Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


kaiNovember 15, 20223min5860
COVID-19 ဗိုင်းရပ်စ်သည် ၂၀၂၀နှစ်ဦးပိုင်းနှင့် ၂၀၂၀ခုနှစ်ဒီဇင်ဘာ၊ ပထမဆုံးကာကွယ်ဆေးကို ထိုးဖို့အတည်ပြုပေးသောကာလအထိ မြန်မာကွန်မြူနတီတွင် အခြား Immigrant ကွန်မြူနတီများနည်းတူ ရိုက်ခတ်မှုပြင်းထန်ခဲ့သည်။ မတူကွဲပြားတဲ့အသားအရောင်များထဲတွင်မှ အမှန်တကယ် US တွင်နေထိုင်လျက်ရှိကြေသာ လူဦးရေပမာဏထက် US Census မှာ စာရင်းဝင်မှုဦးရေပမာဏနည်းတဲ့ မြန်မာကွန်မြူနတီဟာ COVID-19 ကာကွယ်ဆေးပထမဆုံးအတည်ပြုပြီး လူတွေကာကွယ်ဆေးထိုးခွင့်စရတဲ့အချိန်တွင်ပင် အခက်အခဲအတားအဆီးတွေနဲ့ပိုမိုရင်ဆိုင်ခဲ့ရပြီး ၂၀၁၉၊ ၂၀၂၀နှင့်၂၀၂၁ပထမသုံး၊ လေးလ ကာလများထိ စိန်ခေါ်မှုမျိုးစုံကို ရင်ဆိုင်ခဲ့ကြရသည်။ Pwe Research Center စစ်တမ်းအရ Burmese population in the U.S., 2000-2019 သည် ၂၀၀K(၂၀၀, ၀၀၀) ဟုလည်းကောင်း၊ 2010 Census မှာ ၁သိန်း၂ရာရှိသည်ဟု လည်းကောင်း ဖော်ပြထားပြီးမြန်မာလူမျိုးများအများဆုံးနေထိုင်သောပြည်နယ်များမှာ California, New York, Indiana, […]


kaiOctober 19, 20221min54510
ကြားလယ်ရွေးကောက်ပွဲရောက်တော့မည်။၂နှစ်သက်တမ်းရှိ အောက်လွတ်တော်ဟောက်စ်အမတ်(၄၃၅)ဦးအားလုံးတဖန်ပြန်အရွေးခံရပေဦးမည်။ ၆နှစ်သက်တမ်းရှိ စိနိတ်တာ(၃၄)ဦးနှင့် ၄နှစ်/၂နှစ်သက်တမ်းအသီးသီးရှိကြကုန်သော ဂါဗနာ(၃၆)ဦးတို့လည်း လာမည့်နိုဝင်ဘာ ၈ရက်နေ့ရွေးကောက်ပွဲတွင် လူထုဆန္ဒမဲကောက်ယူ၍ အရွေးခံရမည်ဖြစ်ပေရာ အမေရိက၏နိုင်ငံရေးအခြေအနေကို ကြီးစွာပြောင်းပေးနိုင်သော ရွေးကောက်ပွဲရယ်ပါ။ မတူညီသောသက်တမ်းများကြောင့် အားလုံးတပြိင်းနက်ထွက်/ဝင်မဖြစ်ရကား နိုင်ငံ၏မူလနိုင်ငံရေးပေါ်လစီမှာ အမြစ်မှကျွတ်လန်ပြောင်းသွားမည်တော့မဟုတ်ချေ။ ခုံ၅၀% အထက်ရ/မရကိုလိုက်၍ ဟောက်စ်စပီကာ(တိုင်းပြည်၏တတိယရာထူး) နှင့် စိနိတ်ခေါင်းဆောင်တို့လည်း ပါဝါချိန်ခွင်လျှာ ညှိရန်လိုက်၍ပြောင်းကြပါ၏။သို့ငြား အမေရိကား၏ယခုလာမည့်ရွေးကောက်ပွဲသည် ကမ္ဘာအတွက်အလွန်အရေးကြီးသောနေရာ၌ရှိ၏။ ယူကရိန်း/ရုရှားစစ်၊ ချိုင်းနား/ထိုင်ဝမ်စစ်၊ ကမ္ဘာ့စီးပွားရေးတက်/ကျ တည်မှီရာအမြုတေပါ။ “အမေရိကန်စမတ်”ပြီးခဲ့သော ၂၀၂၀ ရွေးကောက်ပွဲတွင် ပါတီတခုတည်း(ဒီမိုကရက်တစ်ပါတီ)၏ သမ္မတနှင့် ဟောက်စ်၊ စိနိတ် ခုံနေရာများ(အများစု)ရွေးချယ်ခံထားရပေရာ (အမေရိက နိုင်ငံရေးထုံးစံအရဆိုပါလျှင်)ယခုကြားလယ်ရွေဂကောက်ပွဲသည် ဟောက်စ်၊စိနိတ် တခုခု(သို့) ၂ခုလုံး အတိုက်အခံဖြစ်နေသောပါတီ(ရီပါ့ဗလစ်ကန်ပါတီ)၏ အမတ်အများစု နေရာရရွေးကောက်ခံရ၍ ဒီမိုကရက်သမ္မတဥပဒေပြုအာဏာလက်ရုန်းပြုတ်ရမည့်နှစ်ဖြစ်သည်။ဤထုံးစံဖြင့် ပါတီတခုတည်းမှ နှစ်ရှည်အာဏာစုံယူ တိုင်းပြည်အားအုပ်ချုပ်/ဥပဒေပြုမောင်းနှင်ခြင်းမပြုနိုင်ရန် အမေရိကန်တို့ဆုံးဖြတ်လေ့ရှိကြပါ၏။ “အောက်တိုဘာ အံ့ဖွယ်”သို့သော် ယခုနှစ်တွင် ထရမ့်အပါအဝင် […]


kaiSeptember 21, 20223min57030
ကိုယ်ပိုင်စာအုပ်စင်လေးမှာ ထားရှိအပ်သော စာအုပ်လေးများအကြောင်း ရေးသားနေသူ စာရေးသူကို လူငယ်လေးတယောက်က တောင်းဆိုလာပါသည်။ “ဆရာရယ်၊ လူငယ်ကြိုက် နှလုံးသားရေးရာနဲ့ပတ်သက်တဲ့ စာအုပ်ကောင်းလေးတွေ ရှိရင် ညွှန်းပေးပါဦး”တဲ့။ဒါပေါ့လေ။ ရင်ခုန်တတ်တဲ့အရွယ် ဆိုတော့လည်း ဒီလိုစာအုပ်လေးတွေ ဖတ်ချင်ကြမှာပေါ့လေ။Shakespeare ရဲ့ Romeo and Juliet ဝတ္ထုကိုတော့ အားလုံးကြားဖူးကြမှာပါ။ မဖတ်ဘူးတိုင် ရုပ်ရှင်တော့ ကြည့်ဖူးကြမှာပါ။Shakespeare ရဲ့ အင်္ဂလိပ်စာကို မှီနိုင်သူ ရှားပေမဲ့ အတုခိုးမှားပြီး မဖြစ်သင့်တာတွေ ဖြစ်ကုန်ကြမှာစိုးလို့ ဒီစာအုပ်ကိုတော့ မဖြစ်မနေဝယ်ယူထားဖို့၊ ဖတ်ရှုကြည့်ဖို့ မတိုက်တွန်းလိုပါ။ခေတ်မှီသူ လူငယ်တိုင်း ဖတ်ရှုသင့်တဲ့ ဝတ္ထုလေးကတော့ စာရေးဆရာ Erich Segal ရဲ Love Story ပါ။ အကြောင်းအရာမှာရော၊အရေးအသားမှာရော ဒီ Love Story ကို မှီတဲ့ဝတ္ထု ရှားပါတယ်။ စာအုပ်လေးက […]


kaiSeptember 19, 20221min35140
အင်္ဂလန် စကော့တလန် ဝှေးလ်စ်နှင့် မြောက်အိုက်ယာလန်တို့၏ပေါင်းစုထားသော ဘုရင့်နိုင်ငံတော်များပြည်ထောင်စု(ယူကေ)၏ဘုရင်မကြီးII နတ်ပြည်စံခဲ့လေပြီ။လူဦးရေ ၂.၄ဘီလီယံကျော်ရှိသော နိုင်ငံ၅၆ခုပေါင်းဗြိတိသျှဓနသဟာရ၏ အကြီးအကဲလည်းဖြစ်သည့် ဘုရင်မကြီး၏နန်းစံသက်မှာ ၁၉၅၂ ဖေဖော်ဝါရီ၆မှစတွက်လျှင် နှစ်၇၀နှင့်၁၂၇ရက်ဖြစ်၏။ ဤမြေကမ္ဘာတွင်ပြင်သစ်ဘုရင်လူဝီXIV( နန်းစံသက် ၇၂နှစ်) နောက်ဒုတိယအကြာရှည်ဆုံးပါ။အသက်၁၃နှစ်အရွယ်မင်းသမီးသည်အချစ်ဦးမင်းသားဖိလစ်နှင့်အသက်၂၁နှစ်တွင်လက်ထပ်နိုင်ခဲ့ကာ အိမ်ထောင်သက်၇၃နှစ်သွားခဲ့သော ဘုရင်မကြီးသည် ယူနိုက်တက်ကင်းဒမ်းအတွက် ခိုင်မြဲတည်ကြည်သောပြယုဂ်ဖြစ်ပါသည်။အခက်တိုင်းအချက်အဖြစ်ယူကြသော အမေရိကန်တို့၏မူလသဘော’Crisis into opportunity’ကောက်၍ လက်ရှိအခြေအနေကိုသုံးသပ်အမြတ်ထုတ်ကြည့်ကြပါစို့။ “နေမဝင်အင်ပါယာ(သို့) ပြည်ထောင်များမွေးဖွားရာ”၁၉ရာစုအတွင်း မြန်မာလူမျိုးတို့ကိုမူလ Burman မှ Burmese သို့ရည်ရွယ်ချက်ရှိရှိ ပြောင်းလဲခေါ်ဆိုသုံးစွဲခဲ့သော ဗြိတိသျှတို့သည် လူမျိုး ဒေသ တို့ကို စနစ်တကျသွေးခွဲအုပ်ချုပ် ကျွမ်းကျင်လွန်းလှသူများဖြစ်သည်။ အေဒီ၄၃ ရောမန်တို့သိမ်းပိုက်ခဲ့ချိန်မှစ၍ ယူကေတည်ထောင်နိုင်သည်အထိ နှစ်နှစ်ထောင်ခန့် သမိုင်းခရီးကိုကြည့်ပါလျှင် မည်မျှခက်ခဲကြမ်းတမ်းစွာဖြတ်ခဲ့ရသည် လက်တွေ့အတွေ့အကြုံတို့ကိုခံထားသည်ဟု သိမြင်နိုင်သည်။ ကမ္ဘာအရပ်ရပ်ရှိ တိုင်းပြည် လူမျိုးတို့ကို ဖြိုချ ဖျက်ဆီးခဲ့သလို တည်ထောင်ဖန်တီးပေးခဲ့သူများလည်းဖြစ်၏။ကမ္ဘာစစ်ကြီးပြီးသည့်နောက် ယခုအစ္စရေးပြည်ဖြစ်သည့် ပါလက်စတိုင်းတို့၏ဒေသသို့ […]


kaiAugust 19, 20221min34790
မကြာမှီလတွင်ကျင်းပတော့မည့်ချိုင်းနားကွန်မြူနစ်ပါတီ၏ အကြိမ်၂၀မြောက်(အနှစ်၁၀၀‌ပြည့်) အမျိုးသားကွန်ဂရက်သည် ချိုင်းနားနိုင်ငံကိုသာမက ကမ္ဘာ့အခင်းအကျင်းကိုပါ ရိုက်ခတ်မည်ဖြစ်ပါသည်။ လက်ရှိသမ္မတရှီသည် ထုံးတမ်းကိုကျော်လျက် ၃ဆက်မြောက်အဖြစ်အာဏာဆက်ကိုင်ထားမည်ဖြစ်သလို အင်အား၂သန်းကျော်ကမ္ဘာ့ အကြီးဆုံးစစ်တပ်ကြီး၏ စစ်ရေးဆိုင်ရာသူများကို ရာထူးဦးစားပေးပြောင်းရွေ့ခန့်ထားမည့် သတင်းများကြောင့် လာမည့်နှစ်များတွင်ချိုင်းနား၏နိုင်ငံခြားရေးရာ ပေါ်လစီသည် ထိုင်ဝမ်ဗဟိုပြု စစ်အင်အားခံ ဝံပုလွေသံတမန်ရေးဟုသာ သုံးသပ်ရပေလိမ့်မည်။ချိုင်းနားသည် ကမ္ဘာ့စီးပွားရေးတွင်လွှမ်းမိုးမှုရရန် နိုင်ငံပေါင်း ၁၄၉နိုင်ငံနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းပေါင်း ၃၂ခုတွင် ပရော့ဂျက်ကြီးပေါင်း ၃၀၀၀ဖြင့် Belt and Road Initiative(BRI) ခေါင်းစဥ်အောက်၌ ဒေါ်လာတန်ဖိုး၁ထရီလီယံကျော် ရင်းနှီးမြုတ်နှံပြီးလည်းဖြစ်သည်။ကမ္ဘာ့နိုင်ငံသဘာ-ဝါစဥ်ကို ပြောင်းရန်ကြိုးစားရာတွင် သာလွန်လူဦးရေနှင့် ကြာရှည်သောသမိုင်းအတွေ့အကြုံတို့က ချိုင်းနားပြည်ကို ဆွဲတင်နိုင်ခဲ့သော်ငြား ချိုင်းနားဟူသည် ရန်လိုသွေးကြွသော စစ်သူရဲကောင်းများ၏ တိုင်းပြည်ကားမဟုတ်။ “မဖြစ်ဝံ့ဝံ့ ဖြစ်ဝံ့ဝံ့” – စစ်ကမ္ဘာစစ်ကြီး၂ခုတွင် အမေရိကားပြည်၏ စစ်ရေးဗျူဟာမြောက်လှုပ်ရှားမှုများကိုသုံးသပ်ပါလျှင် အမေရိကားသည် မိမိ၏အိမ်ကွင်းအတွင်း၌ ကမ္ဘာစစ်ပွဲကြီးများအဖြစ်မခံ၊ အခြားနေရာများ၌စစ်ဖန်တီး၍ အဝေးကွင်းကိုလှမ်းကစားခဲ့သည်သာဖြစ်၏။ ယခုတကြိမ်တွင်လည်း […]


kaiAugust 18, 20223min43570
အင်္ဂလိပ်စာ လေ့လာကြပါစို့ဟု ဆိုလျှင် ခက်ခက်ခဲခဲ၊ နက်နက်နောနော စာပေများကို လေ့လာရမည်ဟုထင်ကြသူ များပါသည်။ Ph.D အဆင့် မဟုတ်တောင်၊ MA အဆင့် မဟုတ်တောင် အနည်းဆုံး BA အဆင့်လောက်ရှိတဲ့စာအုပ်စာပေတွေကို ဖတ်ဖို့လိုသည်ဟု ထင်ကြသူ များပါသည်။ သို့သော် ယခုလတွင် မရှိမဖြစ် စာအုပ်တအုပ်အဖြစ်သတ်မှတ်ခံထားရသော စာအုပ်လေးတအုပ်ကို ဖော်ပြလိုပါသည်။ စာအုပ်လေးရဲ့အမည်ကတော့ All I really need to knowI learned in Kindergarten ။ဒီစာအုပ်လေးဟာ ရေးသားသူ Robert Fulghun ကိုယ်တိုင်ပင် အံ့ဩသွားလောက်အောင် Best Seller ဘဝသို့ရောက်ခဲ့ရသည့် စာအုပ်လေးတအုပ် ဖြစ်ပါသည်။ စာဖတ်သူအားလုံး၊ စာကောင်းပေကောင်းကို မြတ်နိုးသူအားလုံး၏စာအုပ်စင်ပေါ်တွင် ရှိနေသင့်သည့် စာအုပ်လေးတအုပ် ဖြစ်ပါသည်။ Robert Fulghun […]


kaiJuly 21, 20221min35010
ဇူလိုင်လ အမေရိကပြည်တွင်းနိုင်ငံရေး၌ အလှုပ်ခတ်ဆုံးမှာ သေနတ်ကိုင်ဆောင်မှုနှင့် ကိုယ်ဝန်ဖျက်ချ နှစ်ခုဖြစ်သည်။ယူကေဝန်ကြီးချုပ်နှုတ်ထွက်၊ ဂျပန်ဝန်ကြီးချုပ်လုပ်ကြံခံရ၊ သီရိလင်္ကာသမ္မတထွက်ပြေးနှင့် သမ္မတဘိုင်ဒင်၏အရှေ့အလယ်ပိုင်းခရီးစဥ်တို့သည် ၅လကြာရုရှား-ယူကရိန်းစစ်ကိုလွှမ်းမိုးလာ၍ ကိုဗစ်၏နောက်ဆုံးမျိုးကွဲ BA-5 သည်ကားကမ္ဘာအနှံ့ခြေဆန့်နေကာ ဖျားနာစေ အသက်တို့ခြွေနေပြန်လေသည်။ကမ္ဘာသည် ကိုဗစ်နှင့်စစ်ကြောင့်စီးပွားယိုယွင်းချွတ်ခြုံကျ ငတ်မွတ်ခြင်းကပ်ကိုတလှမ်းနီးလာခဲ့ပြီ။ နိုင်ငံတို့၏ခေါင်းဆောင်များ အစွမ်းကုန်အလုပ်လုပ် ကိုယ့်လူမျိုးနှင့်နိုင်ငံတော်ကို ကပ်ဘေးတို့မှလွတ်အောင် အပြင်းအထန်ကြိုးစားနေကြပါသည်။ ကပ်ဟူသည် တခုတည်းမလာ အတွဲလိုက်ဆင့်ဆက်လာသည့်ထုံးစံရှိ၍ပါ။ကပ်ကိုရင်ဆိုင်ကြခြင်း၌ နိုင်ငံရေးသမားခေါင်းဆောင်တို့၏ဖြေရှင်းပုံမတူ။ လူ၏မူလစိတ်ဖွဲ့စည်းပုံအရ လစ်ဘရယ်(ဘယ်)လွတ်ပြန့်စွဲသူလော ကွန်ဆာဗေးတစ်(ညာ)ရှေးရိုးစွဲသည်လားရယ်နှင့် နိုင်ငံရေးရောင်စဥ် ဘယ်/ညာအတိုင်းသာ တွေးခေါ်ဆုံးဖြတ်ကြလေ၏။ လူအများစုတို့ တုံ့ပြန်ကြရာတွင်လည်းထိုနည်းတူစွရယ်ပါ။ စာဖတ်သူသင်သည် ဘယ်လားညာလော? အသက်၊သား၊သတ်ကင်း သက်သတ်မလွတ်/လွတ် ၀ ၁ဂျူး၊ ခရစ်ယန်၊ အစ္စလမ်ကမ္ဘာ့သာသနာကြီးတို့တွင် တိရိစ္ဆာန်ကို ဘုရားသခင်ဖန်ဆင်းထားသည်မူ၍ လူသားတို့နှင့်တန်းတူမထားပေ။ ဂျူးတွင် ကိုးရှာ၊အစ္စလမ်တွင်ဟာလာ ခွင့်ပြုကန့်သတ်ချက်ထားသည်။ ဟိန္ဒူသာသနာတွင် တိရစ္ဆာန်တို့၏အရာသည် ဘုရားတို့နှင့်တွဲလျှက်ပါသည်။ ဘုရားများ၏ပုံသဏ္ဏန်ထွင်းထုသည်ပင် ဆင်နွားစသဖြင့်မြင်ကြရသည်မဟုတ်ပါလော။ ဗုဒ္ဓအနေဖြင့်ကား သက်သတ်လွတ်ဟူ၍ […]