htet wayNovember 13, 20121min1215
အို..ပန်းမဝတီ သင့်တေးသံနဲ့ ဆက်စီးပါလေ တခါက ရဲရဲနီစွေး “နောင်ရိုး တိုက်ပွဲ”က သွေးတွေ လည်း သင့် ရင်ခွင်ထဲ စီးခဲ့ဖူးတယ် လေးသံ မြှားသံဓါးချင်းခတ်သံ စစ်မောင်းသံ ကြွေးကြော်သံ ကြုံးဝါးသံတွေနဲ့ သင့် ကျောပေါ် တိုက်ဆင်တွေ စစ်မြင်းတွေ ဖြတ်ခဲ့ဖူးတယ် အို..အိပ်မက်ဆိုသော အရပ်က ပန်းမဝတီငဲ့ ကျော်ထင်နော်ရထာက ဖေါင်တွေကို မီးတိုက် နောက်ပြန် မလှည့်ကြေးဆိုတဲသူရဲကောင်းတို့ရဲ့ သီချင်း မှာ ဝါးပိုးပင်ကြီးတွေယိမ်းနွဲ့ ကခုန် မြစ်ကလည်းသံပြိုင် စည်းချက်ညီခဲ့တယ်မဟုတ်လား ကျော်ထင်နော်ရထာရဲ့ အောင်လျှင် အသက်ရှင်မည်မအောင်လျှင်သေမည်ဆိုတဲ့ ကြွေးကြော်သံကို သင်နာခံခဲ့တယ် မဟုတ်လား တပင်ရွှေထီး က ပေးတဲ့ ဘုရင့်နောင် ဘွဲ့ သင့်နုတ်ခမ်းသားပေါ်မှာအောင်စည် အောင်မောင်းတွေနဲ့ ကျော်ထင်နော်ရထာကိုဂုဏ်ပြုပွဲ သူတို့ ဆင်နွဲခဲ့တာပဲ အိုပန်းမဝတီ အစကတော့ သင့်ကို […]


htet wayNovember 9, 20121min29415
နောင်ရိုးတိုက်ပွဲနှင့်ပတ်သက်၍ အိမ်မဲမြို့သို့သမိုင်းသုတေသနကအရာရှိနှစ်ဦးရောက်လာခဲ့သည်။သူတို့က အမျိုးသားပြတိုုက်နှင့်ကမ္မည်းကျောက်စာဌာနခွဲရှေးဟောင်းသုုတေသန၊ စာကြည့်တိုက်ဦးစီးဌာနက လာတယ်တွေ့ချင် နေကြတယ် ဆိုတော့ အစကတော့ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှာစောင့်မည်ထင်မိခဲ့သည်။တွေ့ချင်သည်ဆို၍မိမိကရှာလိုက်သည့်အခါ မြိုစွန်ချောင်းဝပိုင်းတံတားထိပ်ကတံတားဆောက်လုပ်ရေးမှာစောင့်ဆိုင်းနေ၍ထိုနေရာ၌ပင် စကားပြောခဲ့ကြသည်။သူတို့နှင့်ပါလာသူကဓါတ်ပုံတွေရိုက်ကြ၊ဆွေးနွေးပြောဆိုကြပြီး သမိုင်းဝင် ရှင်ပင်ချမ်းသာ ဘုရားကြီးကိုဖူးချင်သည်ဆို၍အိမ်မဲမြို့နယ်အသင်းကဦးခေတ်ဟုတ်ကလိုက်ပို့ပေးသည်။ ညပိုင်းနန်းထိုက်တည်းခိုခန်းရဲ့ဧည့်ခန်းဆောင်မှာထိုင်ပြီးဆွေးနွေးဖြစ်ခဲ့ကြတယ်။ သူတို့ကကျွန်တော်ရေးတဲ့နောင်ရိုးတိုက်ပွဲဆိုသောထိုအရပ်ဆောင်းပါးကိုထုတ်ပြလို့၊ “အိမ်မဲမြို့နယ်ထဲတွင်နောင်ပါသော၊ရိုးပါသောအမည်ပါ ရွာတွေအမြောက်အများရှိသည်။ရွာဆူရိုး၊ဖိုးလှာ်ရိုး၊အကယ်ရိုး၊ရိုးကြီး ၊ငရံရိုး၊ကန်သင်းရိုး..စသဖြင့်ရိုးပါသောရွာတွေရှိသည်။နောင်ပါသောနောင် အန်းတမိတ်(ယခုအင်းတမိ)ဆိုတာရှိသည်။နောက်ဆင်ကူး၊ဆင်ဆိပ်ဆိုတာတွေလည်းရှိသည်။ သမိုင်းပညာရှင်ဒေါက်တာတိုးလှက(၁.ရ.၂၀၁၂)ရက်နေ့တွင်အိမ်မဲမြို့နယ် အသင်းနှင့်ဆင်ကူးဆင်ဆိပ်ကိုသမိုင်းဆိုင်ရာအထောက်အထား သွားရောက်လေ့လာရန်သွားခဲ့သည်။အပြန်မှာအိမ်မဲမြို့ထိပ် ကရွှေအိမ်ရတနာဘိုးဘွားရိပ်သာမှာဆွေးနွှေးပွဲလေးတစ်ခုပြုလုပ်ရသည်။ကံအားလျှော်စွာ မိမိလည်းတက်ခွင့်ရလိုက်သည်။ဆွေးနွှေးပွဲမှာပညာရေးမှူးအငြိမ်းစား တစ်ဦးကနောင်ပါသောရွာများ၊ရိုးပါသောရွာများအကြောင်းပြောရင်း နောင်ရို့ဆိုသည်မှာယခင်ကမွန်ကရင်များနေထိုင်ရာမှ၎င်းတို့စကား နက်ရှိုင်းသောအင်းဟူအေဓိပါယ်ရကြောင်းပြောခဲ့သည်။ဝေါဟရဖွင့်ဆိုချက်မှာ နီးစပ်မူရှိသည်ကိုတွေ့ရသည်။” ဆောင်းပါးပါ အချက်များကို မေးမြန်းကြသည်။ကျွန်တော်ကလည်း ကျယ်ကျယ်ပြန့်ပြန့် သိသလောက်ကို ရှင်းပြ ပြောပြ ခဲ့သည်။ သတင်းထောက်ဇာ်ထက်အိ်မ်မဲရေးတဲ့(၁.၇.၂၀၁၂)ပါကြေးမုံသတင်းစာမှာပါတဲ့စာရေးဆရာထက်ဝေးက ကျေးရွာတစ်ရွာ၌ရှေ့ဟောင်းလောင်းလှေကြီးတစ်စီးတူးဖေါ်ရရှိသည်ကိုတင်ပြဆွေးနွေးဟူသောကိစ္စကိုလည်း မေးမြန်းသည်။ကိုယ်ကလည်းသိတာကိုရှင်းပြခဲ့ရသည်။အိမ်မဲမြို့နယ် အင်းတမိကျေးရွာ၌၁၉၇၄ခုနှစ်ကရေတွင်းတူးရင်းလှေပဲ့ပိုင်းပျဉ်ချပ်ကြီးရကြောင်းကို သေချာရှင်းပြပြောပြခဲ့သည်။ အိမ်မဲမြို့နယ်မှာလည်းပါးစပ်ရွာရာဇဝင်ဖြစ်နေခဲ့သည်နောင်ရိုးတိုက်ပွဲသည်အိမ်မဲမြို့နယ်တွင်းမှာဖြစ်ခဲ့သည်။အခုလာရောက်သောအဖွဲ့ကညောင်တုန်းမြို့နယ်တွင်လေ့လာရေးကွင်းဆင်းအုံးမည်။သူတို့က ထန်းတစ်ပင်အနီးကရွာတစ်ရွာကိုစိတ်ဝင်စားသည်။အင်္ဂပူရမြို့ဟောင်းရှိမှနောင်ရိုးတိုက်ပွဲဖြစ်တဲ့နေရာဟ ယုံကြည်ချင်ပုံရသည်။အင်းမျောကျွန်းတိုက်ပွဲနှင့်ပတ်သက်သောနေရာဆိုတာကိုတွေ့ချင်သည်။သုရှင်တကာရွတ်ပိနတ်ရွာစံစဉ်အရိုးအိုးနှင့်စေတီတည်ထားသည့်နေရာကိုတွေ့ပါမှနောင်ရိုးတိုက်ပွဲ ဖြစ်သည့်နေရာဟုလက်ခံချင်ပုံရသည်။ဒါကသူတို့ အပိုင်းဖြစ်သည်။ ဆရာဒါရိုက်တာအောင်စိုးဦးကလည်းဖုန်းဖြင့်သူတို့ကို ရိုးကြီးရိုးလေးဘက်လိုက်ပြဖို့ပြောသည်။ခက်သည်ကသုတေသနအဖွဲ့ကနက်ဖြန် နေပြည်တော်ရောက်အောင်သွားရမည်ဆို၍ အချိန်မရတော့။တစ်ညအိပ်သာနေ၍ အိမ်မဲမြို့နယ်အသင်းက အိမ်မဲမြို့နယ်ဇရပ်ဆိပ်ကိုသာလိုက်ပို့လိုက်ရသည်။အဆိုုပါအဖွဲ့မှမြေပြင်အနေအထား များကိုGPSဖြင့်မှတ်တမ်းတင်ရိုက်ကူးကြသည်။ဘုရင့်နောင်မင်းတရာကြီးတည်ထားကိုးကွယ်ခဲ့သည်ဆိုသော […]


htet wayNovember 6, 20121min31123
တို့ ဆိုရှယ် နက်ဝေါ့ ဖေ့ဘုတ်သုံးကြတယ် စိတ်ပြေ လက်ပျောက် တစ်ချို့ကလည်း ဘိမ်းစွဲသလိုစွဲနေလို့ တစ်ချို့လည်းဂျီတော့မှာ အသည်း မီးလောင်လို့ တကယ်တော့ ငါတို့ဟာ လူမှု ဆက်သွယ်ရေးကွန်ယက်ထဲ ဝင်ကကြတာပဲ ပြီးတော့ မိတ်ဆွေတွေရကြတယ် တစ်ရာ့ကိုး တစ်ရာ့ တစ်ဆယ် တွေ ကျောင်း တက်လက်စ သူငယ်နပ်စားတွေ ခပ်ကြောင်ကြောင်တွေရော တရားသမားရော အရက်သမားရော အပျိုကြီးတွေ ရောမုဆိုးမတွေရော မင်းလို ..ကဗျာဆရာတွေရော လူစုံတက်စုံ အသက်ကြီးကြီး ပညာတတ် မိန်းမတစ်ယောက်နဲ့ ခင်မင် မထင်ခဲ့ဘူး အသက်ကြီးလေ ဆုံးမတတ်လေပဲ ခက်တာက အပျိုကြီးဆိုတော့ ဇီဇာကြောင်တာ တို့ စိတ်ကောက်လွယ်တာတို့ ဘာဘဲဖြစ်ဖြစ် မိန်းမဟာ မိန်းမပဲ… ကမ်းဝေး အပျိုကြီး ဟာ အပျိုကြီးလိုပဲနေတာပဲလေ ငါတို့ ဖေ့ဘုတ်ဆိုတာသုံးကြတယ် ဒီလို […]


htet wayOctober 23, 20121min26918
ကလေးလေးတွေ ပညာ တတ်ဖြစ်ဖို့တော့ ကျွန်တော်ရဲ့ မနက်ခင်းတွေ ကို လက်ဖက်ရည် ဆိုင်လေး မှာထိုးကျွေး လို့လက်ဖက်ရည် ဆိုင်မှာ သတင်းစာ ဂျာနယ် တွေ ဖတ်ရင်း မိတ်ဆွေ တွေနဲ့ စကားပြောရင်း အချိန်ကုန်လွန်ခဲ့တယ်။ လက်ဖက်ရည် ဆိုင်မှာ က လူစုံစရိုက်စုံ သတင်းစုံ ရှိတယ်။ ဒီမှာ တေါ့နေရတာက စားပွဲထိုးလေးတွေ ရှိလှ အသက်က ဆယ့် နှစ်နှစ် ၊ ဆယ့်သုံးနှစ် တွေ ပညာသင်ဖို့ကောင်းဆုံး အရွယ်တွေ ။ကျောင်းလည်း သေသေချာချာ မတက်ဖူးကြတော့ အတွက် အချက်ကမှား ဒီမှာ ဆိုင်ရှင်ကရိုက်တာခံရ စားသုံးသူက မာန်မဲတာခံရနဲ့ ကြည့်ရတာ သနားစရာကောင်းလှပါတယ်။ တခါသားက လက်ဖက်ရည်ဆိုင် တစ်ခုမှာ အလုပ်လုပ်တဲ့ ဆယ်ကျော်သက်ကောင်မလေးကပြောတယ် မနက်ကို လေးနာရီ […]


htet waySeptember 28, 20121min21613
ပေးစာဆိုတာ မနက်စောစော လက်ဖက်ရည် ဆိုင် ထွက်လာရင်း ရေးကြီး သုတ်ပျာနဲ့ အန်အယ်ဒီက မိတ်ဆွေ တစ်ယောက်က လာပြီး ဆရာ ခဏလောက် စကားပြောပါရစေလို့ ဆိုလာတယ်။ ကျွန်တော်ကလည်းပြောပေါ့ ဒီမှာတင် သူတို့ ပါတီကို ရွာတွေမှာ စာဖြန့်ထားတယ် ။ ဘယ်သူက ဘာအပြစ် ၊ ဘယ်ဝါကတေ့ ငွေစားလို့ ၊ ဘယ် တစ်ယောက်က ရုံးမှာ ပါတီဝင် အမျိုးသမီးတွေနဲ့ တရုန်းရုန်း စသဖြင့် မကောင်းကြောင်းတွေ လိုက်လံ ဝေငှနေတယ်။ဒါကြောင့် ရွာကို စည်းရုံးရေးဆင်းတော့ အခက်အခဲတွေ ဖြစ်နေတယ် ဆိုပဲ။ ရေးဖြန့်သူက နာမည်ပါအောက်မှာရေးထားတယ်ဆိုတော့ တရားစွဲပါလို့ အကြံပေးလိုက်တယ်။ ဒီမှာတင် ပြောသူက တရားစွဲချင်တယ် သို့သော် လူနာမည်တစ်ခု ရေးရုံနဲ့ တရားစွဲလို့ ရပါ့မလား […]


htet waySeptember 22, 20121min25713
လူတစ်ဦး တစ်ယောက်ကို အသရေ ပျက်မှာ သိရဲ့ နစ်နာစေမယ်လို့ ယုံကြည်ပြီး ပြုမူ ပြောဆို ရေးသား ထွင်းထူ ပြောဆိုနေတာဟာ အသရေ ဖျက်ရာရောက်တယ်။ တလောက နယ်မြို့လေး တစ်မြို့မှာ အသရေကို ထိခိုက်စေတဲ့ တိုင်ကြား တင်ပြ စာတွေ ဖြန့်ဝေတယ် ဆိုပြီး တရားရုံးကို ဦးတိုက်လျှောက်တဲ့ အမှုတစ်ခု ကြားသိရတယ်။ အမျိုးသားရေး ဘာသာရေး လူမူရေးတွေ ဆောင်ရွက်နေတဲ့ အသင်း အဖွဲ့ (၃)ခုကို တစ်ဆင့်မြင့် တဲ့ အဆိုပါ အသင်းအဖွဲ့ နဲ့ ဋ္ဌာနချုပ် ဗဟိုကို တင်ပြ တိုင်တန်း စာတွေ ဇြန့်ဝေလို့ လက်မှတ်ရေးထိုး ဖြန့်သူ (၃)ဦးကို နစ်နာသူတွေက တိုင်တန်းတာဖြစ်တယ်။လတ်တလောမှာ တရားရုံးမှာ စစ်ဆေးနေဆဲ လို့ သိရပါတယ်။ […]


htet waySeptember 20, 20121min1756
ကျွန်တော်က ရှေ့နေတွေကို ငယ်ငယ်က အထင်ကြီး ခဲ့တယ်။ရှေ့နေတွေနဲ့ နောက်ပိုင်း ပိုရင်နှီးလာခဲ့တယ် အန်အယ်ဒီပါတီ ကို အခု ပါတီဝင် တွေ လျှောက်လွှာ လာတင်ကြတာရှေ့နေရှေ့ရပ် များတယ်။ရှေ့နေတွေကို ခင်မင်တယ် စိတ်ထဲမှာတော့ သူတို့ ရှေ့နေ ဆိုတာ မရှိပါဘူး။ တခါက အမှုတစ်ခုကို မရွယ်ဘဲ တရားစွဲလိုက်ရတယ်။အသင်းအဖွဲ့ ကို စော်ကားလို့ ၊ စာတွေ ဖြန့်လို့ အဖွဲ့ ခေါင်းဆောင် တစ်ယောက်မို့ အဖွဲ့ ဝင်တွေရဲ့ ဆန္ဒအရ တရားစွဲလိုက်ရတယ်။ တရားရုံးက ပုဒ်မ၅၀ဝနဲ့ လက်ခံတယ် အမှုကို လက်ခံ စစ်ဆေးတယ်။ဒီမှာ တင် တဖက် စွပ်စွဲခံရသူ ရဲ့ ရှေ့နေက ကိုယ့် သူငယ်ချင်း ဖြစ်နေတယ်။ တရားရုံးမှာတွေ့တော့ ကိုယ်က နုတ်ဆက်တယ် သူက […]


htet waySeptember 12, 20121min983
ဆရာကြီး ဝမ်းအိုဝမ်းကျော်ဝင်းမောင် အကြောင်း လျှပ်တစ်ပြက်ဂျာနယ်မှာ ဆရာအောင်ဝေးက ဆရာကြီး နာမကျန်း ဖြစ်နေတာကို စိုးရိမ်ကြောင်း ကဗျာတစ်ပုဒ်နဲ့ ဖေါ်ကြူးတယ်။တကယ်တော့ ဆရာအောင်ဝေးပြောသလို ပြည်တွင်းက မွတ်စလင်စစ်ကြီး အဘ ဝမ်းအိုဝမ်းကျော်ဝင်းမောင် ကို ကျွန်တော်က အလွန် သဘောကျခဲ့တယ်။ လူချင်းလည်း ရင်းနှီး တယ်။ သူ့ရဲ့ စွန့်စား ခန်းတွေကို သဘောကျတယ် ။တကယ်တော့ နိုင်ငံဂုဏ်ရည်ဘွဲ့ရဖို့ ဆိုတာ လွယ်လွယ်တော့ မဟုတ်ပေဘူး။တော်လှန်ရေးကာလက အမေရိကန် ဝမ်းအိုဝမ်း တပ်တွေ ကိုရိန်းဂျားတပ် ( Ranger)လို့ ခေါ်ကြတယ်။အဲ့ဒီတပ်ထဲ ဗမာ၊ရှမ်း၊ ဗမာမွတ်စလင်တွေပါတယ်။“ အမေရီကန် ဝမ်းအိုဝမ်းအဖွဲ့နဲ့ ဗြိတိသျှ ဖို့ဒ် ၁၃၆ တပ်ဖွဲ့တွေဟာ စစ်အောင်နိုင်ရေး အတွက် အရေးကြီးတဲ့ နိုင်ငံရေးပြဿနာများ၊ ထောက်လှန်းရေးပြဿနာများကို အဓိက ထားတဲ့ ဆောင်ရွက်ကြတဲ့ […]


htet waySeptember 10, 20121min40826
မိန်းမတောင်းပွဲ ထက်ဝေး ရဲခေါင် မျိုးတင့် ဆိုတာက အသက် ၅ဝလောက်ရှိတဲ့ လူပျိုကြီး တစ်ယောက်ပါ။ဘာကြောင့် ခုထိ အိမ်ထောင်မကျလည်းဆိုတော့စိတ်ကြိုက်မတွေ့ဘူးတဲ့။သို့သော်အိမ်ထောင်မကျဖူးဘူး ဆိုပေမယ့်ချစ်သူအိမ်ထောင်ဘက်ဆိုင်ရာတွေကျွမ်းကျင်နှံစပ်ပါပေတယ်။ဘယ်ကောင်မလေးကဘယ်လို၊ဘယ်အမျိုးသမီးကလမ်းလျှောက်ရင်မြန်လို့ဘာစိတ်ဓါတ်သူအကုန်ပြောနိုင်တယ် ပေါင်းတာကလည်းလူငယ်တွေချည်းပဲ။ တခုပြောချင်တာကထူးထူးခြားခြားသူကအရွယ်ညက်နေတယ်။အရွယ်တင်တာ မဟုတ်ဘူးညက်တာ။သေးသေးညက်ညက်လို ညက်တာတော့ မဟုတ်ဘူး ။သူ့မှာက ပန်းနာရှိတော့ လက်ပြင်ကုန်းတယ်။သူခါးမှာအမြဲတမ်းအသက်ရှုကြပ်ရင်ရှူတဲ့ဗူးကချိတ်ထားရတယ် ။ စကားနည်းနည်းများများပြောရင်ဘဲသံလိုအသက်ရှူသံပြင်းပြီးတရှပ်ရှပ်ဖြစ်လာတယ်။ ရွာသာယာသပြေတန်းမှာကဈေးဆိုင်ကြီးကြီးမားမားမရှိဘူး။တဆိုင်ထဲရှိတယ်ရှိတဲ့ ဆိုင်က တရုပ်သွေး စပ်တာတဲ့ကြင်ဝှက်တို့ဆိုင်ပါ။ကိုကြင်ဝှက်မှာသမီး(၃)ယောက်ရှိတယ်အငယ်ဆုံးကောင်မလေးကတော်တော်ချောတယ်။ရဲခေါင်မျိုးတင့်ဈေးသွားဝယ်တယ် ဆိုရင်တန်ဖိုးနည်းတာလေးတွေဆို ပိုက်ဆံမယူဘူး ။တရွာလုံးမှာ ဘယ်သူ့ကိုမှဖေါ်ဖေါ်ရွေရွေ မရှိတဲ့ ခင်မေဆိုတဲ့ တရုတ်မလေးက ရဲခေါင်မျိုးတင့်ဆို ထိုင်စကားပြောတယ်။မဆန်းပေဘူးလား။ “ခင်မေကငါ့ဆိုအရေးပေးတယ်ကွ” ခင်မေလား..အင်းအသက်ငယ်ပေမယ့်လူတန်းစားခွဲခြားဆက်ဆံတတ်တယ်ဒါခင်မေနဲ့ပတ်သက်လို့ရဲခေါင်မျိုးတင့်ကအမြဲတမ်းပြောတတ်တဲ့စကားပါ။အမျိုးသမီးတွေကို ကြည့်တာနဲ့တာ်တော်ခွဲခြားနိုင်တယ် ဆိုလို့လူငယ်တွေကလည်းသူ့ဆိုပေါင်းသင်းလို့တစ်ချို့ဆိုသူကဒီကောင်မလေးမကြိုက်နဲ့ပုံကြည့်တာနဲ့သိတယ်ရီးစားများထားတဲ့ပုံဆိုပြီးရဲခေါင်မျိုးတင့်ပြောလိုက်ရင်လူငယ်တွေကနောက်ဆုတ်တော့တာပဲ။သူကအဲ့ဒီလိုလူငယ်တွေပေါ်မှာဩဇာကြီးပါတယ်။ ခင်မေကိုလည်းရွာထဲကလူငယ်တွေကကြိတ်ပိုးနေကြတယ်။ဒါပေမယ့် တိုင်ပင်ဖို့ ရဲခေါင်မျိုးတင့်ကို မေးတိုင်းတွန့်ဆုတ်နေတယ်မပြောချင်ပြောချင်နဲ့ “ဒီကောင်မလေးကအချစ်တွေဘာတွေစိတ်ဝင်စားမှာမဟုတ်ဘူး” လို့ပဲပြောပြီးနုတ်ဆိတ်နေတတ်တယ်။ရဲခေါင်မျိုးတင့်တို့ကရွာမှာနည်းနည်းတော့လူရည်လယ်တယ်ဆိုရမယ်။သူ့အမျိုးတွေကပုသိမ်မြို့ကြီးမှာရှိတယ် အိမ်မဲမြို့ပေါ်မှာရှိတယ်။ မကြာခဏ မြို့ပေါ်ရောက်တယ် ။တခြားတော့မဟုတ်ဘူးရင်ကြပ်လာရင်မချိမဆန့်ဖြစ်လာရင်မြို့ဆေးခန်းပြေးရတယ်လေ။ ရဲခေါင်မျိုးတင့်တို့ကခေသူတော့မဟုတ်ဘူးဒီလောက်ကျန်းမာရေးကချို့ယွင်းနေတာတောင်ကိုကမ်းတို့ကိုရင်စည်တို့နဲ့တွေ့ရင်တစ်ခွက်တစ်ဖလာတာ့ချတတ်သေးတယ်။ တစ်နေ့မှာရွာထိပ် ထန်းရည် ဆိုင်မှာ ထိုင်ပြီးဝိုင်းဖွဲ့နေတုန်းအမြည်းကိစ္စလိုလာတယ်အနီးဆုံးကထန်းရည်နဲ့လိုက်တာ ပဲကြီးလှော်ပဲသွားကိုကြင်ဝှက်ဆိုင်ဆိုတော့အသက်ငယ်တဲ့ကိုရင်စည်ကပြေးဝယ်မယ်လုပ်တော့ရဲခေါင်မျိုးတင့်ကနေပါစေကိုယ်သွားမယ်တဲ့။ဒီလူကလမ်းပြင်းပြင်းလျှောက်ရင်တောင်မောနေတဲ့လူကသွားမယ်ဆိုတော့လူငယ်တွေကလည်းဝို်င်းတားကြတယ်။ဒါပေမယ့်မရဘူးကိုရဲခေါင်ကတော့ရအောင်သွား […]


htet waySeptember 4, 20121min1375
ရဲခေါင်ဘတင့်ဆိုတာ နယ်မြို့ကနေ ကျောင်းလာတက်ရသူပါ။လရိပ်ပြာဆိုတဲ့ အဆောင်ကို သူငယ်ချင်ေးတွေ စုငှားပြီးနေတယ် ။မြောင်းမြကတင်အောင်စိုး၊ကျောင်းကုန်းက လူသန့်၊ပန်းတနော်က ရဲသွေး တို့နဲ့ လေးယောက် တစ်ခန်းနေကြတယ်။တက္ကသိုလ်ကျောင်းသား ဒေးသမားတွေ ဆိုတော့ လည်း ထုံးစံအတိုင်း အားတာနဲ့ လက်ဖက်ရည် ဆိုင်ထိုင် ၊ ညဆို အဆောင်ရှေ ့ဂစ်တာတီး နောက်တော့ ရိုးရာမပျက်အောင် လူစုပြီး ဖဲလေးဘာလေးရိုက် အရက်ကလေး နည်းနည်းပါးပါးမှီဝဲကြတာတော့ ရံဖန်ရံခါ ရှိတတ်တယ်။ ရဲခေါင်ဘတင့်ဆိုတာ ဗလကောင်းကောင်း ထောင်ထောင်မောင်းမောင်း အသားလတ်ပြီး ကြည့်ကောင်းတယ်လို့ ဆိုရမယ်။သူစိတ်ဝင်စားတာက ဓါတုဗေဒမေဂျာက ခင်ဖုန်းပဲ။ ဒီနေရာမှာ ခင်ဖုန်းအကြောင်းနည်းနည်းပြောချင်တယ် ခင်ဖုန်းက ရှပ်အကျင်္ီပဲ စတ်တယ် ဆံပင် ရှည် မထားဘူး သွားတာလာတာကအစ ခပ်သွက်သွက် သွားတတ်တယ် တစ်ချို့ မိန်းကလေးတွေ လို မနွဲ့ဘူး။သနပ်ခါး မလိမ်းဘူး […]


htet waySeptember 2, 20121min35924
တနေ့သား၌ကျွန်ပ် ဆီသို့ ဖုန်းဝင်လာ၏။ ဆရာထက်လား ဟူ၍မေးပြီး အေးဗျာ မနောဖြူလေး ဆောင်းပါးကတော်တော်ကောင်းတယ် ရွေးလိုက်ပြီ ဟူ၏။ သို့ကလို ပြောသူကား မန္တလေး အလင်းက CEOဦးတင်ကိုအောင်ဖြစ်ပါလေ၏။ မနောဖြူလေး၏ မြန်မာပြည်ကို ချစ်သည်ဆောင်းပါး(၃၁.၈.၂၀၁၂)ထုတ်မန္တလေး အလင်းဂျာနယ်တွင် ပါလာလေသောအခါ ကျွန်ပ်အား “ မိတ်ဆွေ ထက်ဝေးရေ့ အသင်တို့ ဂျာနယ်က မနောဖြူလေးဆိုသည်ကား အဘယ်သူနည်း ပိန်ပိန်သေးသေး ဖြူဖြူဖွေးဖွေးမျက်မှန်နဲ့ ဟို ..လေဒီလေးလားကွဲ့ ဟု ပုသိမ်က သတင်းစာဆရာတစ်ယောက်က ဤသို့မေးလာလေသော် ကျွန်ပ်က အဆွေတော် ဂေဇက်ဝင်တွေက ပြောင်းပြန်နာမည်မှည့်တတ် လေသည်။ပမာဆိုသော် ဦးဦးပါလေရာဆိုသော ပုဂ္ဂိုလ်သည်ကား နာမည်က ပါလေရာဆိုသော်လည်း ဥပဓိရုပ်မြင်ရုံနှင့် ကြည်ညိုလောက်ပေသည် အဆွေတော် ။နေရာတကာပါဖို့ဝေးစွ တွေ့ချင်လျှင်တောင် မနည်းတောင်ပန် ဖုန်းဆက် မေတ္တာရပ်ခံရ သည်။ စာအရေးအသားကို […]


htet wayAugust 21, 20121min1177
ဝမ်းအိုဝမ်း ကြီး သူရဲကောင်းကြီး ကျန်းမာပါစေ မြန်မာပြည်ရဲ့ အနောက်မှာ ရိုဟင်ဂျာ ပြဿနာ က ကြီးထွားလာတော့ အစွန်းရောက်တွေကလည်း အကြမ်း ဖက် ဖို့ ခြိမ်းခြောက်လာကြတယ်။ တာလီဘန်၊ နောက် ..အင်ဒိုက အဘူဘာကာဆိုလားပဲ။ ပြည်တွင်းနေ မြန်မာမွတ်စလင် တွေကတော့ ငြိမ်းချမ်းမူကိုပဲ လိုလားတယ်။အဲ့ဒီ အကြမ်း ဖက်မူတွေဟာ မြန်မာမွတ်စလင်တွေနဲ့ လုံးဝမသက်ဆိုင်တဲ့ အပြင် ဆန့်ကျင်ပါကြောင်းး၊ရှုံ့ချပါကြောင်း လည်း မြန်မာ မွတ်စလင် အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေက ပြောဆိုနေကြတယ်။ ဒါနဲ့ ပတ်သက်ပြီး ကဗျာဆရာအောင်ဝေးက လျှပ်တစ်ပြက်ဂျာနယ်မှာ ကဗျာ တစ်ပုဒ်ရေးပါတယ်။ကဗျာအမည်က “ တစ်အချက်ဆန့်ကျင်တယ် ၊နှစ်အချက်မကြောက်ဘူး” တဲ မြန်မာပြည်ကို ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်လို့ လေသေနတ်ပစ်နေတဲ ့ ခြိမ်းခြောက်မှုတွေကို မကြောက်ဘူးလို့ ဆရာက ဆိုလို […]


htet wayJuly 30, 20121min30719
ညီမလေးရေ တစ်ယာက်နဲ့ တစ်ယောက် ပြဿနာဖြစ်ရင် ကြား လူက သည်းခံလိုက်ပါ ၊ စိတ်လျှော့ပါ လို့ ပြောတတ်ကြတာ ညီမလေး လည်း ကြားဖူးမှာပေါ့နော်။တကယ်တော့ သည်းခံတယ်ဆိုတာ လွယ်လင့်တကူ လုပ်လို့ မရနိုင်ဘူး။စိတ်ကို ချုပ်တည်း ထားနိုင်ဖို့ ဆိုတာ လွယ်လင့်တကူကိစ္စတော့ မဟုတ်ဘူး ညီမလေးရယ်။ အကိုကတော့ သည်းခံတာကို ကြံ့ခိုင်တာလို့ ပြောချင်ပါတယ်။သည်းခံနိုင်တဲ့ စိတ်ဆိုတာ ကြံ့ခိုင်ခြင်း မဟုတ်ဘူးလား။ အကိုတွေ့ဖူးတဲ့ ကျောင်းဆရာမလေး ဆို ကလေး တစ်ယောက် မွေးပြီးစအချိန်မှာ ယောက်ျားက ပစ်သွားခဲ့တယ်။ ရင်ခွင်ပိုက်ကလေး တစ်ယောက်နဲ့ မြို့နဲ့ ၄မိုင်လောက်ဝေးတဲ့ ခရီးကို ကလေးကို ကျောလွယ်လို့ စာသင်မပျက်သွားခဲ့တယ် ညီမလေး ။ဘယ်လောက်လေးစားဖို့ကောင်း လိုက်သလဲညီမလေးရယ်။နောက်မိုးဆိုလည်း မိုးကာလေးနဲ့ ဆောင်းဆိုလည်း စောင်တွေဘာတွေနဲ့ ကလေးကို ယုယလို့ […]