htet wayJuly 22, 20121min28619
နောင်ရိုးတိုက်ပွဲဆိုသော ထို အရပ် နောင်ရိုးတိုက်ပွဲအကြောင်း ငယ်ငယ်က ကျောင်းသုံးစာအုပ်မှာသင်ရဖတ်ရပါသည်။ အရွယ်ရောက်တော့ စာအုပ်တွေမှာ နောင်ရိုးတိုက်ပွဲအကြောင်း ဖတ်ရင်း ဘုရင့်နောင် ကို သဘောကျနေမိခဲ့သည်။ နောင်ရိုးတိုက်ပွဲတွင် အဓိက အောင်မြင်သူမှာ ဘုရင့်နောင်ဖြစ်သည်။ ငယ်အမည်မှာ သျှင်ရဲထွတ်ဖြစ်ပြီး ဘွဲ့ အမည်မှာကျော်ထင်နော်ရထာလို့စိတ်ထဲစွဲအောင်မှတ်သား ခဲ့ဖူးသည်။ အဘယ်ကြောင့် နည်း နောင်ရိုးတိုက်ပွဲ သည် အိမ်မဲမြို့နယ်တွင် ဖြစ်ခဲ့ သည်ဟူသောဇာတိမာန်ကြောင့် ဖြစ်ပါသည်။ ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် လေးအတွင်းမှာတော့ပါးစပ်ရာဇဝင်လေး တစ်ခု အဖြစ် နောင်ရိုးတိုက်ပွဲ ဆင်နွှဲခဲ့တယ်လို့ပြောရင်း ငယ်ငယ်က အိပ်ယာဝင်ပုံပြင် တစ်ပုဒ်၊ နောက်တော့ ရွှေဘုံသာဘုရားကြီး တန်ဆောင်းကို ဘုရင့်နောင်က ရွှေတစ်ပုံ ငွေတစ်ပုံချပုံ၍ တည်ထားကိုးကွယ်ခဲ့သည်ဟူသော ပြောဆိုသံတွေ ကြားခဲ့ရဖူးပါသည်။ ၂၀၀၅ခုနှစ်တွင် နောင်ရိုးတိုက်ပွဲ သူသေသန အဖွဲ့ ရောက်ခဲ့ဖူးသည်။သမိုင်း အချက်အလက်တွေ […]


htet wayJuly 21, 20121min44327
တရားရုံးကို မထီမဲ့မြင်ပြုတယ်ဆိုတာ စာရေးသော သတင်းစာ ဆရာ၊ စာရေးဆရာ တို့၏ရေးသားမူများတွင် တရားစီရင်နေဆဲ အမူများပါဝင်တတ်ပါသည်။ထိုအခါတရားရုံးကို မထီမဲ့မြင်ပြုရာရောက်သော စကားရပ်များပါဝင်တတ်ရာ တရားရုံးကို မထီမဲ့မြင် ပြုရာရောက်သည့် အမူများ ဥပဒေပုဒ်မနှင့် ညှိစွန်းတတ်ပါသည်။ တရားရုံးများ တွင် အမူစစ်ကြားနာလျှက်ရှိသော အမူများနှင့်ပတ်သက်၍ ဝေဖန်ဆုံးဖြတ်ရန် တာဝန်မှာ တရားရုံးများအပေါ်၌သာတာဝန်ရှိသည်။တချို့က အမူကိုကြိုတင် ဝေဖန် စကားဦးသန်း၍ပြောတတ်ကြသည်။ ဒီပုဒ်မက ဘယ်လို ဒီအမူ ကတော့ ဘာမှ ဖြစ်မယ့်အမူ မဟုတ်ပါဘူး။ဒီအမူမှာ ဒီကောင်ထောင်ကျနိုင်တယ် ဒီပုဒ်မနဲ့စွဲတာအမူမမြောက်နိုင်ဘူး.စသည်ဖြင့်ပြောတတ်ဝေဖန်တတ်သည်။ဒီထက်တဆင့်တက်၍အများသိစေရန် စာဖြင့် ရေးသား တတ်ကြရာ တရားရုံး၏ စီရင်ချက် မချမီရေးသားပြောဆိုခြင်းသည် တရားရုံး ကိုမထီမဲ့မြင်ပြုရာရောက်စေပါသည်။ သတင်းသမား ဝါနုသူလေးများက FIR ကူးပြီး စွပ်စွဲခံရသူကို တရားခံဟူ၍ရေးတတ်သည်။ရဲ၏ပထမ သတင်းပေး တိုင်တန်းချက်သည် တရားရုံး၏စီရင်ချက်မဖြစ်သေး၍ စွပ် စွဲခံရသူပင်ဖြစ်ပါသည်။တရားခံမဖြစ် […]


htet wayJuly 18, 20121min1286
အခုတလော ဂျာနယ်တွေ မှာ သတင်းထောက်နာမည်တွေ မြို့တွေနဲ့ ယှဉ်တွဲ ဖေါ်ပြထားတာ တွေ့ရတယ်။သတင်း သမားလို့ ခံယူ ထားသူတွေ ကိုတွေ့ရတော့ ဝမ်းသာဂုဏ်ယူ မိပါတယ်။ သတင်းထောက် တစ်ယောက်ဟာ သိခြင်း ဗဟုသုတ အပြင် သမ္မာဆန္ဒ မျှတသော စိတ်ကို အခြေတည်ပြီး တက် ကြွ ရဲရင့်နေရပါမယ်။ သတင်းမီဒီယာ သမား တစ်ဦး အတွက် လို အပ်တဲ့ အရာတွေက ကင်မရာ ၊ အသံဖမ်း စက် ၊ မှတ်စု တွေပါ။ အရေးကြီးဆုံး လို အပ်ချက်ကတော့ ဆင်ခြင်တုံ တရားဖြစ်ပါတယ်။ အကြောင်း အရာတစ်ခုကို နားလည် သိမူသာဖြစ်ပါတယ်။ညီငယ်အရွယ် သတင်းထောက် တစ်ယောက်က ကလေး တစ်ဦးရေနစ်သေတာကို သတင်းရေးမယ် ဆိုပြီးရေးပါတယ်။ဂျာန […]


htet wayJuly 16, 20121min29415
ညီမလေးရေ အကို ထိုင်နေတဲ့ ပန်းခြံ က ဂရေ့ ဂါးရင်း လက်ဘက်ရည် ဆိုင်ထဲကို ရှေ့နေလေး တစ်ယောက်နဲ့ ခောတ်ဆန်ဆန် အမျိုး သမီးတစ်ယောက် ဝင်လာတယ်။ ရှေ့နေလေးက အကို့ မိတ်ဆွေဆိုတော့ အကိုထိုင်နေတဲ့ ခုံမှာ လာထိုင်တယ်ကွယ်။ ကောင်မလေးကတော့ ခပ်တည်တည်ပဲ ထိုင်လို့ လက်ဖက်ရည် မှာနေလေရဲ့ ။ပြီးတော့ ရှေ့နေလေးကို ဆရာရယ် ဒီကိစ္စ အဆင်ပြေပါ့မလား ကျမ သားလေးကို မခွဲချင်တော့ ဘူးတဲ့ ။ အကိုလည်း ဘာမှန်းမသိပါဘူး။ နောက်တော့ ကောင်မလေး က ကား ထွက်မှာမို့ ဆိုင် ထဲက ပြန် ထွက်သွားတယ်။ ညီမလေးရေ ကောင်မလေးက မာဆက်မှာ လုပ်တာတဲ့ ကွယ်။ ရုပ်ကလေးကချောချော လေးပါ။မာဆက်ကို လာတဲ့ […]


htet wayJuly 15, 20121min23710
မဟုတ်ဘူး ဦးလေး ခင်မောင်နဲ့ ငတင် တိုင်ပင်ထားသလို မတ်တပ်ရပ်လိုက်ပြီး သံပြိုင် အော်လိုက်တယ် ပြီးတော့ ဓါတ်ဗူး ကို ရှောင်ဖို့ နောက်ဆုတ်လိုက်ကြတယ် ။ပြီးတော့ ကျွန်တော်တို့ ကြက်ကိုရှာနေတာပါ ဘာပြောတယ် ဦးသာဒွန်းက ဓါတ်ဗူးနဲ့ ပေါက်ဖို့ ချိန်လို်က်ပြန်တယ် ။ ခင်မောင့်ကို ချိန်လိုက် ငတင်ကို ချိန်လိုက်နဲ့ ဘယ်သူ့ ပေါက်ရမယ်မှန်း ဝေခွဲနေပုံပဲ။အသံတွေကျယ်ကျယ်လောင်လောင်မို့ အိမ်ထဲက သီရိနဲ့ သူမအမေ ဒေါ်မြတို့ လည်း ပြေးထွက်လာကြတယ်။ သူတို့ လည်း ဘာဖြစ်တာလဲပေါ့ စူးစမ်းသလို ကြည့်နေကြတယ်။ ဒီမှာ ပဲ ငတင်က ` ဒီလိုပါ ဦးလေး သာဒွန်း ကျွန်တော်ကတော့ ဦးလေး အစုကြီးက ကြွေးသိမ်း လာတဲ့ ကြက်ကို ရှာနေတာပါ´ ငတင် […]


htet wayJuly 13, 20121min1086
ကျေးရွာရဲ့ သဘာဝအရ ပျော်ပါးလွတ်လပ်ကြတယ်။ တော်ရုံ ပြဿနာမရှိဘူး ။ ကြက်ငတင်ကလည်း ကြက်တိုက် ၊ လောင်းကြေးနိုင်တဲ့ အခါ နိုင် ရှုံးတဲ့ အခါရှုံးနဲ့ ထူးခြားတာက ကြက်ငတင် က ကြက်ဆို အငမ်း မရ ဝါသနာကြီးတာ ညဆို သူကြက် ခြင်ကိုက်မှာ စိုးလို့ ဆိုပြီး ဂရု စိုက်ရတာအမော။နွေဆို ကြက်ကို အိမ်ပေါ်မှာ သိပ်တာပါ အိုက်မှာ စိုးလို့ ယပ်ခတ်ပေးတယ်။ သီရိ အဖေဦး သာဒွန်းက လည်း ငယ်ငယ်က ကြက်ဝါသနာပါတယ်လို့ ပြောသံကြားဖူးတယ်။ အခုလည်း ဦးသာဒွန်းတစ်ယောက် အစုကြီးရွာက အပြန်တိုက်ကြက်မျိုးကောင်တစ်ကောင်ရလာတယ်လို့ သတင်းပြန့်နေတယ်။ ဒီသတင်းကို ဖြန့်ပေးတာက မီဒီယာ ခင်မောင် ဆိုတာပြောစရာမလိုဘူး။ခင်မောင်က ရွာထိပ်ဇရပ်မှာ ဘောတစ်ချပ်နဲ့ နေ့စဉ် စာရေး […]


htet wayJuly 11, 20121min22816
မန္တလေး အလင်း ဂျာနယ်တွင် မန်းဂေဇက် က မန်ဘားမှာ၏ အလှူ သတင်းကို (၁၃.၇.၂၀၁၂) ရက်စွဲ ဖြင့် သောကြာနေ့ ထုတ်ဝေမည် ဖြစ်သော မန္တလေး အလင်းဂျာနယ်တွင် ဖေါ်ပြ ပါမည်။ အဆိုပါ သတင်းတွင် `မန်းဂေဇက်ရဲ့ ရခိုင် သွေးချင်းများ ပြန်လည်ထူထောင်ရေး လက်ဆောင် နှင့် သူတို့ အသံ´ ခေါင်းစဉ်ပေးထားပြီး ပန်းတနော် သီတဂူအလှူ အကြောင်း ထည့်သွင်းဖေါ်ပြ ခဲ့ပါသည်။ လက်ငင်း ရခိုင် သွေးချင်းများ လက်ဆောင်ကို လည်းရေးသားပြီး မန်ဘာထဲမှ တစ်ချို့ ၏ ကွန်းမန့်ကိုဖေါ်ပြ ခဲ့ပါသည်။ သတင်း အတွက် ဆရာ ဘလက်ချော ထံ ဓါတ်ပုံ သုံးစွဲ ခွင့် ကို လည်းကောင်း၊ဆရာမ (မမ) […]


htet wayJuly 10, 20121min1637
မီဒီ ယာ ခင်မောင် ကလည်း သီရီကို ချစ်တယ်။သီရီကလည်း ညနေချမ်းလေး ဆို ရွာထဲ အလှပြ လမ်းလျှောက်နေကြ ။ တခါတလေ စက်ဘီးလေးနဲ့ သွားတတ်တယ်။ တစ်နေ့ မီဒီယာ ခင်မောင်နဲ့ သီရီ ရွာ ထိပ်က ဆက်သွယ်ရေး လမ်းမကြီးမှာ ဆုံတယ်။ သီရိရေ..အခုလိုတွေ့ရတော့ ငါလေပျော်တယ် သိလား ။သေချာတွေးကြည့်တော့ လည်း ဝမ်းနည်း မိပြန်တယ်။သိစိတ်ထဲရော မသိစိတ်ထဲမှာ လွှမ်းမိုး နေတယ်လို့ ပြောလို့ ရနိုင်မလားပဲ။ သိစိတ်ဆိုတာက ဟယ်…..။ ခင်မောင် စကားတွေကြောင့် သီရိ နုတ်ခမ်းစူတယ်။မျက်မှောင်ကုတ်လိုက်တယ် ခင်မောင် ဘာတွေပြောနေမှန်း သူမသိဘူး။ ခင်မောင် ..နင် ဘာတွေပြောနေတာလဲ သီရိက ခပ်မာမာလေးပြောတော့ ခင်မောင် လန့်သွားတယ်။ ထုံးစံ အတိုင်း နုတ်ခမ်းကို […]


htet wayJuly 8, 20121min18413
ညသည် တိတ်ဆိတတ်နေ၏။တောရွာတို့၏သဘာဝအတိုင်း ညဆယ်နာရီကျော်သည်နှင့် လူခြေတိတ်သည်။ တစ်ချက်တစ်ချက် ညည့်ငှက်အော်သံ ကြားရ၏။ အိပ်ပျော်ရင်း ယောင်အော်သော အပျိုကြီး မတုတ်၏ ကျမကို ချစ်ရင်မောင်ကြီးရယ်…ဆိုသော အသံ၊ကိုဝတုတ်၏ ကလေး ဝတုတ်လေးစည်သူ၏ လန့်ငိုသံ သူ့ဇနီး မူယာမြင့်၏ အိပ်ချင်မူးတူး သားချော့သံ တို့ အသံခပ်ဖျော့ဖျော့ပေါ်လာလိုက် ပျောက်လိုက် ဖြစ်နေရုံ မှ အပ ရွာသာယာသပြေတန်းသည် လူသံတွေ တိတ်နေသည်ဟု ဆိုရမည်။ ထိုအချိန်တွင်ပင် “ ရက် စက်လိုက်တာ ရွှေနီရယ် ဟီး..ဟီး အင့် ၊ သင်း ရက်စက်တယ်” အရက်သံလေးလေးကြီးဖြင့် ကြက်ငတင် ၏ငိုပြောသံ တနည်းဆိုသော် အရက်ငိုသံ “မီဒီယာ ခင်မောင် ဒီကောင် စားသွားတာ တောက်..၊” တိတ်ဆိတ်နေမူကို ကြက်ငတင်က ဖြိုခွင်းလိုက်သည်။ သူ့အသံကြောင့် […]


htet wayJuly 7, 20121min956
မှန်ကန်မူ သစ္စာတရားနဲ့ ကိုယ်ကျိုး စွန့် အနစ်နာခံသူတွေ မြို့တစ်မြို့လုံး ဖုံးလွှမ်းသွားအောင် ဥဩသံတွေ မည်ဟီးလိုက်စမ်းပါ ဟိုမှာ တိုင်တစ်ဝက်လွှင့်တင်ထားတဲ့ ဝမ်းနည်းခြင်း အထိမ်းအမှတ် အလံတော် ငါတို့ရဲ့ အမြတ်တနိုး သော့ခတ်ထားတဲ့ နေ့ရက် ဇူလှိုင် ၁၉ ငါတို့ရဲ့ ကယ်တင်ခြင်း တေးသွားရဲ့ချိုမြိန်မူ ဇူလှိုင် ၁၉ ငါတို့ရဲ့ ရနံ့အမွှေးဆုံး ပန်းတွေ ကြွေတဲ့ ဇူလှိုင် ၁၉ ဟော့ဒီမှာ ငါတို့ရဲ့ မွတ်သိပ်တဲ့ အလွမ်းတွေ ဟော့ဒီမှာ ငါတို့ရဲ့ ဝမ်းနည်းခြင်း မျက်ရည်တွေ ဟော့ဒီမှာ ငါတို့ရဲ့ သံပြိုင်သီဆိုလိုက်တဲ့ ကွဲကြေနေတဲ့ အသံ ဇူလှိုင် ၁၉ အနစ်နာခံခြင်းရဲ့ အခြား အမည်…..အာဇာနည်တဲ့ အရိုင်းအစိုင်းတွေရဲ့ လက်ချက်နဲ့ ကျဆုံးခဲ့ရတဲ့ ကျေးဇူးရှင်တွေ ကျွနပ်တို့ ရှိုက်သံဂီတ […]


htet wayJuly 6, 20121min32313
သတင်းဆိုသည်မှာ အရှေ့အနောက်တောင်မြောက် အရပ်လေး မျက်နှာတွင် ဖြစ်ပျက်သမျှ သတင်းဖြစ်ပါသည်။သတင်းသည် မြို့တစ်မြို့ ၊ တိုင်းပြည် တစ်ပြည် အတွက် အရေးကြီးဆုံး ဖြစ်ပါသည်။လူထုဆက်သွယ်ရေး တွင် သတင်းသည် အရေးကြီးဆုံးဖြစ်ပါသည်။ သတင်းသမား သည် သတင်းဖေါ်ပြချက် ကိုဆောင်ရွက်ရာတွင် တိကျသော၊ မှန်ကန်သော သတင်းဖြစ်ရန် အရေးကြီးပါသည်။ ဘက်လိုက်မူကင်းသောစိတ်ဖြင့် တာဝန်သိတတ်စွာ ကျိုး ကြောင်းပြ လမ်းညွှန်ခြင်း ၊ဖွင့်ဆိုရှင်းပြခြင်း စသည်တို့ကို ပြေပြစ်သော အရေး အသားဖြင့် ရေးသား တင်ပြနိုင်ရပါမည်။ သတင်းသမား သည် ကြားရတိုင်း သတင်း မဟုတ်၊ ဘယ်မှာပင်ကြားရစေ မှန်၊မမှန် ဆင်ခြင်စဉ်းစား အတည်ပြုတတ်ရန် အရေးကြီးဆုံး ပင်ဖြစ်သည်။သတင်းကြောင့် တိုးတက်မူများ ဖြစ်နိုင်သလို သတင်းကြောင့် ပင် ဆုံးရှုံး နှစ်နာမူများ လည်း ဖြစ်နိုင်ပါသည်။သတင်းတွင် […]


htet wayJuly 2, 20121min16010
အိမ်မဲမြို့နယ် အသင်းက အိမ်မဲ မြို့နယ် တွင်းမှာ နောင်ရိုး တိုက်ပွဲဖြစ်ပွားခဲ့တယ် ဆိုတဲ့ ကျောင်းသုံး စာအုပ် ပြဋ္ဌာန်း ချက်အပေါ်မှာ သမိုင်း သုသေသနတွေ လုပ်ဖို့ စိတ်အား ထက်သန်ခဲ့ကြပါတယ်။သမိုင်ပညာရှင်ကြီးတွေကို ချည်းကပ်ပြီး ကွင်းဆင်းလေ့လာခဲ့ကြပါတယ်။ သမိုင်းပညာရှင်ဒေါက်တာ သန်းထွန်း ထံ အကူညီတောင်း လို့ ၂၀၀၅ ခုနှစ်မှာ အိမ်မဲမြို့ နယ်ကို ကွင်းဆင်းလေ့လာမူတွေ ပြု လို့ သမိုင်း အချက်အလက်သဲလွန်စကို ရှာဖွေ ကြပါတယ်။ ဆရာကြီး ဒေါက်တာသန်းထွန်း နဲ့အတူ သမိုင်းပညာရှင် ဒေါက်တာတိုးလှ ဒါရိုက်တာ စာရေးဆာ အောင်စိုးဦးနဲ့ အိမ်မဲမြို့နယ် အသင်း ဥက္ကဋ္ဌ ဆရာကြီး ဦးမြင့်စိုး ဦးဆောင်တဲ့ အိမ်မဲမြို့နယ် အသင်း က နယ်မြကို သူသေသန လုပ်ဖို့ […]


htet wayJune 26, 20121min1958
ကျွန်တော်မနေ့က ရန်ကုန်က ပြန်ရောက်တယ် မြို့ အဝင်မှာ ကားပေါ်ကဆင်းမယ် လုပ်တုန်း ဖုန်းဝင်လာတယ် ။ သူငယ်ချင်းဇော်မင်းထက်လား အေးဟုတ်ပါတယ် ကျွန်တော့်ကို ဇော်မင်းထက်လို့ခေါ်တာ ကြားရခဲပါတယ်။ ငယ် သူငယ်ချင်းတွေ ပဲသိတဲ့ နာမည်ပါ ။ မြို့ပေါ်က လူတွေက ဆရာ ထက်၊ ကို ထက်ဝေး လို့ခေါ်တတ်ပါတယ် တော်တော် ရိုင်းတဲ့ လူတစ်ချို့သာ ထက်ဝေးလို့ခေါ်တတ်ကြပါတယ်။ အေး သူငယ်ချင်းပြောပါ ဘယ်သူလဲမသိဘူး ဆိုတော့ “ ငါ ခင်ဇော်လင်းပါ.. မင်းကိုတွေ့ချင်တယ် ရပါတယ် သူငယ်ချင်း အခုကားရပ်နေပြီ ဘယ်မှာတွေ့မလဲ ဆိုတော့ လက်ဖက်ရည်ဆိုင်မှာတဲ့ ။ ကျွန်တော်တို့ လက်ဖက်ရည်ဆိုင် ထိုင်ဖို့ ချိန်းလိုက်ကြတယ်။ ပြီးတော့ စကားပြောကြတယ်။ ဆရာ ခင်ဇော်လင်းဟာ ကျွန်တော် ့ […]