BayoteMay 24, 20101min1580
သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင် အသင်း (MCPA) မှ ကြီးမှူး၍ ၂၀၁ဝ ပြည့်နှစ် မေလ (၃၀)ရက်၊ တနင်္ဂနွေနေ့ နံနက်(၉း၃၀) မှ နေ့လည်(၁၂းဝ၀)နာရီအထိ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ မြန်မာအင်ဖိုတက်ခ်၊ အခန်း(၂၀၅) တွင် Gusto ကွန်ပျူတာနည်းပညာသင်တန်းကျောင်းမှ ဆရာ ဦးဝင်းထိန်ဝင်းသည် “New Features of Microsoft .Net Framework 4.0” ဟူသောခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောမည် ဖြစ်သည်။ ဟောပြောပွဲ၏ရည်ရွယ်ချက်သည် ကွန်ပျူတာနည်းပညာကိုလေ့လာနေသောမြန်မာလူငယ်များကို နောက်ဆုံးပေါ် နည်းပညာရပ်များနှင့် ရင်းနှီးမှုရှိလာစေရန် နှင့် ၎င်းနည်းပညာများကို မိမိရေးသားမည့် Project များတွင် အလျဉ်းသင့်သလို အသုံးချလာနိုင်စေရန် ဖြစ်ပါသည်။ ယင်းဟောပြောပွဲတွင် Microsoft ၏နောက်ဆုံးထုတ် Programming နည်းပညာဖြစ်သော “.Net […]


BayoteMay 24, 20101min2366
ရန်ကုန် မင်္ဂလာဈေး အပေါ်ထပ် ၄+၅ထပ် မီးလောင် နေတယ်လို့ ကြားနေရပါတယ်။ အသေးစိတ်ကို သတင်း အတိအကျ ရရချင်း တင်ပေးပါမယ်။ နံနက် 8:30 ကတည်းက စလောင်တယ်လို့ ကြားရပါတယ်။


BayoteMay 21, 20101min1240
NLD ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးစိုးမြင့် မှာ နှလုံးရောဂါဖြင့် သူ၏နေအိမ်တွင် ကြာသာပတေးနေ့တွင် ကွယ်လွန်သွားခဲ့ပါသည်။ ကွယ်လွန်ချိန်တွင် အသက် ၈ရနှစ်ခန့် ရှိပြီ ဖြစ်ကြောင်း သိရှိရပါတယ်။


BayoteMay 21, 20101min1400
မော်တော်ယာဉ် လုပ်ငန်း ပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ (မထသ) လက်အောက်တွင် ပြေးဆွဲ နေသော ဘီအမ် မော်တော်ယာဉ် လိုင်းများ အား လုံးကို ပြည်ပမှ မှာယူထားသော City Bus ကားများ ရောက်ရှိလာမှသာ ၎င်း နေရာတွင် အစားထိုး ပြေးဆွဲ သွားမည်ဟု သိရသည်။ ယခုလက်ရှိ တွင် မထသ City Bus ကား အစီး ၃၀ဝ ကို ပြည်ပမှ မှာယူ ထားပြီး ဖြစ်ရာ မကြာမီ အသုတ်လိုက် ခွဲ၍ ရောက်ရှိလာမည် ဖြစ်ပြီး ၎င်းကားများ ရောက်ရှိ လာပါက ယခု ပြေးဆွဲနေသော ဘီအမ် ကားများကို မြို့တွင်း ပြေးဆွဲခွင့် မပြု တော့ကြောင်း […]


BayoteMay 21, 20101min1684
၁၉.၅.၂၀၁ဝ ဗုဒ္ဓဟူးနေ့ ညနေက ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် ကျင်းပသော Johnson n Johnson ကုန်ပစ္စည်းသစ်မိတ်ဆက်ပွဲတွင် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီထက်ထက်မိုးဦးမှ 7DaysNewဂျာနယ်မှ ဂျာနယ်လစ်မိန်းကလေးတစ်ဦး၏ ဆံပင်ကို ဆွဲကာပါးကိုရိုက်ပြီး ကိုယ်ထိလက်ရောက် စော်ကားခဲ့သည်ဟု ခိုင်လုံတိကျ သေချာသော သတင်းရပ်ကွက်မှ သတင်းရရှိပါသည်။ ဖြစ်စဉ်မှာ အဆိုပါဂျာနယ်မှ ဂျာနယ်လစ်မိန်းကလေးက ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီထက်ထက်မိုးဦးအား အင်တာဗျူးရန်အတွက် ၎င်းအခမ်းအနား၌ ချိန်းဆိုထားခဲ့သည်။ ချိန်းဆိုပြီးနောက် ဂျာနယ်လစ် မိန်းကလေးမှ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီထက်ထက်မိုးဦး၏ အိမ်ထောင်ရေးကိစ္စမှာ တည်မြဲသွားပြီလားဟု မေးမိရာ ၎င်းမှ စိတ်ဆိုးမာန်ဆိုး နှင့်မိန်းကလေး၏ ဆံပင်ကိုဆွဲကာ ပါးကိုရိုက်နှက်ပြီး လက်သည်းများနှင့် လည်းကုတ်ခြစ်ခဲ့သည်။ ဟုသိရှိရပါသည်။ Source : http://www.demowaiyan.co.cc/2010/05/7days-news.html


BayoteMay 20, 20101min1440
မြောက်ကိုရီးယား တော်ပီဒိုက တောင်ကိုရီးယား စစ်သင်္ဘောကို နစ်မြုပ်စေခဲ့သည်ဟု ခိုင်လုံသော အထောက်အထား တွေ့ရှိခဲ့ကြောင်း မေ ၁၈ ရက် တွင် တောင်ကိုရီးယား သတင်းဌာန တစ်ခုက ထုတ်ပြန်ခဲ့သည်။ ဆယ်ယူခဲ့သော ချီယိုနန်စစ် သင်္ဘောအပျက်အစီးပေါ်မှ သတ္တု အပိုင်းအစများနှင့် အထောက်အထားများကို စစ်ဆေးခဲ့ပြီးနောက် မြောက်ကိုရီးယား တော်ပီဒိုကြောင့် စစ်သင်္ဘော နစ်မြုပ်ခဲ့ခြင်းဖြစ်သည် ဟု ခိုင်လုံသော အထောက်အထား တွေ့ရှိခဲ့ရကြောင်း ယွန်ဟပ်သတင်း ဌာနက စစ်ဘက်ရင်းမြစ်တစ်ခုကို ကိုးကား၍ ဖော်ပြခဲ့သည်။ သင်္ဘောပျက်ပေါ်တွင် တွေ့ရသော ဖောက်ခွဲရေးပစ္စည်း သတ္တုအပိုင်းအစများသည် ပြီးခဲ့သော ခုနစ်နှစ်ခန့်က တောင်ကိုရီးယားနိုင်ငံက ရရှိခဲ့သော မြောက်ကိုရီးယား တော်ပီဒိုတွင် တွေ့ ရှိခဲ့သည့် ပစ္စည်းများနှင့် ထပ်တူညီနေကြောင်း စစ်ဘက်ရင်းမြစ်ကို ကိုးကား၍ ယွန်ဟပ်က ဖော်ပြခဲ့သည်။ သင်္ဘောပေါ်ရှိ […]


BayoteMay 20, 20101min1704
ထိုင်းစစ်တပ်က ဝင်ရောက်စီးနင်း ပစ်ခတ်ခဲ့ပြီးနောက်တွင် ထကြွလှုပ်ရှားသူ ဘန်ကောက်မြို့လယ်ရှိ အရှေ့တောင် အာရှ၏ အကြီးဆုံး Shopping Mall များ အနက်မှ တစ်ခုဖြစ်သည့် Central World  အပါအဝင် အဆောက်အအုံ ၂ရ ခုကို မီးရှို့ဖျက်ဆီး ခဲ့ကြကြောင်း ဘန်ကောက်မြို့ပြအုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့က မေလ ၁၉ ရက်နေ့၊ ဒေသစံတော်ချိန် ည ၉ နာရီတွင် ထုတ်ပြန် ကြေညာခဲ့သည်။ ထကြွလှုပ်ရှားသူများက ထိုင်းစတော့အိပ်ချိန်း၊ ဘဏ်များ၊ မြို့ပြလျှပ်စစ် မီးပေးဝေရေးအဖွဲ့၊ Central World နှင့် ရုပ်ရှင်ရုံတစ်ရုံအပါအဝင် အဓိကအဆောက်အအုံ ၂ရ ခုကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။ ထကြွသူများက Shopping Mall အတွင်း ဝင်ရောက်လုယက်မှုများ ပြုလုပ်ခဲ့သည်ကို မြင်တွေ့ခဲ့ရကြောင်း အေပီ သတင်းထောက်က သတင်းပေးပို့ခဲ့သည်။ Central […]