ရွှေဝါရောင်မျိုးဆက် ဒီမိုကရေစီ လိုလားသူများ အဖွဲ့မှ လူထု အခြေပြု နိုင်ငံရေး လူပ်ရှားမူ ပထမ ခြေလှမ်းကို ရန်ကုန်မြို့တွင် စတင် လိုက်ပြီ ဖြစ်ကြောင်း သိရသည်။ အဆိုပါ အဖွဲ့နှင့် နီးစပ်သူ တဦးက “ အခု စတင်လိုက်တဲ့ ပထမ ခြေလှမ်းမှာ ရည်ရွယ်ချက် ၆ ချက်ပါရှိပြီးတော့ အဲဒီ ရည်မှန်းချက်တွေ ပေါက်မြောက် အောင်မြင်အောင် လူထုတွေနဲ့ ဆက်စပ် ဆောင်ရွက်သွားမယ့် အစီအစဉ် ဖြစ်ပါတယ်” ဟု ပြောသည်။ ပထမ ခြေလှမ်း အဖြစ် လူထုထံမှ အဆိုပါ ရည်မှန်းချက်များ အောင်မြင်နိုင်အောင် လက်မှတ်များ ကောက်ခံ စုဆောင်းသွားမည် ဖြစ်သည်ဟု သူက ပြောသည်။ “ခုပြုလုပ်မယ့် လူထု အခြေပြု လူပ်ရှားမူ […]