ムラカミMay 15, 20122min56632
၂၀၁၁-၂၀၁၂ ဘောလုံးရာသီကား ပြီးချေပြီ…။ သို့ရာတွင် မပြီးနိုင်သေးသော အကြောင်းတရားများ ကား တပုံတပင်။ ပိတ်သတ်ကြီးသိတော်မူသည့်အတိုင်း MandalayGazette United ဘောလုံးအသင်း(Man Utd.) သည် ခါးသီးသော မြို့ခံပြိုင်ဘက်အသင်းအား …အမှတ်တူ ဂိုးကွာခြားချက်ဖြင့် ဒူးထောက် အရှုံးပေးလိုက်ရကာ အမှတ်ပေး ချန်ပီယံ ဖလားအား လက်လွှတ်လိုက်ရပေသည်။ အကြောင်းတရားများကား မကောင်းတော့ …။ Man Utd. ၏ သက်တော်ရှည် နည်းပြချုပ် သူရဂူဆန် ကို ပုံတွင်မြင်တွေ့ရသည့်အတိုင်း အသင်းပိုင်ရှင် ဂလေတိုက်စိုး က ဖိအားပေနေပြီ ဖြစ်သည်…။ သည်နှစ် ပွဲကား ပြီးသွားသော်လည်း နောက်နှစ် နောက်နှစ်များအတွက် ပြင်ဆင်မှုများ သွေးသစ်လောင်းမှုများ မဖြစ်မနေလိုအပ်ပေသေည် …။ အမှတ်ပေးဖလား၏ နည်းပြဘဝသည် ခေါင်းမီးတောက် သည် ဟု ဆိုစမှတ်ရှိပေသည်။ […]


ムラカミMay 14, 20121min42730
ပန်းတနော် မြို့ အတွင်း ဝင်ရောက်လာသော ကမာ္ဘလှည့် စက်ဘီး စီး ချန်ပီယံ အား ဤသို့ တွေ့ရစဉ်… သတင်းအစုံအလင်မှာ…   ဒန်တန့်တန် ။။။     ဖျားလို့ ရုံးမတက်နိုင်မယ့်အတူတူ ရွာထဲ လှည့်ပတ်သောင်းကျန်းနေတာပဲ ကောင်းပါတယ်အေ…   အာဟိ ဒက်ဂလောက်…    


ムラカミMay 13, 20127min31215
ပုံရိပ် ပြတ်သားမှု ဆိုတာ ဓါတ်ပုံဆြာတိုင်း အလိုလား အတောင့်တ ဆုံးအရာ ဖြစ်ပါတယ်။ ဒါပေမယ့် တကယ်တန်း ပြတ်သားရှင်းလင်း တောက်ပ တဲ့ ပုံတပုံရဖို့ ဆိုတာကတော့ လွယ်ကူမယ် မဟုတ်ပါဘူး..။ ပုံရိပ် ပြတ်သားမှု sharpness ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကျနော်တို့ စကားပြောကြဖို့ sharpness လျော့နည်း ကျဆင်းစေတဲ့ အကြောင်းအရာတွေက နေ စလိုက်ချင်ရဲ့ဗျာ Poor Focus အဖြစ်အများဆုံး ရောဂါ ဟာ focus ပြတ်သားမှု မရှိခြင်းပါ ။ တခါတရံမှာ ပုံရိပ်ရဲ့ မှားယွင်းတဲ့နေရာကို focus ထားမိလျက်သား ဖြစ်တတ်ပါတယ်…။ focus out ရတဲ့ အကြောင်းရင်းထဲမှာ subject ဟာ camera နဲ့ နီးလွန်းခြင်း ဆိုတာလည်း […]


ムラカミMay 11, 20124min30711
မနေ့က မောင်ဂီ့ အတော် ပျော်ပါသည် ..ပျော်ဆို ..မောင်ဂီ့ ပီစီပျက်နေတုန်း ရိုက်နှက်ထားတာလေးတွေ ဖြတ်ပြီး အဂ္ဂမဟာ ဖေ့စဘုတ်တော် ပေါ် တင်ဖြစ်တုန်းက ဖြစ်ပါသည် ။ မောင်ဂီ့ အလွန်အင်မတန် လေးစားအားကျသော ဒါ့ပုံဆြာ ၂ယောက်ထံမှ comment လေးများ ချီးမြှင့်ခံ ရသောကြောင့်ဖြစ်ပါသည်။ technique အားဖြင့် ဘာမှ ပိုမထူးလာသော်လည်း composition အားဖြင့် သော်လည်းကောင်း sharpness အားဖြင့်သော်လည်းကောင်း အတိုင်းအတာ တခုထိ improved ဖြစ်လာသည်ဟု ခံစားရပါသည် ..။ (အထင်) မျက်စိမွဲလာသော်လည်း ယခုနောက်ပိုင်း အသုံးများနေသော tamron 90mm f/2.8 နှင့် Tokina 11-16mm f/2.8 တို့ကြောင့် sharpness တက်လာသည်ဟု တထစ်ချ ယုံကြည်မိပါသည်။ […]


ムラカミMay 11, 20123min34414
  သိပြီးသားဆိုလည်း သီးခံ ဖတ် ဒါမှ မဟုတ်ကျော် သွားကြပါဗျာ။ မသိသေးရင်လည်း ဖတ်ကြည့်ပေးပါ။ စိတ်ဝင်စားဖို့ကောင်းပါတယ်။   တရုတ်ပြည်  Zhejiang Province, Hangzhou မြို့ လေးမှာ ဂျက်မ မွေးဖွားခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်မှာ Hangzhou Teachers College ကနေ အင်္ဂလိပ်စာ မေဂျာနဲ့ ဘွဲ့ရရှိခဲ့ပြီး အဆိုပါ ကျောင်းမှာပဲ ပြန်လည် အလုပ် ဝင်ခဲ့သူပါ ။ နောက်တော့ Hangzhou Dianzi University မှာ အင်္ဂလိပ်စာ နဲ့ အပြည်ပြည် ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေး သင်ကြားပို့ချသူ ဖြစ်လာပါတယ်။ အဲ့ဒီနောက်မှာတော့ ဂျက်မ ဟာ အမေရိကား ကိုရောက်နေတဲ့ သူငယ်ချင်း မိတ်ဆွေတွေရဲ့ အကူအညီနဲ့ တရုတ် […]


ムラカミMay 10, 20126min36216
    အင်း.. DIY ကဏ္ဍ ဖွင့်ပြီး ဘူမှလည်း ဟုတ်တိပတ်တိ မရေးကြသေးဘူး… သဂျီးတို့များ ..ဘစ်ဇနက်အောက်မှာ မားကတ္တင်း ဆပ္ပ ကတ္တဂိုရီလေး ဖွင့်ပေးပါပြောတော့ မသိချင်ထောင်ထောင်နေတယ်..။   အဲ့ဒါနဲ့ ခုရက်ပိုင်း မားကတ္တင်းအကြောင်း ရေးချင်စိတ်ကို မရှိတာ.. သည်တော့ တချက်ခုတ် ၃-၄ချက် ပြတ်အောင် DIY လည်းဖြစ်  ဓါတ်ကျနေတဲ့ ဖိုတိုဂလပ်ဖီလည်း ပါ … စတစ်ကီတင်ထားပေမယ့် အဖတ်လုပ်ပြီး ဘာမှ ဝင်မဆွေးနွေးတဲ့ အမှုကို ကျူးလွန်ထားပြန်သေးတဲ့ သဂျီးလည်း  ပိုက်ပိုက်ကုန်အောင် လာပြီဗျို့……။   သဂျီးရေ … bokeh လေးဘာလေး မရိုက်ချင်ဘူးလားဗျာ.. 😀   တကယ်တော့ Bokeh ဆိုတာ ဂျပန်လို မပြတ်သားခြင်း ဝါးခြင်း […]


ムラカミMay 9, 20125min36421
ဒီရက်ပိုင်း ကျနော် ပန်းတွေ အာရုံ ကျနေတာတော့ မဟုတ်ရဘူးဗျ… ဒါပေသိ ..ပန်းပြပွဲတခု သွားတုန်းက ပုံတွေ ..                                                                 စာတွေ ရေး တော့ ရေးပါ့မယ်ဗျာ ရေးထားတာတွေလည်း ရှိပါရဲ့ တင်ဖြစ်အောင် ကြိုးစားနေပါတယ်…     သည်တပိုစ့်လည်း စာသား ကင်းလွတ်ခွင့် ခေတ္တပြုပေးပါဦး…. […]


ムラカミMay 9, 20122min40629
ခုမှ ပြင်ပြီး လို့ ခုပဲ တင်လိုက်ပါတယ်…   ခုတော့ ကြွေရှာပြီပေါ့ .. အိုဘယ့် ဆာကူရာတွေ ….               သည်နှစ်ကတော့ ဘော်ဒါ အပေါင်းအသင်း ၈ယောက် နဲ့ သွားခဲ့တဲ့ ခရီးမို့ သူတို့ ပေါ့ထလိပ်တွေကြားက ကြိုက်ရတာမို့ ..စိတ်တိုင်းကျ ပုံ သိပ်မရခဲ့ပါ ဒါပေသိ ..ရသလောက်ကလေးကိုလည်း မပြင်ဘဲ မတင်ဘဲ မနေနိုင်လို့ ..တင်လိုက်ပါသည်…။   အော်… ၂၀၁၂ ဆာကူရာ … မက္ကရို ပြောင်းကို တယ်လီ လုပ်သုံးဖြစ်ခဲ့တဲ့ အမှတ်တရပါလားနော်…   တော်သေးဘီ ခင်တဲ့ Inz@ghi      


ムラカミMay 7, 20128min55824
မှတ်မိကြဦးမယ်ထင်ပါတယ် မနိုဗီရဲ့ အို အရိပ်ကလေးရယ် ပိုစ့်ကို..။ sunset မှာagainst light နဲ့ ရိုက်ထားတဲ့ပုံကို သဂျိုင်ခီး တယောက် ဖိုတိုရှော့ပ်ထဲဝင်ပြီး ဝမ်းကလစ်နဲ့ ကလိ လိုက်တာ မျက်နှာပေါ်လာတာလေ..။ ဒါကို အလွယ် နဲ့ နားလည်ဖို့အတွက် ဆိုရင်တော့ histogram တွေအကြောင်း သိထားမှဖြစ်ပါလိမ့်မယ်.. ၁.Histogram ဆိုတာ ဘာလဲ histogram ဆိုတာ၂၁ရာစု lightmeter ဖြစ်ပါတယ်။ သူ့ကို နားလည်ထားရင် ပုံကိုမကြည့်ဘဲ histogram ကိုကြည့်တာ နဲ့ ပုံရဲ့ အလင်းအမှောင်အနေအထားကို ပြောလို့ရပါတယ်။ဘာပုံဆိုတာ မပြောနိုင်ပေမယ့် ပုံဟာ လင်းလွန်းနေမလား မှောင်လွန်းနေမလားဒါမှ မဟုတ်လည်း ပုံမှာပါဝင်တဲ့ အလင်း နဲ့ အမှောင်ဟာ ပြေပြစ်မှုရှိသလား ရုပ်ချည်း အပြောင်းအလဲ တွေ ပါနေသလား […]


ムラカミMay 7, 20121min1987
သည်တခါ ဟနွိုင်အလွဲကလည်း ရှယ်ပါပဲခညာ… အော်… လွဲနေတာချည်းပဲ ..တခါတလေလေး တည့်ပါဦးလား မောင်ဂီ့ ရယ်… အဟမ်း ..ကိုယ့်ပေါင် ကိုယ်လှန်ထောင်းရရင်ဖြင့် ..ဂလို … မွေးသမိခင် ကြီး လှေခါး၃ထစ်ပြုတ်ကျ ခြေကျိုးနေပြီး မောင်ဂီ့ ကြပ်ပေးလို့ ကားရောင်းထားပြီးသကာလ.. မောင်ဂီ့ ပါခြေ၂ချောင်းလုံး ကျိုးနေသလို ဖြစ်တဲ့ ကာလကြီးပါဗျာ … ပြန်တဲ့နေ့က တာကူစီ ကို ငှားပြီး တကိုယ်တော် အလှူခံ မဏ္ဍပ်ကြီး အဲလေ …လေယာဉ်ကွင်းကြီးကို ဆင်းချသွားသပေါ့ …။ လေဆိပ်ရောက် ပစ္စည်းတွေဘာတွေ စစ် လတ်ဂေ့ချ် အပ် ..အဲ့ ..ဝိတ်ချိန်တဲ့ ငတိက ၁ထောင် တောင်းသွားသေး.. သက်သာတယ်နော … ကျုပ်ဟာကျုပ် တွန်းလာတဲ့ အိတ်ကို ၁ချက်ကလေးမပြီး ကတ္တားပေါ်တင်ပေး […]


ムラカミMay 5, 20121min41826
ကံများ ကောင်းချင်တော့…. ချစ်လှစွာသော ဘောဇိ က တိုကီယို အပြန် နိုဇိုးမိ လက်မှတ်နှင့်တကွ တညအိပ်ဖို့ ဟော်တယ်ပါ စီစဉ်ပေးရဲ့.. ကံများ ဆိုးချင်တော့ … သောကြာနေ့ထိ အလုပ်လုပ် ကျည်ဆံရထားစီး တိုကီယို သွားအိပ် မနက် အမြန်ရထားထစီး… ပင်ပန်းထှာအေ.. ကံများ ကောင်းချင်တော့ ဘူတာမှာ ဘော်ဒါဘော်ချက်တွေက ထမင်းလည်းကျွေး ဘီဘီလည်းတိုက် လိုက်လည်းပို့ပေး… ကံများ ဆိုးချင်တော့ တိုကီယို အဝင်နောက်ကျ .. တယောက်သောသူကလေးနဲ့ မဆုံနိုင်….. ဂယ်ပါ …အိသဒ္ဒါမိုးရယ်.. (အဲ့လေ.. အဲ့ဒါ ကိုရင်စည့် ရည်းစားဟောင်းကြီး ..) ဂယ်ပါ…တီတီချယ်ရယ်.. တွေ့ချင်မိပါ၏ ကံများ ကောင်းချင်တော့ ..ဖလိုက်ပေါ်မှာ ဟွန်းဒ က ဆြာသမား တယောက် ယပက်လက် တိုးဂိုက်တယောက်နဲ့ […]


ムラカミMay 4, 20122min50419
                          စာရေးပျင်းနေလို့ပါဗျာ … နောက်များမှ စာများများရေးတင်ပါဦးမည်.. (ဂယ်က ပုံတင်ရတာနဲ့တင် ခြေကုန်လက်ပမ်းကျသွားလို့…)   တော်သေးဘီ   ခင်တဲ့ ဂီ