Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


Mee WahJune 28, 20141min57510
သူငယ်ချင်းတစ်ယောက် မိတ်ဆက်ပေးလို့ ဒီ မန်းဒလေး ဂဇက် ကိုဝင်ဖတ်ကြည့်ပီး တစ်ယောက်ရေးထားတာကို ကျန်တဲ့သူတွေ မန့်ကြ ၊ ပြန်ဖြေကြနဲ့ ပျော်ဖို့ကောင်းသလို တချို့ပို့စ်လေးတွေကလည်း အန်တာတိန်း ဖြစ်လို့သဘောကျနေတာကြာပါပီ..အလုပ်တစ်ဖက်နဲ့မို့မဝင်ဖြစ်ခဲ့ပါ။ဒီဇွန်လမှပဲ ဝင်ဖြစ်ခဲ့ပါတယ်….စာရေးဆရာ၊ကဗျာဆရာ မဟုတ်ပါ…ပို့စ်တင်၊မန့်ကြ၊အဲဒါလေးကိုပျော်တာနဲ့ စည်းကမ်းချက်လေးတွေဖတ်ပြီး မတက် တတက် နဲ့ မတောက် တခေါက်လေး ဝင်ရေးမယ်ပေါ့..ဒါပေမယ့် မရဲတာနဲ့ ဒီမန်းတလေး ဂဇက် မှာရှိတဲ့ ရွာသူ၊ရွာသားတွေနဲ့ ခင်မင်အောင်ဆိုပီး အရင် လူလက်ခံလောက်မယ့်ပို့စ်လေးတွေကို အရင်တင်ကြည့်တာပါ…ကိုယ်ပိုင် ရေးထားတဲ့ ကဗျာ၊စာလေးတွေတော့ ပီးမှပဲ တင်မယ်လေဆိုပီး အရင်ရင်းနှီးအောင်လုပ်တာပါ…ဒါပေမဲ့လည်း ဆရာ့ဆရာမဂျီးများ တချို့ တချို့ပေါ့လေ အသစ်လေးတွေကို လက်တွဲမခေါ်ပဲ အကောင့်သစ်တွေနဲ့$ဖောင်းထုပါတယ်…ပို့စ်တွေ လိုက်ဖတ်ကြည့်တော့ ဘယ်သူ၊ဘယ်သူဆိုတာ ရိပ်မိသလိုလိုပါပဲ…:) လယ်တီဆရာတော်ဘုရားကြီးရဲ့ ကဗျာလေးကောင်းလို့ ဖတ်စေချင်တဲ့စေတနာပါရှင့်….ပိုက်ဆံ 200 ကြောင့်မဟုတ်ပါ….အဲဒီနေ့က အလုပ်မှာ အဆင်မပြေမှုလေးတွေ ရှိလို့ […]


Mee WahJune 26, 20141min4577
လောကဇာတ်ခုံ ဤလူ့ဘုံ၌ မျိုးစုံကကြ မာန်မာနနှင့် ငါကရာဇာ ၊ ငါဟာသူဌေး ၊ ငါပဂေးဟု ငါသွေးတက်ကြွ လူ့ဗာလတို့ များလှဖြာဖြာ အဝိဇ္ဇာနှင့် တဏှာဘီလူး အမှောင့်ပူး၍ ကျူးကျူးကျော်ကျော် ဂုဏ်ကိုဖေါ်လျက် မော်မော် မောက်မောက် ငါတစ်ယောက်သာ မိုးအောက်တလွှား ရွှေကိုယ်လားဟု ထင်မှားမလွဲ သို့စဉ်စွဲလည်း ဇာတ်ပွဲပြီးက ပြည်ဖုံးချသော် သုဘရာဇာ မြေအောက်မှာပင် ဘာသာလူမျိုး ချိန်မထိုးပဲ ပုတ်သိုးခန္ဓာ မြုပ်ရရှာသည် ဘယ်မှာ ငါဟု ရှိအံ့နည်း။ (လယ်တီဆရာတော်ကြီး)


Mee WahJune 26, 20141min3484
သတင်းတွေထဲမှာ ပါသွားလိုု့တဲ့ တယောက်က စိတ်မကောင်းစရာ မတ်ဆေ့ပိုု့တယ် ကျန်ရှိတဲ့ ကလေးတွေ လွတ်မြောက်ရေးအတွက် သတင်းမရေးကြပါနဲ့လိုု့ လိုုက်ပါကူညီသူတချို့က စိုုးရိမ်စိတ်နဲ့ ပြောပြန်တယ်… သတင်းသမားတယောက်အနေနဲ့ စိတ်မကောင်းဘူး.. ဒါပေမယ့် အမှန်တရားကို ထုုတ်ဖော်ချင်တယ်…. ၂၄.၆.၂၀၁၄ မနက်က ရန်ကုုန်ဘူတာကြီးနားမှာ အသက်(၁၂-၁၃)ဝန်းကျင် ကလေး(၁၅)ယောက်ကိုု လေလွင့်ကလေးတွေ ဆိုုပြီး ရဲကဖမ်းလုိုက်တယ်။အဲဒီ့ကလေးတွေဟာ အရင် ဘူတာကြီး လမ်းဘေးစာသင်ဝိုုင်းမှာ စာလာသင်ခဲ့တဲ့ ကလေးတွေ။ ဒီစင်္ကြန်#၃က လမ်းဘေးစာသင်ဝိုုင်းကိုုလည်း တီဗီသတင်းပါလာပြီး နောက် တရက်မှာ အထက်က အမိန့်အရဆိုုပြီး အပိတ်ခံလိုုက်ရတယ်။ အခုု ကလေးတွေကိုု လေ့လွင့်ဆိုုပြီး ဖမ်းလိုုက်ပြန်တယ်… ကဲ ပြုပြင်ပြောင်းလဲရေး အစိုုးရရဲ့ ဖြေရှင်းနည်းက ဒါပဲလား…. ဒီကလေးတွေ ဘာကြောင့် လမ်းပေါ်ရောက်နေကြရသလဲ….ပြော အခမဲ့ပညာရေး ဖော်ဆောင်နေပါတယ်ဆိုုတဲ့ ကျောင်းတွေကိုု ဒီကလေးတွေ ဘာကြောင့် […]


Mee WahJune 25, 20141min4626
ခွေးမျိုး..သောက်ကြီးသောက်ကျယ်နဲ့ သူ့အမေသူ့နှမတွေပေါင်ကြားသွားခွဲခိုင်းလိုက်ကွာ..အဲဒါကတော့ စိတ်ပေါက်ပေါက်နဲ့ ရေးမိတဲ့ကျနော့ရဲ့မှတ်ချက်ပါ။ ရေးရတဲ့အကြောင်းချက်က မိတ်ဆွေတယောက်ရဲ့စာမျက်နှာမှာ ကူးတင်ထားတဲ့ ခုတလောလူပြောများနေတဲ့ အနုပညာတံဆိပ်တပ်ပြီး ဖောက်ပြန်မှားယွင်းမှုကိုပဲ အဟုတ်တရားလိုလိုလူကြားထုတ်လာတဲ့ အောင်ရင်ငြိမ်းရဲ့ ဝေဖန်သူတွေကို တုန့်ပြန်ချက်တွေ့မိလို့ ဒေါသနဲ့ရေးလိုက်မိတယ်။ သူတုန့်ပြန်ချက်က ဒီလို (Aung Yin Nyein >> တစ်ခွန်းတည်း ပြောမယ် ရိုမန်းဘော့ထ်တွေရဲ့ ကမ္ဘာဟာ အပြာစာအုပ် မဟုတ်ဘူး။ နောက်တစ်ခွန်း ထပ်ပြောမယ် ရိုမန်းဘော့ထ်ဟာ ခင်ဗျားတို့ လူ့အဖွဲ့အစည်းအဟောင်းကြီးကို လူသားသစ် အဖွဲ့အစည်းဖြစ်အောင် လုပ်ကြဖို့ အသိအမြင်နဲ့ အနုပညာ အသေခံဗုံးခွဲခြင်း။) တဲ့။ ဘယ်လောက်မသိသားဆိုးရွားတဲ့အကောင်လဲ။ လောကကြီးမှာ ဆွေမဲ့မျိုိုးမဲ့ ထောက်ထားစဉ်းစားငဲ့ကွက်စရာမရှိတဲ့ အုတ်ကြားမြက်ဖြစ်ဟန်ရှိတယ်။ ဒါမှမဟုတ် လူဆိုတဲ့သတ္တဝါရဲ့ စုဖွဲ့နေထိုင်ရေး ယဉ်ကျေးမှုကိုလုံးဝ နားမလည်တဲ့ အိပ် စား ကာမလောက်သာသိတဲ့ဟန်ရှိတဲ့သတ္တဝါဖြစ်နိုင်တယ်။ ပြောပုံကပေါက်ပန်းဈေး။ ( ရိုမန်းဘော့ထ်ဟာခင်ဗျားတို့ […]


Mee WahJune 25, 20141min4513
ဒေါ်ရင်ဝိုင်း မူကြိုကတည်းက အတူတူတက်ခဲ့ကြတဲ့ အလယ်က သူငယ်ချင်းသုံးယောက် သင်္ကြန်တွင်းတုန်းက ညတိုင်းဘုရားအတူတူ ဖူးခဲ့ကြတယ်။ ဘာအဓိဠ်ာန်မှမရှိပေမယ့်လည်း လုပ်မယ်လို့ ဆုံးဖြတ်ထားတဲ့ ကိစတစ်ခုအောင်မြင်သွားခဲ့လို့ ကိုယ့်ကိုယ်ကို ကျေနပ်ခဲ့ရတယ်ဆိုတာ share လုပ်သင့်တယ်ထင်လို့ ဖော်ပြလိုက်ပါတယ်။ အမရဲ့အဖေထောင်ကျနေတုန်းက 98 99 မှာ Red Cross မရှိသေးတော့ ဒီသူငယ်ချင်း ၂ယောက်ပဲ အတူတူတိတ်တခိုး လှုပ်ရှားခဲ့ကြတယ်လေ…. နောက်ပိုင်း NGO Red Cross ရောက်လာမှ RC ကနေတဆင့် ထောင်ထဲကနေ အပြင်ကိုတရားဝင် စာလေးရေးလို့ရတာ။ ၄နှစ်အရွယ်ကနေ အခုချိန်အထိ ဘာလုပ်လုပ် အတူတူပဲ။ ရည်းစားတွေပြောင်း အိမ်ထောင်တွေကျ ခလေးတွေသာ မွေးရင်မွေးသွားမယ်…. ဒီ ၂ယောက်ရဲ့ friendship ကတော့ အခုထိမပြောင်းလဲသေးပါဘူး။ တနင်္လာနေ့က သူ့ဖေ့စ်ဘုတ်ထဲ တင်လိုက်တဲ့ ပါတီပွဲဓာတ်ပုံအများအပြားထဲမှာလည်း […]


Mee WahJune 24, 20141min3334
အရင်တုန်က နာမည်ကျော် အိမ်ဆောက်လုပ်ငန်းကြီးတစ်ခုမှာ အလုပ်လုပ်နေတဲ့ လက်သမားဆရာကြီး တစ်ယောက်ဟာ အသက်ကြီးလာတဲ့အတွက် အလုပ်ကနေ အနားယူဖို့အတွက် ပြင်ဆင်နေသတဲ့။ ဒါနဲ့ ဆရာကြီးဟာ သူအလုပ်ရှင်ကို အကျိုးအကြောင်းပြောပြပါတယ်။ အိမ်ဆောက်လုပ်ငန်းကို စွန့်ခွာပြီး မိသားစု နဲ့ သိုက်သိုက်ဝန်းဝန်း နားနားနေနေ နေဖို့စိတ်ကူးထားတဲ့အကြောင်းပေါ့။ ပိုက်ဆံကတော့ အရင်တုန်းကလို ဝင်တော့မှာမဟုတ်မှန်းသိပေမဲ့ အသက်ကြီး လာတော့ နားချင်ပြီးလို့ သူကပြောသတဲ့။ ဘယ်လိုပဲဖြစ်ဖြစ် စုဆောင်းထားတာလေးနဲ့တော့ အဆင်ပြေမှာပါလို့လည်း အလုပ်ရှင်ကို လက်သမားဆရာကြီးကပြောသတဲ့ကွယ်။ သည်စကားကိုကြားရတော့ ကန်ထရိုက်တာကြီး အတော့ကိုစိတ်မကောင်းဖြစ်သွားတယ်။တကယ်တော့ သူ့လုပ်ငန်းမှာ ဒီလက်သမားဆရာကြီးက အခရာပဲလေ။ အင်မတန်လုပ်ရည်ကိုင်ရည်ရှိတဲ့ လက်သမားကြီးပေါ့။ လက်ရာလည်းအင်မတန်ကောင်းတဲ့ သူဆိုတော့ တော်တော်နှမြောသပေါ့။ အေးလေ…သူလည်းအသက်ကြီးပြီဆိုတော့ နားချင်မှာပေါ့။သူ့ဘက်ကကြည့်ရင် တရားပါတယ်လို့ အလုပ်ရှင်ကတွေးပါတယ်။ ဒါနဲ့ အနားမယူခင်မှာ အိမ်တစ်လုံးတော့ မဖြစ် ဖြစ်အောင် ဆောက်ပေးပါဦးဆရာ ကြီးရယ်၊ကျွန်တော်ကို […]


Mee WahJune 23, 20141min4047
နိုင်ငံတော်သမ္မတရုံးအကြံပေး ဦးအံ့မောင်ကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက မနေ့ညက ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ နေပြည်တော် အသိုင်းအဝိုင်းက သိရပါတယ်။ ဦးအံ့မောင်ကို ဖမ်းဆီးထိန်းသိမ်းလိုက်တဲ့ကိစ္စဟာ ပြီးခဲ့တဲ့ရက်ပိုင်းက အဖမ်းခံထားရတဲ့ သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ကိစ္စနဲ့ ဆက်စပ်နေတယ်လို့လည်း သိရပါတယ်။ အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး ပါဝင်ပတ်သက်သူ ၉ဦးရှိပြီး အဲဒီလူပုဂ္ဂိုလ်တွေအားလုံးကို အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနက ဆက်လက် အရေးယူသွားမယ်လို့လည်း သိရပါတယ်။ RFA   အပြစ်ရှိသူတွေရှိသလို အရေးယူခံရပြီး အပြစ်မရှိသူတွေ အမြန်ဆုံးလွတ်မြောက်နိုင်ပါစေ….


Mee WahJune 23, 20141min43310
အသက် ၁၈နှစ် နှင့် အောက် (ဝေလီဝေလင်းဈေး) ================================= သူကတော့ မနက် ၅ နာရီလောက် ဈေးသွားဝယ်ရသလိုပါပဲ။ အဲဒီအချိန်မှာ ဈေးသွားဆစ်လို့မရပါဘူး။ ရောင်းတဲ့လူက ကြိုက်ဈေးရမှ ရောင်းပါမယ်။ ဒါပေမယ့် အရမ်းကို လတ်ဆတ်တာတွေကို စိတ်ကြိုက်ဝယ်ယူနိုင်ပါတယ်။ – အသက် ၂ဝ (မနက်ခင်းဈေး) [လူစည်စအချိန်] =============================== ဒီအချိန်ကတော့ မနက် ၆ နာရီ အချိန်လောက်ပါ။ စောစောစီးစီးဈေးထဝယ်ထားတဲ့ လူတချို့ကြောင့် အကောင်းတကာ့ အကောင်းဆုံးတွေ ပါသွားတာကလွဲလို့ ကျန်တာတွေအကုန်လုံး အကောင်းတွေပါပဲ။ ဒီအချိန်မှာ ဈေးစဆစ်လို့ ရပါပြီ။ – အသက် ၂၅ ဝန်းကျင် (မနက်ခင်းဈေး) [လူစကွဲချိန်] ================================== အချိန်အားဖြင့် မနက် ၈ နာရီလောက်ရှိပါပြီ။ ဝေလီဝေလင်းထဝယ်ထားတဲ့ လူတချို့ရယ်၊ ဈေးစည်စအချိန်မှာ […]


Mee WahJune 21, 20141min6065
ဖောက်ပြန်တဲ့လူတွေ ရဲ့ အိမ်ထောင်ရေးကြည့်ရင် အေးအေးချမ်းချမ်းနဲ့ နေရဖို့ဆိုတာ ရာခိုင်နှုန်းနည်းတယ်။ တစ်ပါးအိမ်ထောင်ရေး အချစ်ရေး တွေ ကို ဖျက်ဆီးပြီး မျက်ရည်ပေါ်မှာတည်ဆောက်ထားတဲ့ သာယာပျော်ရွှင်မှု ကိုယ်ချင်းစာစိတ်မရှိဘဲ ကိုယ့်ရဲ့ သာယာမှုတပ်မက်မှု တွေနဲ အနိုင်ရလိုမှု တစ်ခု အတ္တတွေ အလိုလောဘ တွေနဲ့ တည်ဆောက်တဲ့ သာယာပျော်ရွှင်မှု ဘယ်လောက်ခံမလဲ။ အနှေးနဲ့အမြန် ငရဲနဲ့တူတဲ့ဘဝမှာ အရှင်လတ်လတ်ငရဲကျနေသလို ခံစားရမယ်။ ရှေးရှေးဥပမာတွေ က သက်သေပဲ