ဘန်ကောက်မြို့တွင် အရေးပေါ်အခြေအနေ ကြေညာထားရ

BayoteApril 8, 20101min1123

ပါလီမန်ဝင်းအတွင်းသို့ ဝင်ရောက်၍ ဆူပူ သောင်းကျန်း ကြသည်။ လွှတ်တော်အမတ်များနှင့် အထက်တန်း အစိုးရအရာရှိများအား ရဟတ်ယာဉ်များဖြင့် ဘေးလွှတ်ရာသို့ ကယ်ဆယ်ခဲ့ရသည်။ ထို့ကြောင့် ကြာသပတေးနေ့တွင် ဝန်ကြီးချုပ်က လူ ၅ ဦးထက်ပို၍ စုဝေးခြင်းကို တားမြစ်သော အရေးပေါ်အမိန့်တစ်ရပ် ထုတ်ပြန်ကြေညာခဲ့သည်။ ဘန်ကောက်မြို့နှင့် ပတ်ဝန်းကျင်ဒေသများအား ကာကွယ်စောင့်ရှောက်ရန် စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့အား လုပ်ပိုင်ခွင့်များ ပိုမိုအပ်နှင်းခဲ့သည်။ ဆန္ဒပြသမားထောင်ပေါင်းများစွာတို့သည် ဘန်ကောက်မြို့၏ အရောင်းအဝယ်စည်ကားရာ ရပ်ကွက်တွင် ဆက်လက်ဆန္ဒပြလျက်ရှိသဖြင့် ဆိုင် အများအပြား ပိတ်ထားခဲ့ရသည်။ (အေအက်ဖ်ပီ)

3 comments

  • wunna

    April 9, 2010 at 2:54 am

    ထိုင်းနိုင်ငံလောက် စစ်တပ်အာဏာသိမ်းတဲ့ အကြိမ်အရေအတွက် ဘယ်နိုင်ငံမှာများ ရှိမတုံး။
    ဒါပေမယ့် သူတို့က ပြောတဲ့အတိုင်း သိမ်းပြီး ပြန်လွှဲပြီးရင် သူတို့ စစ်တပ်အလုပ် သူတို့ပြန်လုပ်တယ်။

    ပြီးတော့ ပြည်သူတွေအနေနဲ့လည်း သူတို့ ဆန္ဒကို အတော်လေး လွတ်လွတ်လပ်လပ် ဖော်ထုတ်ခွင့်ရတယ်။

    တို့နိုင်ငံနဲ့များ ကွာပါ့။

  • susunosuki

    April 17, 2010 at 8:18 am

    တပ်က တားဆီးတယ် ဆိုတော့ သေနတ်ကအစစ်လား
    ကျည်တုလား
    ကျုပ်တို့က တော့အစစ်နဲ့ မှ heart ထိတာဗျို့
    ဟားဟား
    တကယ်တမ်းတော့
    လူတွေရုန့်ရင်းဆန်ခတ်ဖြစ်တာမကောင်းပါဘူး

  • moethiha

    May 22, 2010 at 8:59 am

    ၅ယောက်ရှိတယ့်မိသားစုတွေဆိုရင်တော့မျက်နာချင်းမဆိုင်နိုင်လောက်တော့ဘူးနော်။
    မြန်မြန်ပြီးသွားပြီးတာပါပဲ။နောက်တော့ငြိမ်သွားမှာပါ

Leave a Reply