ရှေးခေတ်က ဖခင်တယောက်လုပ်စာနဲ့ မိသားစု ၁ဝ ယောက်လောက် ထိုင်စားနေနိုင်တယ်ဆိုတာ ဖြစ်နိုင်တယ် စားတော့ ခြံထွက်သီးနှံလေးနဲ့ စား၊ ဝတ်တော့ ကိုယ့်ဘာသာယက်တဲ့ လက်ယက်ချည်ထည် နေတော့လဲ ထရံကာ ဝါးကပ်မိုး ၊ သရေစာက ထန်းညက် ၊ အိမ်အသုံးအဆောင်ပစ္စည်းများကလဲ ထမင်းစားပွဲဝို်င်းနဲ့ ကြမ်းပြင်ပေါ်ထိုင်စား အိပ်တော့ ချည်စောင် ဘာအတွက်မှ အထူးတလည်ကုန်စရာမရှိဘူးလေ သွားတော့ နွားလှည်းနဲ့ လေ ခုခေတ်က ဘယ်လိုမှလောက်နိုင်စရာမရှိ ဝတ်တော့လဲ လူတွေက သောင်းကျော်တန်မှ အထင်ကြီးတတ်တော့ သောင်းကျော်တန်ဝတ်ရတယ် ဆံပင်ပုံကပြောင်းရတာရယ် ဖိနပ်ကလဲ သောင်းဂဏန်း ကိုင်ရတဲ့ ပိုက်ဆံအိတ်က ဘယ်လောက်တန် လူပေါ်ဆင်ရတဲ့ တန်ဖိုးကတင် တယောက်လုပ်စာနဲ့မလောက်ချင်ဘူး စားစရာက အိမ်မှာဖြစ်သလိုစားရင်တောင် အပြင်ရောက်တော့ စားသောက်ဆိုင်မှာ မတန်မရာ ပေးဝယ်စား စတိုင်ထုတ် မိန်းကလေးဆို မိတ်ကပ်ဖိုးကတင်မနည်းဘူး […]