BayoteApril 9, 20101min1633
ရန်ကုန်မြို့တော်မှ တိုင်းနှင့်ပြည်နယ် အသီးသီးသို့ ပြေးဆွဲလျက်ရှိသော အောင်မင်္ဂလာနှင့် ဒဂုံဧရာအဝေးပြေး သယ်ယူ ပို့ဆောင်ရေး ဝင်းများ အတွင်းရှိ မော်တော်ယာဉ်ဂိတ်များအနေဖြင့် သင်္ကြန်ကာလတွင် သတ်မှတ် နှုန်းထားထက် ပိုမိုတောင်းခံပါက ဂိတ်၏ အမည်နှင့်တကွ တိတိကျ ကျ တိုင်ကြားနိုင်ကြောင်း ရန်ကုန်တိုင်း မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ( မထသ) (အဝေးပြေး) မှ တာဝန်ရှိသူ တစ်ဦး က ပြောကြားသည်။ ဈေးပိုတောင်ခြင်း၊ ပြေးဆွဲရန် စီစဉ်ထားပြီး ပြေးဆွဲမှု ရပ်နားခြင်းတို့ကို နှစ်စဉ် ကြုံတွေ့နေရသော်လည်း အချို့မှာ တိုင်ကြား မှု မရှိကြောင်း၊ တိကျစွာတိုင်ကြားပါက ထိရောက်စွာအရေးယူကြောင်း၊ ယခုနှစ် တွင်လည်းအလားတူ အဖြစ်မျိုးရှိပါက တိုင်ကြားနိုင်ရန် သင်္ကြန် ကာလတွင် တယ်လီဖုန်း အချိန်ပြည့် ဖွင့်ထားပေးမည် ဖြစ်ကြောင်း ပြောကြားသည်။ အဝေးပြေးဂိတ်များမှ […]


BayoteApril 9, 20101min1411
အမေရိကန်ပြည်ထောင်စုသို့ အခြေမချ ပြည်ဝင်ခွင့် ဗီဇာ လျှောက်ထား ကြသူများအတွက် ပုံစံကို ရန်ကုန်မြို့ အမေရိကန်သံရုံးက ဧပြီလ ၂ဝ ရက် နေ့တွင် စတင်ပြောင်းလဲ အသုံးပြုမည်ဖြစ်ကြောင်း အမေရိကန်သံရုံး ပြန်ကြားရေးဌာနမှ ပေးပို့သော သတင်းများအရ သိရှိရသည်။ ယခု ပုံစံ သစ်မှာ ယခင်ကကဲ့သို့ Online တွင် ပုံစံဖြည့်ကာ ပုံနှိပ်ထုတ်ယူ၍ အခြားလိုအပ်သော စာရွက်စာတမ်းများ၊ နိုင်ငံကူး လက်မှတ်တို့နှင့် အတူ လျှောက်ထားရသည့် ပုံစံမှ Online တွင် ဖြည့်၍ Online မှပင် ပေးပို့သည့် ပုံစံဖြင့် ပြောင်းလဲလိုက်ခြင်း ဖြစ်သည်ဟု ယင်းထုတ်ပြန်ချက ်သတင်း အဆိုသည်။ DS 160 ဟုခေါ်ဆိုသည့် လျှောက်လွှာ ပုံစံသစ်ကိုသာ ပြောင်းလဲ အသုံးပြုထားခြင်း ဖြစ်ပြီး […]


BayoteApril 9, 20101min1882
အမည် ယူနစ် ဈေးနှုန်း(ကျပ်) ရက်စွဲ ရွှေ ၁ ကျပ်သား 602,800 08/04/10 ဒေါ်လာ ၁ ဒေါ်လာ 1,002 08/04/10 အက်ဖ်အီးစီ ၁ ဒေါ်လာ 1,012 08/04/10 Transfer ၁ ဒေါ်လာ 1,027 08/04/10 Earning ၁ ဒေါ်လာ 1,081 08/04/10


BayoteApril 9, 20101min1822
ဗုဒ္ဓဟူးနေ့ ညနေပိုင်းက ဝါရှင်တန်မှ ဒင်ဘာမြို့သို့ ပျံသန်းလာသော လေယာဉ်တစ်စီးပေါ်တွင် ရှုးဖိနပ်အတွင်း၌ ဝှက်၍ သယ်ဆောင်လာသော ဗုံးကို ဖောက်ခွဲရန်ကြိုးစားသူ ကာတာနိုင်ငံ သံတမန်တစ်ဦးအား အမေရိကန်လေကြောင်း လုံခြုံရေးအရာရှိများက ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ၎င်း ပုဂ္ဂိုလ်မှာ ဝါရှင်တန်မြို့ရှိ ကာတာသံရုံးမှ တတိယအတွင်းဝန်နှင့် ဒုတိယ ကောင်စစ်ဝန်ချုပ်ဖြစ်သော မိုဟာမက်အယ်လ်မိုဒါတီဆိုသည် ဖြစ်ကြောင်း သိရှိရသည်။ ၎င်းသည် သံတမန် အကာအကွယ်အပြည့်အဝ ရသူဖြစ်သည်။ ယူနိုက်တက်လေကြောင်းလိုင်း၏ လေကြောင်းခရီးစဉ် ၆၆၃ တွင် ခရီးသည် ၁၅ရ ဦးနှင့် ဝန်ထမ်း ၆ ဦးတို့ ပါဝင်သည်။ ၎င်းလေယာဉ်သည် ဒင်ဘာမြို့တွင် အေးချမ်းစွာ ဆင်းသက်နိုင်ခဲ့သည်။ (အေအက်ဖ်ပီ)


BayoteApril 9, 20101min1933
ဒီလိုနဲ့ ကျနော် အများပြောကြတဲ့ စင်္ကာပူ ဆိုတာကို ရောက်ခဲ့တော့တယ်။ သူငယ်ချင်းက လာကြိုပါတယ်။ ပြီးတော့ Passport တောင်းပြီး ကဒ်လေးတစ်ခုလုပ်လာတယ်။ပြီးတော့ သူတို့ခေါ် MRTပေါ် တက်ခဲ့တော့တယ်။ ကျနော်တွေ့ခဲ့တာ တစ်ခု က စည်းကမ်းကြီးတာတစ်ခု ပါ။ ဘယ်အရာမဆို စည်းနဲ့ ဘောင်နဲ့မှ တိုးတက်တယ်ဆိုတာသိခဲ့ရတယ်။ ကျနော် တခြားနိုင်ငံရောက်နေပါပြီ။ ကျနော့်ရင်ထဲမှာ ငါဒီနိုင်ငံသားလေးဖြစ်ယင်ကောင်းမှာပေါ့။ ကဒ်တွေလည်း အမျိုးမျိုးပေါ့။ Spass, EP, PR, Citizen ပေါ့။ ကျနော်က တော့ တစ်လနေခွင့်ကဒ်ပေါ့။ တိုက်တာတွေကလည်း အမြင့်ကြီးပေါ့။ မီးတွေကလည်း ညဆို ထိန်ထိန်လင်းလို့။ နိုင်ငံချမ်းသာတာကိုတွေ့လိုက်ရတယ်။ အဲကျနော် ပြောချင်တာ က နိုင်ငံသားအခွင့်အရေး။ သူတို့နိုင်ငံသားဆို အကြွေးဝယ်လို့ရတယ်။ ဆေးရုံ အလကားတက်လို့ရတယ်။ လစဉ်လေးနဲ့ ဝယ်လို့ရတယ်။ ဪ […]


BayoteApril 8, 20101min2113
ပါလီမန်ဝင်းအတွင်းသို့ ဝင်ရောက်၍ ဆူပူ သောင်းကျန်း ကြသည်။ လွှတ်တော်အမတ်များနှင့် အထက်တန်း အစိုးရအရာရှိများအား ရဟတ်ယာဉ်များဖြင့် ဘေးလွှတ်ရာသို့ ကယ်ဆယ်ခဲ့ရသည်။ ထို့ကြောင့် ကြာသပတေးနေ့တွင် ဝန်ကြီးချုပ်က လူ ၅ ဦးထက်ပို၍ စုဝေးခြင်းကို တားမြစ်သော အရေးပေါ်အမိန့်တစ်ရပ် ထုတ်ပြန်ကြေညာခဲ့သည်။ ဘန်ကောက်မြို့နှင့် ပတ်ဝန်းကျင်ဒေသများအား ကာကွယ်စောင့်ရှောက်ရန် စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့အား လုပ်ပိုင်ခွင့်များ ပိုမိုအပ်နှင်းခဲ့သည်။ ဆန္ဒပြသမားထောင်ပေါင်းများစွာတို့သည် ဘန်ကောက်မြို့၏ အရောင်းအဝယ်စည်ကားရာ ရပ်ကွက်တွင် ဆက်လက်ဆန္ဒပြလျက်ရှိသဖြင့် ဆိုင် အများအပြား ပိတ်ထားခဲ့ရသည်။ (အေအက်ဖ်ပီ)


BayoteApril 8, 20101min3148
ရန်ကုန်၌ အများပြည်သူသို့ လျှပ်စစ်မီး ဖြန့်ဝေပေးနေမှုအပေါ် နေပြည်တော်မှ စစ်ဆေးရေးအဖွဲ့လာရောက်ကာ ဧပြီလဆန်းပိုင်းမှစ၍ စိစစ်ပေး လျက် ရှိနေသည်ဟု သတင်းရရှိသည်။ “ပုဂ္ဂလိကလုပ်ငန်းတွေကို ဓာတ်အား ဖြန့်ဝေပေးပုံတွေ လိုက်လံစိစစ်ပေးတာ တွေ့ရတယ်။ နေပြည်တော် က စစ်ဆေးရေးအဖွဲ့ လာရောက်ပြီး ရန်ကုန်မြို့အများပြည်သူမီးဖြန့်ဝေပေးတဲ့အနေအထားကို စိစစ်ပေးတာလို့ပြောပါတယ်။ လျှပ်စစ်မီး ရရှိမှုက လည်း အချိန်ပိုင်းန ဲ့ပဲရနေတဲ့ အချိန်ဖြစ်လို့ ဖြန့်ဝေပေးမှုပိုင်းမှာ လုပ်ငန်းသုံး၊ အများပြည်သူ သုံးမျှတစေဖို့ အခုလိုစိစစ်တာလို့ သိရပါတယ်။ ကျွန်တာ်တို့ ကုမ္ပဏီမှာ ထိုင်ထားတဲ့ ထရန်စဖော်မာလည်း လာရောက် စစ်ဆေးတယ်” ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ရှင်းပြခဲ့သည်။ မတ်လ အတွင်းက အများပြည်သူအနေဖြင့် လျှပ်စစ်ဓာတ်အား ရရှိမှုမှာ အလွန်နည်းပါးခဲ့ပြီး မီး မရရှိမှုကြောင့် နောက်ဆက်တွဲ အခက်အခဲ တစ်ရပ် အဖြစ် […]


BayoteApril 8, 20101min1612
ရန်ကုန်မြို့တွင် အောင်မြင်မှုရရှိခဲ့သည့် Barcamp ပွဲအား မန္တလေးမြို့တွင်လည်း ကျင်းပ ပြုလုပ်ရန်အတွက် ရန်ကုန်နှင့် မန္တလေးမြို့ရှိ နည်းပညာ ကုမ္ပဏီများနှင့် စီးပွားရေးလုပ်ငန်းများ အတတ်ပညာရှင်များအား ဖိတ်ခေါ်စည်းရုံးမှုများပြုလုပ်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။ တက်ရောက် သည့်လူဦးရေစံချိန်တင်ခဲ့သည့် ရန်ကုန် Barcamp ကဲ့သို့မန္တလေး Barcamp ဖြစ်ပေါ်ရန်အတွက် မန္တလေး မြို့ရှိ ANS Computer Center မှအဓိ က ဦးစီး၍ ပြုလုပ်မည်ဖြစ်သည်။ မန္တလေး Barcampအတွက် တိုးချဲ့ စပွန်ဆာများလိုအပ်လျက်ရှိပြီး၊ ယင်းမြို့မှ အတတ်ပညာရှင်များ၊ နည်းပညာ လေ့လာလိုက်စားသည့် လူငယ်များ၊ ကုမ္ပဏီအဖွဲ့အစည်းများနှင့် နည်းပညာကုမ္ပဏီများ၏ ပူးပေါင်းပါဝင်မှုများ လိုအပ်မည်ဖြစ်ကြောင်း သိရသည်။ နည်းပညာနှင့် စီးပွားရေးပေါင်းစပ်နေသည့် နယ်ပယ်ပေါင်းစုံမှ အတတ်ပညာရှင်များ၊ လေ့လာဆည်းပူးသူများ၏ တွေ့ဆုံ ဆွေးနွေး ဖလှယ်သည့် Barcamp အား […]


BayoteApril 8, 20101min157768
Gazette ပရိတ်သတ်များ မှာ ဝိုင်းစုစကတ် ပိုတိုခဲ့ယင် ဆိုပြီး တောင်းခဲ့ကြလို့ ပိုတိုလာပါပြီ။ ဒီထင်ပိုပြီး တိုခဲ့ယင်တော့ . . .ဗျာ. . . မှတ်ချက် စေတန်ဘလော့မှ ကူးယူထားတာပါ။


BayoteApril 8, 20101min2322
အာရှနိုင်ငံသားတစ်ယောက် မှာ အများပြည်သူရှေ.တွင် ပုဆိုးဝတ်ခဲ့မှုကြောင့် ရှာဂျာ ရဲများမှ ဖမ်းဆီးခေါ်ဆောင်သွားခဲကြောင်း သိရှိရသည်။ အဆိုပါအာရှသားမှ ပြောသည်မှာ ရဲများက သူ့အား အများပြည်သူရှေ.တွင် လုံချည်ပုဆိုး ဝတ်ခွင့်မရှိကြောင်း ပြောခဲ့တယ် လို့သိရပါတယ်။ သူဟာ ဓါတ်ဆီဆိုင် ရှိစတိုးကို သွားရာတွင် ရဲများ ဟန့်တားခဲ့ခြင်းဖြစ်ကြောင်း၊ ဘာကြောင်း တီရှပ်နှင့် လုံချည်ပုဆိုး ဝတ်ခဲ့တာလည်း ဟု မေးမြန်းခံရကြောင်း သိရပါတယ်။ သူဝတ်ထားသောလုံချည်မှာ ခြေဖျားအထိရှိကာ၊ သန့်ရှင်း ခဲ့ပါတယ်။ လုံချည် ဟာ အမျိုးသားဝတ်စုံဖြစ်တယ် လို့ အိန္ဒိယ အမျိုးသားကပြောပါတယ်။ အမိနိုင်ငံမှာလည်း အများ ဝတ်ဆင်ကြတယ်လို့ ပြောပါတယ်။ ကျနော်သိချင်ပါတယ် ဘယ်လိုဥပဒေဆိုတာကိုဆိုပြီး အိန္ဒိယ အမျိုးသားက ရင်ဖွင့်သွားပါတယ်။ Source : Gulf News


BayoteApril 8, 20101min67034
နိုင်ငံရပ်ခြားရှိ လိင်ဖျော်ဖြေရေး လုပ်ငန်းများတွင် လုပ်ကိုင်နိုင်သည့် မြန်မာအမျိုးသမီး အချို့ကို အခမဲ့ပို့Wednesday, June 17, 2009ရန်ကုန်မြို့တွင် အခြေစိုက်သည့် နာမည်ကျော်ကြားခြင်းမရှိသေးသည့် ပြည်ပအလုပ်အကိုင် ရှာဖွေရေး ဧဂျင်စီအချို့မှာ ၎င်းတို့ထံ နိုင်ငံရပ်ခြား အလုပ်အကိုင်အတွက် လာရောက်စုံစမ်း မေးမြန်းသည့် အမျိုးသမီးငယ်အချို့ကို သီးသန့်တွေ့ဆုံ၍ နိုင်ငံရပ်ခြားရှိ လိင်ဖျော်ဖြေရေး လုပ်ငန်းများတွင် တာဝန်ထမ်းဆောင်နိုင်ပါက အခမဲ့ ပို့ဆောင်ပေးမည်ဟုပြော၍ စည်းရုံး ကြောင်း Freedom News Group မှ စုံစမ်းသိရှိရသည်။ ရန်ကုန်မြို့ထဲတွင် အခြေစိုက်သည့် ပြည်ပ အလုပ်အကိုင်ရှာဖွေရေး ဧဂျင်စီတစ်ခုတွင် သွား ရောက်အလုပ်အကိုင် စုံစမ်းလျှောက်ထားသည့် အမျိုးသမီးနှစ်ဦး၏ ပြောပြချက်အရ စင်္ကာပူ နိုင်ငံတွင် အလုပ်ရရှိရန်အတွက် ကိုယ်ရေးအချက်အလက်များပါပေးကာ၊ သွားရောက် စုံစမ်း ပြီးနောက် သုံးရက်အကြာတွင် ထိုဧဂျင်စီမှ တာဝန်ရှိ […]