BayoteApril 5, 20101min1320
ရုရှားနိုင်ငံ အာကာသအေဂျင်စီသည် သောကြာနေ့နံနက်စောစောတွင် ကာဇက်စတန်ရှိ ဗိုင်ကိုနူးဒုံးပျံလွှတ်တင် ရေးစခန်းမှ အာကာသယာဉ်မှူး (၃)ဦးလိုက်ပါသော အာကာသယာဉ်တစ်စီးကို လွှတ်တင်ခဲ့သည်ဟု ဒေသတွင်း သတင်းစာများတွင် ဖေါ်ပြပါရှိသည်။ (၂၃)ကြိမ်မြောက် နိုင်ငံ တကာ အာကာသစခန်း ခရီးစဉ်တွင် ရုရှားအာကာသယာဉ်မှူး(၂)ဦးနှင့် အမေရိကန်မှ အမျိုးသမီးယာဉ်မှူး(၁)ဦးတို့ပါဝင်သည်။ ၎င်းတို့သည် ISSတွင် (၁၆၇)ရက်ကြာ နေထိုင်၍ သိပ္ပံစမ်းသပ်မှုများ ပြုလုပ်ကြမည်။ အာကာသယာဉ် ဆိုယု(၁၈)သည် နောက်(၂)ရက်အကြာတွင် ISSနှင့် ချိတ် ဆက်မည်ဖြစ်သည်။ အာကာသယာဉ်မှူးများ ISS တွင် ရှိနေစဉ်အတွင်း ရုရှားကုန်တင် အာကာသယာဉ်(၃)စင်းနှင့် အမေရိကန်၏ အာကာသ လွန်းပျံယာဉ် (၃)စီး တို့လွှတ်တင်ကြမည် ဖြစ်သည်။ (ဆင်ဟွာ)


BayoteApril 5, 20101min2554
ဧပြီလ တရက်နေ့ထုတ် အစိုးရသတင်းစာ ခေါင်းစဉ်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမည်နှင့် ဘဝနတ်ထံ ပျံလွန်တော်မူသွားသော ဆိုသည့် နာမဝိသေသနကို ကပ်လျက်ထားဖေါ်ပြခဲ့တာကို ထူးခြားစွာ တွေ့ခဲ့ရပါတယ်။


BayoteApril 5, 20101min31913
လူမှုရေးလုပ်ငန်းများ လုပ်ဆောင်နေသော ကိုကျော်သူအား သူ၏ နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် ပတ်သက်သော သတင်း၊ ဆောင်းပါးများ ပါရှိနေသည့် Facebook Website ရှိ KyawthuFans တွင် Post များ၊ Comments များ ရေးသားမရခြင်းနှင့် သတင်းဆောင်းပါးအသစ်များ မပါရှိတော့သည့်အတွက် မေးမြန်း ကြည့်ရာတွင် ကိုကျော်သူမှ အောက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ပါသည်။ (ဟုတ်တယ် … Facebook Website က ကျွန်တော်ရဲ့ Kyawthufans ဆိုတာ .. ကျွန်တော်ရဲ့ Fan ပရိတ်သတ်တွေက လုပ်ပေးထားတာ။ ဒါကြောင့်လဲ ကျွန်တော်ရဲ့ လူမှုရေးကူညီမှု ကိစ္စတွေကို ပရိတ်သတ်ကို ချပြနိုင်ခဲ့ပါတယ်။ ကိုယ်ကျိုးမပါတဲ့ လုပ်ရပ်ပါ။ ဒါပေမယ့် (၃) ပတ်လောက်ရှိပြီ။ တစ်စုံတစ်ယောက် ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုကနေ အဲဒီ Facebook […]


BayoteApril 3, 20101min1791
သင်္ကြန် အတွင်း ရန်ကုန်မြို့တွင်း အထူးကားများ ပြေးဆွဲခြင်း ရပ်နားမယ်လို့သိရပါတယ်။ ဒါပေမယ် သာမန်လိုင်းကား အရေအတွက် တစ်ဝက်ကိုတော့ ပြေးဆွဲခွင့် ပြုမယ်လို့သိရပါတယ်။ ကားခ ကိုတော့ သာမန်သတ်မှတ် ဈေးထက် ပိုယူခွင့် ပြုမှာ တော့မဟုတ်ပါဘူး။ ပိုယူယင် အရေးယူသွားမယ်လို့ မထသ တာဝန်ရှိသူတစ်ဦးက ပြောကြားသွားပါတယ်။ သင်္ကြန် အတွင်းထွက်မဲ့ လိုင်းကားများကိုလည်း ယခင်မောင်းနေကျ လမ်းကြောင်းအတိုင်းသာ မောင်းခွင့်ပြုမယ်လို့ သိရပါတယ်။


BayoteApril 3, 20101min1390
စံ-ဇာဏီဘို ၂၀၁ဝ တစ်နှစ်စာ ဟောစာတမ်း လေးပါ။ အသေးစိတ်ကို ကြည့်လို့ရပါတယ်။ အွန်လိုင်းက ရလိုက်တာပါ။ အားလုံးကြိုက်နှစ်သက်မယ်ထင်လို့ Link လေးရေးပေါ်လိုက်ပါတယ်။ http://www.shweo.com/node/1612


BayoteApril 3, 20101min1871
ယနေ့ မန္တလေး ဗထူးကွင်း မှာ ပရီမီယာကော်ဖီပိုင် Delta United နဲ့ စစ်ကိုင်း ဇေယျာရွှေမြေတို့ တွေ.ပါပြီ။ ဇေယျာရွှေမြေ အသင်းဟာ ယခုရာသီသစ်မှာ ပွဲတိုင်း နိုင်ကစားထားပြီး Delta ကတော့ တစ်ပွဲနိုင် တစ်ပွဲရှုံး ကစားထားပါတယ်။ Delta ကတော့ ဗထူးကွင်း မှာဆို ကံကောင်းတတ်ပါတယ်။ အမှတ်များကို ဗထူးကွင်းက ယူသွားတာ တွေ့ရပါတယ်။ ပရိတ်သတ်ကတော့ ဇေယျာရွှေမြေ ကပိုများမှာပါ။ ပြီးတော့ ဇေယျာရွှေမြေ က အသစ်ခေါ်ယူထားတဲ့ ကစားသမားတွေကလည်း ခြေစွမ်း ပြခဲ့ပါတယ်။ ရတနာပုံကို အိမ်ကွင်း မှာ အပြတ်ချေမှုန်းခဲ့တာကို ကြည့်ခြင်းအားဖြင့် Delta အတွက်မလွယ်လှပါဘူး။ Delta ကတော့ သရေကို အတတ်နိုင်ဆုံး ကစားရမှာပါ။ ကံကယ်ယင်တော့ Delta အတွက်နိုင်ပွဲ […]


BayoteApril 3, 20101min2252
အခါနီး လို. ခရီးသွားဖို. ကားလက်မှတ်များ ကုန်သလောက် ဖြစ်နေပါတယ်။ ရထားလက်မှတ် များကတော့ မှောင်ခို နဲ့ ပိုင်ရာ ဆိုင်ရာ တွေတာ ကြီးဆိုးနေဆဲပါ။ ယခင်နှစ်က အဖြစ်ပျက်လေးတစ်ခုပါ။ ကျနော့ သူငယ်ချင်း မန္တလေး ပြန်ဖို့ ရထားလက်မှတ် သွားတန်းစီပါတယ်။ လူတွေကစောင့်နေတာ ပွဲဈေးတန်း တစ်ခုလိုပါပဲ။ အဝင်တံခါးကိုတော့ ပိတ်ထားပါတယ်။ နံနက် ၄နာရီထိုးရော တံခါးဖွင့်ပါလေရော။ ဝေါကနဲ ပြေးလိုက်ကြတာ သူငယ်ချင်းက ၁ဝ ယောက်မြောက်ရပါတယ်။ အနင်းခံရသူခံရ၊ ဆဲသူကဆဲ ခေတ်ပျက်မတတ်ပါ။ လက်မှတ် စရောင်းပါတယ်။ ကြားကနေ ဟိုရဲကလာဝယ်လိုက် ဘယ်သူ့ အတွက်၊ ဟိုလူကြီးအတွက်၊ စသဖြင့်ပေါ့။ ၄ယောက်မြောက် တန်းစီသူ လဲ ပြီးရော လက်မှတ် ကုန်ပြီ တဲ့ဗျာ။ ကဲ အရပ်ကတို့ […]


BayoteApril 3, 20101min1711
အီရန်နိုင်ငံမှ နျူကလီးယားသိပ္ပံပညာရှင် ရှရမ်အာမီရီမှာ အမေရိကန်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်၍ ခိုလှုံခွင့် ရရှိသွားခဲ့သည်ဟု အေဘီစီသတင်းများတွင် ဖော်ပြပါရှိသည်။ မစ္စတာအာမီရီသည် တဟီရန်မြို့ မာလက်အက်တာတက္ကသိုလ်မှ သုတေသနပညာရှင်ဖြစ်ကာ အီရန်နိုင်ငံ၏ အနုမြူစွမ်းအင် ဌာနတွင်လည်း တာဝန်ပေးအပ်ခြင်းခံရခဲ့သူ ဖြစ်သည်။ ဇွန်လက သူသည် ဆော်ဒီ အာရေးဗျနိုင်ငံသို့ ဘုရားဖူးသွားရောက်ခဲ့စဉ် ပျောက်ဆုံးသွားခြင်းဖြစ်သည်။ အီရန်အစိုးရက အာမီရီအား အမေရိကန်ဘက်မှ ဖမ်းဆီး ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု စွပ်စွဲပြောကြားခဲ့သည်။ အမေရိကန် ထောက်လှမ်းရေးဌာနသည် ယခုအခါ အီရန်သိပ္ပံပညာရှင်များကို နည်း အမျိုးမျိုး ဖြင့် ချည်းကပ်စည်းရုံး၍ နိုင်ငံမှ စွန့်ခွာထွက်ပြေးရန် စည်းရုံးလျက်ရှိသည်ဟု သတင်းများတွင်ဖော်ပြသည်။ (ဘီဘီစီ)


BayoteApril 2, 20101min38612
I Live in တဲစုတ်…. I only eat ပဲပြုတ်… I walk in လမ်းစုတ်.. So I meet မိပုတ်… I give her အမှိုတ်ထုတ်… So she beat me with ထီးစုတ်…. And I run in တောအုပ်… I play with ကျားစုတ်… Now I work ဝဲကုတ်… So my skin is ပြဲစုတ်… And I go to doctor ရမ်းတုတ်….. This message read မျောက်စုတ်


BayoteApril 2, 20101min3197
ရန်ကုန် သင်္ကြန်ပွဲတော်အတွက် ရေကစားမဏ္ဍပ်ဆောက်လုပ်ခွင့်များအား စတင်လျှောက်ထားနိုင်ပြီဖြစ်ပြီး သင်္ကြန်နှင့် ပတ်သက်သည့် စည်းကမ်းချက် ၃၉ ချက်ကို မဏ္ဍပ်များနေရာချထားပေးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှထုတ်ပြန်ထားကြောင်းသိရှိရသည်။ ယခုနှစ် သင်္ကြန်အတွက်ထုတ်ပြန်သည့် စည်းကမ်းချက် ၃၉ ခုအနက်အများစုမှာပြီးခဲ့သည့် နှစ်များကတည်းကထုတ်ပြန်ခဲ့သည့် စည်းကမ်းချက်များ ဖြစ ်ပြီး စည်းကမ်းချက်အချို့မှာ ယခုနှစ်တွင်မှ အသစ်ထပ်တိုးခြင်းဖြစ်ကြောင်းသိရှိရသည်။ အသစ်ထပ်ထုတ်သော စည်းကမ်းတွင် မြန်မာ့ရိုးရာ အတာသင်္ကြန်၏ ယဉ်ကျေးမှုကို ထိန်းသိမ်း ဖော်ကျူးသည့် အနေဖြင့် သင်္ကြန်မဏ္ဍပ်အားလုံးသည် ဖွင့်ပွဲနေ့၌ ငွေဖလားတွင် အမွှေးနံ့သာရည် ထည့်၍ ရေကစားခြင်းကို ထည့်သွင်းလုပ်ဆောင်ရန်အချက် ပါရှိပါသည်။ ထို့ပြင် မဏ္ဍပ်ကြော်ငြာများတွင် အရက်၊ ဘီယာ၊ စီးကရက်၊ ဆေးလိပ်နှင့် ပတ်သက်သော ကြော်ငြာများထည့်သွင်းခွင့် မပြုကြောင်းလည်းမဟာသင်္ကြန်စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ ယခုနှစ် သင်္ကြန် နှင့်ပတ်သက်၍ ထုတ်ပြန်ထားသည့်စည်းကမ်းချက်များအရသိရသည်။ မဟာသင်္ကြန်စည်းကမ်းထိန်းသိမ်းရေးကော်မတီက ယခုနှစ် သင်္ကြန် […]