ကြာ စုံစမ်းစစ်ဆေးမှုအပေါ်အခြေခံပြီး စစ်အစိုးရ၏ […]


BayoteJune 8, 20101min1511
ကိုရီးယား နိုင်ငံသို့ Emplyoment Pass System (EPS) စနစ်ဖြင့် တရားဝင် အလုပ် လုပ်ကိုင်ခွင့် ရရှိရန် ကိုရီးယား ဘာသာ အရည် အချင်းစစ် စာမေးပွဲ ဖြေဆို အောင်မြင် ထားသူ သုံးထောင်ကျော် ဦးရေ အနက် စောင့်ဆိုင်း နေသူ နှစ်ထောင် ကျော် အား စာမေးပွဲ သက်တမ်း မကုန်မီ အချိန် ကာလ အတွင်း စေလွှတ်ရန် အတိ အကျ ပြောဆို နိုင်ခြင်း မရှိကြောင်း ရွှေအင်းဝ အေဂျင်စီ ဝန်ဆောင်မှု ကုမ္ပဏီ လီမိတက် တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ စာမေးပွဲ သက်တမ်း နှစ်နှစ် မပြည့်မီ ကာလ အတွင်း သွားရောက် လုပ်ကိုင်ရန် […]


BayoteJune 8, 20101min1030
အိန္ဒိယ Essar ဆောက်လုပ်ရေး ကုမ္ပဏီသည် မြန်မာ နိုင်ငံတွင် ကုလားတန် (Kaladan) အမည်ရှိ အဆင့် မြင့် ဘက်စုံသုံး သယ်ယူ ပို့ဆောင်ရေး စီမံကိန်း တစ်ခု တည်ဆောက်ရန် နိုင်ငံခြားရေး ဝန်ကြီး ဌာန နှင့် စာချုပ် ချုပ်ဆို လက်မှတ် ရေးထိုး ခဲ့ပြီး ဖြစ်သည်။ အဆိုပါ စီမံကိန်းတွင် ဆိပ်ခံ တံတား နှစ်စင်း အပါ အဝင် ဆိပ်ကမ်း တစ်ခု နှင့် ကုန်စည်တင် ရေယာဉ် ကြီးများ ပါဝင်မည် ဖြစ်သည်။ ယင်း ဆိပ်ခံ တံတား ၂ စင်းအား စစ်တွေ နှင့် ပလက်ဝ တို့တွင် တည်ဆောက်မှာ ဖြစ်ပြီး ကုလားတန်မြစ် တစ်လျှောက် […]


BayoteJune 8, 20101min1392
အချို့သော ဆေးခန်း များသည် အိတ်ချ်အိုင်ဗွီ / အေအိုင်ဒီအက်စ် မရှိကြောင်း လက်မှတ် အတုများ ထုတ်ပေး နေကြောင်း Marie Stopes International (Myanmar) မှ ပြော သည်။ အိတ်ချ်အိုင်ဗွီ / အေအိုင်ဒီအက်စ် ဖြစ်လျှင် အပြစ်တင် ခံရခြင်း များနှင့် သိက္ခာ ကျမှု အဖြစ် လူမှု ပတ်ဝန်းကျင် သတ်မှတ် မှုများကြောင့် ယင်းကဲသို့ လိမ်လည်မှုများ များပြား လာနေသည်။ မင်္ဂလာ ဆောင်ရန် အတွက် အိတ်ချ်အိုင်ဗွီ / အေအိုင်ဒီအက်စ် မရှိ ကြောင်း လိမ်ညာ မှုများနှင့် သမီးရည်း စားချင်း လိမ်ညာ ဆက်ဆံ ခြင်းများသည် ကာယကံရှင် တို့နှင့် ၎င်းတို့၏ လူမှုအဖွဲ့ […]


BayoteJune 8, 20101min1903
ကမ်းလွန်သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း ထပ်မံပေါက်သွားသည့်အတွက် ရန်ကုန်မြို့တွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှုသည် ပုံမှန်ထက် လျော့ကျမည်ဟု ရန်ကုန်မြို့တော် လျှပ်စစ်ပေးရေးအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။ ၎င်းက “မေလ ဒုတိယပတ်ကလည်း တခါ ပိုက်ပေါက်သွားတယ်။ အဲဒီမှာ မီးတွေ ပုံမှန်ပေးနေတာ မပေးနိုင်ဖြစ်သွားတယ်။ အခုလည်း ပိုက်ပေါက်တာ ပြန်ပြင်နေတယ် မပြီးသေးဘူး၊ ပုံမှန်ထက် ကျမှာပဲ” ဟု ပြောသည်။ အဆိုပါပိုက်လိုင်းပေါက်မှုသည် ဇွန် (၂) ရက်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသော်လည်း မည်သည့်ဒေသအနီး၊ မည်သည့်ကာလတွင် ပြန်လည်ပြင်ဆင်ပြီးစီးမည်ဆိုသည်ကိုမူ အဆိုပါ တာဝန်ရှိသူက ပြောဆိုခြင်း မရှိပေ။ ရန်ကုန်မြို့ခံများ အဆိုအရ မီးလာချိန် မမှန်သည့်အပြင် လာပါကလည်း မကြာခဏ ပြတ်တောက်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။