BayoteMay 3, 20101min33710
တောင်းစားသူအဖြစ် အလုပ်လုပ်ကိုင်နေရာမှ ဖမ်းဆီးခံရသဖြင့် မလေးရှားနိုင်ငံ မြောက်ပိုင်း ကလန်တန်းပြည်နယ်၊ တန္နာမေရကမ့် kelantan ပြည်နယ်၊ tanah merah Camp ထဲတွင် ကယ်ဆယ်သူမရှိပဲ ဒုက္ခရောက်နေသည့် မြန်မာကလေးငယ်၆ဦင်္းတို ့က ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအသင်းသို့ ဆက်သွယ် အကူအညီ တောင်းခံလာခဲ့ကြောင်း သိရသည်။ မန္တလေးတိုင်း မတ္တရာမြို ့မှ အဖဦးဇော်လင်းနှင့် ဒေါ်အေးမြစိန်တို ့၏ သားဖြစ်သူ အသက် ၁၂နှစ်အရွယ် မောင်ကျော်သူလင်းက ပြောပြရာတွင် “မန္တလေးကမူဆလင်ပဲ၊ ဦးမဲလုံးတဲ ့၊ သားကို လဘက်ရည်ဆိုင်မှာ လုပ်ရမယ်ဆိုပြီး ခေါ်လာတာ။ မလေးရှားကို ရောက်လာခဲ့တယ်။ ကားမှတ်တိုင်တွေ၊ မီးပွိုင်တွေမှာ ပိုက်ဆံတောင်းရပါတယ်၊ တစ်နေ ့ ကို ရင်းဂစ် ၁၀ဝ ရအောင် တောင်းရပါတယ်၊ အနည်းဆုံး၇၀/၈ဝ […]


BayoteMay 3, 20101min2812
ဗုဒ္ဓဘာသာ ရူထောင့်က နေတော့ လူသားတွေရဲ့ လိုအပ်ချက်ကို ဘာနဲ့ဖြည့်မလဲ ဆိုရင် ဓမ္မနဲ့ဖြည့်မှ ပြည့်နိုင် ပါလိမ့်မယ် ။ ပစ္စည်းတွေနဲ့ ဖြည့်နေလို.တော့ ပြည့်မှာ မဟုတ်ပါဘူး။ လောဘရဲ့ လိုအပ်ချက်သည် ဘယ်တော့မှ ပြည့်စုံတယ် မရှိနိုင်ပါဘူး။ အလိုမပြည့် သမျှကို ဒုက္ခလို. ပြောကြပါတယ်။ အဲဒီ လိုတယ်၊ လိုတယ် ဆိုတဲ့ စိတ်ဓတ်ကို ထုတ်ပစ်လိုက်မှပဲ အားလုံး အလို ပြည့်သွားမှာပါ။ လိုတယ်၊ လိုတယ် ဆိုတာသည် သမုဒယ ၊ လိုသလောက် မရချင်းသည် ဒုက္ခ ထိုနှစ်ပါးသည် သစ္စာနှစ်ပါး ဖြစ်ပေသည်။ ထို.ကြောင့် ဗုဒ္ဓဘာသာ အစ သစ္စာက ၊ အမှန်ကို နားလည်ခြင်းပင် ဖြစ်ပေသည်၊ အမှန်ကို တကယ် သိမှ […]


BayoteApril 30, 20101min2184
ဦးသိန်းစိန်ပါ ၂ရဦးနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ.ဖြိုးရေးပါတီအား ၂၉.၀၄.၂၀၁ဝ ရက်တွင် ရွေးကောက်ပွဲကော်မရှင်သို့ စတင်လျှောက်ထားလိုက်ပါကြောင်း။


BayoteApril 29, 20101min1691
Soccer Myanmar မှ စီအီးအို ဦးခင်မောင်ကြိုင် အတည်ပြု ပြောကြား သတင်း ကမော္ဘဇ အသင်း၏ စီအီးအို ဖြစ်သူ ဦးခင်မောင်ကြိုင်က ဒယ်လ်တာ နည်းပြချုပ် ဦးဆန်းဝင်းကို အသင်းသို့ ခေါ်ယူလိုကြောင်း အတည်ပြု ပြောကြား သွားခဲ့သည်။ “ဆန်းဝင်း အနေနဲ့ ကျွန်တော်တို့ ဆီကို လာချင် နေတယ်လို့ သိရပါတယ်။ ကျွန်တော်တို့ အနေနဲ့လည်း သူ့လို နည်းပြမျိုးကို အသင်းအတွက် ခေါ်ချင်ပါတယ်။ ဒါပေမယ့် သူ့ကို ဒယ်လ်တာ အသင်းနဲ့ ပြီးပြတ်အောင် ရှင်းလင်းပြီးမှ လာဖို့ ပြောထားပါတယ်။ ဟိုဘက် အသင်းနဲ့ လုပြီး ယှဉ်ပြိုင် ခေါ်ရတဲ့ ကိစ္စမျိုး ကျွန်တော်တို့ ဘယ်တော့မှ လုပ်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အသင်းမှာ ပြည်တွင်းကရော […]


BayoteApril 29, 20101min2954
ဒီနေ့ ကမ္ဘာတွင် အလွန် ထင်ရှားသော ကိုးကွယ်ရာ ဘာသာကြီး လေးခုဖြစ်သော (၁) ဟိန္ဒူ ဘာသာ (၂) ဗုဒ္ဓ ဘာသာ (၃) ခရစ်ယန် ဘာသာ(၄) အစ္စလမ် ဘာသာ တို့အနက် ဘာသာတရား အားလုံးလိုလို သည် အရှေ့တိုင်း မှာပဲ ပေါ်ပေါက် ခဲ့ကြပါသည်။ အနောက် တိုင်းတွင် ဘယ်သာသာ မှ စတင်မမွေး ဖွားခဲ့ပါဘူး။ ၁။ Hinduism actually has no single founder. ဟိန္ဒူဘာသာကို-တည်ထောင်သူနှင့် တည်ထောင်သည့် သက္ကရာဇ် ဖွေရှာလို့ မရနိုင်ခဲ့ပါ။ အလွန်စော လွန်း သောကြောင့် ဖြစ်ပါသည်။ ထိုဝါဒကို တည်ထောင်တဲ့ တည်ထောင်သူ ရယ်လို့ သီးသန့် မရှိခြင်းကြောင့် သက္ကရာဇ် […]


BayoteApril 29, 20101min2021
မြတ်ဗုဒ္ဓသည် ဘုရား ဖြစ်တော် မူပြီးသည့် နောက် (၄၅) နှစ်လုံးလုံး ဟောကြား တော်မူခဲ့သော တရားတော် များကို ဓမ္မဟု ခေါ်ဆိုပါတယ်။ ဓမ္မသည် ( Religion) မဟုတ်ပါဘူး။ ထို့ကြောင့် ဘယ်ဘာသာဝင်မျိုးမဆို၊ အသားအရောင်၊ အမျိုး၊ ဇတ် ကိုးကွယ်သည့် ဘာသာ၊ ဘယ်လူမျိုး၊ ဘယ်သူမဆို မြတ်ဗုဒ္ဓရဲ့ ဓမ္မကို နားထောင် နိုင်ပါတယ်။ လိုက်နာ ကျင့်သုံးလို့ ရပါတယ်။ မြတ်ဗုဒ္ဓ ဟောတော်မူ ခဲ့သော တရားတော်များသည် ဓမ္မသာဖြစ်၍ ( Religion) မဟုတ်ပါဘူး။ Religion ဆိုတာ (Believe in worship of a “God “or supernatural rolling Power ) ကို […]


BayoteApril 28, 20101min1671
နိုင်ငံပိုင်စက်သုံးဆီဆိုင်များအား ပုဂ္ဂလိကသို့ လွှဲပြောင်းပေးသောဆိုင်များထဲမှ ရန်ကုန်တိုင်း၌ ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင် ၂ ဆိုင်ကို ပထမဆုံး အကြိမ် ဧပြီလ ၁ဝ ရက်မှ စတင်၍ နီလာရိုးမ အမည်ဖြင့် ထောက်ကြံ့မြို့နယ်၊ ရွှေညောင်ပင်နှင့် ပျဉ်းမပင်တို့၌ ဖွင့်လှစ် ရောင်းချ ပေးနေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါဆိုင်များမှာ ကမော္ဘဇဘဏ် စီးပွားရေးအုပ်စုက ၂၀၁ဝ ဖေဖော်ဝါရီ ၁၅ ရက်မှ စတင်ပြီး နိုင်ငံ တော်မှ လွှဲပြောင်း ရယူခဲ့သည့် ဆိုင်များဖြစ်ကြောင်း သိရှိရသည်။ “ဆိုင်ကဖွင့်ကာစဆိုတော့ လူသိတော့ နည်းနေသေးတယ်။ အခုချိန်ထိတော့ ကားအစီးရေ တစ်နေ့ကို ၁၀ဝ ကျော်လောက်ပဲ လာသေးတယ်။ ဒီဆိုင်းက ပိတ်ခဲ့ရတာ ၂ လကျော် ကြာသွားတဲ့အတွက် ကားသမားတွေနဲ့ အဆက်အသွယ် […]


BayoteApril 28, 20101min1581
ပြည်တွင်းရှိ လူမှုလုပ်ငန်း စေတနာ့ဝန်ထမ်း စွမ်းဆောင်သူများမှ နောက်ဆုံးဆန်ကာတင် ၅ ဦးအနက် ဆန္ဒမဲအများဆုံး ရရှိသူတဦးကို ရွေးချယ်ကြသည့် ပြည်သူ့ဂုဏ်ရည် ချီးမြှင့်ဂုဏ်ပြု အစီအစဉ်ကို ယနေ့ ဧပြီ ၂၄ ညနေက ကျင်းပပြီး ကြေညာကြရာတွင် ရုပ်ရှင်သရုပ်ဆောင် နှင့် နာရေးကူညီမှုအသင်း၏ ဦးဆောင်သူ – ကိုကျော်သူ ကို ဆန္ဒမဲအများဆုံးဖြင့် ရွေးချယ်လိုက်သည်။ ကိုကျော်သူနှင့်အတူ ဆရာတော်ဦးဉာဏိသရ၊ ဦးအေးမြင့်၊ မဖြူဖြူသင်းနှင့် ကိုဇာဂနာတို့ကို နောက်ဆုံးဆန်ကာတင်အဖြစ် ရွေးချယ်ကြရာ အားလုံးကို ဖြစ်မြောက်ရေးကော်မီတီနှင့် ဝိုင်းဝန်းကြသူ မိတ်ဆွေများအားလုံးက ဂုဏ်ပြုမှတ်တမ်းလွှာများလည်း ပေးအပ်သည်။ ထိုမှတ်တမ်းလွှာများကို သူတို့အားလုံးကိုယ်စား မိတ်ဆွေများက ခေတ္တထိန်းသိမ်းထားကြမည်ဟု ဆိုသည်။ မြို့ ၁၄ မြို့နှင့် အခြားနိုင်ငံအသီးသီးက စေတနာရှင်များ၊ ဝိုင်းဝန်းကြသူများ တယောက်တလက် ဝိုင်းဝန်း လှူဒါန်းမှုများမှာ […]


BayoteApril 28, 20101min1961
ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်းတို့…. လူမျိိုး၊ ဘာသာ၊ ဆင်းရဲ၊ ချမ်းသာ မရွေး အခမဲ့ ကျမ်းမာရေး ဝန်ဆောင်မှု့ ပေးနေသော ရွှေပြည်ဟိန်း ကုသိုလ်ဖြစ် ဆေးခန်း၏ နာယက ပိဋက တစ်ပုံခွဲဆောင် ရွှေပြည်ဟိန်း ဆရာတော် အရှင် ခေမာသီရိလင်္ကာရမှ တရားတော်များ ဟောကြား ချီးမြှင့်မည် ဖြစ်ပါသဖြင့် တရားတော်နာ ကြွရောက်ပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။ တရားပွဲ(၁) နေ့ရက်။ ။မေလ ၁ ရက် ၂၀၁ဝ (စနေနေ့) အချိန် ။ ။ညနေ ၆းဝဝ နာရီ မှ ရးဝဝ နာရီ နေရာ ။ ။ဇယမင်္ဂလာ ဗုဒ္ဓဝိဟာရ ကျောင်း ( Clementi Temple ) 23A Jalan […]


BayoteApril 28, 20101min2605
သျှမ်းပြည်(မြောက်ပိုင်း) နမ့်ခမ်းမြို့ ပြည်သူ့ဆေးရုံတွင် မိခင်နှင့် မွေးကင်းစ ကလေးငယ် နှစ်ဦးစလုံး သေဆုံးရမှု အပေါ် သတင်းထုတ်ပြန်ချက်နှင့်ပတ်သက်၍ အာဏာပိုင်များက ဧပြီလ ၂၅ ရက်နေ့တွင် စုံစမ်းမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဧပြီလ ၂၁ ရက်နေ့က သျှမ်းသံတော်ဆင့်သတင်းဋ္ဌာန၏ အဆိုပါ သေဆုံးမှု  သတင်းဖေါ်ပြပါ အချက်အလက်များ မှန်ကန်မှု ရှိမရှိ နှင့် ပြည်ပသတင်းမီဒီယာသို့  သတင်းပေးပို့သူများကို မေးမြန်းခဲ့ခြင်းဖြစ်သည်။ နမ့်ခမ်းမြို့ အောင်မေတ္တာရပ်ကွက်နေ ဒေါ်ခမ်းခင် (၃၅) နှစ်သည် နမ့်ခမ်းဆေးရုံတွင် ကလေးမွေးဖွားရန် ခွဲစိတ်မှုခံယူပြီး နောက် ယခုလ ၁ဝ ရက်နေ့က သေဆုံးသွားပြီး နောက်တစ်နေ့ နံနက်တွင် မွေးကင်းစကလေးငယ်ပါ သေဆုံးမှုကို သတင်း ရေးခဲ့ခြင်း ဖြစ်သည်။ လားရှိုး မူစယ်နှင့် နမ့်ခမ်း ရဲသတင်းအထူးတပ်ဖွဲ့မှ […]