BayoteJuly 2, 20101min1742
ရန်ကုန်ဆိပ်ကမ်းမှာ သွားပြီး သောင်တင်ရင် အနည်းဆုံး ရုပ်ရှင်ဒါရိုက်တာတော့ ဖြစ်မှာပဲ ဒီစကားကို လွန်ခဲ့တဲ့ အနှစ်(၂ဝ)လောက်ကတည်းက အောင်ကောင်းကြားခဲ့ ရဖူးတာပါ။ ပြောတဲ့လူကလည်း ”မန္တလေး စာပေလောကမှာ ဩဇာကြီးမားတဲ့ ဆရာကြီးတစ်ဦးပါ။ ခုတော့မရှိရှာတော့ပါဘူး။ ဘာပဲပြောပြော ဆရာကြီး ပြောမယ်ဆိုရင်လည်း ပြောစရာပါပဲ။ မန္တလေးသားတွေဟာ တစ်လျှောက်လုံးက စာပေ၊ အနုပညာနယ်ပယ်မှာ တကယ်ပဲစွာခဲ့ကြတာကိုး။ ရုပ်ရှင်လောကမှာပဲ ကြည့်ကြည့် စာပေလောကမှာပဲ ကြည့်ကြည့် တခြား အနုပညာနယ်ပယ်မှာပဲ ကြည့်ကြည့်၊ ထိပ်တန်းနေရာမှာ ရှိနေတဲ့ လက်ချိုးရေလို့ရတဲ့ ပညာရှင်တွေထဲမှာ မန္တလေးသား ပညာရှင်တွေက မပါမဖြစ် ပါနေကြစမြဲပါ။ ရုပ်ရှင်လောကမှာ ဆိုရင် ထိပ်တန်း ဒါရိုက်တာကြီးတွေထဲမှာ ကြည့်မလား၊ အကယ်ဒမီ မောင်တင်ဦးက ”ရုပ်ရှင်မင်းသား ထဲမှာတော့ ဆရာညွန့်ဝင်းတို့၊ ဇော်ဝမ်းတို့ မန္တလေးသားတွေကပဲ ထိပ်တန်းနေရာ ယူခဲ့ကြတာ။ […]


BayoteJune 22, 20101min2204
Shwemanalay.NET Web အသစ်ပါ။ သတင်းများကို အချိန်နဲ့ တစ်ပြေးညီ တင်ထားတာကို တွေ့ရပါတယ်။ အဝေးရောက် Mandalay မြို.သားများမှ အခုမှ တင်ထားကြတယ်လို.သိရပါတယ်။ http://www.shwemandalay.net ကို ဝင်ရောက်နိုင်ပါတယ်။


BayoteJune 22, 20101min50320
မြန်မာပြည်သူတွေ အားလုံးက ချစ်မြတ်နိုးလေးစားရတဲ့၊ ကမ္ဘာတစ်ဝန်းလုံးက နိုင်ငံတကာ အစိုးရတွေအပါအဝင် ကမ္ဘာ့ပြည်သူတွေအားလုံးက လေးစားဂုဏ်ပြုကြတဲ့ ဒေါ်အောင်ဆန်းစုကြည်လို အမျိုးသမီးကောင်းတစ်ဦးရဲ ့ ဓါတ်ပုံကို ခြေထောက်နဲ ့ လူမြင်ကွင်းရှေ ့မှာ ပေါ်တင် ခြေထောက်နဲ ့ ကန်ပြရဲတဲ့ နယူးယောက်မြို ့က ်စစ်ဝန်ရုံး ဝန်ထမ်း ငမိုက်သားရဲ ့ ရိုင်းစိုင်းတဲ့လုပ်ရပ်ကို အမေရိကနအစိုးရထံ အသိပေးတိုင်ကြားကြပြီး နအဖသံတမန်တစ်ဦးရဲ ့ မယဉ်ကျေး မဖွယ်ရာမှုကို ထုတ်ဖေါ်ကြပါ။ ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ ့ ရိုးသားဖြူစင်တဲ့ဂုဏ်သိက္ခာ၊ ပြည့်ဝထူးချွန်တဲ့ အရည်အချင်း၊ မြင့်မြတ်ခိုင်မြဲတဲ့ သူရသတ္တိ၊ တည်ကြည်ဖြောင့်မတ်တဲ့ စိတ်နေစိတ်ထား၊ လေးစားဂုဏ်ပြထိုက်တဲ့ ပြည်သူ ့အတွက်ဆောင်ရွက်မှုတွေကို လက်ပါးစေတွေအနေနဲ ့ ကောင်းကင်နဲ ့ မြေကြီး နံ ့သာဆီနဲ ့ […]


BayoteJune 19, 20101min1662
၁၉၇၉-ခုနှစ်၊ ဇွန်လ(၁၉)ရက်၊ အင်္ဂါနေ့တွင် မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကိုင်းလယ်ကျေးရွာ၊ အဖ ဦးမင်းလွင် နှင့် အမိဒေါ်ရေး တို့မှ ဖွားမြင်သည်။ မွေးချင်း ခုနှစ်ယောက်တွင် ငါးယောက်မြောက် သားဖြစ်သည်။ အသက်(၅)နှစ် အရွယ်တွင် ပေါက်မြို့၊ အောင်တံခွန်ရပ်၊ အမှတ်(၄)မူလတန်းကျောင်း၌ ပညာသင်ကြား ခဲ့သည်။ သူငယ်တန်းမှ စတုထ္တတန်းအထိ အတန်းစဉ် ပထမရကာ ဆရာမကြီး၏ ချစ်ခင်မှုကို အထူးခံရသူ ဖြစ်သည်။ အသက် ၂၉ နှစ်အရွယ်၌ ဓမ္မာစရိယတန်း စာဝါလိုက်နေရင်း နိုင်ငံရေးတွင် စိတ်ပါဝင်စားခဲ့သည့် ဆရာတော်သည် ၂ဝဝရ ခုနှစ် စက်တင်ဘာလက ဖြစ်ပွားခဲ့သည့် ရွှေဝါရောင် တော်လှန်ရေးဟု အမည်တွင်ခဲ့သော သံဃာ-လူထု လှုပ်ရှားမှုကြီးတွင် ဦးဆောင်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး၏ ဦးဆောင် ဆရာတော်တစ်ပါး ဖြစ်ခဲ့သည်။ ဦးဂမ္ဘီရ […]


BayoteJune 19, 20101min25612
အမေ။ သားတို့ကို ခွင့်လွှတ်ပါ။ အမေအများကြီး အနစ်နာခံခဲ့ပေမဲ့ အမေ့သား သမီးတို. တာဝန်မကျေခဲ့ပါဘူး။ အမေတောင် ၆၅ နှစ်ပြည့်ပြီ။ အမေ သက်ကျော်ရာကျော် ရှည်ပါစေ လို့ သားတို. သမီးတို့ ပြည်သူလူထုအားလုံးက ဆုတောင်းပေး လိုက်ပါတယ်။


BayoteJune 18, 20101min1793
800 MHz အမျိုးအစား (၅) သိန်းတန် ကတ်ဖုန်း အလုံးရေ (၁) သိန်းကို လာမည့် ဇွန် (၂၁) ရက်မှ စတင်၍ ရန်ကုန်တမြို့လုံးသို့ အငှားချထားပေးမည်ဟု ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှ သိရသည်။ အဆိုပါဌာနမှ အကြီးတန်းအရာရှိတဦးက “ဓာတ်ပုံ (၃) ပုံ၊ မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူ၊ ဆက်သွယ်ရေးသို့ ပေးသွင်းရန် ကျပ် (၅) သိန်း၊ သုံးစွဲလိုတဲ့ ယူနစ်ကတ်တန်ဖိုး (၁၀,၀၀၀၊ ၃၀,၀၀၀၊ ၅၀,၀၀ဝ ကျပ်) ဒါတွေ လိုအပ်ပါတယ်” ဟု ပြောသည်။ လျှောက်လွှာများကို ဗဟိုစာတိုက်ကြီး၊ ပန်းဆိုးတန်း ကြိုးမဲ့ကြေးနန်းရုံး အပါအဝင် စာတိုက် (၄) ခုနှင့် လမ်း (၄၀) မြန်မာ့ဆက်သွယ်ရေးတို့တွင် လက်ခံပြီး တယ်လီဖုန်းငှားရမ်း […]


BayoteJune 18, 20101min1602
ဗိုလ်မှူးမင်းလွင် (ငြိမ်း) (ဒါးပိန်မြို့)၊ လွတ်လပ်ရေးမော်ကွန်းဝင် (ပထမဆင့်)၊ နိုင်ငံ့ဂုဏ်ရည် (ပထမဆင့်)၊ ဦးစီးအရာရှိ(ပ) ပညာသည်(ငြိမ်း)၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း။ အသက် (၈၈) နှစ် သည် ၁၅.၆.၂၀၁ဝ (အင်္ဂါ) နေ့တွင် ကွယ်လွန်သွားပါသဖြင့် ကွယ်လွန်သူ၏ ဆန္ဒအရ ၁၆.၆.၂၀၁ဝ (ဗုဒ္ဓဟူး) နေ့ ညနေ (၃းဝ၀) နာရီတွင် ဗဟန်းမြို့နယ် ဇီဝိတဒါနသံဃာ့ဆေးရုံမှ ရေဝေးသုဿန်သို့ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူကိုယ်တိုင် နိဗ္ဗာန်ယာဉ်အား မောင်းနှင်၍ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသားများက မိသားစုနှင့် အတူ လိုက်လံပို့ဆောင် မီးသဂြိုင်္လ် ပေးခဲ့ကြပါသည်။ Source : http://www.demowaiyan.co.cc/


BayoteJune 18, 20101min1866
စစ်တွေမြို့နယ်မှ ကျေးရွာ တရွာကို လေဆင်နှာမောင်း တိုက်ခတ်သွားသဖြင့် အိမ်ခြေ အများအပြား ပျက်စီးသွားပြီး ကျေးရွာသား တဦး ပျောက်ဆုံးနေကာ နောက်တဦးမှာ ဒဏ်ရာ ရရှိသွားကြောင်း သတင်း ရရှိသည်။ ဇွန်လ ၁၄ ရက်နေ့ ညဉ့် ၁၁ နာရီခန့်တွင် စစ်တွေနှင့် မန်စီ ကားလမ်း အကြားတွင် တည်ရှိသော သဲချောင်းကျေးရွာကို လျှပ်တပြက် လေဆင်နှာမောင်း ဝင်ရောက် မွှေနှောက်သွားခဲ့သည်။ ကျေးရွာသား တဦးက ” လေဆင်နှာမောင်းတိုက်တာက ၃ မိနစ်ဘဲ ကြာပါတယ်။ လေလာတာက တော်တော်ပြင်းပါတယ်။ တခါမှ မတွေ့မမြင်ဖူးပါဘူး။ အိမ်ခြေ ၃၆ လုံး ပျက်စီးသွားပြီး မူလတန်း ကျောင်းနဲ့ ဘုန်းကြီးကျောင်းလည်း ပျက်စီးတဲ့ အထဲမှာ ပါဝင်သွားပါတယ်။ ခုချိန်ထိတော့ ကိုကျော်နိုင်က […]