BayoteApril 8, 20101min1752
တာချီလိတ်မြို့တွင်း ရပ်ကွက်များ၌ နအဖ အာဏာပိုင်တို့ ညပိုင်းအချိန်မတော် ရှောင်တခင်ဧည့်စာရင်းစစ်ဆေးရာဒေသခံ များအား တရားခံစစ်သကဲ့သို့ စစ်ဆေးခဲ့ကြောင်း စုံစမ်းသိရှိရပါသည်။ “အချိန်မတော် ဝင်စစ်တယ်၊ ည ၁ဝ နာရီနောက်ပိုင်းချည်းဘဲ။ တရားခံ စစ်သလို တံခါးကို ဝုန်းဒိုင်းကျဲ ထုထောင်း ပြီးနိုး တယ်၊ ကြိုတင်အကြောင်းကြားတာမရှိဘူး၊ ကျမတို့အိမ်ဆို နှစ်ညဆက်တိုက်လာစစ်တယ်”– ဟု အမည်မဖေါ်လိုသည့် တာချီလိတ်မြို့ခံတဦးက ပြောပါသည်။ ဧပြီလဆန်းပိုင်း၌ တာချီလိတ်အခြေစိုက် နအဖ အာဏာပိုင်များနှင့် အဖွဲ့အစည်းပေါင်းစုံပါဝင်သည့် လူအင်အား ၁ဝ ဂဏန်း က ဧည့်စာရင်းများညတိုင်း ဆက်တိုက်စစ်ဆေးခဲ့သည်ဟု ဒေသခံများကပြောပါသည်။ “ဧည့်စာရင်းလာစစ်တာက စစ်တပ်၊ ရဲ၊ လဝက၊ မူးယစ်ရဲ၊ ပြည်သူ့စစ်၊ မီးသတ်၊ စွမ်းအားရှင်၊ ကြံ့ဖွတ် အစုံဘဲ။ လူအင် အား ၃ဝ – […]


BayoteApril 7, 20101min1812
လွန်ခဲ့သောအပတ်က တရုတ်နိုင်ငံမြောက်ပိုင်း ရှန်စီးပြည်နယ် ဝမ်ကျာလင်းကျောက်မီးသွေးတွင်းတွင် ရုတ်တရက်ရေလျှံမှုဖြစ်ပွား၍ လုပ်သား ၁၅၃ ဦး တွင်းထဲတွင်ပိတ်မိနေခဲ့သည်။ ကယ်ဆယ်ရေးလုပ်သားများသည် ၁၄ တန်လေးသော ရေစုပ်ပန့်တစ်ခုကိုမြေအောက် မီတာ ၆၀ဝ အနက် သို့ သယ်ဆောင်ပြီးလျှင် ၂၄ နာရီပတ်လုံး လက်မလျော့ဘဲ ရေများကို စုပ်ထုတ်ခဲ့ကြသည်။ စနေနေ့အရောက်တွင် ရေကုဗမီတာ ၈ သောင်းစုပ် ထုတ် နိုင်၍ မိုင်းအတွင်းတွင် ရေ ၅ မီတာခန့်လျော့ကျသွားခဲ့သည်။ ထို့နောက် ကယ်ဆယ်ရေးလုပ်သားများသည် ပိတ်မိနေသော တွင်းတူးသမား ၁၁၅ ဦးကို ကယ်တင်နိုင်ခဲ့ကြသည်။ ကယ်ဆယ်ရေးလုပ်သားများသည် မိုင်းအတွင်း၌ အသက်ရှင်ကျန်ရစ်သူများနှင့် သေဆုံးသူများ၏ ရုပ်အလောင်းများကို ဆက်လက်ရှာဖွေလျက်ရှိကြသည်။ (ဆင်ဟွာ)


BayoteApril 7, 20101min1611
ဘရာဇီးနိုင်ငံရီရိုဒီဂျနီးရိုးဒေသဝန်းကျင်တွင် တနင်္လာနေ့ ညနေမှစ၍ မိုးကြီးသည်းထန်စွာ အဆက်မပြတ်ရွာချခဲ့သည်။ အဆိုပါမိုးသည် အင်္ဂါနေ့တွင်လည်း ဆက်လက်ရွာသွန်းခဲ့ရာ မြို့ပေါ်လမ်းများအားလုံး ရေလွှမ်းသွားခဲ့သည်။ ရုတ်တရက် ရွာချခြင်းကြောင့် ရထားနှင့်ကားများပေါ်တွင် လူအများအပြား ပိတ်မိနေခဲ့သည်။ မြို့ဆင်ခြေဖုံး တောင်များအနီးတွင် နေထိုင်ကြသောလူများအနက် ၉၅ ဦးကျော်မြေပြို၍ သေဆုံးခဲ့သည်။ ယခင်နှစ်များက ဧပြီတစ်လလုံး ရွာသည့် မိုးရေချိန်နှင့်ညီမျှသောပမာဏကို နှစ်ရက်အတွင်း ရွာချခဲ့သည်။ ကုန်းလမ်းနှင့် လေကြောင်းခရီးစဉ်များ ရပ်ဆိုင်း ခဲ့ရသည်။ ခရစ်တော်၏ ကျောက်ရုပ်ရှိရာ တောင်ကုန်းအနီးတစ်ဝိုက်တွင် ရေများဖုံးလွှမ်းလျက်ရှိသည်။ ရေလျှံမှုသည် ဗုဒ္ဓဟူးနေ့တွင် ဆက်လက်၍ အခြေအနေ ဆိုးနေဖွယ်ရာရှိသည်။


BayoteApril 7, 20101min2082
အင်ဒိုနီးရှားနိုင်ငံ  ဆူမားတရားကျွန်းအနီးတွင် ဗုဒ္ဓဟူးနေ့နံနက်က အင်အား ၇.၈ ရှိသောပြင်းထန်သည့် ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့သည်။ ၎င်းငလျင်သည် အာချေးပြည်နယ် စီနာဘန်မြို့ ၏အရှေ့တောင်ဘက် ၆ဝ ကီလိုမီတာအကွာ ရေပြင်ကို ဗဟိုပြု၍လှုပ်ခတ်သွားခြင်း ဖြစ်သည်။ အာချေးပြည်နယ်သည် ၂၀၀၄ ခုနှစ် ဆူနာမီဒဏ်ကို အလူးအလဲခံခဲ့ရသည့် ပြည်နယ်ဖြစ်သည်။ ကမ်းနားတွင်နေထိုင်ကြသူများ ကြောက်လန့် တကြားဖြင့် ကုန်းတွင်းပိုင်း မြေမြင့်ရာသို့ ထွက်ပြေးကြသည်။ ပင်လယ်ရေပြင်တွင် ဆူနာမီရေလှိုင်း အသင့်အတင့်ဖြစ်ပေါ်သဖြင့် သတိပေးချက်များ ထုတ်ပြန်ထားသည်။ သို့သော်လည်း နောက်ပိုင်းတွင် ပြန်လည် ရုတ်သိမ်းခဲ့သည်။ လောလောဆယ်တွင် အထိအခိုက်အပျက်အစီး စာရင်းကို မသိရှိရသေးပေ။


BayoteApril 7, 20101min1743
ရေစို အကြမ်းခံသောဖုန်းဖြစ်သည်။ Body မှာစတီးဖြစ်ပြီး အကြမ်းခံသောကြောင့် လူကြိုက်များသည်။ Function စုံလင်ပြီး ဈေးနှုန်းသင့်တင့်သောကြောင့် လူကြိုက်များသည်။ ဈေးနှုန်းမှာ ၁၃၀၀၀ဝ ကျပ် ဝန်းကျင် ဖြစ်သည်။ Nokia 7210 လိုင်းဆွံအားကောင်းမွန်မှု၊ အကြမ်းခံမှုနှင့် Function စုံလင်မှုတို့ကြောင့် ယခုထိလူကြိုက်များလျှက်ရှိသည်။ ဈေးနှုန်းသက်သာသည်။ ဈေးနှုန်းမှာ ၁၂၃၀၀ဝ ကျပ်ဖြစ်သည်။ Nokia 5130 ZTE မှအသစ်ထွက်ရှိသောဖုန်းဖြစ်သည်။ Function စုံလင်ပြီး ကင်မရာပါဝင်မှု၊ အကြမ်းခံမှု၊ Music ပါဝင်မှုတို့ကြောင့် လူကြိုက်များသည်။ ဈေးနှုန်းမှာ ၄၉၀၀၀ဝကျပ် ဝန်းကျင်ဖြစ်သည်။ ZTE G-380 CDMA800 MHz ဖုန်းအမျိုးအစားဖြစ်သည်။ Touch Screen ဖုန်းအမျိုးအစားဖြစ်ပြီး နည်းပညာပိုင်းကောင်းမွန်မှု Function စုံလင်မှုတို့ကြောင့် လူကြိုက်များဆဲဖြစ်သည်။ ဈေးနှုန်းမှယ ကျပ် ၂၈၀၀၀ဝကျပ် […]


BayoteApril 7, 20101min2142
မဏ္ဍပ်ဆောက်လုပ်ခွင့်ရပြီးသောသူများအနေဖြင့် သင်္ကြန်တက်ပြီးသုံးရက်အတွင်း မဏ္ဍပ်များအား အပြီးအစီးသပ်ရပ်စွာ ဖျက်သိမ်းရမည်ဖြစ်ပြီး သင်္ကြန်ကာလအတွင်း စည်းကမ်းလိုက်နာမှုမရှိသော မဏ္ဍပ်များအား အာမခံစပေါ်ငွေအားလုံး သိမ်းဆည်းသည်အထိ အရေးယူ သွားမည်ဖြစ် ကြောင်း ရန်ကုန်တိုင်းအထွေထွေအုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယင်းအပြင် သင်္ကြန်မဏ္ဍပ်ဆောက်လုပ်ခြင်းကြောင့် လမ်း သားစင်္ကြန်နှင့် ရေမြောင်းများ ပျက်စီးမှုဖြစ်ပေါ်ပါက ပြန်လည်ပြင်ဆင်ရန်အတွက် ပျက်စီးမှုအတိုင်းအတာအလိုက် ကျသင့်တန်ဖိုးငွေအား အင်ဂျင်နီယာဌာန(လမ်း/တံတား)သို့ ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။ ယခုနှစ်အတွက် သင်္ကြန်မဏ္ဍပ်များလျှောက်ထားရာတွင် ယမန်နှစ် က အမည်ပျက်စာရင်းတင်သွင်းခံထားရသည့် မဏ္ဍပ်များအား ခွင့်ပြုမည်မဟုတ်ဘဲ ဆောက်လုပ်ခွင့်ရမဏ္ဍပ်များအနေဖြင့်လဲ မိမိမဏ္ဍပ်မှ နေ့စဉ် ထွက်သော စက္ကူ၊ ပလတ်စတစ်စများနှင့် ကြွပ်ကြွပ်အိတ်၊ ဘူးခွံ၊ ပုလင်းခွံစသည့် အမှိုက်များကို တာဝန်ယူရှင်းလင်ေးပေးသွားရမည်ဖြစ်ကြောင်း သိရသည်။ ယခုနှစ်အတွက် မဏ္ဍပ်အရွယ်အစားမှာ မဏ္ဍပ်မျက်နှာဖွင့်အကျယ် ၂၅ ပေအောက်ကို မဏ္ဍပ်အသေး၊ ၂၅ ပေအထက် […]


BayoteApril 7, 20101min1080
မြန်မာ့မီးရထားက သင်္ကြန်ကာလအတွင်း ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် ရန်ကုန်-မန္တလေးလမ်းပိုင်းတွင် သင်္ကြန်အထူးရထားနှစ်စင်း ပြေးဆွဲပေးမည်ဖြစ်သည်။ အဆိုပါ သင်္ကြန်အထူးရထားများကို ဧပြီ ၅ ရက် နံနက် ၄ နာရီတွင် မန္တလေး ဘူတာမှ ထွက်ခွာ၍ ရန်ကုန်ဘူတာသို့ ထိုနေ့ ညနေ ၆ နာရီ ၁ဝ မိနစ်တွင် ရောက်ရှိမည်ဖြစ်သည်။ ဧပြီ ၆ ရက်တွင် သင်္ကြန်အထူးရထား(၁)သည် ရန်ကုန် ဘူတာမှ နံနက် ၄ နာရီခွဲတွင် ထွက်ခွာ၍ မန္တလေးဘူတာသို့ ထိုနေ့ညနေ ၆ နာရီ မိနစ် ၄ဝ တွင်လည်းကောင်း၊ သင်္ကြန်အထူးရထး(၂)သည် မန္တလေး ဘူတာမှ နံနက် ၄ နာရီတွင် ထွက်ခွာ၍ ရန်ကုန်ဘူတာသို့ ထိုနေ့ညနေ ၆ နာရီ […]


BayoteApril 7, 20101min1902
မိုးကြိုကာလဖြစ်သော ဧပြီလတွင် နေ့အပူချိန်များ ထပ်မံတိုးမြင့်လာဖွယ်ရှိပြီး၊ အပူချိန်တိုးမြင့်လာသည်နှင့်အမျှ လေပြင်းတိုက်ခတ်မှု၊ မိုးကြိုး ပစ်မှု နှင့် လေဆင်နှာမောင်းအန္တရာယ်ကို လူအများသတိပြုရန်လိုကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်ကပြောသည်။ ကုန်ခဲ့သော မတ်လမှာ မန္တလေး၊ မကွေး၊ စစ်ကိုင်းတိုင်းများနှင့် ချင်း၊ ကချင်၊ ရှမ်းစသော ဒေသအများစုတွင် ပုံမှန်မတ်လ၏ ပျမ်းမျှ အပူချိန်များ ထက်ပိုများခဲ့ ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ချက်များအရ သိရသည်။ ဧပြီလတွင်လည်း ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ကယားနှင့် ကရင်ဒေသတို့တွင် ပျမ်းမျှအပူချိန်ထက် ပိုမိုမြင့်တက်လာမည်ဟု မိုးဇလက ဧပြီလတစ်လလုံးအတွက် ထုတ်ပြန်သော မိုးလေ ဝသ ခန့်မှန်းချက်တွင် ဖော်ပြထားသည်။ မိုးကြိုကာလဖြစ်သော ဧပြီလတွင် အပူချိန်များပါ မြင့်တက်လာပါက မိုးတိမ်တောင်များ ဖြစ်ပွားနိုင်ပြီး၊ မိုးတိမ်တောင်မှတစ်ဆင့် လေပြင်းတိုက်ခတ်ခြင်း၊ […]


BayoteApril 7, 20101min1992
လာမည့်မြန်မာနှစ်သစ်ကူး အစိုးရရုံးပိတ်ရက်ကာလအတွင်း လုပ်ငန်းလိုအပ်ချက်အရ မဖြစ်မနေ လုပ်ငန်းဆောင်ရွက်မှုများ ပြုလုပ်ရမည့် လုပ်ငန်း များအနေဖြင့် သက်ဆိုင်ရာဌာနသို့ ကြိုတင်အကြောင်းကြားပြီး ခွင့်ပြုချက်ရရှိမှသာ (အဆိုပါပိတ်ရက်အတွင်း)လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိမည်ဖြစ်ကာ ဝန်ထမ်းများကိုလည်း တစ်ရက်လျှင် လုပ်ခလစာ နှစ်ဆ(မဖြစ်မနေ)ပေးရမည်ဖြစ် ကြောင်း အလုပ်သမားဝန်ကြီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာနက ၁၉၅၁ ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ်ရက်အက်ဥပဒေအရ ၂၀၁ဝ ခုနှစ်အတွက် ကြေညာချက် ထုတ်ပြန်ထားပြီး ဖြစ်ကြောင်း အဆိုပါဌာန၏ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။ ထို့ကြောင့် အလုပ်သမားဝန်ကြီးဌာနအနေဖြင့် အလုပ်သမားများ၊ ဝန်ထမ်းများ ၏ရုံးပိတ်ရက်ခံစားခွင့်နှင့် ရုံးပိတ်ရက်အတွင်း ဆောင်ရွက်ရသောလုပ်ငန်းရပ်များအတွက် တစ်နေ့လုပ်ခလစာ၏ နှစ်ဆရရှိခွင့်တို့ကို နစ်နာမှုများ မဖြစ်ပေါ်စေရန် အထက်ပါဥပဒေအား ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း သိရသည်။ သို့ဖြစ်၍ ၁၉၅၁ ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ အရ အကျုံးဝင်သော လုပ်ငန်းများမှာ […]


BayoteApril 7, 20101min2001
ပုဂ္ဂလိက စာသင်ကျောင်းအဖြစ် ဖွင့်လှစ်မည့်စာသင်ကျောင်းအချို့ကမူလသင်ရိုးညွှန်းတမ်းအပြင် တရုတ်စာ၊တရုတ်စကားကဲ့သို့ အပို ဘာသာရပ် တွေပါတွဲသင်ရန်ကြော်ငြာထားကြောင်း ပုံနှိပ်မီဒီယာများတွင် တွေ့ရှိရသည်။ ပုဂ္ဂလိကစာသင်ကျောင်းများမှာ မူရင်းသက်ဆိုင်ရာအတန်းအလိုက် သတ်မှတ်ထားသည့်သင်ရိုးညွန်းတမ်းများနှင့်အညီသင်ကြားပို့ချရမည်ဖြစ်ပြီး ယခုအခါတရုတ်စာ၊ တရုတ်စကားကဲ့သို့ အပိုဘာသာရပ်ဆိုင်ရာ တွေပါပို့ချရန်ကြော်ငြာဆွဲဆောင်လာခြင်းဖြစ်သည်။ ထိုသို့ ဘာသာရပ်များအပြင်ယဉ်ကျေးမှုနှင့် လက်မှုအတက်ပညာကဲ့သို့အပိုသင်ခန်းစာများကို သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း ပုဂ္ဂလိက ကျောင်းကြော်ငြာအချို့တွင်တွေ့ရှိရသည်။ “ပုဂ္ဂလိကကျောင်းတွေရှိလာတာကောင်းပါတယ်။ နိုင်ငံ တကာမှာလည်း အစိုးရကဖွင့်တဲ့ ကျောင်း၊ အစိုးရက အသိအမှတ်ပြုပေးထားတဲ့ပုဂ္ဂလိကကျောင်း၊ သပ်သပ်ပုဂ္ဂလိကကျောင်းဆိုပြီး ရှိကြတာပဲ။ အဓိက က သင်ကြားတဲ့ နေရာမှာတတ်အောင်၊ တကယ်တတ်အောင် သင်ပေးနိုင်ဖို့ အဓိကပဲ။ ဈေးကွက် စီးပွားရေးအရ အပြိုင်အဆိုင်ပဲလေ။ ပုဂ္ဂလိကကျောင်းတွေဆိုတော့ တစ်ကျောင်းက ဘာအပိုသင်ပေးမယ်၊ ဘယ်လိုစည်းကမ်းနဲ့သင်ပေးမယ်ဆိုတာမျိုးတွေရှိလာတာပေါ့။ တချို့ကျ တော့လည်း ဈေးကွက်ပစ်မှတ်ထားပြီးဆွဲဆောင်တာပေါ့။ အခုတရုတ်စာ၊တရုတ်စကားသင်ပေးမယ်ဆိုရင် တရုတ်စာသင်ချင်တဲ့ သူတွေကို အဓိကထားပြီး ဆွဲဆောင်တဲ့သဘောပေါ့။ နောက်ပိုင်းဒီလိုဝန်ဆောင်မှု ပြိုင်ဆိုင်တဲ့သဘောက […]


BayoteApril 7, 20101min1983
အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ရှိ ကနေဒီ အာကာသစခန်းမှ တနင်္လာနေ့နံနက်စောစောတွင် ဒစ္စကာဗာရီအာကာသလွန်းပျံယာဉ်ကို လွှတ်တင်ခဲ့သည်။ လွန်းပျံယာဉ်နှင့်အတူ အာကာသယာဉ်မှူး ခုနစ်ဦး လိုက်ပါသွားခဲ့သည်။ လွှတ်တင်ပြီးနောက် ၈မိနစ်ခန့်အကြာတွင် အာကာသ ပတ်လမ်းအတွင်းသို့ ရောက်ရှိသွားခဲ့သည်။ အာကာသယာဉ်မှူးများသည် ISS တွင် ၁၃ ရက်ကြာနေထိုင်၍ တည်ဆောက်ရေးလုပ်ငန်းများကို လုပ်ကိုင်ကြမည်ဖြစ်သည်။ အာကာသယာဉ်ဖြင့် စားနပ်ရိက္ခာ ၈တန်အပြင် လိုအပ်သော စက်ကိရိယာပစ္စည်းများကိုလည်း သယ်ဆောင်သွားခဲ့ သည်။ နောက်နှစ်ရက်အကြာတွင် ISS နှင့် ချိတ်ဆက်မည်ဖြစ်သည်။ (ဆင်ဟွာ)