kaiOctober 4, 202117min8760
YiYi Kline, 56, is one of the best known Burmese personalities in the U.S. since she migrated to the U.S. from Burma in 2000. In addition to her job as a registered nurse in the I.C.U. at Kindred Hospital Riverside in Los Angeles, she was active on social media, with almost 64,000 followers on Facebook. […]


kaiSeptember 11, 20211min3680
ကိုဗစ်-၁၉ကပ်ဘေးအပါအဝင် ကိစ္စများမြှောင်တို့တွင် အမေရိကပြည်ထောင်စုသည် ရှေ့ဆုံးမှခါးစည်းခံရသည်။ တနည်းအားဖြင့်ကမ္ဘာလူမျိုးပေါင်းစုံအခြေချနေထိုင်ပြီးစုစည်းတည်ဆောက်ထားသော United States ပြည်ထောင်များ၏အစုနိုင်ငံကြီးဖြစ်သောကြောင့်ဟုဆိုရပေမည်။ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူမျိုးတစ်သောင်းခြောက်ထောင်လာရောက်အခြေချ အမေရိကန်အဖြစ်မျိုးဆက်၁-၄-၆-၈မကတော့ပြီဖြစ်လေရာ ထိုမတူညီသည့်အမျိုး၊ဘာသာ၊သာသနာများကိုစုစည်းထားသော အင်အားသည် အပြိုင်ကြမ်းသလောက် ကမ္ဘာ့ထိပ်တန်းရောက်စေသည်သာမက လူသားမျိုးနွယ်နှင့်ပါတ်သက်လျှင်လည်း အရင်ဆုံး/အများဆုံးထိထိဖြစ်လေ့ရှိ၏။ကိုဗစ်ရောဂန္တရကပ်ဆိုက်ချိန်တွင် သေကြေကြသည်မှာ ယခုထိလူ၄၀.၇သန်းကူးစက်၊ ၆၅၆၀၀၀+ဦးသေထားခြင်းဖြင့် ကမ္ဘာ့အများဆုံးပါ။ယခု ကမ္ဘာဥတုရာသီအစွန်းရောက်လာသည်ဟု သိပ္ပံပညာရှင်များမှန်းဆထားသည့်အတိုင်း မြေကမ္ဘာသို့သဘာဝဘေးအန္တရာယ်ကျရောက်လာခဲ့ပေပြီ။တနည်းအားဖြင့် ကမ္ဘာမြေလက်စားချေပါပြီ။ အမေရိကားက ထိပ်ဆုံးမှအခံတည်း။ သမ္မတဘိုင်ဒင်သည်ပင် ကမ္ဘာနှင့်အမေရိကားအတွက် Code Red ဟုပြောနေရ၏။“Code Red”၂၀၂၁နွေရာသီအမေရိကား၏အနောက်မြောက်ဒေသတို့တွင်မကြုံစဖူး ဒစ်ဂျစ်၃လုံးသို့ရောက်အပူချိန်မြင့်ကြုံရသကဲ့သို့ အနောက်တောင်ပိုင်းတွင် မိုးခေါင်ရေရှား တောမီးကြီးများ ဆင့်ဆက်စံချိန်တင်လောင်သည်။ လောင်သည်မှမနှစ်ကအမြင့်ဆုံးစံချိန်ကိ ဒီတနှစ်နှင့်ဆက်ချိုးသည်ပါပေ။ သက်တမ်းနှစ်ရှည်သစ်ကြီးဝါးကြီးတို့၏တောကြိုးဝိုင်းနှင့် လူနေအိမ်များလည်းမီးထဲပါကုန်သည်။ မိုးခေါင်ဆီးနှင်းပျောက်၍ရေချိုလှောင်ရာကန်မြစ်ကြီးများ ရေခန်းခြောက်ကုန်သည်။အရှေ့တောင်နှင့်မြောက်ပိုင်းသို့အထိလည်း မုန်တိုင်းကြီးများဝင်လေရာ ၂၀၀၅ ကက်တရီနာမုန်တိုင်းနောက်ထက် ပိုမိုကြီးမားပြင်းထန်သော အိုင်ဒါသည် သြဂုတ်လ၂၉၌အရှေ့မြောက်ဖက်သို့ဝိုက်ဝင်သွားရာတွင် လူသားအချို့ကိုပင်အသက်ချွေသွားခဲ့သည်။လူဝီစီယားနားပြည်နယ်/နယူးအိုလင်းမြို့သည် လွန်ခဲ့သော ၁၆နှစ်တိတိ၏ကက်တရီနာမုန်တိုင်းနောက်ပိုင်းသင်ခန်းစာယူ ဘီလီယံ၅၀ကျော်ပစ်ထည့်ကာကြိုတင်ပြင်ဆင်မှုများလုပ်ထားသဖြင့် အနည်းငယ်သက်သာရာရာသွားသော်ငြား […]


kaiSeptember 9, 20216min3160
Recall Election = California ပြည်နယ်၏ လက်ရှိ governor ကို ဖြုတ်ချပြီး အသစ်ရွေးချယ်မည့် electionLarry Elder = Governor ရွေးကောက်ပွဲ၌ republican ပါတီ၏ candidate တဦးMask Mandate = Mask မဖြစ်မနေ တပ်ဆင်ခိုင်းသည့် စည်းကမ်း ဥပဒေAnti-Vaxxers = ကာကွယ်ဆေး မထိုးလိုသူများ ဖော်ပြပါ dialog လေးကို လေ့လာထားရင် စကားပြောတဲ့အခါ၊ ဆွေးနွေးခွင့် ကြုံရတဲ့အခါ အဆင်ပြေပါလိမ့်မယ်။Friend: What’s your position on the recall election?You: You know me, I think it is totally unnecessary.Friend: Why? What […]


kaiAugust 25, 20211min30680
လော့စ်အိန်ဂျလိစ် ကောင်တီမှ အသိအမှတ်ပြုထောက်ခံသောသတင်းစကား။ COVID-19 (ကိုဗစ်-၁၉ ) ဆေးစစ်မှုနှင့်ပတ်သက်ပြီး ဆရာဝန်တစ်ဦး၏မှတ်စု။Dr. Erika Flores Uribe, လော့စ်အိန်ဂျလိစ် ကောင်တီပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုများဌာန။ COVID-19 (ကိုဗစ်-၁၉ )ဆေးစစ်ခြင်းအားဖြင့် ကျွန်ုပ်အတွက် ရောဂါကူးစက်ခြင်းကိုတားဆီးဖို့ရာ ဘယ်လိုဘယ်ပုံကူညီသလဲ။COVID-10 (ကိုဗစ်-၁၉) ဆေးစစ်ခြင်းအားဖြင့် အကယ်၍ သင့်မှာ ကိုရိုနာဗိုင်းရပ်စ်ရှိနေသည်ဆိုပါ သင့်အားသိရှိရန်ကူညီပေးပြီး သင့်မိသားစု၊ မိတ်ဆွေများနှင့် လူမှုအသိုင်းအဝိုင်းကို မပျံ့နှံ့မကူးစက်စေရန် ကာကွယ်ပေးပါသည်။ အကယ်၍ ဆေးစစ်ချက်သည် ပေါ့စတစ်/ရောဂါပိုးရှိသည်ဟုဆိုပါက သင်ကတဆင့်အခြားသူများကို မပျံ့ပွားမကူးစက်စေရန် သီးသန့်ခွဲနေပါ။ သင့်အနီးပတ်ဝန်းကျင်ကသူများကိုလည်း သူတို့တတွေလည်း သီးသန့်ခွဲနေရောဂါခြေချုပ်ပြုလုပ်နိုင်ရန်အတွက် သင့်မှာရောဂါပိုးရှိကြောင်းကို သူတို့အား သိရှိပါစေ။ အဆိုပါနည်းအားဖြင့် ကျွနု်ပ်တို့သည် ဗိုင်းရပ်စ်ပျံ့ပွားကူးစက်မှုကို ရန်တန့်စေနိုင်မှာဖြစ်ပြီး အနာဂတ်မှာ COVID-19(ကိုဗစ်-၁၉)ရောဂါတဟုန်ထိုးဖြစ်ပွားမှုကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။COVID-19 (ကိုဗစ်-၁၉)ဆေးစစ်မှု နည်းလမ်းအမျိုးမျိုးဟာ တိကျတဲ့အဖြေရရှိမှုမှာ ကွာခြားကြပါသလား? ထိုသို့ဆိုပါက ဘယ်ဆေးစစ်နည်းက […]


kaiAugust 17, 20211min6100
အမေရိကပြည်ထောင်စုသည် အာရှတိုက်သားတို့ကို နှိမ်ချဆက်ဆံခဲ့ဖူးသည်။ အမေရိကားသို့ ပြောင်းခိုဝင်ရောက်လာသော ပထမဆုံးအေရှန်းအုပ်စုကြီးမှာ ချိုင်းနီးစ်များဖြစ်၍ ၁၈၅၀ရထားလမ်းများဖေါက်ကြရာတွင် အခကြေးငွေပေးခေါ်ယူ၍ရောက်လာသူများဖြစ်သည်။ ၁၈၇၁တွင် လော့စ်အိန်ဂျလိစ်မြို့၏ ချိုင်းနားတောင်းတွင် လူဖြူလူအုပ်ကြီးမှ ချိုင်းနီစ်း၁၈ယောက်ကို ကြိုးဆွဲချသတ်ပစ်ခြင်းဖြစ် ခွဲခြားနှိမ်ချမှုထင်ရှားစတင်သည်။ ၁၈၈၂တွင်မူ အမေရိကပြည်တွင်နေထိုင်နေသူချိုင်းနီးစ်များကို အမေရိကနိုင်ငံသားဖြစ်ခွင့်မပေးပဲ သမ္မတ အာသာမှ Chinese Exclusion Act ထုတ်ပိတ်ပင်ခဲ့သည်။ ၁၈၈၅ မြန်မာနိုင်ငံ၌သီပေါမင်းပါတော်မူသည့်နှစ်တွင် ဝါယိုးမန်င်းပြည်နယ်တွင် လူဖြူမိုင်းလုပ်သားများက အတူလုပ်ဖေါ်ကိုင်ဖက်ချိုင်းနီးစ် ၂၈ယောက်ကို အစုလိုက်သတ်ဖြတ်ခဲ့ပြန်သည်။ဒုတိယကမ္ဘာစစ်ကြီးဖြစ်လာသောအခါ ပုလဲဆိပ်ကမ်းဗုံးကြဲခံရသည်ကိုအကြောင်းပြု အမေရိကားရောက်ရှိနေထိုင်နေသူ ဂျပန်လူမျိုးနှင့်အနွယ်ပေါင်းဦးရေ၁၂၀၀၀၀ကျော်ကို သမ္မတရုဇဘဲ့မှ အထူးအမိန့်ထုတ်ခြံခတ်ချုပ်ချခဲ့၏။ ၁၉၈၂တွင် တက်ဆပ်ပြည်နယ်၌ ဗီယက်နမ်စစ်နောက်ပိုင်း၌ရောက်ရှိခိုလှုံနေသော ဗီယက်နမ်ပြောင်းခိုသူများ၏အိမ်များနှင့်သင်္ဘောများကို KKK တို့က မီးတင်ရှို့မှုများပြုခဲ့ကြသည်။ ၁၉၉၂၌ လူမည်းတဦးကို လူဖြူရဲများမှဝိုင်းရိုက်နှက်ကြသည်မှ ဒေါသစိတ်လွှဲ၍ လူမည်းများက ကိုရီးယန်းများ၏စီးပွားရေးလုပ်ငန်းများအားဖျက်စီးမီးရှို့လူသတ်ခြင်းများ လော့စ်အိန်ဂျလိစ်တွင် ဖြစ်ခဲ့သည်။ ၂၀၀၁တွင် ၉/၁၁အကြောင်းပြု ချွတ်ချော်၍ […]


kaiAugust 13, 202110min7741
မြန်မာပြည်မှာ စစ်တပ်က သောင်းကျန်းလို့ အားရတော့ ယခု COVID 19 ရဲ့ အလှည့် ရောက်လာပါပြီ။ လူတွေ တဖြုတ်ဖြုတ်နဲ့ သေနေကြချိန်မှာ ဒီမှာရှိတဲ့ မြန်မာတွေအနေနဲ့ ဆုတောင်းပေးရုံ၊ လှူဒါန်းပေးရုံကလွဲလို့ ဘာမှ မတတ်နိုင်တဲ့ အချိန်ပါ။ ဒီတော့ I want, I need, I hope စတဲ့ စကားစုလေးတွေကို သုံးတတ်လာအောင် dialog လေးတွေနဲ့ ဖော်ပြပေးလိုပါတယ်။ I want ဆိုတာကတော့ မိမိ ဖြစ်စေချင်တာလေးတွေပေါ့နော်။ You: I really want peace in Myanmar. Friend: We all do, but now you have a bigger […]


kaiJune 16, 20218min9371
Learn to Speak English (12)             အင်္ဂလိပ်စကား ပြောတတ်လိုသူတိုင်း အခွင့်ကြုံတိုင်း ပြောဖို့၊ လေ့ကျင့်ပေးဖို့ လိုပါသည်။ သို့သော် စကားစဖို့ ခက်နေ၍ မပြောရ၊ မပြောရ၍ လိုအပ်သော လေ့ကျင့်မှု မရဘဲ ဂျာအေး သူ့အမေရိုက်သလို လည်နေတတ်ပါသည်။ ထို့ကြောင့် ယခုလတွင် Ice breakers ဟု ဆိုအပ်သော conversation starters လေး အချို့ကို dialog လေးများနှင့် အတူ ဖော်ပြလိုပါသည်။             လူအများ စိတ်ဝင်စားမည့် အကြောင်းအရာလေး တခုနှင့် စကား စလိုက်လျှင် conversation တခု ဖြစ်လာဖို့ လွယ်ကူပါသည်။ ဉပမာ Why is a river rich? ဆိုသည့် […]


kaiJune 16, 20212min7370
UN ကုလသမဂ္ဂတွင် အဖွဲ့ဝင် (၁၉၃)နိုင်ငံရှိသည်။ ဆိုင်ရာခံဝန်ချက်စာချုပ်ချုပ်၍ အဖွဲ့ ဝင်ဖြစ်ကြသောနိုင်ငံများသို့ ချိတ်ဆက်ကူညီခြင်းရှိသလို အပြန်အလှန်ကူညီကြသည်။ UN၏မူလဖြစ်တည်မှုအရ အချုပ်အခြာအာဏာပိုင်နိုင်ငံတခုကို စစ်ရေးဖြင့် အင်အားသုံး ဖြေရှင်းကြားဝင်ရန် မဖြစ်နိုင်သလောက်အခြေပါ။ ထို”စည်း”ကိုမည်သည့်အကြောင်းပြချက် ဖြင့်ဖေါက်မိသည်ဖြစ်စေ နောင်အနာဂတ်တွင် သမိုင်းတရားခံဖြစ်ကိန်းဆိုက်နိုင်၍ဖြစ်၏။ လူသိန်း/သန်းသေကျေပျက်ဆီးနေသည့်အခြေဆိုက်နေလျှင်သာ အထူးစဉ်းစားပေးသည့်စားပွဲပေါ်တက်လာမည်။ ICC, ICJ တရားရေးသည်လည်း အမည်သညာခေါ်စရာသာရှိသည်။ လက်တွေ့တရားဆိုင် အမှုရှုံး၍ အရေးယူမှုမှာ ပြစ်မှုထင်ရှားတဦးတယောက်အတွက်ပင် အနှစ် ၂၀အထက်ကြာလေ့ရှိသည်တွေ့ရမည်။ မည်သို့ဆိုစေ မြန်မာအတွက် ဒေါ်လာငွေသန်း ချီသုံးနေ့/ညအလုပ်လုပ်သည့်ရုံးတခု /ကုလအထူးကိုယ်စားလှယ်တဦးခ‌န့်ပေးထားပါ၏။ US မှာမူကား မြန်မာ့အရေးကိုဖြေရှင်းပေးရမည်ဟူ၍ မဟာမိတ်ပဋိဉာဉ်စာချုပ် လည်းမထိုးထား ကတိမရှိ။ မြန်မာပြည်တွင်ယခုထိကျဆုံးသေကျေကြသော လူအရေ အတွက် (၈၆၃ဦး -ဇွန် ၁၄)ဟူသည် အာဏာသိမ်းခဲ့သည့်ဖေဖော်ဝါရီလ ၁ရက် တနေ့ထဲ၌ အမေရိကပြည်ထောင်စုတွင်း ကိုဗစ်ကြောင့်ကွယ်လွန်ခဲ့သူ အမေရိကန် (၁၉၁၃)ဦး၏တဝက် […]


kaiMay 15, 20212min6371
“ဆင်းရဲခြင်းသက်ဆင်းအောင်”ဖေဖော်ဝါရီ၁ရက်နေ့တွင် ရွေးကောက်ခံအစိုးရဆီမှ အာဏာလုခြင်းဖြင့် စစ်ကောင်စီထောင်ကာ မြန်မာလူထုအား ဆင်းရဲခြင်းသက်ဆင်းအောင်တပ်မတော်မှလမ်းပြဆောင်သွားလေသည်။ နောက်ခံတွင် NLDအားနိုင်ငံရေးသတ်ခြင်း/လက်စားချေခြင်းတွဲလျှက်ရှိနိုင်ကောင်း၏။၂၀၂၀တွင်း၌ကိုဗစ်ရောဂါကပ်ဘေးကြောင့် မြန်မာ့ဆင်းရဲမွဲတေမှုမှာ လူဦးရေ၏၁၆%မှ ၆၃%အထိတက်လာခဲ့ပြီးဖြစ်သည်။ ဖြစ်နှင့်နေပြီးသော စီးပွားရေးချွတ်ခြုံကျမှုကို အာဏာသိမ်းခြင်းဖြင့်စစ်ဗိုလ်ချုပ်ကြီးများမှတာဝန်ခံလိုက်ရကား မြန်မာလူထု၂၅သန်းခန့်မှာ နောင်နှစ်ဆန်းတွင် စားရေရိက္ခာငတ်ပြတ်ဘေးသင့်တော့မည်ဟု UNDP ကဆိုလာသည်။ယခုနှစ်မြန်မာ့စီးပွားရေးသည် ကမ္ဘာ့ဘဏ်ခန့်မှန်းချက်အရ နောက်ပြန်ဆွဲ၁၀မှသည် ဤအတိုင်းဆက်သွားနေလျှင် အနှုတ်၂၀ အထိဖြစ်သွားနိုင်သည်ဟူသတတ်။ “လူနှင့်ယိုးမှား ပါးကွက်သား”ငြိမ်းချမ်းတည်ငြိမ်နေသောနိုင်ငံကို မဲခိုး/မဲမသမာအကြောင်းပြအာဏာသိမ်းလိုက်သည်နှင့် ငြိမ်းချမ်းစွာဆန္ဒပြထွက်လာကြသော လူထုမှာ သန်းချီလာရကား တိုင်းပြည်ဆူပွက်ကုန်သည်။ သို့နှင့်လက်နက်ကိုင် ရဲ/စစ်သားများကို နှဖါးကြိုးလျှော့ပေးလိုက်ကာ ‌မစ္ဆရိယဒေါသတို့ကို လူထုပေါ်ပုံချစေ၏။ ညအမှောင်တွင် လူမသိထင်ကာ လူထုကိုရိုက်သတ်ကြကုန်၏။ငြိမ်းချမ်းစွာဆန္ဒပြမှုတို့ကို ရက်စက်စွာနှိမ်နင်းခဲ့မှုရလဒ်အဖြစ် ပို၍ပြင်းထန်နာကျည်းစွာတုံ့ပြန်မှုကိုခံရသည်။ အမှန်တကယ်မှာ စစ်တပ်မှပစ်သတ်သော ကျဆုံးအရေအတွက်သည် ၈၈ အရေးတော်ပုံ၏ အာဏာသိမ်းပြီး စက်တင်ဘာနောက်ဆုံး ၂ပါတ်သေသူတို့ကိုမမှီ။ ၂၀၂၀ တနှစ်လုံးအောင့်အီးသည်းခံခဲ့ရသော ကိုဗစ်ကပ်ဘေးအပျော့ စိတ်တင်းကြပ်မှုတို့ဖြေလျော့သော ပါဖောမန့်ပင်လုပ်ကြသည်အထိ အပျော်ဖက်ဆန္ဒထုတ်ဖေါ်ခဲ့သောလူထု၏ပကတိအခြေအနေကိုပင် […]


kaiMay 13, 20214min4700
မြန်မာပြည်ကြီး အေးချမ်းနေခဲ့ရင်တော့ ယခုလိုအချိန်မျိုးဟာ အထူး ပျော်စရာကောင်းတဲ့ အချိန်ပေါ့နော်။ နှစ်သစ်ကူးပြီးခါစလေး ဆိုတော့ အားလုံးပျော်ရွှင်ကြည်နူးနေသင့်တဲ့ အချိန်ပေါ့။ အခုတော့ ပြည်သူပြည်သားတွေရဲ့ အကျိုးကို မကြည့်ဘဲ ကိုယ့်အတွက်လောက်ဘဲ ကြည့်ကြတဲ့ စစ်ဗိုလ်တစုကြောင့် တတိုင်းပြည်လုံး နှလုံးမသာမယာ ဖြစ်နေကြရပြီ။ထားပါတော့လေ၊ ပြောင်းလဲလာမဲ့ အချိန်ကောင်းလေးတွေကို မျှော်နေရင်းနဲ့ အင်္ဂလိပ်စကားပြော ချောမွေ့စေဖို့ လွယ်ကူသော်လည်း အသုံးမှားတတ်တဲ့ Structure လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ဉီးစွာ ပထမ There is / There are လို့ လူသိများတဲ့ Structure လေးကို လေ့ကျင့်ကြရအောင်။ အင်္ဂလိပ်စာ မကျွမ်းကျင်သူများကMyanmar has many ethnic groups.Myanmar has many different languages.Myanmar has many insurgent groups. […]


kaiApril 15, 20212min12990
“သမိုင်းဘီးကြီး ချာချာလည်” ၁၈၇၈ခုနှစ် မင်းတုန်းမင်းနတ်ရွာစံသောအခါ ဆင်ဖြူမရှင်ကြိုးကိုင်မှုဖြင့် ဘုန်းကြီးဝတ်နေသောမောင်ရေစက်အား သင်္ကန်းဆွဲချွတ်၍ သီပေါမင်းအဖြစ်နန်းတင်သည်။ ၁၈၇၉ ဖေ‌ဖော်ဝါရီလတွင် နန်းတွင်းအာဏာလုပွဲများဖြင့် မင်းညီမင်းသားအယောက်၄၀ကျော်ကို (သွေးမြေမကျရအောင်ဆိုကာ)လည်မြိုတုတ်နှင့်ရိုက်သတ်ခဲ့ကြဖူးသည်။ နန်းတွင်းအာဏာလုပွဲများ တခြိမ်းခြိမ်းချနေချိန်တွင် တိုင်းရေးပြည်ရေး စစ်ရေးမငြိမ်သက်။ သူပုန်စုံထလျှက် အာဏာစက်လည်း ကျယ်ပြန့်မသက်ရောက်။ ၁၈၈၄တွင် မင်းသွေးပါသူ အယောက်၄၀၀ကျော်ကို နောက်တကြိမ်မျိုးဖြုတ်သတ်ဖြတ်ပြန်သည်။ ထိုအချိန်‌အောက်မြန်မာနိုင်ငံမှာ အင်္ဂလိပ်ကိုလိုနီအဖြစ် စီးပွားဖြစ်ထွန်း နိုင်ငံရေးတည်ငြိမ်ရကား ‌အောက်ပြည်အောက်ရွာသို့ ထွက်ပြေးခိုလှုံကြသူ မြန်မာလူမျိုးသိန်းချီခဲ့ဖူးသည်။သို့နှင့် အင်္ဂလိပ်စစ်သင်္ဘောများ ဧရာဝတီမြစ်ကြောင်းအတိုင်းတက်လာပြီး ၁၈၈၅ နိုဝင်ဘာလတွင် သီပေါမင်းအားကြက်/ငှက်ကလေးလိုဖမ်း၍ အိန္ဒိယသို့ပို့ပေးလိုက်ပါလေသတည်း။ လူထုမှာ တိုင်းရေးပြည်ရေးစိတ်ပျက်လွန်းနေချိန်ဖြစ်ရကား လက်ခုတ်များတီး၍ အရောက်ပို့ပေးလိုက်လေသလောပင်မပြောတတ်။ ယခုလည်း မျှော်ကြရပြန်သည်။ ဘင်္ဂလားပင်လယ်ဖက်မှ စကြဝတေးမင်းတပ်ကြီးကားပေါ်မလာ။ “မင်းမှာသစ္စာ လူမှာကတိ စစ်သားမှာမသိ”ဗိုလ်ချုပ်ကြီးနေဝင်းအား ထိုစဥ်ကဝန်ကြီးချုပ်ဦးနုမှ ၁၉၅၈ အောက်တိုဘာမှ ၁၉၆၀ ဧပြီအထိ မြန်မာ့နိုင်ငံရေး/စစ်ရေးမငြိမ်မသက်မှုများအကြောင်းပြုခေတ္တအာဏာအပ်ဖူးသည်။ ယခုဧပြီလ […]


kaiApril 15, 20218min5781
            မြန်မာနိုင်ငံရဲ့ အခြေအနေက တနေ့ထက်တနေ့ ပိုမို ဆိုးရွားလာပါတယ်။ ထိခိုက်ဒဏ်ရာရသူများ၊ သေဆုံးသူများပါ မနည်းလှပါ။ ဒေါသ ထွက်စရာ၊ မခံမရပ်နိုင်စရာပါ။ Michelle Obama ပြောဖူးသလိုပါပဲ။ “When they go low, we go hight” ဆိုတဲ့  Expression လေးကို အမှတ်ရစေလိုပါတယ်။ မင်းအောင်လှိုင်ကို မအလ စသဖြင့်ပေါ့ ပြောလို့ ရပါတယ်။ အခြေအနေ ထူးသွားမှာ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ပြန်လွတ်စေမှာ မဟုတ်ပါဘူး။ ဒီတော့ ကမ္ဘာက စောင့်ကြည့်နေချိန်မှာ လိမ်မာယဉ်ကျေးတဲ့ မြန်မာတွေ ရှိသေးကြောင်း ပြရပါလိမ့်မယ်။ Friend : Hey, what is wrong with your people? Why are […]