နိုင်ငံရေးစနစ်မျိုးစုံ၊ တိုင်းရင်းသားစုံခဲ့သော မြန်မာပြည် ကိုယ့်လှေကိုယ်ထိုးရင်း သွားခဲ့ကြသည်မှာ နှစ်၇ဝကျော်ပြီ။ တိုးတက်ခြင်းနှင့် ငြိမ်းချမ်းခြင်းမှာ တနေ့တလံနှင့်ပုဂံဘယ်မရွေ့နေပါငြားပြောင်းပြန်ကြီးလျှောက်မိရက်သားနှင့်ဝေးသထက်ဝေးသွားပုံရလေသည်။ ဘာနိုင်ငံရေးစနစ်နှင့်အုပ်ချုပ်ချုပ်၊ ဘယ်ခေါင်းဆောင်မျိုးတက်တက် ဆွဲစေ့ကာညီညာ စည်းရုံးနိုင်မည့်ပုံမပေါ်သေး။ သို့ဆိုသော် ရှေးရိုးရာနှင့်ယဉ်ကျေးမှုတို့ကို စိစစ်ဝေဖန်ကာ သစ်လွင်ခေတ်မှီအောင်လုပ်သောတော်လှန်ရေးတခုလိုပြီလားဟူ၍ … ပြတိုက်ဝင်ဥပဒေများ မြန်မာ့ဥပဒေအများစုတို့သည် အင်္ဂလိပ်၏ကိုလိုနီခေတ်မှဥပဒေများဖြစ်ကြသည်။ အင်္ဂလိပ်ပြည်မှတိုက်ရိုက်ကော်ပီများပင်မဟုတ်၊ အိနိ္ဒယပြည်နယ်ကိုလိုနီအမှုတွဲနှင့်ရခဲ့ကာ မူလကျောရိုးအခိုင်အခန့်လည်းမရှိခဲ့။ ခေတ်နှင့်မလျှော်ညီ ထင်သည်များကို တတ်နိုင်သလောက်ဖာထေးပြုပြင်ခဲ့သော်လည်း စစ်အာဏာရှင်ကြီးများ၏တဦးတည်းသဘောနှင့်ဥပဒေကဲ့သို့အာဏာတည်သောအမိန့်များထုံမွှန်းလွန်းရသည်။ အထင်ရှားဆုံးဥပမာပြုရလျှင် ဦးနေဝင်း၏ ၁၉၈၂ခုနှစ်နိုင်ငံသားဥပဒေဖြစ်ပါသည်။ ဥပဒေပါ အမြင့်ဆုံးဒဏ်ကြေးများပင်ကျပ်ငွေထောင်ဂဏန်းနှင့် ယခုခေတ်အတွက်ရယ်စရာပါ။ ပြည်သူတင်မြှောက်ထားသော အစိုးရသည်တရားဥပဒေစိုးမိုးရေးချည်းလှိမ့်အော်နေ၍ကားမရ၊ စိုးမိုးရမည့်ဥပဒေသည် နေ့စဉ်အသစ်ထွက်နေသည့် လူ့အသုံးအဆောင်၊ ယာဉ်ယန္ဒယား၊ လူမျိုးသစ်၊ နိုင်ငံသစ်၊ နိုင်ငံရေးစနစ်၊သိပ္ပံ၊ ဝိဇ္ဇာ၊ နည်းပညာ၊ မျိုးရိုးဗီဇ၊ သဘာဝဂေဟ စသည်အားလုံးနှင့် သဟဇာတရှိရန် ပြင်ဆင်နေဖို့လည်းလိုပါသည်။ ယခုအမေရိကပြည်တွင်ပင်လျှင် ဖေ့စ်ဘုတ် စီအီးအိုမတ်ခ်ဇက်ကာဘတ်ကို ဥပဒေပြုသူများက ကွန်ဂရက်၊ […]