ဘရာဇီးတွင် မိုးကြီးမြေပြို၍ လူ ၁၀ဝ နီးပါးသေဆုံး

BayoteApril 7, 20101min121

ဘရာဇီးနိုင်ငံရီရိုဒီဂျနီးရိုးဒေသဝန်းကျင်တွင် တနင်္လာနေ့ ညနေမှစ၍ မိုးကြီးသည်းထန်စွာ အဆက်မပြတ်ရွာချခဲ့သည်။ အဆိုပါမိုးသည် အင်္ဂါနေ့တွင်လည်း ဆက်လက်ရွာသွန်းခဲ့ရာ မြို့ပေါ်လမ်းများအားလုံး ရေလွှမ်းသွားခဲ့သည်။ ရုတ်တရက် ရွာချခြင်းကြောင့် ရထားနှင့်ကားများပေါ်တွင် လူအများအပြား ပိတ်မိနေခဲ့သည်။ မြို့ဆင်ခြေဖုံး တောင်များအနီးတွင် နေထိုင်ကြသောလူများအနက် ၉၅ ဦးကျော်မြေပြို၍ သေဆုံးခဲ့သည်။ ယခင်နှစ်များက ဧပြီတစ်လလုံး ရွာသည့် မိုးရေချိန်နှင့်ညီမျှသောပမာဏကို နှစ်ရက်အတွင်း ရွာချခဲ့သည်။ ကုန်းလမ်းနှင့် လေကြောင်းခရီးစဉ်များ ရပ်ဆိုင်း ခဲ့ရသည်။ ခရစ်တော်၏ ကျောက်ရုပ်ရှိရာ တောင်ကုန်းအနီးတစ်ဝိုက်တွင် ရေများဖုံးလွှမ်းလျက်ရှိသည်။ ရေလျှံမှုသည် ဗုဒ္ဓဟူးနေ့တွင် ဆက်လက်၍ အခြေအနေ ဆိုးနေဖွယ်ရာရှိသည်။

One comment

  • susunosuki

    April 15, 2010 at 2:47 pm

    ကျွန်တော် မနေ့ကပဲ ရုပ်ရှင်တစ်ကားကြည့်လိုက်ရတယ်ဗျ
    ကမ္ဘာပေါ်ကလူတွေက ကမ္ဘာကြီးကို အမှိုက်ပုံကြီးဖြစ်အောင်လုပ်လိုက်ကြပြီ တဲ့
    မျှချေ တွေပျက်တော့ ရာသီဥတုလည်းဖောက်တော့တာပေါ့

Leave a Reply