ムラカミDecember 28, 20111min50222
ကျနော် အရှေ့ကျွန်းရောက်ကာစ က ရထားစီးလျင် ဘုရားစာ ရွတ်၏။ ရထားက မိနစ် ၅ဝခန့် စီးရသည်ကိုး။ နောက်ပိုင်း လူက အကျင့်ပျက်လာ၏။ ရွတ်ရဖတ်ရမှာ ပျင်းရိငြီးငွေ့ လာသည်။ အလုပ်မှာ အသားကျလာသည် နှင့်အတူ ဘာသာတရား၏ အဆုံးအမ အပေါ် ပေါ့လျော့ လာမိ၏ ။     ထို့နောက် တွင်ကား ကျနော် ရထားစီးလျင် သီချင်း နားထောင်၏။ ကြာသော် ပျင်းလာပြန်သည်။ ထို့နောက် ကျနော် စမတ်ဖုန်း ဝယ်ကိုင် ဖြစ်သည်။ ထိုဖုန်းဖြင့်  ဂိမ်းကစား၏ ။ ထိုသည်မှာလည်း ကြာကြာမခံပါချေ ။ ကျနော်က ပဲ ငြီးငွေ့ လွယ် သလား မဆိုနိုင် ။ ထို့နောက်  ကျနော် […]


ムラカミDecember 27, 20111min47129
ခွစ်စမတ်ညကပေါ့ … ကျုပ် အကွဲတွေသည်းသွားဒါ… ဒီနေ့ထိ ..အမှိုက်တွေ ရှင်းရတုန်း… အစကတော့ အကောင်းရေးမလို့ တော်ဘီဗျာ… ရေးတော့ဝူး…. ရင်ထဲမကောင်းလို့ ….. ပြောရတာ အရသာ မရှိဘူး…ရေးရတာ…. စိတ်အချဉ်ပေါက်လာဘီနော …ဂါး ….     ကဲပါ…. ဖြစ်ပုံက ဂလို…။   အဲ့နေ့က …..အပြင်သွားတယ်… ဟုတ်… ရည်းစားဟောင်းလေးနဲ့ သွား တွေ့တာ… အဲ့မှာ ….သူလေးနဲ့ ရန်ဖြစ်တယ်…..အဲ့လာ နဲ့  စိတ်ဆိုးပီး …..အိမ်ပြန်လာတာ .. (သူ့တော့ မီးဒုတ် မရှို့ရက် …)       သိတယ်မလား ..ဂီဂီလေ… တခြားလူမှတ်လို့…. ၃ဘူတာ တခါလောက်ဆင်းပြီး …တွေ့တဲ့ဆိုင်ကနေ ပုလင်း တွေချည်း ဆင်းဆင်းဝယ်တာ …. အိမ်လည်းရောက်ကော တပွေ့တပိုက်ဖြစ်ကုန်ဘီ ….. […]


ムラカミDecember 23, 20113min53634
ချစ်ခင်လေးစား အပ်ပါသော ရွာသူား အပေါင်းတို့ ခင်ဗျား …..   ပိတ်သတ်ကြီးရဲ့ မောင် ဂီဂီ လေးဟာ ဆိုရင်ဖြင့်..သည်မနက် ကတည်းက တမျိုးပီး တမျိုးလုပ်စား နေပါသဖြင့် …. ကတိ(ဂိ) ပေးထားသော ..ယနေ့ နှစ်ချုပ် ဂလိတ်တက် ဟစ်ထ်စ် များ အပြီး သတ် မချုပ်နိုင်ပါကြောင်း ……. စိတ်မကောင်းဇွာဖြင့် ရေးသားအပ်ပါသည်ခင်ဗျား….. သည်နှစ်ထဲတော့ ပီးအောင် ချုပ်ပါ့မယ်ဂျ…. လောလောဆယ်တော့ ဂီ ဂိ ပျက်ပီ လို့ ..   ဇိမ်ဖုံးဂျီးဝတ်ထားသော ဂီဂီလေးဟာ အရှေ့တိုင်းမှာ ဆိုရင်ဖြင့် …ယနေ့ ဟာ..သည်ပိတ်ရက် နက်ဖန်သဘက် စနေ တနင်္ဂနွေ မန်းဒေး ခွင့်ယူ – ၄ရက်ဆက်တိုက် ဇိမ်ခံနေလိမ့်မည် ဟု မမှတ်ပါနှင့်ခဗျား ….   မန်းဒေးခွင့်ယူတာ …အိမ်ပြောင်းဖို့ပါ … […]


ムラカミDecember 22, 20112min26315
ထို နေ့ က ပေါ့... ကျမရဲ့ မေးခွန်းကို ခေါင်းညှိမ့်ရုံတင်တုန့်ပြန်ခဲ့တာ .. နှုတ်ခမ်းမွေးရေးရေးလေး ထားတတ် ပြီး သူ့ ရဲ့ ပိရိသေသပ်တဲ့ နှုတ်ခမ်း တစုံ ကို စတင် သတိပြုမိတဲ့နေ့ပေါ့...ဟုတ်တယ် ... အဲ့သည့်အတိုင်း အတိအကျပဲ.. ထို နေ့ကပေါ့ ... သူကျမကို ငေးကြည့်နေတာ တွေ့လိုက်ရပြီး ရင်ထဲမှာ တလှပ်လှပ်ဖြစ်လာတယ်... ကျမ ...ရှက်နေတာလား?? .. ဘာရှက်စရာ ရှိလို့ပါလိမ့် .... သည်အကြည့်တွေ သည်မျက်လုံးတွေကို ရင်မဆိုင်ရဲသလိုရှိပေမယ့်... ခိုးခိုးပြီး ပြန်ကြည့်နေမိတာ ...သူသိသွားပါသလား ..... ထိုနေ့ကပေါ့ .... သူဆိုနေတဲ့ သီချင်းတွေ .. ဘာတဲ့ ... "နံရိုးကင်" လည်းပါရဲ့ "စာမျက်နှာ-၁၅" ကိုတောင် "ဟိုတဖက် […]


ムラカミDecember 22, 20112min38519
အဲ့သည့်နေ့ က ပေါ့... ဓါတ်လှေကား ရှေ့မှာ အမှတ်မထင်ပဲ ဆုံလိုက်တဲ့ အခိုက်အတန့် ... "သူ ...presentation အတွက် documents တွေ ပြင်ဆင်တာ ပြီးပြီလားဟင် တဲ့ ...." သူမဆီက ကျနော် ပထမဆုံးကြားဖူးတဲ့ စကားလုံးလေးများ ..ဟုတ်တယ် ... အဲ့သည့်အတိုင်း အတိအကျပဲ.. အဲ့သည့်နေ့ကပေါ့ ... lecture လိုက်နေရင်း ..မျက်နှာရှေ့ကို ဝဲပြီး ကျနေတဲ့ ဆံပင်ရှည်တွေကို အလိုမကျသလို နှုတ်ခမ်းစူရင်း ball-pen အဖုံးကို ကလစ်လေး တစ်ချောင်းလို ခေါင်းမှာ ထိုး စိုက် လိုက်တာ .... break-time မှာ သူငယ်ချင်းနဲ့ စကားလက်စုံကျရင်း ....သူမ ..သည်ဘက်ကိုဝေ့ကြည့်လိုက်တော့ ... ကျနော် သူမကို စိုက်ငေးနေမိတာ […]


ムラカミDecember 21, 20111min52124
သဂျီး ရေ့ …. ကျုပ် ရိုက်သက်(ဒါ့ပုံရိုက်သော သက်တမ်း) ၁နှစ်တင်းတင်းပြည့်ပြီဗျ…. ကျုပ်မွေးနေ့က ဇန်နဝါရီလဆန်းထဲမှာ ….. မနှစ်ကမွေးနေ့လည်း ထုံးစံအတိုင်း တကောင်တည်း အရှေ့ကျွန်းမှာ ငေါင်စင်းစင်း ….. ကိုယ့်ကိုကိုယ်မွေးနေ့လက်ဆောင်ဝယ်ပေးမိတာက ကင်မလာ ……   သည်တော့ အေးရောပေါ့ဗျာ …..ရှေးစကား ရှိပါတယ် ဘာဖြစ်တယ်…. လူတယောက်ကို မုန်းရင် သူ့ကို ကင်မလာ ဝယ်ပီး လက်ဆောင်ပေးလိုက်ပါ ဆိုတာလေ. .. ကျုပ်ကိုကျုပ်ဘယ်တုန်းကတည်းက မုန်းသလဲ မသိပါဘူးဗျာ ….ကင်မလာသမား ဖြစ်လာပုံကလည်း အောချယူရမယ်. …ဖြစ်ပုံက ဂလို….. တခါက ကျုပ်အပေါ်မှာ ကျေးဇူး ရှိဖူးတဲ့ ငတိတယောက် သည်မှာ ရှိသဗျ…. အဲ့ငတိက ယန်း ၃သောင်း လာချေးတယ်. … ကျုပ်လို လခနည်း ထားရာနေ စေရာသွား …. ဝန်ထမ်းလေးအဖို့တော့ ယန်း၃သောင်း လည်း များ သဗျ …..မချေးလို့ကလည်း […]


ムラカミDecember 19, 20111min60818
1. မိမိစာနှင့် အနီးစပ်ဆုံးCategory (တခု)ကိုရွေးချယ်၍ပို့စ်တင်ပါ။ ((Copy/Paste Category)သည် ရှေ့မျက်နှာတွင်ပေါ်မည်မဟုတ်။) Tagထည့်ပါ။ Tagကို စာတလုံးစီကော်မာခံပြီးမှထည့်ပါ   copy/ paste ခေါင်းစီး အောက်ပဲထားပါ့မယ်… ရေးချင်ရာရေး … ဆဲချင်ရာဆဲလို့ရအောင်….. Tag ကို ကောင်မလေးတွနဲ့ တက်ပါတဲ့… အဟတ်… ကောင်မလေးတွေနဲ့ မတက်ထားတဲ့ ပိုစ့်တွေ အောတိုက်….. မိုက်မဲသော ကျုပ်ကတော့ ကောင်မလေး(commaလေး) တွေနဲ့ တက်(tag)လုပ်ဖြစ်ဖြစ်နေတယ်ဗျာ…. 2. Titleကိုတိုတိုရေးပါ။ စာမူရေးသားရာတွင် စာလုံးများကို Spaceခြားပါ။   ဒါတော့ လိုက်နာကြတယ်ထင်ပါတယ်…. ဘိုစာလုံး  Title  နှင့် ကိုတိုတိုရေးပါ ဆိုသည့် ကြားတွင်လည်း စပေ့ခြားသင့်ပါကြောင်း… Space ဆိုသော စကားတွင်လည်း ထိုနည်းလည်းကောင်း….။ wordpress နှင့် ဗမာ ဖောင့် များ၏ အားနည်းချက်ကြောင့် .. စပေ့မခြား သည့်အခါ … သဝေထိုး “ေ”  ရရစ် […]


ムラカミDecember 17, 20116min46229
သည်တပုဒ်တော့ ခေါ်ဖီ ဖေ့စ့် … တင်မယ်နော. …. ဖိုတို ဂလပ်ဖီ ဆိုတာ မလွယ်တဲ့အကြောင်းရယ်ပါ …. တိုက်ဆိုင်မှု ရှိရင် ခွင့်လွှတ်…. အာဟိ … ကဲ စလိုက်ကြရအောင်…   ၁. ဖိုက်ဒီ ပါခည…     ၂. အသာလုပ်ပါ အမေရယ်.. ဒါ … အန်တီဝေဝေ ..ဖြစ်မယ်ဂျ… ခစ်ခစ်..     ၃. အဲ့သလို စိတ်ကြီးထှာ..     ၄. အသာလုပ်ပါ ဆြာ ရွှေတိုက်စိုး ….       ၅. တလုံးလောက် စွန့်ပါလားဟင်င်င်…     ၆. ဂီ့လို ပဲ low angle သိပ်ကြိုက်တဲ့ […]


ムラカミDecember 17, 20115min1898
မနေ့ညက ရုံးဆင်းတော့ … အာမခံဌာနက ငတိမလေး လက်ဆောင်ပေးတဲ့ ပန်းဖလက်လေး ထုတ်ဖတ်ဖြစ်တယ်.. …ဘာရယ်မဟုတ်…ဒီဇင်ဘာမှာ မီးအလှတွေ ထွန်းတဲ့ နေရာတွေ ကို ရေးထားတာ ..ကြော်ငြာဆိုပါတော့…. ဘယ်မှာ ဘာရှိတယ် ဝင်ကြေးဘယ်လောက် or FOC … သည်တော့ ဖုန်း ထုတ်လိုက်တယ် …လက်ချောင်းများ ပြေးလွှား …. အိုခေ… သွားမယ်တဲ့ … ဘယ်သွားမလဲ?? Daiba … ရတယ်လေ Odaiba ဆိုလည်း ..Odaiba ပေါ့… သည်နေရာက အစိမ်းတော့ မဟုတ် ….မကြာခန ရမယ်ရှာပြီး လက်အယားဖြေနေကျ နေရာ ၃ခုထဲက ၁ခု …. ရွာထဲမှာတောင် Odaiba ပုံတွေ တင်ဖူးသေးတယ်….ခုကတော့ …မီးအလှဆင် တာတွေနဲ့ ရိုက်ရမယ်ဆိုတော့ […]


ムラカミDecember 16, 20113min45820
ကျမဟာ The Body Shop ကို စတင်ခဲ့ရာမှာ ငွေကြေး လိုအပ်ချက် အရတခုတည်းတော့ မဟုတ်ခဲ့ပါဘူးရှင်။ ကျမ အစောပိုင်းကာလတွေက ကမာ္ဘပါတ်ပြီး ခရီးတွေလှည့်လည်စဉ် ကာလတွေမှာ အတွေ့အကြုံတွေ တပုံတပင် ရခဲ့သပေါ့ ။ စက်မှုခေတ် မရောက်သေးသလိုမျိုး ခံစားရတဲ့ လယ်ယာ စိုက်ပျိုးရေးနဲ့ မွေးမြူရေး လုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ လူတွေ အထူး သဖြင့် အမျိုးသမီးတွေနဲ့ သူတို့ ရဲ့ ရိုးရာဓလေ့တွေ ကို ခံစား ထိတွေ့ခဲ့ရသပေါ့ရှင်။ မေမေ့ဆိုင်လေး ကလည်း ပြန်အသုံးချလို့ရနေသေးတဲ့ ခွက်အလွတ်တခုကို ဘာကြောင့် လွှတ်ပစ်မှာလဲ ဆိုတဲ့ အတွေးမျိုး ခံစားမှုမျိုး လေး ကျမကို သင်ကြားပေးခဲ့တယ် မဟုတ်ပါလား ။ ကျမတို့ဟာ စစ်ကာလဆိုးကြီးကို ဖြတ်သန်းခဲ့ရတာဆိုတော့ ရှားပါးမှု […]


ムラカミDecember 15, 20114min42120
          Autumn in my heart-3 ကိုတင်ဖို့ကြည့်လိုက်တော့ .. ပုံက သိပ် စိတ်တိုင်းကျ မရှိ ….. စိုင် ပစ်ထားတာက . … တင်ချင်စိတ်မရှိ  …. မရှိဆို အလွမ်းဇာတ် ရိုက်ထားတာကိုး … ထားတော့ …သူများ ပါစင်နယ် တွေပါတော့မယ် .. သည်တော့ ဘဝတူ ကင်မလာ သမားတွေကို candid ပြန်လုပ်ကြံထားတာတွေ တင်ဖို့ အကြံရတယ်ဗျ   နည်းနည်းပြင်ပြီး တင်လိုက်ပြီဗျာ ….. စကားမစပ် သည်မှာ ကင်မလာ မန်း များတယ်ဗျ…. လိုင်းတခုဆိုတခု ..ဇောက်ချ လေ့လာတဲ့လူတွေချည်းပဲ ကျနော့်လို ဟိုစပ်စပ် သည်စပ်စပ် ရိုက်တဲ့လူ တယောက်မှ မပါဘူးရယ်….landscape ဆို […]


ムラカミDecember 15, 201110min41314
ဘောလုံးအကြောင်း ရေးမလို့ပါဗျာ .. (ပေါ့ပေါ့ပါးပါးဖြစ်အောင် ကျုပ် နဲ့ မိတ်ဆွေ တယောက်ယောက် စကားလက်ဆုံပြောတဲ့ ဟန် နဲ့ရေးမယ်ဗျာ..ကဲ စပြီ) ဂီ။ သည်မယ်ကိုယ့်လူ ..ဘောလုံး သမိုင်းမှာ အကောင်းဆုံးတောင်ပံ ကစားသမား ဘယ်သူလဲ သိလား ? ဆွေ။ သိတာပေါ့ကွ ... L.Messi လား ? C. Ronaldo လား ? ဂီ။ မဟုတ်ဘူးဗျ။ ဆွေ။ ဘာလို့လဲ? ဩ .....နှစ် အနည်းငယ်ပဲ ပေးဆပ်ရသေးလို့။ ခုနေ သေသွား ကျိုးသွားရင် workdone သိပ်မများသေးလို့ .....အကောင်းဆုံး စာရင်း မဝင်ဘူးလို့ ငြင်းချင်တာလား? ဂီ။ ဆိုပါဦးဗျာ.. ဆွေ။ ကဲ ဒါဆို ဟုတ်ပြီကွာ ဒါဆို G.Best ကွာ .. R.Giggsကွာ ... P.Nedved […]


ムラカミDecember 14, 20112min38721
ကျမနာမည်လား ..ဟုတ်ကဲ့ ကျမနာမည် Anita Roddick ပါရှင်။ Mrs. Roddick ဆိုပါတော့ ကျမ The Body Shop ကိုစ တည်ထောင်ဖြစ်တော့ 1976 ခုနှစ်မှာပါ.. ကျမ ယောက်ျား Gordon ကတော့ အလုပ်တာဝန်တွေနဲ့ တောင်အမေရိက ဘက်ကို လှည့်လည်သွားလာနေရတယ်လေ။ ကျမနဲ့ သမီးငယ် ၂ယောက်အတွက် ဝင်ငွေရစေဖို့အတွက် Gordon ပေးတဲ့ idea လေးကိုယူပြီး တပါတ်မှ ပေါင်၃၀ဝ ဖိုးလောက် ရောင်းရရုံ တကယ့်ကို သေးသေးလေး စတင်ခဲ့တာပါ။ စီးပွားရေးရာ နဲ့ ပါတ်သတ်ပြီးတော့တော့ ကျမမှာ အတွေ့အကြုံရော သင်ယူလေ့လာထားမှုရော မရှိဘူးလို့ ဆိုနိုင်ပါရဲ့ရှင်။ စွန့်ဦးတီထွင်မှု ဆိုတာ ရှင်သန်ပေါက်မြောက်ရာ လမ်းကြောင်းလို့ ဘယ်သူမှ ကျမကို မပြောခဲ့ဘူးလေ.. […]