johnnydeerDecember 21, 20121min1035
ကမ္ဘာဦးအစရဲ့ သူရိန်မင်းက လောကရဲ့ အဦးအစထွက်ပေါ်ခြင်းကို မေးခဲ့တယ်…. သင် ဘယ်သူလဲ ?? တဲ့…အဖြေမရခဲ့ပါ…. ဒီလိုနဲ့ နေ့တွေကျော်ဖြတ်သွား… ကမ္ဘာပျက်နေ့ရဲ့ သူရိန်မင်းက လောကရဲ့ နောက်ဆုံးထွက်ပေါ်ခြင်းကို ထပ်မေးခဲ့တယ်… သင်ဘယ်သူလဲ ?? တဲ့…ဒီတခါလဲ အဖြေမရခဲ့ပါဘူး… တဂိုး…


johnnydeerDecember 20, 20121min16515
မျှော်လင့်ချက်ဆိုတာ…အနာဂတ်နဲ့ပဲ တွဲစပ်လို့ရတာပါ…ကိုယ့်ရဲ့ မျှော်လင့်ချက် မင်းရဲ့အနာဂတ် ဒီနှစ်ခုတွဲစပ် ဖြစ်ပေါ်လာမဲ့ ကြည်နူးမှု ကိုယ်ရူးတောင်ရူးသွားမလားမသိဘူး… …………………………………… …………………………………. ……………………………………….. …………………………………. …………………………………… ……………………………………… …………………………………….. ………………………………… ………………………………. …………………………………………     မနူးမနပ် ဆယ်ကျော်သက် အရွယ်တုန်းက ရေးထားတဲ့  ရူးကြောင်မူးကြောင် ရည်းစားစာလေး အခုဗီရိုရှင်းရင်း ပြန်ဖတ်ကြည့်မိတာ…ဟား ဟား ဟား…ရူးလဲရူးခဲ့ပါပေ့ကွာ…


johnnydeerDecember 17, 20121min19713
အကျိုးရှိတဲ့ စာလေးရေးလိုက်ပါဦးမယ်။ကလေးမွေးတော့မယ့် သူတွေအတွက် သိသင့်သိထိုက်တာလေးတွေပါ။ဆရာဝန်လဲ မဟုတ်ပါဘူး။တတ်လွန်းလို့လဲ မဟုတ်ပါဘူး။ကိုယ့်တုန်းကမသိခဲ့လို့ ဒုက္ခရောက်ခဲ့ရတာလေးတွေ မသိသေးတဲ့လူတွေအတွက် စေတနာလေးနဲ့ပါ။ လူတွေ တော်တော်များများ အသိမှားနေတာက ကလေးတစ်ယောက်မွေးပြီးပြီဆိုရင် မိခင်နို့က တန်းထွက်တယ်လို့ ယူဆကြပါတယ်။ရာနှုန်းတော်တော်များများ မထွက်ကြပါဘူး။မွေးပြီး ၃..၄ ရက်..တပတ်လောက်နေမှ ထွက်ကြတာပါ။အဲ့ဒါကြောင့် ကလေးမွေးတော့မယ်ဆိုရင် နို့မှုန့်ဘူး မဖြစ်မနေ ဝယ်ထားပါ။ကလေးမွေးမွေးပြီးပြီးချင်း စ ဖြစ်တာကတော့ ကလေးအသားဝါ ရောဂါ ပါပဲ။ဒီရောဂါနဲ့ ပတ်သက်ပြီးလဲ မသိတဲ့သူတော်တော်များပါတယ်။အယူအဆ မှားနေတဲ့သူတွေလဲ အများကြီးပါပဲ။အသားဝါဆိုတော့ ကူးတတ်တယ်။ဆေးရုံမှာ မွေးရင် ကူးတတ်တယ် ဆိုပြီး များသောအားဖြင့် အမှတ်မှားကြပါတယ်။ကလေးအသားဝါဆိုတာ လူကြီးအသားဝါနဲ့မတူပါဘူး။ကူးလဲ မကူးတတ်ပါဘူး။ကလေးတစ်ယောက်ဟာ ကိုးလ ဆယ်လနီးပါးမိခင်ရဲ့ ချက်ကြိုးကတဆင့် အစာအဟာရအတွက် မှီခိုခဲ့ရပါတယ်။မွေးပြီး ပြီဆိုတာနဲ့ မှီခိုနေတဲ့အဆင့် ကနေ အင်္ဂါအစိတ်အပိုင်းအားလုံးဟာ ကိုယ့်ဘာသာကို စ ရုန်းကန်ရတော့တာပါပဲ။ အဲ့ဒီမှာ အစာခြေအင်္ဂါတွေ […]


johnnydeerDecember 16, 20121min1152
မိန်းမယူလိုက်ပါတဲ့….ကောင်းတဲ့ မိန်းမနဲ့ ရရင် စိတ်ချမ်းသာရလိမ့်မယ်တဲ့…မကောင်းတဲ့ မိန်းမနဲ့ ရရင် တွေးခေါ်ပညာရှင်ဖြစ်လာလိမ့်မယ်တဲ့…ဆိုကရေးတီးက ပြောတာပါ… ပေါက်တတ်ကရ ရေးတတ်တဲ့ ကျွန်တော်က နောက်တမျိုးပြောင်းပြောမယ်နော်.. .လောင်းကစားလုပ်လိုက်ပါ…နိုင်ရင် ပိုက်ပိုက်တွေ ရပြီး ပျော်လိမ့်မယ်…ရှုံးရင်တော့ ကိုယ့်တန်ဖိုးအမှန်ကို သိလိမ့်မယ်လို့…ကိုယ့်တန်ဖိုး အမှန်ဆိုတာက ဥပမာပေါ့လေ…ကိုယ်က ပိုက်ဆံလိုရော ခင်တယ်ထင်တဲ့ ရင်းတယ်ထင်တဲ့လူတွေဆီပဲ ပိုက်ဆံ ချေးရတာပေါ့… အဲ့ဒီအချိန်မှာ ကိုယ့်လူတွေက ကိုယ့်ကို ဘယ်လောက်တန်ဖိုးဖြတ်ထားသလဲ.. ကိုယ့်တန်ဖိုးကဘယ်လောက်လဲ ကွက်ကွက်ကွင်းကွင်း သိရတော့တာပါပဲ…စိတ်ဆိုးစရာတော့ ရှိပါဘူး…ကျေးဇူးတောင်တင်ရဦးမှာ…မိတ်ဆွေတို့လဲ ကိုယ့်တန်ဖိုးလေး သိချင်ရင် ပိုက်ဆံ လိုက်ချေးကြည့်လေ…စမ်းကြည့်ပါ…ကိုယ့်အပေါ်မှာ ရှိတဲ့ ခင်မင်မှု၊ယုံကြည်မှုတန်ဖိုးအမှန်ကို သိရတာပေါ့…မရှိတဲ့ လူတော့ သွားမချေးကြည့်နဲ့နော်..အားနာစရာတွေ ဖြစ်ကုန်လိမ့်မယ်… ကဲ..ထားပါ…ကျွန်တော်ပြောချင်တာ ဒါမဟုတ်ဘူး…ကျွန်တော် ဘော့လုံးခန့်မှန်းတွေဆို အမြဲ ကန်ပြီးမှ ဖတ်လေ့ ရှိတယ်…အဖြေသိပြီးမှ ဖတ်ကြည့် တအားရီရတာ…လွဲချက်တွေကတော့ လက်လန်တယ်…အဲ့ဒါနဲ့ ကိုယ်ကိုတိုင် ခန့်မှန်း […]


johnnydeerDecember 14, 20121min855
ဗိုက်ထဲက ကလေးတောင် အကြွေးလေးသိန်း ရှိတဲ့တိုင်းပြည်… အတုံးလိုက်အတစ်လိုက် အလှီးခံရာကနေ ပါးပါးလေးပြောင်းလှီးနေတာကို သိရက်သားနဲ့ ပြုံးကြည့်နေနိုင်တဲ့ တိုင်းပြည်… ဥပဒေအထက်မှာ ဘယ်သူမှ မရှိတဲ့တိုင်းပြည်…. အဲ….ဥပဒေအောက်မှာလဲ ဘယ်သူမှမရှိတဲ့တိုင်းပြည်… ပြောတော့ အဆင်းရဲဆုံးတိုင်းပြည်…အခုထိ ရောင်းစားစရာမကုန်သေ းတဲ့ တိုင်းပြည်… လိမ်စရာမရှိ ကိုယ့်ပေါင်ကိုလှန်လိမ်တဲ့ တိုင်းပြည်… ကိုယ့်ဆီက လူတော်တွေကို သူများကို အလကားပေးပစ်နေတဲ့ တိုင်းပြည်… တအားကောင်းတဲ့ အိမ်နီးချင်းတွေ ဝိုင်းနေတဲ့တိုင်းပြည်… ကိုယ့်တိုင်းပြည်မှာ ကိုယ့်လူမျိုးတွေ ဒုတိယတန်းစားဖြစ်နေတဲ့ တိုင်းပြည်… ကိုယ့်ရှိတဲ့ဟာကို ရောင်းပြီး ဖယောင်းတိုင်ထွန်းပြီး အမှောင်ထဲ ထိုင်နေတဲ့ တိုင်းပြည်… ဘာမှ မလုပ်ရသေးတာကို တအားကျေးဇူးတင်တတ်တဲ့ တိုင်းပြည်… သစ်တောတွေ ခုတ်ပြီး ကြက်ဆူပြောင်းစိုက်တဲ့ တိုင်းပြည်… အလုပ်လက်မဲ့ ၄% ပဲ ရှိတဲ့ တိုင်းပြည်… မီးလာဖို့ […]


johnnydeerDecember 9, 20121min1363
ဘော့လုံးပွဲကြေ (ညာ) ပါတော့မယ်…ခင်ဗျား…..ကန်မယ့် အသင်းတွေကတော့ လက်ပတောင်းတောင် ဒေသခံ ရွာသားများ အသင်းနဲ့ ဦးပိုင်ဝမ်ပေါင် အသင်းတို့ ဖြစ်ကြပါတယ်…ကန်မယ့်နေရာကတော့ နေပူတော်က လွှတ်တော် အားကစားကွင်းကြီးမှာပါခင်ဗျ….ရွာသားများအသင်းဘက်ကတော့ ရဟန်းပျိုများ…ကျောင်းသားခေါင်းဆောင်များ…ရွာသူရွာသားများနဲ့ ဖွဲ့စည်းထားပြီး…ဦးပိုင်ဝမ်ပေါင်အသင်းကတော့ အငြိမ်းစားရာကနေ အငြိမ်စားဖို့ပြင်ဆင်နေတဲ့ လူတစုနဲ့ တရ ုတ်ပြည်က ကြေးစားခေါ်ယူထားတဲ့ ရတာအကုန်ယူ အဖွဲ့ တို့ပါဝင်ပါတယ်…မစခင်ကတည်းက ဦးပိုင်ဝမ်ပေါင်အဖွဲ့ဟာ လိမ်နည်းခေါက်နည်းတွေကို နည်းပြကြီးဦးသန်းရွှေက စာအုပ်ကြီးဖတ်ကာဖတ်ကာနဲ့ ညွှန်ကြားနေပါတယ်…စလိမ်ပါပြီ…ခင်ဗျား…ရွာသူရွာသားတွေကို မြေဖိုးပေးရင် ၂သိန်းလောက်ပဲရကြမှာမို့လို့ ပိုရစေချင်တဲ့ စေတနာနဲ့ သီးနှံ၃နှစ်စာဖိုး တွက်လိုက်တော့ ၅သိန်းခွဲလောက် ရကြမှာမို့လို့ ပိုရအောင်လျော်ပေးထားကြောင်း….ထပ်လိမ်ပြန်ပါပြီ…ရွာဟောင်းတွေက ရေရှားလို့ ရွာသစ်တွေဆီ ပြောင်းပေးထားရကြောင်း….အိမ်တွေကိုလဲ သိန်း၁၅ဝ တန် အိမ်တွေ ဆောက်လုပ်ပေးထားကြောင်း…နည်းဗျုဟာမြောက် ပုံတွေနဲ့ ထပ်လိမ်ပြပါတယ်ခင်ဗျား…တကယ့်လက်ရွေးစင် ကြေးစားတွေပီပီ ကျွမ်းကျင်ကြပါတယ်…တကွင်းလုံးပတ်လိမ်နေပါတယ်…သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလဲ ဂရုစိုက်ကြောင်း၊ စွန့်ပစ်ရေထဲကို ငါးတွေထည့်လိုက်တာတောင် ပျော်ပျော်ရွှင်ရွှင် […]


johnnydeerDecember 7, 20121min1053
ဘယ်တော့မှ မမေ့နိုင်ခဲ့ပါဘူး…၈၈ တုန်းက ရှမ်းပြည်နယ်မြောက်ပိုင်းက နယ်မြို့လေးတမြို့မှာပေါ့…အဖေရယ်..အမေရယ်…၁၂ နှစ်အရွယ် အကိုရယ်…၁ဝနှစ်အရွယ်ကျွန်တော်ရယ်….မိသားစု လေးယောက်နေထိုင်ခဲ့ကြပါတယ်… ၈၈ အရေးအခင်းကြီးဖြစ်ပါရော…မိသားစု အားလုံးပျော်ပျော်ပါးပါး ဆန္ဒပြခဲ့ကြပါတယ်…မနက်ဆို အမေကထမင်းဟင်းချက်…ပြီးတော့ အကုန်လုံးထွက်ပြီး ဆန္ဒပြ…နေ့လည် တရားဟောကြတာတွေ နားထောင်..တကယ် ပျော်စရာကြီးပေါ့…အဲဒီနေ ာက် စစ်တပ်က အာဏာသိမ်းပြီးရော…အခြေအနေတွေက ပြောင်းပြန် ဖြစ်ကုန်တော့တာပဲ…အဖေကော အမေကော အဖမ်းခံရ…ညီအကို နှစ်ယောက် ဆွေမရှိ မျိုးမရှိ တဲ့ အရပ်မှာ တယောက်လည်ပင်းတယောက် ဖက်ပြီး အားပေး..ကိုယ့်ထမင်းအိုးလေး ကိုယ်တည်…တိုဟူးသုတ်လေး တကျပ်ဖိုး…အစုံသုတ်လေး တကျပ်ဖိုးနဲ့ ထမင်းဟင်းဆိုတာတွေကို ကျော်ဖြတ်ခဲ့ရတယ်…ဘယ်တော့ လွတ်မယ်ဆိုတာ မသိတဲ့ အဖေနဲ့ အမေကို ညီအကို နှစ်ယောက် သွား သွားတွေ့ခဲ့ရတယ်…ညတိုင်း ညတိုင်း ၂နာရီ..၃နာရီဆို စစ်ကားတွေ ရဲကားတွေ အများကြီး အိမ်ကို ဝိုင်းပြီး တစမကျန် မြေလှန်ရှာခံခဲ့ရတယ်…ညရောက်ပြီဆို […]


johnnydeerDecember 6, 20121min33117
မေတ္တာသုတ်ရွတ်ရင် ရိုက်ပစ်..ဖမ်းပစ်…မီးလောင်တိုက်သွင်းပစ်..အက်စစ်လေးနဲ့ကော ပြုစုလိုက်ဦး…. ပါးစပ်ညောင်းလို့ကွာ လျှောက်ရွတ်နေကြတယ်… ဗီနိုင်းကိုင်ဆန္ဒပြတာလောက်ဆိုရင်တော့ မြို့လယ်ခေါင် တရွတ်တိုက်ဆွဲယုံလောက်ပဲ ဖမ်း…. ရန်ကုန်ကနေ ရွှေတွင်းလမ်းလျှောက်ပြန်မှာလား…ခြေညောင်းနေမှာပေါ့…ကားနဲ့လိုက်ပို့ပေးလိုက်လေ…မလိုက်ချင်ဘူးဆိုတဲ့လူ တုတ်ကလေးနဲ့ ခပ်စပ်စပ် ရိုက်ပေးလိုက်…ဒီလောက်စေတနာထားနေတာကို…. ခွင့်ပြုမိန ့် မရှိရင် ဆန္ဒမပြရဘူးနော်…နိုင်ငံတော် အကြည်ညိုပျက်စေတယ်…ပြချင်ရင် ခွင့်ပြုမိန့်တောင်း…အထက်ကိုတင်ပြခိုင်း..အဲ…ကျချင်မှတော့ ကျမယ်… ညူကလီးယားလုပ်တဲ့ ပစ္စည်းတွေလား…အဲ့ဒါ ကုမ္မဏီက သူ့ဘာသာသူ သွင်းတာလေ.. နိုင်ငံတော်နဲ့ ဘာဆိုင်လဲ… အခွန်မဆောင်တဲ့ ဒီဇယ်တွေမိတယ်…ဟုတ်လား…ပစ္စည်း အရေးယူလိုက်လေ…ပြီးရင် ပြန်ထုတ်ပေးလိုက်…ကုမ္မဏီ ကိုတော့ ဘာမှမလုပ်ပါနဲ့… ဘာ…လွှတ်တော်အမတ်က သူ့အဖေကော ..အမေကော နိုင်ငံသားမဟုတ်ဘူး…သူက ဘယ်လို နိုင်ငံသားစီစစ်ရေးကဒ်ရနေတာလဲ….ထားလိုက်တော့…ငါတို့ပါတီကလေကွာ… တရုတ်သံအမတ်ကြီးကပြောနေတယ်…မြစ်ကိစ္စကော..တောင်ကိစ္စကော..ဆက်လုပ်မှာတဲ့…ပြောပါစေကွာ…ငါက တရုတ်ကြောက်တယ်ကွ…သူထမင်းမကျွေးလို့ငတ်နေဦးမယ်… လုပ်ပိုင်ခွင့်တွေ ပေးရမှာလား…ငါ့လူကြီးပေးလိုက်လေ…အခွန်ကင်းလွတ်ခွင့်လေးကောပေးလိုက်ဦး… ခေါင်းခြောက်မယ့်ဟာတွေ…ထိပ်တိုက်တွေ့မယ့်ဟာတွေဆို…ဟိုမိန်းမ ကိုခိုင်း..ကြားလား…မရှင်းတာရှိသေးလား….ပြီးမှ…လိုတာ ထပ်ပြောမယ်….


johnnydeerDecember 6, 20121min35320
မဟုတ်တာတွေချည်းလုပ်နေတော့ ဘာဖြစ်လဲ …ကြာလာတော့ လိပ်ပြာလန့်လာတယ်…ကြောက်လာတယ်…သွေးပျက်ခြောက်ခြားလာတယ်…အားကိုးရှာလာတယ်…အထက်ကမြင့်နိုင်သလောက် မြင့်တာကို အားကိုးရှာလာတယ်…အဲ့ဒီမှာ ပေါက်တတ်ကရ ပြောတတ်တဲ့ ကျုပ်နဲ့ တွေ့တော့တာပဲ…ကျုပ်ဝန်ခံတယ်…အမြဲ ပေါက်တတ်ကရတွေး…ပေါက်တတ်ကရပြောတတ်တယ်…အဲ့ဒီမှာ ဘယ်ကနေဘယ်လို ဘာသတင်းတွေကြားပြီး ကျုပ်ဆီရောက်လာကြလဲမသိဘူး…အေး…လာတော့လဲ ပေါက်တတ်ကရ ပြောလွှတ်တာပေါ့…တလွဲတွေပြော…တလွဲတွေလိုက်လုပ်…အံမယ်…အဟုတ်ဗျ…ရိုးရိုးတော့ ပြောမရဘူးပေါ့…အထက်ကတို့…အမိန့်တို့…ဘိုးတော်တို့…အဘတို့…အဲ့ စကားလုံးတွေ လှိုင်လှိုင် သုံးရတယ်ဗျ…ကျုပ် အလုံးတွေသဘောကျလို့ လိုက်သုံးကြတာ..အခုခေတ် အဟော့ဆုံးစကားလုံးတွေတောင်ဖြစ်နေသေး…ကျုပ်ဆီ စရောက်လာတာ ၂၆ နှစ် နှာခေါင်းပြတ်ကြီး…သိတယ်မို့လား…သေတာ ၁ဝ နှစ်ရှိပြီလေ…စကား ၃ ၄ခွန်းလောက်ပြောကြည့်တာနဲ့ မယားတရူးမှန်း သိတယ်…ဘာဖြစ်ချင်တာလဲ မေးလိုက်တော့…ရတဲ့နေရာခို်င်မြဲချင်ပါတယ်တဲ့… ရတဲ့နေရာခိုင်အောင် ရခိုင်မ ယူလိုက်ပေါ့ကွ…လို့လဲ ပြောလိုက်ရော သဘောတွေ စွတ်ကျပြီး အဲ့ဒီကစကျုပ် ပေါက်သွားတာပဲ…လာလိုက်ကြတာ..မေးလိုက်ကြတာ…လက်တောင်မလည်ဘူး…အာဏာရူးတွေချည်းပဲ….အဲ့ဒီနောက် အရေးအခင်းစပါရောလား.. .ပြည်ပြေးဖြစ်ကိန်းမြင်တယ်…ပြည်မြို့ကိုပြေးလို့ ဖောလွှတ်လိုက်တယ်…ဘဲကြီးက အိုနေတော့ ခြေထောက်နဲ့ မပြေးဘဲ လေယာဉ်နဲ့ပြေးတယ်တဲ့…မရပါဘူး… ၈၈၈၈ဖြစ်ပါရော…မစွမ်းဘူး..မရဘူးဆိုပြီး..ထပ်ရောက်လာသေးတယ်…ဟောက်လွှတ်လိုက်တယ်…ငါပေးတဲ့ ယတြာကိုတိတိကျကျလုပ်လို့..မလုပ်ရင်မရဘူးကွ..ဆိုတော့ ဟုတ်ကဲ့…ဟုတ်ကဲ့နဲ့ လစ်သွားတယ်…လူတွေများကြောက်မိရင် ကျိုးကြောင်းဆီလျော် ဘာမှ […]